iMyanmarHouse.com - Best Property Website for Myanmar
×

သစ္သီး အစားနည္းရင္ က်န္းမာေရး ျပႆနာေတြ ႀကဳံေတြ႕ရတတ္ပါတယ္။

အစာေျခစနစ္ ျပႆနာ
သစ္သီးအစားနည္းသူေတြဟာ အစာမေၾကတဲ့ ျပႆနာ ႀကဳံရႏုိင္ပါတယ္။ သစ္သီးစားျခင္းက အစာေျခစနစ္ကုိ ေကာင္းမြန္ေစပါတယ္။

ေလထုိးေလေအာင့္
သစ္သီးအစားနည္းျခင္းက အစာမေၾကတဲ့ ျပႆနာနဲ႕အတူ ေလထုိးေလေအာင့္ ေဝဒနာကုိလည္း ခံစားရႏုိင္မယ္။

ဝိတ္က်ဖုိ႕ ခက္ခဲေစ
ဝိတ္က်ေစဖုိ႕ ခက္ခဲေစတဲ့ အေၾကာင္းအရင္းထဲမွာ သစ္သီးအစားနည္းျခင္းက အဓိက ပါဝင္ပါတယ္။

ဗီတာမင္ ခ်ဳိ႕တဲ့မႈ
သစ္သီးအစားနည္းျခင္းေၾကာင့္ ဗီတာမင္ ခ်ဳိ႕တဲ့မႈ ျဖစ္ေစပါတယ္။ သစ္သီးေတြမွာ ပါဝင္တဲ့ ဗီတာမင္ C, A, B နဲ႕ K တုိ႕က ခႏၶာကုိယ္အတြက္ မ႐ွိမျဖစ္ လုိအပ္ပါတယ္။

ေသြးတုိးနဲ႕ ႏွလုံးက်န္းမာေရး ျပႆနာ
သစ္သီးအစားနည္းသူေတြဟာ ေသြးတုိးနဲ႕ ႏွလုံးက်န္းမာေရး ျပႆနာ ႀကဳံရႏုိင္ပါတယ္။ သစ္သီးေတြမွာ ပုိတက္ဆီယမ္ဓာတ္ ၾကြယ္ဝစြာ ပါဝင္ၿပီး ခႏၶာကိုယ္တြင္း ဆုိဒီယမ္ပမာဏကုိ ထိန္းညွိေပးႏုိင္တာေၾကာင့္ ေသြးတုိးမျဖစ္ေအာင္ ကာကြယ္ေပးၿပီး ႏွလုံးက်န္းမာေရးကုိ ေကာင္းမြန္ေစပါတယ္။

ၾကြက္သားနဲ႕ အဆစ္အျမစ္ ေရာင္ရမ္းျခင္း
ၾကြက္သားနဲ႕ အဆစ္အျမစ္ ေရာင္ရမ္းမႈဟာ မတူညီတဲ့ က်န္းမာေရး ျပႆနာေတြေၾကာင့္ ျဖစ္ႏုိင္ပါတယ္။ သစ္သီးနဲ႕ ဟင္းသီးဟင္း႐ြက္ေတြမွာ ပါဝင္တဲ့ phytochemical က ေရာင္ရမ္းမႈကုိ သက္သာေလ်ာ့ပါးေစပါတယ္။ သစ္သီးအစားနည္းသူေတြဟာ ၾကြက္သားနဲ႕ အဆစ္အျမစ္ ေရာင္ရမ္းမႈ ပုိျဖစ္ႏုိင္ပါတယ္။

အသားအေရ ညစ္ႏြမ္းမႈ
သစ္သီးနဲ႕ ဟင္းသီးဟင္း႐ြက္ အစားနည္းျခင္းေၾကာင့္ ခႏၶာကိုယ္တြင္း ဓာတ္တုိးဆန္႕က်င္ပစၥည္းေတြ နည္းပါးၿပီး အသားအေရ ညစ္ႏြမ္းမႈ ျဖစ္ေစပါတယ္။

