iMyanmarHouse.com - Best Property Website for Myanmar
×

ရင္သားကင္ဆာသည္ ကမၻာတစ္၀န္း အမ်ိဳးသမီးမ်ားၾကား ေသဆံုးမႈအမ်ားဆံုးျဖစ္ေစေသာ ေရာဂါတစ္မ်ိဳးျဖစ္သည္။ ယင္း ေရာဂါႏွင့္ပတ္သက္၍ သတိမထားမိျခင္းႏွင့္ စစ္ေဆးေတြ႕ရွိခ်ိန္ ေနာက္က်ျခင္းတို႔ေၾကာင့္ အသက္ရွင္ႏိုင္မႈႏႈန္း နည္းပါးေနသည္။

ထို႔ေၾကာင့္ ရင္သားကင္ဆာျဖစ္ပြားေနျခင္း ရွိ၊ မရွိ မိမိဘာ သာေနအိမ္၌ပင္ စစ္ေဆးႏိုင္မည့္ နည္းလမ္းမ်ားကို ေဖာ္ျပေပးလိုက္ ပါသည္။

ပခံုးမ်ားကို ေျဖာင့္ေျဖာင့္ထားကာ လက္ႏွစ္ဖက္ကို ခါးေထာက္ ထားသကဲ့သို႔ တင္ပါးႏွစ္ဖက္ေပၚတြင္ထားၿပီး မိမိ၏ ရင္သားကို မွန္ ထဲတြင္ ၾကည့္လိုက္ပါ။ ေဖာင္းမို႔ေနေသာေနရာ၊ တြန္႔႐ံႈ႕ေနေသာေန ရာ (သို႔မဟုတ္) အေရျပားထူထဲေနျခင္းတို႔အျပင္ ႏို႔သီးေခါင္းအေန အထား ေျပာင္းလဲျခင္း၊ အျပင္ဘက္သို႔ စူထြက္ေနရမည့္အစား အ တြင္းဘက္သို႔ ငုပ္၀င္ေနျခင္း၊ နီရဲေနျခင္း၊ အင္ပ်ဥ္ထျခင္း (သို႔မ ဟုတ္) ေရာင္ရမ္းေနျခင္းတို႔ ေတြ႕ရသလား စစ္ေဆးၾကည့္ပါ။

ယခုတစ္ႀကိမ္တြင္ လက္ႏွစ္ဖက္ကို ေျမႇာက္ၿပီး ဦးေခါင္းေနာက္ ထားလိုက္ပါ။ လက္ကိုေရွ႕ဘက္သို႔ ဖိၿပီး အထက္ပါအေျခအေနမ်ား ရွိ၊ မရွိ စစ္ေဆးပါ။ ႏို႔သီးေခါင္းတစ္ခု (သို႔မဟုတ္) ႏွစ္ခုစလံုးမွ ေရကဲ့သို႔၊ ႏို႔ရည္ကဲ့ သို႔ (သို႔မဟုတ္) အ၀ါအေရာင္ (သို႔မဟုတ္) ေသြးေရာင္အရည္မ်ား ထြက္သလား စစ္ေဆးပါ။

ေနာက္တစ္နည္းမွာ ပက္လက္လဲွခ်သည့္ အေနအထားတြင္ ညာဘက္လက္ကို ဦးေခါင္းေနာက္ ထားပါ။ ေျခေထာက္ႏွစ္ဖက္ စလံုးကို ေကြးထားၿပီး ညာဘက္ေျခေထာက္ကို အနည္းငယ္ပို၍ ေကြး ထားကာ ဘယ္ဘက္လက္ျဖင့္ ညာဘက္ရင္သားကို စမ္းသပ္ၾကည့္ ပါ။ ရင္သား၏ ေလးပံုတစ္ပံု အရြယ္အစားခန္႔တြင္ စက္၀ိုင္းပံု သဏၭာန္လက္ျဖင့္ ဖိပြတ္ၾကည့္ပါ။ ရင္သားအေပၚပိုင္းကို လက္ျဖင့္ ဖံုးထားၿပီး ရင္သားေအာက္ပိုင္း ခ်ိဳင္းနားမွေန၍ ၀မ္းဗိုက္အေပၚပိုင္း အထိ စမ္းၾကည့္ပါ။။

မတ္တတ္ရပ္ေနစဥ္ (သို႔မဟုတ္) ထိုင္ေနစဥ္ ရင္သားမ်ားကို ခံစားၾကည့္ပါ။ အမ်ိဳးသမီးအမ်ားအျပားသည္ ၎တုိ႔၏ အသားအ ေရ စိုစြတ္ေခ်ာမြတ္ေနပါက ရင္သားမ်ားကို ယင္းနည္းလမ္းျဖင့္ အ လြယ္ကူဆံုးခံစားသိရွိႏိုင္သည္။ ယင္းစမ္းသပ္မႈကို ေရခ်ိဳးေနစဥ္ ျပဳလုပ္သင့္သည္။ ရင္သားတစ္ခုလံုးကို လက္ျဖင့္ဖံုးအုပ္ၿပီး အေပၚပါနည္းအတုိင္း စက္၀ိုင္းပံု စမ္းသပ္ၾကည့္ပါ။

ယခုနည္းလမ္းမ်ားသည္ ဆရာ၀န္အခ်ိဳ႕က အႀကံေပးေဖာ္ျပ ေသာ နည္းလမ္းမ်ားျဖစ္ေသာ္လည္း ဆရာ၀န္ထံသြားေရာက္စစ္ ေဆးမႈ ခံယူျခင္းမွာ ကိုယ္တိုင္စစ္ေဆးျခင္းထက္ ပိုမိုေသခ်ာေသာ ရလဒ္ကို ေဖာ္ျပႏိုင္မည္ျဖစ္သည္။ 

