iMyanmarHouse.com - Best Property Website for Myanmar
×

တင္ပါးႀကီး ျခင္းသည္ က်န္းမာ ေရး အတြက္ ေကာင္းေၾကာင္း ေလ့လာ ခ်က္ အသစ္အရ သိရသည္။ တင္ပါးႏွင့္ ေပါင္လံုး ႀကီးျခင္းသည္ ဗုိက္ပူျခင္း ထက္စာလွ်င္ က်န္းမာေရးကို ဆိုးရြား ေစေသာ ကိုယ္လက္စထေရာ

အမ်ိဳး အစားကို ေလ်ာ့နည္းေစၿပီး ေသြးလႊတ္ေၾကာ နံရံမ်ား မာေၾကာမႈကို ကာကြယ္ ေပးသည့္ က်န္းမာ ေရးအတြက္ ေကာင္းေသာ ကိုယ္လက္ စထေရာ အမ်ိဳးအစားကို ျမင့္တက္ ေစေၾကာင္း ေလ့လာခ်က္ အသစ္ မ်ားအရ သိရ သည္။ တင္ပါးလံုး ႀကီးျခင္းသည္ ဆီးခ်ိဳ ေရာဂါ ျဖစ္ႏိုင္ ေျခကိုလည္း ေလ်ာ့ခ် ေပးႏိုင္သည္။

ယခု ေတြ႕ရွိခ်က္ အသစ္သည္ ယခင္ေတြ႕ ရွိခ်က္ျဖစ္ေသာ ေျမပဲေတာင့္ပံု ခႏၶာကိုယ္ ရွိျခင္းသည္ အက်ိဳး ေက်းဇူးရွိေၾကာင္း ေတြ႕ရွိ ခ်က္ကိုလည္း ေထာက္ခံရာ ေရာက္သည္ဟု ဆိုသည္။ ယခု ေတြ႕ရွိခ်က္အရ ဂ်နီဖာလိုပက္ဇ္သည္ ခႏၶာကိုယ္တြင္ အဆီမ်ားက ဝမ္းဗိုက္ ထက္စာလွ်င္ တင္ပါးႏွင့္ ေပါင္လံုးတို႔တြင္ စုေဝးေန ေသာေၾကာင့္ ပို၍ အသက္ရွည္ လိမ့္မည္ဟု ဆိုသည္။

ေအာက္စဖို႔ဒ္ တကၠသိုလ္မွ သုေတသန ပညာရွင္မ်ားသည္ အတူတကြ ပူးေပါင္းကာ ခႏၶာကိုယ္ ေအာက္ပိုင္းႏွင့္ ပတ္သက္၍ က်န္းမာေရးအတြက္ အက်ိဳးရွိႏိုင္မည့္ အခ်က္မ်ားကို သုေတသန ျပဳခဲ့ရာ ခႏၶာကိုယ္ အလယ္ပိုင္း ထက္ ေအာက္ပိုင္းတြင္ အဆီမ်ား စုေဝးျခင္းက က်န္းမာ ေရးအတြက္ ပို၍ ေကာင္းေၾကာင္း ေတြ႕ရွိ ခဲ့ရသည္။

သုေတသန ပညာရွင္ ကန္စတန္ တီႏိုမန္လိုပိုးေလာက္စ္က “ကၽြန္မတို႔ရဲ႕ တင္ပါးနဲ႔ ေပါင္တစ္ဝိုက္မွာ ရွိတဲ့အဆီေတြဟာ ဝမ္းဗိုက္တစ္ဝုိက္မွာ ရွိတဲ့အဆီေတြနဲ႔ မတူပါဘူး။ က်န္းမာေရး အတြက္ ေကာင္းတဲ့ ကိုလက္စထေရာနဲ႔ မေကာင္းတဲ့ ကိုလက္စထေရာ ရွိသလိုပဲ ေကာင္းတဲ့အဆီနဲ႔ မေကာင္းတဲ့အဆီဆိုတာ ရွိပါတယ္။

ခႏၶာကိုယ္ေအာက္ပိုင္းမွာ ရွိတဲ့ အဆီဆဲလ္ေတြဟာ ခႏၶာကိုယ္ အထက္ပိုင္းမွာ ရွိတဲ့ အဆီဆဲလ္ေတြနဲ႔ မတူပါဘူး” ဟုဆို၏ ယခုေတြ႕ရွိခ်က္အရ လူတစ္ဦး၏ ခါးႏွင့္ တင္ပါးအခ်ိဳးသည္ ကိုယ္အေလးခ်ိန္ႏွင့္ အရပ္အျမင့္အခ်ိဳးျဖစ္ေသာ BMI ထက္ ႏွလံုးေရာဂါ ျဖစ္ႏိုင္ေျခကို ခန္႔မွန္းရန္ အသံုးဝင္သည္ဟု ဆိုသည္။ ဘီယြန္ေဆးႏိုးသည္ ဝေသာ္လည္း တင္ပါးႏွင့္ ေပါင္လံုးႀကီးၿပီး က်န္းမာသူတစ္ဦး ျဖစ္သည္ဟု ဆိုသည္။


