iMyanmarHouse.com - Best Property Website for Myanmar
×

ကမာၻႀကီးနဲ႔ အနာဂတ္ကို အေကာင္းျမင္စိတ္ေလး အျမဲထားခ်င္တယ္ဆုိရင္ သင့္ရဲ႕သေဘာထားေလးေတြကို ေျပာင္းလဲဖုိ႔ ႐ိုးစင္းလြယ္ကူတဲ့ ဒီအေလ့အထေလးေတြကို ေန႔စဥ္ လုပ္ေပးသင့္ပါတယ္။

၁။ အိပ္ရာ အခ်ိန္မွန္ ဝင္ၿပီး မနက္ကို သတ္မွတ္ထားတဲ့အခ်ိန္အတုိင္း ထပါ။

၂။ အဟာရျပည့္ဝတဲ့ မနက္စာကို စားပါ။

၃။ တစ္ေန႔တာအတြက္ ကိုယ့္ကိုကိုယ္ စိတ္ေက်နပ္ေအာင္အထိ အခ်ိန္္ယူ ျပင္ဆင္ပါ။

၄။ အလုပ္သြားတဲ့လမ္းမွာ အေကာင္းျမင္ စကား ဒါမွမဟုတ္ သီခ်င္း နားေထာင္ပါ။

၅။ ကိုယ္နဲ႔ ေတြ႕ဆံုရတဲ့လူေတြအားလံုးရဲ႕ ေကာင္းကြက္ေလးေတြကို စဥ္းစားပါ။

၆။ ေန႔စဥ္ တစ္ေယာက္ေယာက္ကို တစ္ခုခု ကူညီပါ။ (တူေလးကို ခဏေလာက္ ကူထိန္းေပးတာမ်ဳိး၊ လုပ္ေဖာ္ကိုင္ဖက္ေတြအတြက္ မုန္႔ေလးဝယ္သြားတာမ်ဳိး)

၇။ Gym မသြားႏုိင္ေတာင္ အိမ္မွာျဖစ္ျဖစ္ ေလ့က်င့္ခန္း နည္းနည္းလုပ္ပါ။

၈။ ညစာကို မိသားစု ဒါမွမဟုတ္ သူငယ္ခ်င္းနဲ႔ အတူတူစားပါ။

၉။ ကိုယ့္ရဲ႕စိတ္ႏွလံုးကို ၾကည္ေမြ႕ေစဖို႔ တရားထုိင္တာ၊ ဘုရားရွိခုိးတာ ဒါမွမဟုတ္ စာအုပ္ဖတ္တာ လုပ္ပါ။

၁၀။ မအိပ္ခင္မွာ ကိုယ္သေဘာက် ေက်နပ္ခဲ့ရတဲ့ အရာတစ္ခုခုကို ခ်ေရးပါ။


Credit: duwun

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကမ္ဘာကြီးနဲ့ အနာဂတ်ကို အကောင်းမြင်စိတ်လေး အမြဲထားချင်တယ်ဆိုရင် သင့်ရဲ့သဘောထားလေးတွေကို ပြောင်းလဲဖို့ ရိုးစင်းလွယ်ကူတဲ့ ဒီအလေ့အထလေးတွေကို နေ့စဉ် လုပ်ပေးသင့်ပါတယ်။

၁။ အိပ်ရာ အချိန်မှန် ဝင်ပြီး မနက်ကို သတ်မှတ်ထားတဲ့အချိန်အတိုင်း ထပါ။

၂။ အဟာရပြည့်ဝတဲ့ မနက်စာကို စားပါ။

၃။ တစ်နေ့တာအတွက် ကိုယ့်ကိုကိုယ် စိတ်ကျေနပ်အောင်အထိ အချိန်ယူ ပြင်ဆင်ပါ။

၄။ အလုပ်သွားတဲ့လမ်းမှာ အကောင်းမြင် စကား ဒါမှမဟုတ် သီချင်း နားထောင်ပါ။

၅။ ကိုယ်နဲ့ တွေ့ဆုံရတဲ့လူတွေအားလုံးရဲ့ ကောင်းကွက်လေးတွေကို စဉ်းစားပါ။

၆။ နေ့စဉ် တစ်ယောက်ယောက်ကို တစ်ခုခု ကူညီပါ။ (တူလေးကို ခဏလောက် ကူထိန်းပေးတာမျိုး၊ လုပ်ဖော်ကိုင်ဖက်တွေအတွက် မုန့်လေးဝယ်သွားတာမျိုး)

၇။ Gym မသွားနိုင်တောင် အိမ်မှာဖြစ်ဖြစ် လေ့ကျင့်ခန်း နည်းနည်းလုပ်ပါ။

၈။ ညစာကို မိသားစု ဒါမှမဟုတ် သူငယ်ချင်းနဲ့ အတူတူစားပါ။

၉။ ကိုယ့်ရဲ့စိတ်နှလုံးကို ကြည်မွေ့စေဖို့ တရားထိုင်တာ၊ ဘုရားရှိခိုးတာ ဒါမှမဟုတ် စာအုပ်ဖတ်တာ လုပ်ပါ။

၁၀။ မအိပ်ခင်မှာ ကိုယ်သဘောကျ ကျေနပ်ခဲ့ရတဲ့ အရာတစ်ခုခုကို ချရေးပါ။


Credit: duwun


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top