iMyanmarHouse.com - Best Property Website for Myanmar
×

က်န္းမာေရးသေဘာတရားအရ အဆီဓာတ္အားလံုးသည္ တူညီေသာ အက်ိဳးသက္ေရာက္မႈ မရိွေသာေၾကာင့္ သံလြင္ဆီသည္ က်န္းမာေရးအတြက္ ေကာင္းမြန္ၿပီး ေျပာင္းဖူးဆီသည္ က်န္းမာေရး အတြက္ မေကာင္းေသာဆီျဖစ္ကာ အခ်ိဳ႕ေသာ အဆီဓာတ္မ်ားကအူလမ္းေၾကာင္းတြင္ အက်ိတ္မ်ား ျဖစ္ေပၚေစႏုိင္ေၾကာင္း ေလ့လာမႈ အသစ္တစ္ခုက ေဖာ္ျပသည္။

အ၀လြန္ျဖစ္ျခင္းႏွင့္မဆုိင္ဘဲ အဆီပါ၀င္သည့္ အခ်ိဳ႕ေသာ အစားအစာမ်ားက ေရာင္ရမ္းမႈျဖစ္ေပၚေစေသာေၾကာင့္ ကင္ဆာေရာဂါ ျဖစ္ပြားလာႏုိင္ေၾကာင္း သုေတသီမ်ား ေလ့လာေတြ႕ရိွခဲ့ သည္။

ယခုေလ့လာေတြ႕ရိွခ်က္အရ လူအမ်ားသည္ ၎တို႔၏ အစားအေသာက္ကုိ ပိုမုိသတိထားျခင္းျဖင့္ ကင္ဆာေရာဂါျဖစ္ပြားႏုိင္သည့္ အႏၲရာယ္မ်ားကို ေလွ်ာ့ခ်ႏုိင္ေၾကာင္း သုေတသီမ်ားက ေျပာၾကားသည္။

ေရခဲမုန္႔ႏွင့္ အသုပ္အခ်ိဳ႕ကဲ့သုိ႔ အစားအစာမ်ားတြင္ပါ၀င္ေသာ ေျပာင္းဖူး (သုိ႔မဟုတ္) အုန္းဆီကို အေျခခံထားသည့္ အဆီဓာတ္ျမင့္မားစြာ ပါ၀င္ေသာ အစားအစာအခ်ိဳ႕ စားသံုးမႈမ်ားျခင္းေၾကာင့္ အူလမ္းေၾကာင္းကင္ဆာျဖစ္ပြားမႈ ကနဦးအေျခအေနျဖစ္သည့္ အက်ိတ္မ်ားျဖစ္ေပၚလာႏုိင္ေၾကာင္း ႂကြက္မ်ားျဖင့္ ေလ့လာရာ၌ ေတြ႕ရိွခဲ့သည္ဟု သုေတသီမ်ားကေျပာသည္။

ေျပာင္းဖူးဆီႏွင့္ အုန္းဆီစားသံုးမႈမ်ားေသာ ႂကြက္မ်ား၏အူလမ္းေၾကာင္းတြင္ ကင္ဆာျဖစ္ပြားႏိုင္ေသာ ကနဦးအေျခအေနျဖစ္သည့္ ေရာင္ရမ္းမႈမ်ားႏွင့္ အက်ိတ္မ်ားျဖစ္ေပၚလာေၾကာင့္ ပင္ဆယ္ေဗးနီးယားတကၠသုိလ္မွ သုေတသီမ်ားက ေလ့လာေတြ႕ရိွခဲ့ၿပီး ယင္းေလ့လာေတြ႕ရိွခ်က္ကုိ Molecular Cancer Research ဂ်ာနယ္တြင္ ေဖာ္ျပထားသည္။

ယင္းေလ့လာေတြ႕ရိွခ်က္အရ အဆီဓာတ္ျမင့္မားစြာပါ၀င္ ေသာ အစားအစာမ်ား စားသံုးျခင္းေၾကာင့္ ကင္ဆာျဖစ္ပြားႏုိင္သည့္ အႏၲရာယ္ျမင့္မားလာႏုိင္သည္ဟု သုေတသီမ်ားက သံုးသပ္ သည္။

အူလမ္းေၾကာင္းတြင္ ေရာင္ရမ္းမႈမ်ားႏွင့္ အက်ိတ္မ်ားျဖစ္ေပၚလာသည့္ ​ႂကြက္မ်ားအား ယင္းအေျခအေနကုိ ထိန္းခ်ဳပ္ေရးေဆး၀ါး တုိက္ေကြၽးစမ္းသပ္ေသာအခါ အက်ိတ္မ်ားျဖစ္ေပၚမႈကုိ ကာကြယ္ေပးေၾကာင္း ေတြ႕ရိွသျဖင့္ ယင္းမွာ ကင္ဆာေရာဂါသည္မ်ားအတြက္ ထိေရာက္ေသာ ကုသနည္းတစ္ခု ျဖစ္လာႏုိင္သည္ဟု သုေတသီမ်ားကေျပာၾကားသည္။