အျမင္အာ႐ုံ အားနည္းေစ
သစ္သီးနဲ႕ ဟင္းသီးဟင္း႐ြက္ အစားနည္းသူေတြဟာ အသက္အ႐ြယ္ ႀကီးလာတဲ့အခါ ျဖစ္တတ္တဲ့ အျမင္အာ႐ုံအားနည္းမႈကုိ ေစာစီးစြာ ႀကဳံရႏုိင္ပါတယ္။

Credit : duwun

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version

သစ်သီး အစားနည်းရင် ကျန်းမာရေး ပြဿနာတွေ ကြုံတွေ့ရတတ်ပါတယ်။

အစာခြေစနစ် ပြဿနာ
သစ်သီးအစားနည်းသူတွေဟာ အစာမကြေတဲ့ ပြဿနာ ကြုံရနိုင်ပါတယ်။ သစ်သီးစားခြင်းက အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။

လေထိုးလေအောင့်
သစ်သီးအစားနည်းခြင်းက အစာမကြေတဲ့ ပြဿနာနဲ့အတူ လေထိုးလေအောင့် ဝေဒနာကိုလည်း ခံစားရနိုင်မယ်။

ဝိတ်ကျဖို့ ခက်ခဲစေ
ဝိတ်ကျစေဖို့ ခက်ခဲစေတဲ့ အကြောင်းအရင်းထဲမှာ သစ်သီးအစားနည်းခြင်းက အဓိက ပါဝင်ပါတယ်။

ဗီတာမင် ချို့တဲ့မှု
သစ်သီးအစားနည်းခြင်းကြောင့် ဗီတာမင် ချို့တဲ့မှု ဖြစ်စေပါတယ်။ သစ်သီးတွေမှာ ပါဝင်တဲ့ ဗီတာမင် C, A, B နဲ့ K တို့က ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်ပါတယ်။

သွေးတိုးနဲ့ နှလုံးကျန်းမာရေး ပြဿနာ
သစ်သီးအစားနည်းသူတွေဟာ သွေးတိုးနဲ့ နှလုံးကျန်းမာရေး ပြဿနာ ကြုံရနိုင်ပါတယ်။ သစ်သီးတွေမှာ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝစွာ ပါဝင်ပြီး ခန္ဓာကိုယ်တွင်း ဆိုဒီယမ်ပမာဏကို ထိန်းညှိပေးနိုင်တာကြောင့် သွေးတိုးမဖြစ်အောင် ကာကွယ်ပေးပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

ကြွက်သားနဲ့ အဆစ်အမြစ် ရောင်ရမ်းခြင်း
ကြွက်သားနဲ့ အဆစ်အမြစ် ရောင်ရမ်းမှုဟာ မတူညီတဲ့ ကျန်းမာရေး ပြဿနာတွေကြောင့် ဖြစ်နိုင်ပါတယ်။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ပါဝင်တဲ့ phytochemical က ရောင်ရမ်းမှုကို သက်သာလျော့ပါးစေပါတယ်။ သစ်သီးအစားနည်းသူတွေဟာ ကြွက်သားနဲ့ အဆစ်အမြစ် ရောင်ရမ်းမှု ပိုဖြစ်နိုင်ပါတယ်။

အသားအရေ ညစ်နွမ်းမှု
သစ်သီးနဲ့ ဟင်းသီးဟင်းရွက် အစားနည်းခြင်းကြောင့် ခန္ဓာကိုယ်တွင်း ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ နည်းပါးပြီး အသားအရေ ညစ်နွမ်းမှု ဖြစ်စေပါတယ်။

အမြင်အာရုံ အားနည်းစေ
သစ်သီးနဲ့ ဟင်းသီးဟင်းရွက် အစားနည်းသူတွေဟာ အသက်အရွယ် ကြီးလာတဲ့အခါ ဖြစ်တတ်တဲ့ အမြင်အာရုံအားနည်းမှုကို စောစီးစွာ ကြုံရနိုင်ပါတယ်။

Credit : duwun


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top