iMyanmarHouse.com - Best Property Website for Myanmar
×

အသက္ႀကီးႀကီး အမ်ိဳး သားတစ္ဦးႏွင့္ အဆုိေတာ္ နီနီခင္ ေဇာ္၏ စံုတြဲဓာတ္ပံုမ်ား ေဖ့စ္ ဘြတ္ခ္စာမ်က္ႏွာတြင္ ပ်ံ႕ႏွံ႔လာခဲ့ ၿပီး နီနီခင္ေဇာ္၏ အိမ္ေထာင္ေရး အေျခအေနႏွင့္ပတ္သက္၍ ပရိ သတ္မ်ားအၾကား အျငင္းပြားမႈ မ်ားရွိခဲ့ေသာ္လည္း ယင္းကိစၥမွာ ဟုတ္မွန္ေၾကာင္း ကာယကရွင္ နီနီခင္ေဇာ္က ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီးေနာက္ ပရိသတ္မ်ားႏွင့္ အႏုပညာရွင္အမ်ားစုက နီနီခင္ေဇာ္ ကို စာနာနားလည္ေၾကာင္း ႏွင့္ အားေပးေၾကာင္း ဝိုင္းဝန္းေျပာၾကားခဲ့သည္။

‘‘ဒီျပႆနာက လြန္ခဲ့တဲ့ ရွစ္ ႏွစ္ နီနီ႔ အသက္ (၁၇)ႏွစ္မွာ ျဖစ္ ခဲ့တဲ့ ျပႆနာေလးေတြပါ။ ဒီ ျပႆနာေတြအားလံုးၿပီးဆံုးသြား တာလည္း ၾကာပါၿပီ။ အဲဒါေလး ကို ပရိသတ္ကို အသိေပးခ်င္ပါ တယ္။ နီနီ႔ အသက္ (၁၇)ႏွစ္၊ အခု နီနီက ၿပီးခဲ့တဲ့ ၃၁ ရက္ကမွ (၂၅) ႏွစ္ျပည့္ထားတာဆုိေတာ့ လြန္ခဲ့ တ့ဲ ရွစ္ႏွစ္ေပါ့။ အသက္ (၁၇)ႏွစ္ တုန္းက နီ႔ဘဝမွာ အႀကီးမားဆံုး လိမ္လည္မႈႀကီးတစ္ခုေၾကာင့္ ကံ ၾကမၼာဆိုးကို ႀကံဳေတြ႕ခဲ့ရတယ္’’ ဟု အြန္လိုင္းတြင္ ပ်ံ႕ႏွံ႔ခဲ့သည့္အ ေၾကာင္းအရာမ်ားႏွင့္ပတ္သက္၍ Myanmar Celebrity ၏ အင္တာ ဗ်ဴးတြင္ နီနီခင္ေဇာ္က ေျဖၾကားခဲ့ သည္။

အဆုိပါကိစၥ စတင္ပ်ံ႕ႏွံ႔လာ ခ်ိန္တြင္ နီနီခင္ေဇာ္ကို ေဝဖန္မႈ မ်ားရွိေသာ္လည္း ၎ဘက္မွ ျပန္လည္ေျဖရွင္းၿပီးခ်ိန္တြင္မူ ပရိ သတ္အမ်ားစုက နီနီခင္ေဇာ္၏ ဓာတ္ပံုမ်ားကို ပ႐ိုဖိုင္မ်ားခ်ိန္း၍ အားေပးခဲ့သည္။

ထို႔အျပင္ အႏုပညာေမာင္ ႏွမမ်ားအပါအဝင္ မိတ္ေဆြအ ေပါင္းအသင္းမ်ားကလည္း ၎ တို႔၏ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာမ်ား တြင္ နီနီခင္ေဇာ္ကို အားေပး ေၾကာင္း ေရးသားလာၾကသည္။

