iMyanmarHouse.com - Best Property Website for Myanmar
×

ကုိ္ယ့္ အိမ္ေထာင္ဖက္ျဖစ္သူက ကုိယ္နဲ႔ ရုပ္ခ်င္းဆင္တယ္လုိ႔ ခံစားရဖူးပါသလား။ စိတ္ဝင္စားစရာ စိတၱေဗဒပညာအရ လူေတြက ကုိယ္နဲ႕ ရုပ္ရည္ခ်င္းတူတဲ့သူကုိ ပုိျပီး ယုံၾကည္မႈရွိတဲ့အတြက္ လက္တြဲေဖာ္အျဖစ္ ကိုယ္နဲ႕ ရုပ္ရည္သြင္ျပင္ခ်င္းတူတဲ့သူကုိ မသိစိတ္က သေဘာက်ျပီး ေရြးခ်ယ္တတ္တာကုိ ေတြ႔ရွိရပါတယ္။

သုေတသီေတြက မ်က္ႏွာသြင္ျပင္တူညီမႈက ယုံၾကည္မႈ ၊ပူးေပါင္းေဆာင္ရြက္မႈေတြကို ဆုံးျဖတ္တဲ့ေနရာမွာ အက်ဳိးသက္ေရာက္မႈရွိတာကုိ ေတြ႔ရွိရပါတယ္လို႔ ဆုိပါတယ္။ အေကာင္းဆုံး ဥပမာအေနနဲ႔ ေဟာလီးဝုဒ္ နာမည္ၾကီးစုံတြဲေတြျဖစ္တဲ့ ေကတီပယ္ရီရဲ႕ ရည္းစားေဟာင္း ဂၽြန္ေမယာနဲ႔ လက္ရွိတြဲေနတဲ့ ေအာ္လန္ဒုိ ဘလြန္းတုိ႔က ရုပ္ခ်င္းဆင္တာကုိ ေတြ႔ႏုိင္ပါတယ္။

 ေနာက္တစ္ခ်က္က အိမ္ေထာင္ဖက္ေတြျဖစ္လာတဲ့အခါမွာ ရုပ္ပုိင္းဆုိင္ရာ တူညီမႈေတြပုိမ်ားလာတယ္လုိ႔ စစ္တမ္းတစ္ခုက ေဖာ္ျပထားပါတယ္။ ပုိေပ်ာ္ရႊင္တဲ့ အိမ္ေထာင္ဖက္ေတြက ပုိျပီး ရုပ္ခ်င္း ဆင္လာပါတယ္။ အေၾကာင္းကေတာ့ ကိုယ္နဲ႔ DNA တူတဲ့သူနဲ႔ ရင္းႏွီးခ်စ္ကၽြမ္းဝင္မိတဲ့အတြက္ ျဖစ္ႏုိင္ပါတယ္လုိ႔ ဆုိပါတယ္။

ဒါေပမဲ့ သာယာေပ်ာ္ရႊင္တဲ့ အိမ္ေထာင္တစ္ခုျဖစ္ဖုိ႔အတြက္ ရုပ္ခ်င္းဆင္တဲ့သူကုိ ရွာေဖြ ရမယ္လုိ႔ မဆုိလုိပါဘူူး။ ကုိယ့္ခ်စ္သူနဲ႔ ရုပ္ခ်င္းမဆင္ရင္လည္း ဘာမွ မျဖစ္ပါဘူး။ ရုပ္ခ်င္းဆင္တဲ့အတြက္ ယုံၾကည္မႈ ပုိမ်ားေစႏုိင္တယ္လို႕ပဲ ေျပာထားတာျဖစ္ပါတယ္။

ေပ်ာ္ရႊင္တဲ့ အိမ္ေထာင္အတြက္ တစ္ေယာက္ရဲ႕ ရည္မွန္းခ်က္ေတြ၊ ပန္းတုိင္ေတြကို တစ္ေယာက္ကသိျပီး ပံ့ပိုးေပးႏုိင္ရမယ္။ ေသာကေတြကို မွ်ေဝေပးႏုိင္ရမယ္။ အတားအဆီးေတြကုိ အတူတူေက်ာ္ျဖတ္ႏုိင္ရမယ္ဆုိတဲ့ အျခားလုိအပ္ခ်က္ေတြအမ်ားၾကီး ထပ္ေပါင္းပါဝင္မွသာ ေပ်ာ္ရႊင္ခ်မ္းေျမ့တဲ့ အိမ္ေထာင္ရွင္ ဘဝကို ပုိင္ဆုိင္ႏုိင္မွာ ျဖစ္ပါတယ္။

