iMyanmarHouse.com - Best Property Website for Myanmar
×

ေပြ႔ဖက္ျခင္းနဲ႔ အနမ္းေပးျခင္းေတြက လူတစ္ေယာက္ရဲ႕ ဘဝမွာ ဖယ္ရွားပစ္လုိ႔မရႏုိင္တဲ့အရာေတြပဲ ျဖစ္ပါတယ္။ ႏွစ္မ်ဳိးစလုံးက အခ်စ္သေကၤတေတြျဖစ္ျပီး ၅၂၈ ေမတၱာမွာေရာ ၁၅၀၀ ေမတၱာမွာပါေတြ႔ရေလ့ရွိတဲ့ အမွတ္အသားေတြပါ။ ဒါေပမဲ့ ေပြ႔ဖက္တာနဲ႔ နမ္းရႈံ႕တာႏွစ္ခုၾကားမွာ ရႏုိင္တဲ့အက်ဳိးေတြ မတူပါဘူး။ အနမ္းထက္ ေပြ႔ဖက္ျခင္းက ရႏုိင္တဲ့ အက်ဳိးေတြကေတာ့

-ေပြ႔ဖက္ခံရရင္ စိတ္ကို သက္ေတာင့္သက္တာျဖစ္ေစျပီး ကိုယ္ခ်င္းစာစိတ္ကိုလည္း ခံစားရေစပါတယ္။ ဒါေၾကာင့္ လူအမ်ားစုက ကေလးေတြ၊ မိဘေတြ၊ ခ်စ္သူေတြကို ေပြ႔ဖက္ၾကတာျဖစ္ပါတယ္။ ေနာက္ျပီး စိတ္ပူပင္မႈကိုလည္းႏွစ္သိမ့္ေပးရာေရာက္တဲ့အတြက္ ေပ်ာ္ရႊင္မႈရေစပါတယ္။

-စိတ္ျငိမ္းခ်မ္းမႈရေစႏုိင္ပါတယ္။ ဝမ္းနည္းေနတဲ့လူတစ္ေယာက္ကို ေပြ႔ဖက္လုိက္ျခင္းက စိတ္ကိုေအးျငိမ္းသြားေစျပီး စိတ္ထဲက ဖိစီးမႈေတြကို ေလွ်ာ့ခ်ေပးႏုိင္ပါတယ္။ ပိုျပီးစိတ္ေျပေလ်ာ့ေစသလို အက်ဳိးသင့္ အေၾကာင္းသင့္စဥ္းစားႏုိင္ေခ်ကိုလည္း တုိးေစပါတယ္။

-ႏွလုံးသားကုိ ျငိမ္းခ်မ္းေစတယ္။ ေပြ႔ဖက္ျခင္းေၾကာင့္ ခႏၶာကိုယ္ခ်င္းထိေတြ႔မႈက ေပ်ာ္ရႊင္မႈကို ခံစားမိေစျပီး ႏွလုံးသားမွာ တျငိိမ့္ျငိမ့္ခံစားမိေစတယ္။

-အခ်စ္ခံရတဲ့ခံစားမႈကို တုိးေစတယ္။ အဖက္ခံရတဲ့အခါ ကိုယ္တစ္ေယာက္တည္း အထီးက်န္ေနမွာ မဟုတ္ဘူးလို႔ ခံစားမိေစတယ္။ ကိုယ့္ကိုခ်စ္မယ့္သူ ဂရုစုိက္မယ့္သူတစ္ေယာက္ရွိေသးတယ္လုိ႔ ခံစားရေစတယ္။ ဒါက စိတ္လႈပ္ရွားမႈကို ျဖစ္ေစတယ္။

-ႏွလုံးခုန္ႏႈန္းကုိ တည္ျငိမ္ေစတယ္။ သိပၸံပညာအရ ေပြ႔ဖက္ျခင္းက ႏွလုံးခုန္ႏႈန္းကို ပိုျပီးတည္ျငိမ္ေစတယ္လုိ႔ ဆုိပါတယ္။ ႏွလုံးခုန္ႏႈန္းတည္ျငိမ္တာေၾကာင့္ ႏွလုံးေရာဂါလို ႏွလုံးနဲ႔ ဆက္စပ္ေနတဲ့ ေရာဂါေတြျဖစ္ေစတဲ့ အလားအလာကိုေလ်ာ့နည္းေစပါတယ္။