နီနီခင္ေဇာ္ႏွင့္ အရင္းႏွီးဆံုး သူငယ္ခ်င္းတစ္ဦးျဖစ္သည့္ မိစႏၵီ က ၎၏ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာ တြင္  ‘သူငယ္ခ်င္း အခ်င္းခ်င္းဆုိ ေပမယ့္ အရင္ကတည္းက ကိုုယ့္ ထက္ပိုၿပီး အလုပ္ႀကိဳးစားလုိ႔၊ ကိုယ့္ထက္ပိုၿပီး ရင့္က်က္လုိ႔ ေလးစားတယ္.. ခ်စ္တယ္။ အခုေတာ့ သတၱိရွိရွိ ျပႆနာတစ္ခုကို လိမၼာ ပါးနပ္စြာ ရင္ဆိုင္ေျဖရွင္းရဲလို႔ ပိုၿပီး ေလးစားတယ္.. ပိုၿပီးခ်စ္သြား တယ္။ ကံၾကမၼာကို အန္တုၿပီးႀကိဳးစားခဲ့တဲ့၊ ရဲရင့္တဲ့ မိန္းမတစ္ ေယာက္ မိစႏၵီေလးစားၿပီး အား က်ရတဲ့ သူရဲေကာင္းေတြထဲမွာ သူထိပ္ဆံုးကပါတယ္။ She is my bestfriend. She is my idol. I will always love her and support her. Never Give Up, baby. You are the best... ’’ဟု ေရးသားထားသည္။

ထို႔အတူ နီနီခင္ေဇာ္၏ အ ေအာင္ျမင္ဆံုး သီခ်င္းတစ္ပုဒ္ျဖစ္ သည့္ ေမွ်ာ္လင့္ခ်က္တစ္စံုတစ္ရာ သီခ်င္းဖန္တီးရွင္ ေဆာင္းဦးလိႈင္ ကလည္း ‘ျဖစ္ပ်က္ခဲ့သမွ်ေတြကို ရဲဝံ့စြာ ရင္ဆုိင္ရင္း ပိုမိုျမင့္မားတဲ့ ေအာင္ျမင္မႈေတြဆီ အေရာက္ သြားပါ.. ငါ့ညီမေရ.. အရြယ္နဲ႔ မမွ်ေအာင္ ႀကံဳခဲ့ေလတဲ့ ေလာက ဓံေတြကို အန္တုေက်ာ္ျဖတ္လာခဲ့ တဲ့ ငါ့ညီမရဲ႕ အတိတ္ေန႔ရက္ေတြ အေၾကာင္း မသိခဲ့ဖူးေပမယ့္ စတင္အလုပ္ေတြ လက္တြဲလုပ္ကတည္း က အစ္ကိုအေကာင္းဆံုးကူညီ ေဖးမႏုိင္ခဲ့သလို ဆက္လက္ၿပီး လည္း အားေပးကူညီေနဦးမွာပါ။ ငါ့ညီမ အသံေၾကာင့္ အစ္ကိုရခဲ့ ဖူးတဲ့ အစ္ကို႔ဘဝရဲ႕ တစ္ခုတည္း ေသာ ဂီတနဲ႔ပတ္သက္တဲ့ ဆုတံ ဆိပ္ေလး အမွတ္တရတင္ေပး လိုက္ပါတယ္’’ဟု ေရးသား၍ ဆု တံဆိပ္တစ္ခု၏ ဓာတ္ပံုႏွင့္အတူ ေဖ့စ္ဘြတ္ခ္တြင္ ေဖာ္ျပ၍ အား ေပးခဲ့သည္။

