iMyanmarHouse.com - Best Property Website for Myanmar
×

ေက်ာက္ကပ္ပ်က္စီးျခင္းေၾကာင့္ မလိုအပ္ အသက္အႏၱရာယ္ဆံုး႐ံႈးမႈဟာ ႏွစ္စဥ္ႏွစ္တုိင္း ဆရာဝန္ေတြ၊ သမားေတာ္ေတြ ရင္ဆုိင္ေနရတဲ့ အရာ ျဖစ္တယ္လို႔ သိရပါတယ္။

တစ္ဦးခ်င္းစီက မိမိရဲ႕ခႏၶကိုယ္ကုိ ေကာင္းစြာဂ႐ုမစိုက္ျခင္းေၾကာင့္ မလိုအပ္ဘဲ ေက်ာက္ကပ္ေတြပ်က္စီးၾကရေလ့ရွိတယ္လို႔ ဆိုပါတယ္။ ေက်ာက္ကပ္ပ်က္စီးတဲ့ အေၾကာင္းအရင္းဟာ တစ္မ်ိဳးထက္မနည္း ရွိပါတယ္။ အျဖစ္အမ်ားဆံုးကေတာ့ ခႏၶာကိုယ္အတြင္း ေရဓာတ္ခမ္းေျခာက္ေလ့ရွိလို႔ ျဖစ္ေၾကာင္းသိရပါတယ္။ လံုေလာက္တဲ့ ေရပမာဏကို ခႏၶာကိုယ္က မရတဲ့အခါ ေက်ာက္ကပ္ရဲ႕ အလုပ္လုပ္ႏုိင္စြမ္းလည္း ေလ်ာ့ပါးသြားရာကစလို႔ ပ်က္စီးသြားတဲ့အထိ ျဖစ္လာၾကရတယ္လို႔ အဂၤလန္က အမ်ိဳးသားက်န္းမာေရး ေစာင့္ေရွာက္မႈ စင္တာက သုေတသီေတြက ဆိုပါတယ္။

ေရဓာတ္ေလ်ာ့နည္းေလ့ရွိတဲ့ ခႏၶာကိုယ္က ေက်ာက္ကပ္ဟာ ဆီးနဲ႔ ေသြးအတြင္းမွာရွိတဲ့ အဆိပ္အေတာက္ေတြကို စစ္ထုတ္ဖယ္ရွားႏိုင္စြမ္း အားနည္းသြားတယ္လို႔ သိရပါတယ္။ အဲဒီကစလို႔ ေက်ာက္ကပ္ပ်က္စီးျခင္းျဖစ္လာတာပါ။ အနာတျခား၊ ေဆးတျခား ျဖစ္တဲ့အခါမ်ိဳးမွာလည္း ေက်ာက္ကပ္ပ်က္စီးေလ့ရွိပါတယ္။

ေက်ာက္ကပ္ကို ဂ႐ုစိုက္ဖို႔အတြက္ ေရဆာတယ္လို႔ထင္တိုင္းေရေသာက္ေပးဖို႔လိုပါတယ္။ လူရဲ႕ခႏၶာကိုယ္ဟာ ေရဓာတ္ ၆၀ ရာခိုင္ႏႈန္းပါဝင္တာေၾကာင့္ တစ္ေန႔ကို ၂ လီတာေလာက္ ပံုမွန္ေသာက္ေပးသြားဖို႔ လိုေၾကာင္း ဆရာဝန္ေတြက ညႊန္ၾကားထားပါတယ္။

Credit : duwun

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ကျောက်ကပ်ပျက်စီးခြင်းကြောင့် မလိုအပ် အသက်အန္တရာယ်ဆုံးရှုံးမှုဟာ နှစ်စဉ်နှစ်တိုင်း ဆရာဝန်တွေ၊ သမားတော်တွေ ရင်ဆိုင်နေရတဲ့ အရာ ဖြစ်တယ်လို့ သိရပါတယ်။

တစ်ဦးချင်းစီက မိမိရဲ့ခန္ဓကိုယ်ကို ကောင်းစွာဂရုမစိုက်ခြင်းကြောင့် မလိုအပ်ဘဲ ကျောက်ကပ်တွေပျက်စီးကြရလေ့ရှိတယ်လို့ ဆိုပါတယ်။ ကျောက်ကပ်ပျက်စီးတဲ့ အကြောင်းအရင်းဟာ တစ်မျိုးထက်မနည်း ရှိပါတယ်။ အဖြစ်အများဆုံးကတော့ ခန္ဓာကိုယ်အတွင်း ရေဓာတ်ခမ်းခြောက်လေ့ရှိလို့ ဖြစ်ကြောင်းသိရပါတယ်။ လုံလောက်တဲ့ ရေပမာဏကို ခန္ဓာကိုယ်က မရတဲ့အခါ ကျောက်ကပ်ရဲ့ အလုပ်လုပ်နိုင်စွမ်းလည်း လျော့ပါးသွားရာကစလို့ ပျက်စီးသွားတဲ့အထိ ဖြစ်လာကြရတယ်လို့ အင်္ဂလန်က အမျိုးသားကျန်းမာရေး စောင့်ရှောက်မှု စင်တာက သုတေသီတွေက ဆိုပါတယ်။

ရေဓာတ်လျော့နည်းလေ့ရှိတဲ့ ခန္ဓာကိုယ်က ကျောက်ကပ်ဟာ ဆီးနဲ့ သွေးအတွင်းမှာရှိတဲ့ အဆိပ်အတောက်တွေကို စစ်ထုတ်ဖယ်ရှားနိုင်စွမ်း အားနည်းသွားတယ်လို့ သိရပါတယ်။ အဲဒီကစလို့ ကျောက်ကပ်ပျက်စီးခြင်းဖြစ်လာတာပါ။ အနာတခြား၊ ဆေးတခြား ဖြစ်တဲ့အခါမျိုးမှာလည်း ကျောက်ကပ်ပျက်စီးလေ့ရှိပါတယ်။

ကျောက်ကပ်ကို ဂရုစိုက်ဖို့အတွက် ရေဆာတယ်လို့ထင်တိုင်းရေသောက်ပေးဖို့လိုပါတယ်။ လူရဲ့ခန္ဓာကိုယ်ဟာ ရေဓာတ် ၆၀ ရာခိုင်နှုန်းပါဝင်တာကြောင့် တစ်နေ့ကို ၂ လီတာလောက် ပုံမှန်သောက်ပေးသွားဖို့ လိုကြောင်း ဆရာဝန်တွေက ညွှန်ကြားထားပါတယ်။

Credit : duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top