Credit:Trend Myanmar
 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကိုယ့် အိမ်ထောင်ဖက်ဖြစ်သူက ကိုယ်နဲ့ ရုပ်ချင်းဆင်တယ်လို့ ခံစားရဖူးပါသလား။ စိတ်ဝင်စားစရာ စိတ္တဗေဒပညာအရ လူတွေက ကိုယ်နဲ့ ရုပ်ရည်ချင်းတူတဲ့သူကို ပိုပြီး ယုံကြည်မှုရှိတဲ့အတွက် လက်တွဲဖော်အဖြစ် ကိုယ်နဲ့ ရုပ်ရည်သွင်ပြင်ချင်းတူတဲ့သူကို မသိစိတ်က သဘောကျပြီး ရွေးချယ်တတ်တာကို တွေ့ရှိရပါတယ်။

သုတေသီတွေက မျက်နှာသွင်ပြင်တူညီမှုက ယုံကြည်မှု ၊ပူးပေါင်းဆောင်ရွက်မှုတွေကို ဆုံးဖြတ်တဲ့နေရာမှာ အကျိုးသက်ရောက်မှုရှိတာကို တွေ့ရှိရပါတယ်လို့ ဆိုပါတယ်။ အကောင်းဆုံး ဥပမာအနေနဲ့ ဟောလီးဝုဒ် နာမည်ကြီးစုံတွဲတွေဖြစ်တဲ့ ကေတီပယ်ရီရဲ့ ရည်းစားဟောင်း ဂျွန်မေယာနဲ့ လက်ရှိတွဲနေတဲ့ အော်လန်ဒို ဘလွန်းတို့က ရုပ်ချင်းဆင်တာကို တွေ့နိုင်ပါတယ်။

 နောက်တစ်ချက်က အိမ်ထောင်ဖက်တွေဖြစ်လာတဲ့အခါမှာ ရုပ်ပိုင်းဆိုင်ရာ တူညီမှုတွေပိုများလာတယ်လို့ စစ်တမ်းတစ်ခုက ဖော်ပြထားပါတယ်။ ပိုပျော်ရွှင်တဲ့ အိမ်ထောင်ဖက်တွေက ပိုပြီး ရုပ်ချင်း ဆင်လာပါတယ်။ အကြောင်းကတော့ ကိုယ်နဲ့ DNA တူတဲ့သူနဲ့ ရင်းနှီးချစ်ကျွမ်းဝင်မိတဲ့အတွက် ဖြစ်နိုင်ပါတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ သာယာပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခုဖြစ်ဖို့အတွက် ရုပ်ချင်းဆင်တဲ့သူကို ရှာဖွေ ရမယ်လို့ မဆိုလိုပါဘူူး။ ကိုယ့်ချစ်သူနဲ့ ရုပ်ချင်းမဆင်ရင်လည်း ဘာမှ မဖြစ်ပါဘူး။ ရုပ်ချင်းဆင်တဲ့အတွက် ယုံကြည်မှု ပိုများစေနိုင်တယ်လို့ပဲ ပြောထားတာဖြစ်ပါတယ်။

ပျော်ရွှင်တဲ့ အိမ်ထောင်အတွက် တစ်ယောက်ရဲ့ ရည်မှန်းချက်တွေ၊ ပန်းတိုင်တွေကို တစ်ယောက်ကသိပြီး ပံ့ပိုးပေးနိုင်ရမယ်။ သောကတွေကို မျှဝေပေးနိုင်ရမယ်။ အတားအဆီးတွေကို အတူတူကျော်ဖြတ်နိုင်ရမယ်ဆိုတဲ့ အခြားလိုအပ်ချက်တွေအများကြီး ထပ်ပေါင်းပါဝင်မှသာ ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ရှင် ဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

Credit:Trend Myanmar

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top