Credit : 7Day Daily

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ရင်သားကင်ဆာသည် ကမ္ဘာတစ်ဝန်း အမျိုးသမီးများကြား သေဆုံးမှုအများဆုံးဖြစ်စေသော ရောဂါတစ်မျိုးဖြစ်သည်။ ယင်း ရောဂါနှင့်ပတ်သက်၍ သတိမထားမိခြင်းနှင့် စစ်ဆေးတွေ့ရှိချိန် နောက်ကျခြင်းတို့ကြောင့် အသက်ရှင်နိုင်မှုနှုန်း နည်းပါးနေသည်။

ထို့ကြောင့် ရင်သားကင်ဆာဖြစ်ပွားနေခြင်း ရှိ၊ မရှိ မိမိဘာ သာနေအိမ်၌ပင် စစ်ဆေးနိုင်မည့် နည်းလမ်းများကို ဖော်ပြပေးလိုက် ပါသည်။

ပခုံးများကို ဖြောင့်ဖြောင့်ထားကာ လက်နှစ်ဖက်ကို ခါးထောက် ထားသကဲ့သို့ တင်ပါးနှစ်ဖက်ပေါ်တွင်ထားပြီး မိမိ၏ ရင်သားကို မှန် ထဲတွင် ကြည့်လိုက်ပါ။ ဖောင်းမို့နေသောနေရာ၊ တွန့်ရှုံ့နေသောနေ ရာ (သို့မဟုတ်) အရေပြားထူထဲနေခြင်းတို့အပြင် နို့သီးခေါင်းအနေ အထား ပြောင်းလဲခြင်း၊ အပြင်ဘက်သို့ စူထွက်နေရမည့်အစား အ တွင်းဘက်သို့ ငုပ်ဝင်နေခြင်း၊ နီရဲနေခြင်း၊ အင်ပျဉ်ထခြင်း (သို့မ ဟုတ်) ရောင်ရမ်းနေခြင်းတို့ တွေ့ရသလား စစ်ဆေးကြည့်ပါ။

ယခုတစ်ကြိမ်တွင် လက်နှစ်ဖက်ကို မြှောက်ပြီး ဦးခေါင်းနောက် ထားလိုက်ပါ။ လက်ကိုရှေ့ဘက်သို့ ဖိပြီး အထက်ပါအခြေအနေများ ရှိ၊ မရှိ စစ်ဆေးပါ။ နို့သီးခေါင်းတစ်ခု (သို့မဟုတ်) နှစ်ခုစလုံးမှ ရေကဲ့သို့၊ နို့ရည်ကဲ့ သို့ (သို့မဟုတ်) အဝါအရောင် (သို့မဟုတ်) သွေးရောင်အရည်များ ထွက်သလား စစ်ဆေးပါ။

နောက်တစ်နည်းမှာ ပက်လက်လဲှချသည့် အနေအထားတွင် ညာဘက်လက်ကို ဦးခေါင်းနောက် ထားပါ။ ခြေထောက်နှစ်ဖက် စလုံးကို ကွေးထားပြီး ညာဘက်ခြေထောက်ကို အနည်းငယ်ပို၍ ကွေး ထားကာ ဘယ်ဘက်လက်ဖြင့် ညာဘက်ရင်သားကို စမ်းသပ်ကြည့် ပါ။ ရင်သား၏ လေးပုံတစ်ပုံ အရွယ်အစားခန့်တွင် စက်ဝိုင်းပုံ သဏ္ဌာန်လက်ဖြင့် ဖိပွတ်ကြည့်ပါ။ ရင်သားအပေါ်ပိုင်းကို လက်ဖြင့် ဖုံးထားပြီး ရင်သားအောက်ပိုင်း ချိုင်းနားမှနေ၍ ဝမ်းဗိုက်အပေါ်ပိုင်း အထိ စမ်းကြည့်ပါ။။

မတ်တတ်ရပ်နေစဉ် (သို့မဟုတ်) ထိုင်နေစဉ် ရင်သားများကို ခံစားကြည့်ပါ။ အမျိုးသမီးအများအပြားသည် ၎င်းတို့၏ အသားအ ရေ စိုစွတ်ချောမွတ်နေပါက ရင်သားများကို ယင်းနည်းလမ်းဖြင့် အ လွယ်ကူဆုံးခံစားသိရှိနိုင်သည်။ ယင်းစမ်းသပ်မှုကို ရေချိုးနေစဉ် ပြုလုပ်သင့်သည်။ ရင်သားတစ်ခုလုံးကို လက်ဖြင့်ဖုံးအုပ်ပြီး အပေါ်ပါနည်းအတိုင်း စက်ဝိုင်းပုံ စမ်းသပ်ကြည့်ပါ။

ယခုနည်းလမ်းများသည် ဆရာဝန်အချို့က အကြံပေးဖော်ပြ သော နည်းလမ်းများဖြစ်သော်လည်း ဆရာဝန်ထံသွားရောက်စစ် ဆေးမှု ခံယူခြင်းမှာ ကိုယ်တိုင်စစ်ဆေးခြင်းထက် ပိုမိုသေချာသော ရလဒ်ကို ဖော်ပြနိုင်မည်ဖြစ်သည်။ 

Credit : 7Day Daily



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top