စႏၵီျမင့္လြင္ကလည္း ‘‘အခု လည္း နီီနီ႔ပရိသတ္၊ ေနာက္လည္း နီနီ႔ပရိသတ္ ထာဝရ နီနီ႔ပရိသတ္ ပဲ။ ဟိုးအရင္ အဆုိေတာ္စလုပ္ ကတည္းကလည္း သူ႔ကို အရမ္း ႀကိဳက္ေၾကာင္း ေျပာဖူးတယ္။ သူ႔ ထက္ အသက္ႀကီးေပမယ့္ သူ႔ ေလာက္မရင့္က်က္တာေတာ့ ဝန္ ခံပါတယ္’’ဟု ေဖ့စ္ဘြတ္ခ္တြင္ ေရးသား၍ အားေပးခဲ့သည္။


Credit: 7 day daily


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အသက်ကြီးကြီး အမျိုး သားတစ်ဦးနှင့် အဆိုတော် နီနီခင် ဇော်၏ စုံတွဲဓာတ်ပုံများ ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင် ပျံ့နှံ့လာခဲ့ ပြီး နီနီခင်ဇော်၏ အိမ်ထောင်ရေး အခြေအနေနှင့်ပတ်သက်၍ ပရိ သတ်များအကြား အငြင်းပွားမှု များရှိခဲ့သော်လည်း ယင်းကိစ္စမှာ ဟုတ်မှန်ကြောင်း ကာယကရှင် နီနီခင်ဇော်က ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် ပရိသတ်များနှင့် အနုပညာရှင်အများစုက နီနီခင်ဇော် ကို စာနာနားလည်ကြောင်း နှင့် အားပေးကြောင်း ဝိုင်းဝန်းပြောကြားခဲ့သည်။

‘‘ဒီပြဿနာက လွန်ခဲ့တဲ့ ရှစ် နှစ် နီနီ့ အသက် (၁၇)နှစ်မှာ ဖြစ် ခဲ့တဲ့ ပြဿနာလေးတွေပါ။ ဒီ ပြဿနာတွေအားလုံးပြီးဆုံးသွား တာလည်း ကြာပါပြီ။ အဲဒါလေး ကို ပရိသတ်ကို အသိပေးချင်ပါ တယ်။ နီနီ့ အသက် (၁၇)နှစ်၊ အခု နီနီက ပြီးခဲ့တဲ့ ၃၁ ရက်ကမှ (၂၅) နှစ်ပြည့်ထားတာဆိုတော့ လွန်ခဲ့ တဲ့ ရှစ်နှစ်ပေါ့။ အသက် (၁၇)နှစ် တုန်းက နီ့ဘဝမှာ အကြီးမားဆုံး လိမ်လည်မှုကြီးတစ်ခုကြောင့် ကံ ကြမ္မာဆိုးကို ကြုံတွေ့ခဲ့ရတယ်’’ ဟု အွန်လိုင်းတွင် ပျံ့နှံ့ခဲ့သည့်အ ကြောင်းအရာများနှင့်ပတ်သက်၍ Myanmar Celebrity ၏ အင်တာ ဗျူးတွင် နီနီခင်ဇော်က ဖြေကြားခဲ့ သည်။

အဆိုပါကိစ္စ စတင်ပျံ့နှံ့လာ ချိန်တွင် နီနီခင်ဇော်ကို ဝေဖန်မှု များရှိသော်လည်း ၎င်းဘက်မှ ပြန်လည်ဖြေရှင်းပြီးချိန်တွင်မူ ပရိ သတ်အများစုက နီနီခင်ဇော်၏ ဓာတ်ပုံများကို ပရိုဖိုင်များချိန်း၍ အားပေးခဲ့သည်။

ထို့အပြင် အနုပညာမောင် နှမများအပါအဝင် မိတ်ဆွေအ ပေါင်းအသင်းများကလည်း ၎င်း တို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာများ တွင် နီနီခင်ဇော်ကို အားပေး ကြောင်း ရေးသားလာကြသည်။