Credit : trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version

ပွေ့ဖက်ခြင်းနဲ့ အနမ်းပေးခြင်းတွေက လူတစ်ယောက်ရဲ့ ဘဝမှာ ဖယ်ရှားပစ်လို့မရနိုင်တဲ့အရာတွေပဲ ဖြစ်ပါတယ်။ နှစ်မျိုးစလုံးက အချစ်သငေ်္ကတတွေဖြစ်ပြီး ၅၂၈ မေတ္တာမှာရော ၁၅၀၀ မေတ္တာမှာပါတွေ့ရလေ့ရှိတဲ့ အမှတ်အသားတွေပါ။ ဒါပေမဲ့ ပွေ့ဖက်တာနဲ့ နမ်းရှုံ့တာနှစ်ခုကြားမှာ ရနိုင်တဲ့အကျိုးတွေ မတူပါဘူး။ အနမ်းထက် ပွေ့ဖက်ခြင်းက ရနိုင်တဲ့ အကျိုးတွေကတော့

-ပွေ့ဖက်ခံရရင် စိတ်ကို သက်တောင့်သက်တာဖြစ်စေပြီး ကိုယ်ချင်းစာစိတ်ကိုလည်း ခံစားရစေပါတယ်။ ဒါကြောင့် လူအများစုက ကလေးတွေ၊ မိဘတွေ၊ ချစ်သူတွေကို ပွေ့ဖက်ကြတာဖြစ်ပါတယ်။ နောက်ပြီး စိတ်ပူပင်မှုကိုလည်းနှစ်သိမ့်ပေးရာရောက်တဲ့အတွက် ပျော်ရွှင်မှုရစေပါတယ်။

-စိတ်ငြိမ်းချမ်းမှုရစေနိုင်ပါတယ်။ ဝမ်းနည်းနေတဲ့လူတစ်ယောက်ကို ပွေ့ဖက်လိုက်ခြင်းက စိတ်ကိုအေးငြိမ်းသွားစေပြီး စိတ်ထဲက ဖိစီးမှုတွေကို လျှော့ချပေးနိုင်ပါတယ်။ ပိုပြီးစိတ်ပြေလျော့စေသလို အကျိုးသင့် အကြောင်းသင့်စဉ်းစားနိုင်ချေကိုလည်း တိုးစေပါတယ်။

-နှလုံးသားကို ငြိမ်းချမ်းစေတယ်။ ပွေ့ဖက်ခြင်းကြောင့် ခန္ဓာကိုယ်ချင်းထိတွေ့မှုက ပျော်ရွှင်မှုကို ခံစားမိစေပြီး နှလုံးသားမှာ တငြိမ့်ငြိမ့်ခံစားမိစေတယ်။

-အချစ်ခံရတဲ့ခံစားမှုကို တိုးစေတယ်။ အဖက်ခံရတဲ့အခါ ကိုယ်တစ်ယောက်တည်း အထီးကျန်နေမှာ မဟုတ်ဘူးလို့ ခံစားမိစေတယ်။ ကိုယ့်ကိုချစ်မယ့်သူ ဂရုစိုက်မယ့်သူတစ်ယောက်ရှိသေးတယ်လို့ ခံစားရစေတယ်။ ဒါက စိတ်လှုပ်ရှားမှုကို ဖြစ်စေတယ်။

-နှလုံးခုန်နှုန်းကို တည်ငြိမ်စေတယ်။ သိပ္ပံပညာအရ ပွေ့ဖက်ခြင်းက နှလုံးခုန်နှုန်းကို ပိုပြီးတည်ငြိမ်စေတယ်လို့ ဆိုပါတယ်။ နှလုံးခုန်နှုန်းတည်ငြိမ်တာကြောင့် နှလုံးရောဂါလို နှလုံးနဲ့ ဆက်စပ်နေတဲ့ ရောဂါတွေဖြစ်စေတဲ့ အလားအလာကိုလျော့နည်းစေပါတယ်။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top