Credit :  7Day Daily


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကျန်းမာရေးသဘောတရားအရ အဆီဓာတ်အားလုံးသည် တူညီသော အကျိုးသက်ရောက်မှု မရှိသောကြောင့် သံလွင်ဆီသည် ကျန်းမာရေးအတွက် ကောင်းမွန်ပြီး ပြောင်းဖူးဆီသည် ကျန်းမာရေး အတွက် မကောင်းသောဆီဖြစ်ကာ အချို့သော အဆီဓာတ်များကအူလမ်းကြောင်းတွင် အကျိတ်များ ဖြစ်ပေါ်စေနိုင်ကြောင်း လေ့လာမှု အသစ်တစ်ခုက ဖော်ပြသည်။

အဝလွန်ဖြစ်ခြင်းနှင့်မဆိုင်ဘဲ အဆီပါဝင်သည့် အချို့သော အစားအစာများက ရောင်ရမ်းမှုဖြစ်ပေါ်စေသောကြောင့် ကင်ဆာရောဂါ ဖြစ်ပွားလာနိုင်ကြောင်း သုတေသီများ လေ့လာတွေ့ရှိခဲ့ သည်။

ယခုလေ့လာတွေ့ရှိချက်အရ လူအများသည် ၎င်းတို့၏ အစားအသောက်ကို ပိုမိုသတိထားခြင်းဖြင့် ကင်ဆာရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ်များကို လျှော့ချနိုင်ကြောင်း သုတေသီများက ပြောကြားသည်။

ရေခဲမုန့်နှင့် အသုပ်အချို့ကဲ့သို့ အစားအစာများတွင်ပါဝင်သော ပြောင်းဖူး (သို့မဟုတ်) အုန်းဆီကို အခြေခံထားသည့် အဆီဓာတ်မြင့်မားစွာ ပါဝင်သော အစားအစာအချို့ စားသုံးမှုများခြင်းကြောင့် အူလမ်းကြောင်းကင်ဆာဖြစ်ပွားမှု ကနဦးအခြေအနေဖြစ်သည့် အကျိတ်များဖြစ်ပေါ်လာနိုင်ကြောင်း ကြွက်များဖြင့် လေ့လာရာ၌ တွေ့ရှိခဲ့သည်ဟု သုတေသီများကပြောသည်။

ပြောင်းဖူးဆီနှင့် အုန်းဆီစားသုံးမှုများသော ကြွက်များ၏အူလမ်းကြောင်းတွင် ကင်ဆာဖြစ်ပွားနိုင်သော ကနဦးအခြေအနေဖြစ်သည့် ရောင်ရမ်းမှုများနှင့် အကျိတ်များဖြစ်ပေါ်လာကြောင့် ပင်ဆယ်ဗေးနီးယားတက္ကသိုလ်မှ သုတေသီများက လေ့လာတွေ့ရှိခဲ့ပြီး ယင်းလေ့လာတွေ့ရှိချက်ကို Molecular Cancer Research ဂျာနယ်တွင် ဖော်ပြထားသည်။

ယင်းလေ့လာတွေ့ရှိချက်အရ အဆီဓာတ်မြင့်မားစွာပါဝင် သော အစားအစာများ စားသုံးခြင်းကြောင့် ကင်ဆာဖြစ်ပွားနိုင်သည့် အန္တရာယ်မြင့်မားလာနိုင်သည်ဟု သုတေသီများက သုံးသပ် သည်။

အူလမ်းကြောင်းတွင် ရောင်ရမ်းမှုများနှင့် အကျိတ်များဖြစ်ပေါ်လာသည့် ကြွက်များအား ယင်းအခြေအနေကို ထိန်းချုပ်ရေးဆေးဝါး တိုက်ကျွေးစမ်းသပ်သောအခါ အကျိတ်များဖြစ်ပေါ်မှုကို ကာကွယ်ပေးကြောင်း တွေ့ရှိသဖြင့် ယင်းမှာ ကင်ဆာရောဂါသည်များအတွက် ထိရောက်သော ကုသနည်းတစ်ခု ဖြစ်လာနိုင်သည်ဟု သုတေသီများကပြောကြားသည်။

Credit :  7Day Daily



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top