နီနီခင်ဇော်နှင့် အရင်းနှီးဆုံး သူငယ်ချင်းတစ်ဦးဖြစ်သည့် မိစန္ဒီ က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင်  ‘သူငယ်ချင်း အချင်းချင်းဆို ပေမယ့် အရင်ကတည်းက ကိုုယ့် ထက်ပိုပြီး အလုပ်ကြိုးစားလို့၊ ကိုယ့်ထက်ပိုပြီး ရင့်ကျက်လို့ လေးစားတယ်.. ချစ်တယ်။ အခုတော့ သတ္တိရှိရှိ ပြဿနာတစ်ခုကို လိမ္မာ ပါးနပ်စွာ ရင်ဆိုင်ဖြေရှင်းရဲလို့ ပိုပြီး လေးစားတယ်.. ပိုပြီးချစ်သွား တယ်။ ကံကြမ္မာကို အန်တုပြီးကြိုးစားခဲ့တဲ့၊ ရဲရင့်တဲ့ မိန်းမတစ် ယောက် မိစန္ဒီလေးစားပြီး အား ကျရတဲ့ သူရဲကောင်းတွေထဲမှာ သူထိပ်ဆုံးကပါတယ်။ She is my bestfriend. She is my idol. I will always love her and support her. Never Give Up, baby. You are the best... ’’ဟု ရေးသားထားသည်။

ထို့အတူ နီနီခင်ဇော်၏ အ အောင်မြင်ဆုံး သီချင်းတစ်ပုဒ်ဖြစ် သည့် မျှော်လင့်ချက်တစ်စုံတစ်ရာ သီချင်းဖန်တီးရှင် ဆောင်းဦးလှိုင် ကလည်း ‘ဖြစ်ပျက်ခဲ့သမျှတွေကို ရဲဝံ့စွာ ရင်ဆိုင်ရင်း ပိုမိုမြင့်မားတဲ့ အောင်မြင်မှုတွေဆီ အရောက် သွားပါ.. ငါ့ညီမရေ.. အရွယ်နဲ့ မမျှအောင် ကြုံခဲ့လေတဲ့ လောက ဓံတွေကို အန်တုကျော်ဖြတ်လာခဲ့ တဲ့ ငါ့ညီမရဲ့ အတိတ်နေ့ရက်တွေ အကြောင်း မသိခဲ့ဖူးပေမယ့် စတင်အလုပ်တွေ လက်တွဲလုပ်ကတည်း က အစ်ကိုအကောင်းဆုံးကူညီ ဖေးမနိုင်ခဲ့သလို ဆက်လက်ပြီး လည်း အားပေးကူညီနေဦးမှာပါ။ ငါ့ညီမ အသံကြောင့် အစ်ကိုရခဲ့ ဖူးတဲ့ အစ်ကို့ဘဝရဲ့ တစ်ခုတည်း သော ဂီတနဲ့ပတ်သက်တဲ့ ဆုတံ ဆိပ်လေး အမှတ်တရတင်ပေး လိုက်ပါတယ်’’ဟု ရေးသား၍ ဆု တံဆိပ်တစ်ခု၏ ဓာတ်ပုံနှင့်အတူ ဖေ့စ်ဘွတ်ခ်တွင် ဖော်ပြ၍ အား ပေးခဲ့သည်။

စန္ဒီမြင့်လွင်ကလည်း ‘‘အခု လည်း နီနီ့ပရိသတ်၊ နောက်လည်း နီနီ့ပရိသတ် ထာဝရ နီနီ့ပရိသတ် ပဲ။ ဟိုးအရင် အဆိုတော်စလုပ် ကတည်းကလည်း သူ့ကို အရမ်း ကြိုက်ကြောင်း ပြောဖူးတယ်။ သူ့ ထက် အသက်ကြီးပေမယ့် သူ့ လောက်မရင့်ကျက်တာတော့ ဝန် ခံပါတယ်’’ဟု ဖေ့စ်ဘွတ်ခ်တွင် ရေးသား၍ အားပေးခဲ့သည်။


Credit: 7 day daily



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top