iMyanmarHouse.com - Best Property Website for Myanmar
×

အိပ္ခိ်န္မမွန္ အိပ္ခ်ိန္နည္းျခင္းက ရင္သားကင္ဆာ ပုိျဖစ္ႏုိင္ေၾကာင္း ေလ့လာမႈအသစ္က သတိေပးထားပါတယ္။ ညအေမွာင္ ပုံမွန္အိပ္စက္ခ်ိန္ေတြမွာ ဦးေႏွာက္မွထုတ္လႊတ္တဲ့ မယ္လာတုိနင္ (Melatonin) ေဟာ္မုန္းက အိပ္ခ်င္စိတ္ ျဖစ္ေစသလုိ အႀကိတ္ေတြ ႀကီးထြားလာမႈကုိလည္း ေလ်ာ့က်ေစေၾကာင္း မီခ်ီဂန္ျပည္နယ္တကၠသုိလ္မွ သုေတသီက ဆုိပါတယ္။

ပုံမွန္အိပ္စက္ျခင္း မျပဳဘဲ အိပ္ေရးပ်က္ျခင္းက ခႏၶာကိုယ္တြင္း မယ္လာတုိနင္ေဟာ္မုန္း ပမာဏကုိ ေလ်ာ့က်ေစပါတယ္။ ညဘက္အလုပ္လုပ္ရသူေတြနဲ႕ ပုံမွန္အိပ္စက္ေလ့မ႐ွိသူေတြဟာ ခႏၶာကိုယ္တြင္း မယ္လာတုိနင္ေဟာ္မုန္း နည္းပါးၿပီး ရင္သားကင္ဆာျဖစ္ႏုိင္တဲ့ အႏၱရာယ္ပုိ႐ွိေၾကာင္း သုေတသီေတြက သတိေပးထားပါတယ္။

မီခ်ီဂန္ျပည္နယ္တကၠသုိလ္မွာ ျပဳလုပ္ခဲ့တဲ့ သုေတသနကုိ ဘရာဇီးႏုိင္ငံမွ ဧည့္သုေတသီ ဂ်ဴလီယာနာလုိပက္စ္က ဦးေဆာင္ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ သုေတနသ မျပလုပ္မီ သုေတသီေတြက စတမ္းဆဲလ္ (stem cell) အသုံးျပဳၿပီး 'mammospheres' ေခၚ အႀကိတ္မ်ားကို ဖန္တီးခဲ့ပါတယ္။

အဆုိပါ အႀကိတ္ေတြကုိ ႀကီးထြားေစရန္ ဓာတုေဗဒပစၥည္းမ်ားကုိလည္း သုေတသီေတြက အသုံးျပဳခဲ့ပါတယ္။ သုေတသီေတြ ဖန္တီးထားတဲ့ 'mammospheres' ေခၚ အႀကိတ္ေတြကုိ မယ္လာတုိနင္ေဟာ္မုန္း ကုထုံးျဖင့္ စမ္းသပ္ခဲ့ရာမွာ အႀကိတ္ေတြ ပြားမ်ားမႈနဲ႕ ႀကီးထြားမႈကုိ ေလ်ာ့က်သြားတာ ေတြ႕ခဲ့ရပါတယ္။

ယခု သုေတသနအရ မယ္လာတုိနင္ေဟာ္မုန္းမွာ အႀကိတ္ေတြ ပြားမ်ားႀကီးထြားျခင္းကုိ ေလ်ာ့က်ေစႏုိင္ေၾကာင္း သိ႐ွိခဲ့ရၿပီး ခႏၶာကိုယ္တြင္း မယ္လုိတုိနင္ ပမာဏ ေလ်ာ့နည္းမႈကုိ ရင္သားကင္ဆာ အပါအဝင္ ကင္ဆာအႀကိတ္မ်ား ျဖစ္ႏုိင္ေျခ ပုိမ်ားႏုိင္ေၾကာင္း သုေတသီေတြက သတိေပးခဲ့ပါတယ္။

Credit: duwun

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အိပ်ချိန်မမှန် အိပ်ချိန်နည်းခြင်းက ရင်သားကင်ဆာ ပိုဖြစ်နိုင်ကြောင်း လေ့လာမှုအသစ်က သတိပေးထားပါတယ်။ ညအမှောင် ပုံမှန်အိပ်စက်ချိန်တွေမှာ ဦးနှောက်မှထုတ်လွှတ်တဲ့ မယ်လာတိုနင် (Melatonin) ဟော်မုန်းက အိပ်ချင်စိတ် ဖြစ်စေသလို အကြိတ်တွေ ကြီးထွားလာမှုကိုလည်း လျော့ကျစေကြောင်း မီချီဂန်ပြည်နယ်တက္ကသိုလ်မှ သုတေသီက ဆိုပါတယ်။

ပုံမှန်အိပ်စက်ခြင်း မပြုဘဲ အိပ်ရေးပျက်ခြင်းက ခန္ဓာကိုယ်တွင်း မယ်လာတိုနင်ဟော်မုန်း ပမာဏကို လျော့ကျစေပါတယ်။ ညဘက်အလုပ်လုပ်ရသူတွေနဲ့ ပုံမှန်အိပ်စက်လေ့မရှိသူတွေဟာ ခန္ဓာကိုယ်တွင်း မယ်လာတိုနင်ဟော်မုန်း နည်းပါးပြီး ရင်သားကင်ဆာဖြစ်နိုင်တဲ့ အန္တရာယ်ပိုရှိကြောင်း သုတေသီတွေက သတိပေးထားပါတယ်။

မီချီဂန်ပြည်နယ်တက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနကို ဘရာဇီးနိုင်ငံမှ ဧည့်သုတေသီ ဂျူလီယာနာလိုပက်စ်က ဦးဆောင်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ သုတေနသ မပြလုပ်မီ သုတေသီတွေက စတမ်းဆဲလ် (stem cell) အသုံးပြုပြီး 'mammospheres' ခေါ် အကြိတ်များကို ဖန်တီးခဲ့ပါတယ်။

အဆိုပါ အကြိတ်တွေကို ကြီးထွားစေရန် ဓာတုဗေဒပစ္စည်းများကိုလည်း သုတေသီတွေက အသုံးပြုခဲ့ပါတယ်။ သုတေသီတွေ ဖန်တီးထားတဲ့ 'mammospheres' ခေါ် အကြိတ်တွေကို မယ်လာတိုနင်ဟော်မုန်း ကုထုံးဖြင့် စမ်းသပ်ခဲ့ရာမှာ အကြိတ်တွေ ပွားများမှုနဲ့ ကြီးထွားမှုကို လျော့ကျသွားတာ တွေ့ခဲ့ရပါတယ်။

ယခု သုတေသနအရ မယ်လာတိုနင်ဟော်မုန်းမှာ အကြိတ်တွေ ပွားများကြီးထွားခြင်းကို လျော့ကျစေနိုင်ကြောင်း သိရှိခဲ့ရပြီး ခန္ဓာကိုယ်တွင်း မယ်လိုတိုနင် ပမာဏ လျော့နည်းမှုကို ရင်သားကင်ဆာ အပါအဝင် ကင်ဆာအကြိတ်များ ဖြစ်နိုင်ခြေ ပိုများနိုင်ကြောင်း သုတေသီတွေက သတိပေးခဲ့ပါတယ်။

Credit: duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top