iMyanmarHouse.com - Best Property Website for Myanmar
×

၁ - ပြတ်သားမှု


၂ - အပြောနဲ့ အလုပ်ညီပါ


၃ - ပျော်တတ်ပါ


၎ - စိတ်အားထက်သန်မှု


၅ - ဗွေမယူ


Credit :duwun



#Unicode Version

၁ - ပြတ်သားမှု

ပြတ်သားခိုင်မာတဲ့ မေးခွန်းမျိုးမေးပါ။ ဝေ့လည်ကြောင်ပတ်လုပ်ခြင်းဟာ နှစ်သက်စရာမဟုတ်ပါဘူး။ ပြတ်သားခိုင်မာစွာ လုပ်ကိုင်တတ်တဲ့ အကျင့်မျိုးဟာ ယောကျာ်းလေးတစ်ယောက်အတွက် ထင်ရှားပေါ်လွင်စေမယ့် အလေ့အကျင့်တစ်ခုပဲ ဖြစ်ပါတယ်။

၂ - အပြောနဲ့ အလုပ်ညီပါ

အပြောတစ်မျိုး၊ အလုပ်တစ်မျိုးကို ဘယ်သူမှ သဘောမကျပါဘူး။ ပတ်ဝန်းကျင်ကိုသာမက သင့်ကိုသင် ပြောထားတဲ့စကားတွေ၊ ကတိတွေကို အတတ်နိုင်ဆုံးတည်ပါ။ ဒီလိုအလေ့အကျင့်ရှိခြင်းကနေ သင့်ကိုယ်သင် ပိုယုံကြည်မှုရှိလာပါတယ်။ အရည်အချင်းတူရင်တောင် ဒီလိုအလေ့အကျင့်တွေကြောင့် သင်က ပိုနှစ်သက်စရာဖြစ်နေပါတယ်။

၃ - ပျော်တတ်ပါ

အရာရာကို လေးနက်နေတာက အဆင်မပြေပါဘူး။ သူများတွေ ပျော်အောင်လုပ်ပေးနိုင်သူဖြစ်သလို ကိုယ့်ဘာကိုယ်လည်း ပျော်အောင်နေတတ်သူ ဖြစ်သင့်ပါတယ်။

၄ - စိတ်အားထက်သန်မှု

စိတ်အားထက်သန်တဲ့ တစ်စုံတစ်ခု ရှိသင့်ပါတယ်။ ဝါသနာ၊ ရည်မှန်းချက် စတဲ့ ယုံကြည်ရာမျိုးပါ။ ဒီလို စိတ်အားထက်သန်တဲ့ ဝါသနာမျိုး၊ ရည်မှန်းချက်မျိုးမရှိဘဲ ရိုးရှင်းတဲ့ဘဝကို ကြိုက်တယ်ဆိုရင်တောင် အဆိုပါဘဝကို ရရှိချင်တဲ့ စိတ်အားထက်သန်မှုမျိုး ရှိသင့်ပါတယ်။

၅ - ဗွေမယူ

အပေါင်းအသင်းတွေကြားမှာ၊ လုပ်ငန်းမှာ၊ အချစ်ရေးမှာ တော်ရုံငြင်းပယ်ခံရတာမျိုးကို ပုဂ္ဂိုလ်ရေးခံစားချက် ကြီးကြီးမားမား မထားပါနဲ့။တော်ရုံနဲ့ ဗွေမယူတတ်တဲ့ အကျင့်မျိုးရှိပါ။

Credit :duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top