Credit: (ျမ၀တီ)

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

တင်ပါးကြီး ခြင်းသည် ကျန်းမာ ရေး အတွက် ကောင်းကြောင်း လေ့လာ ချက် အသစ်အရ သိရသည်။ တင်ပါးနှင့် ပေါင်လုံး ကြီးခြင်းသည် ဗိုက်ပူခြင်း ထက်စာလျှင် ကျန်းမာရေးကို ဆိုးရွား စေသော ကိုယ်လက်စထရော

အမျိုး အစားကို လျော့နည်းစေပြီး သွေးလွှတ်ကြော နံရံများ မာကြောမှုကို ကာကွယ် ပေးသည့် ကျန်းမာ ရေးအတွက် ကောင်းသော ကိုယ်လက် စထရော အမျိုးအစားကို မြင့်တက် စေကြောင်း လေ့လာချက် အသစ် များအရ သိရ သည်။ တင်ပါးလုံး ကြီးခြင်းသည် ဆီးချို ရောဂါ ဖြစ်နိုင် ခြေကိုလည်း လျော့ချ ပေးနိုင်သည်။

ယခု တွေ့ရှိချက် အသစ်သည် ယခင်တွေ့ ရှိချက်ဖြစ်သော မြေပဲတောင့်ပုံ ခန္ဓာကိုယ် ရှိခြင်းသည် အကျိုး ကျေးဇူးရှိကြောင်း တွေ့ရှိ ချက်ကိုလည်း ထောက်ခံရာ ရောက်သည်ဟု ဆိုသည်။ ယခု တွေ့ရှိချက်အရ ဂျနီဖာလိုပက်ဇ်သည် ခန္ဓာကိုယ်တွင် အဆီများက ဝမ်းဗိုက် ထက်စာလျှင် တင်ပါးနှင့် ပေါင်လုံးတို့တွင် စုဝေးနေ သောကြောင့် ပို၍ အသက်ရှည် လိမ့်မည်ဟု ဆိုသည်။

အောက်စဖို့ဒ် တက္ကသိုလ်မှ သုတေသန ပညာရှင်များသည် အတူတကွ ပူးပေါင်းကာ ခန္ဓာကိုယ် အောက်ပိုင်းနှင့် ပတ်သက်၍ ကျန်းမာရေးအတွက် အကျိုးရှိနိုင်မည့် အချက်များကို သုတေသန ပြုခဲ့ရာ ခန္ဓာကိုယ် အလယ်ပိုင်း ထက် အောက်ပိုင်းတွင် အဆီများ စုဝေးခြင်းက ကျန်းမာ ရေးအတွက် ပို၍ ကောင်းကြောင်း တွေ့ရှိ ခဲ့ရသည်။

သုတေသန ပညာရှင် ကန်စတန် တီနိုမန်လိုပိုးလောက်စ်က “ကျွန်မတို့ရဲ့ တင်ပါးနဲ့ ပေါင်တစ်ဝိုက်မှာ ရှိတဲ့အဆီတွေဟာ ဝမ်းဗိုက်တစ်ဝိုက်မှာ ရှိတဲ့အဆီတွေနဲ့ မတူပါဘူး။ ကျန်းမာရေး အတွက် ကောင်းတဲ့ ကိုလက်စထရောနဲ့ မကောင်းတဲ့ ကိုလက်စထရော ရှိသလိုပဲ ကောင်းတဲ့အဆီနဲ့ မကောင်းတဲ့အဆီဆိုတာ ရှိပါတယ်။

ခန္ဓာကိုယ်အောက်ပိုင်းမှာ ရှိတဲ့ အဆီဆဲလ်တွေဟာ ခန္ဓာကိုယ် အထက်ပိုင်းမှာ ရှိတဲ့ အဆီဆဲလ်တွေနဲ့ မတူပါဘူး” ဟုဆို၏ ယခုတွေ့ရှိချက်အရ လူတစ်ဦး၏ ခါးနှင့် တင်ပါးအချိုးသည် ကိုယ်အလေးချိန်နှင့် အရပ်အမြင့်အချိုးဖြစ်သော BMI ထက် နှလုံးရောဂါ ဖြစ်နိုင်ခြေကို ခန့်မှန်းရန် အသုံးဝင်သည်ဟု ဆိုသည်။ ဘီယွန်ဆေးနိုးသည် ဝသော်လည်း တင်ပါးနှင့် ပေါင်လုံးကြီးပြီး ကျန်းမာသူတစ်ဦး ဖြစ်သည်ဟု ဆိုသည်။


Credit: (မြဝတီ)


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top