iMyanmarHouse.com - Best Property Website for Myanmar
×

ေဒါက္တာ ခင္ေမာင္လြင္၏ ေဟာေျပာခ်က္တြင္ တညင္းသီးကို ဓာတ္ခြဲ သုေတသန ျပဳၾကည့္ေသာအခါ လူကို အက်ိဳးျပဳသည့္ မည္သည့္ အဟာရမွ်မပါဝင္ဟု ဆိုသည္။ ၎တြင္ ပါဝင္ေသာ ဖန္ေခ်ာင္းကဲ့သို႔ေသာ ကလာပ္စည္း မ်ားသည္ ေက်ာက္ကပ္တြင္ သြားပိတ္ႏိုင္သျဖင့္ အႏၱရာယ္ရွိသည္။ ေက်ာက္ကပ္ ပ်က္စီးေစႏိုင္သည္။ စားသင့္သည့္ အသီးမဟုတ္။ အတိုင္းအတာ မရွိ။ လံုးဝ မစားသင့္ေသာ အသီးမ်ိဳးျဖစ္သည္ဟု တင္ျပထားသည္။ သုိ႔ေသာ္ တညင္းသီးကို ျမန္မာတို႔ စားသံုးခဲ့သည္မွာ ႏွစ္ေပါင္း ၂၀ဝ ေက်ာ္ခဲ့ၿပီဟု သိရွိရသည္။

တညင္းသီးကို ႀကိဳက္သူမ်ား အတြက္ တင္ျပလိုသည္မွာ ျမန္မာ့႐ိုးရာ ေဆးပညာ႐ႈ႕ေထာင့္မ်ားအရ ေစးထန္ ပ်စ္ခြ်ဲေသာ အာေပါအာဗႏၶရ အစာျဖစ္သည္။ အာကာသကို ပ်က္ေစသျဖင့္ အေပါက္အေခါင္းမ်ားကို ပိတ္ေစႏိုင္ေသာ အစာျဖစ္သည္။ ထိုအစာကိုစားလွ်င္ အာကာသပြင့္ေစတတ္ေသာ အစာႏွင့္တြဲဖက္စားသင့္သည္။

တညင္းသီးျပဳတ္ကို တို႔စရာမ်ားအျဖစ္ စားလွ်င္အေျဖဓာတ္အျဖစ္ ေရွာက္ရြက္အနည္းငယ္ကို တို႔စားေပးပါ။ ပိတ္ေသာ အာကာသဓာတ္ကို ျပန္ပြင့္ေအာင္ ကူညီေပးႏိုင္သည္။ တညင္းသီး ျပဳတ္လွ်င္ သၾကား အနည္းငယ္ႏွင့္ ေရွာက္ရြက္ ထည့္ၿပီးျပဳတ္ပါ။ ႏူးလြယ္ၿပီး အဖန္ဓာတ္၊ အေစးဓာတ္ေလ်ာ့နည္း ေစသည္။ တညင္းသီးကိုရင့္သည့္ အသီးေရွာင္ၿပီးႏုေသာ အသီးမ်ားကို ထက္ျခမ္းခြဲၿပီး ဖန္ပုလင္းတြင္ ထည့္ၿပီး ဆားရည္စိမ္ထားပါ။ အာကာသ ပိတ္ျခင္း၊ ေက်ာက္ကပ္တြင္ အေစးဓာတ္ပိတ္ဆို႔ျခင္းမွ ကာကြယ္ႏိုင္ပါသည္။

ထမင္းစားေသာအခါ ႀကိဳက္တတ္၍ တညင္းသီးမ်ားမ်ား စားမိလွ်င္ျဖစ္ေစ၊ တညင္းသီး အုန္းႏို႔ဆမ္းစားမိလွ်င္ ျဖစ္ေစ၊စားၿပီးၿပီးခ်င္း သံပုရာေဖ်ာ္ရည္ တစ္ခြက္ေသာက္ေပးပါ။ အဆိပ္မတက္ေစႏိုင္ေသာ အေျဖဓာတ္ျဖစ္ေၾကာင္း တင္ျပလိုက္ ရေပသည္။

Credit:BE Aung Soe

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ဒေါက်တာ ခင်မောင်လွင်၏ ဟောပြောချက်တွင် တညင်းသီးကို ဓာတ်ခွဲ သုတေသန ပြုကြည့်သောအခါ လူကို အကျိုးပြုသည့် မည်သည့် အဟာရမျှမပါဝင်ဟု ဆိုသည်။ ၎င်းတွင် ပါဝင်သော ဖန်ချောင်းကဲ့သို့သော ကလာပ်စည်း များသည် ကျောက်ကပ်တွင် သွားပိတ်နိုင်သဖြင့် အန္တရာယ်ရှိသည်။ ကျောက်ကပ် ပျက်စီးစေနိုင်သည်။ စားသင့်သည့် အသီးမဟုတ်။ အတိုင်းအတာ မရှိ။ လုံးဝ မစားသင့်သော အသီးမျိုးဖြစ်သည်ဟု တင်ပြထားသည်။ သို့သော် တညင်းသီးကို မြန်မာတို့ စားသုံးခဲ့သည်မှာ နှစ်ပေါင်း ၂၀ဝ ကျော်ခဲ့ပြီဟု သိရှိရသည်။

တညင်းသီးကို ကြိုက်သူများ အတွက် တင်ပြလိုသည်မှာ မြန်မာ့ရိုးရာ ဆေးပညာရှု့ထောင့်များအရ စေးထန် ပျစ်ချွဲသော အာပေါအာဗန္ဓရ အစာဖြစ်သည်။ အာကာသကို ပျက်စေသဖြင့် အပေါက်အခေါင်းများကို ပိတ်စေနိုင်သော အစာဖြစ်သည်။ ထိုအစာကိုစားလျှင် အာကာသပွင့်စေတတ်သော အစာနှင့်တွဲဖက်စားသင့်သည်။

တညင်းသီးပြုတ်ကို တို့စရာများအဖြစ် စားလျှင်အဖြေဓာတ်အဖြစ် ရှောက်ရွက်အနည်းငယ်ကို တို့စားပေးပါ။ ပိတ်သော အာကာသဓာတ်ကို ပြန်ပွင့်အောင် ကူညီပေးနိုင်သည်။ တညင်းသီး ပြုတ်လျှင် သကြား အနည်းငယ်နှင့် ရှောက်ရွက် ထည့်ပြီးပြုတ်ပါ။ နူးလွယ်ပြီး အဖန်ဓာတ်၊ အစေးဓာတ်လျော့နည်း စေသည်။ တညင်းသီးကိုရင့်သည့် အသီးရှောင်ပြီးနုသော အသီးများကို ထက်ခြမ်းခွဲပြီး ဖန်ပုလင်းတွင် ထည့်ပြီး ဆားရည်စိမ်ထားပါ။ အာကာသ ပိတ်ခြင်း၊ ကျောက်ကပ်တွင် အစေးဓာတ်ပိတ်ဆို့ခြင်းမှ ကာကွယ်နိုင်ပါသည်။


ထမင်းစားသောအခါ ကြိုက်တတ်၍ တညင်းသီးများများ စားမိလျှင်ဖြစ်စေ၊ တညင်းသီး အုန်းနို့ဆမ်းစားမိလျှင် ဖြစ်စေ၊စားပြီးပြီးချင်း သံပုရာဖျော်ရည် တစ်ခွက်သောက်ပေးပါ။ အဆိပ်မတက်စေနိုင်သော အဖြေဓာတ်ဖြစ်ကြောင်း တင်ပြလိုက် ရပေသည်။


Credit:BE Aung Soe

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top