iMyanmarHouse.com - Best Property Website for Myanmar
×

အသက္ ၃၀ ေက်ာ္အရြယ္မွာ ေမြးတဲ့ကေလးေတြက ဥာဏ္ရည္ပုိေကာင္းျပီး က်န္းမာေရးေဒါင္ေဒါင္ျမည္ ပိုျဖစ္ၾကေၾကာင္း သိပၸံပညာရွင္ေတြရဲ႕ အဆုိအရ သိရပါတယ္။ Biodemography and Social Biology  ဂ်ာနယ္မွာ ပုံႏွိပ္ထုတ္ေဝေဖာ္ျပထားတဲ့ သုေတသနမွာ မိခင္အသက္အရြယ္က ကေလးဖြ႔ံျဖဳိးမႈအေပၚ အက်ဳိးသက္ေရာက္မႈ ရွိႏုိင္ေၾကာင္း ေဖာ္ျပထားပါတယ္။

မိခင္ ၃၀ အသက္အရြယ္မွာ ေမြးတဲ့ကေလးေတြမွာ အသိအျမင္ပိုင္းဆုိင္ရာ အရည္အခ်င္း အျမင့္ဆုံးမွာရိွေၾကာင္း သိပၸံပညာရွင္မ်ားက ရွာေဖြေတြ႔ရိွခဲ့ပါတယ္။ မိခင္ေတြ အသက္ ၄၀ ေက်ာ္အရြယ္မွာ ေမြးတဲ့ ကေလးေတြဟာ အဝလြန္ႏုိင္ေျခ ပုိမ်ားေၾကာင္း ယင္းေလ့လာမႈက မွတ္ခ်က္ျပဳထားပါတယ္။

အသက္ ၃၀ ေက်ာ္္ အရြယ္မွာ သားဦးေမြးတဲ့ မိခင္ေတြမွာ ပညာတတ္ျဖစ္တာ၊ ပုိမ်ားတဲ့ဝင္ေငြရရိွဖုိ႔ အလားအလာပုိမ်ားျပီး ခ်စ္သူစုံတြဲဆက္ဆံေရးမွုာ ပိုမိုတည္တံ့ၾကတယ္၊ လူေနမႈဘဝ ပိုမုိတင့္တယ္ၾကေၾကာင္း Dr Alice Goisis  က ရလဒ္အေျဖမ်ား ရွင္းျပရင္း The Times ကို ေျပာျပခဲ့ပါတယ္။

ဒီရလာဒ္အေျဖေတြကို ျဗိသိသွ်ကေလး ၁၈,၀၀၀ ရဲ႕ ဖြံ႔ျဖဳိးမႈကိုေလ့လာတဲ့ အစီအစဥ္ Millennium Cohort Study မွ ေဒတာအခ်က္အလက္ေတြကေန ေကာက္ႏႈတ္ထားျခင္းျဖစ္ပါတယ္။

Credit:Trend Myanmar

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အသက် ၃၀ ကျော်အရွယ်မှာ မွေးတဲ့ကလေးတွေက ဉာဏ်ရည်ပိုကောင်းပြီး ကျန်းမာရေးဒေါင်ဒေါင်မြည် ပိုဖြစ်ကြကြောင်း သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ သိရပါတယ်။ Biodemography and Social Biology  ဂျာနယ်မှာ ပုံနှိပ်ထုတ်ဝေဖော်ပြထားတဲ့ သုတေသနမှာ မိခင်အသက်အရွယ်က ကလေးဖွံ့ဖြိုးမှုအပေါ် အကျိုးသက်ရောက်မှု ရှိနိုင်ကြောင်း ဖော်ပြထားပါတယ်။

မိခင် ၃၀ အသက်အရွယ်မှာ မွေးတဲ့ကလေးတွေမှာ အသိအမြင်ပိုင်းဆိုင်ရာ အရည်အချင်း အမြင့်ဆုံးမှာရှိကြောင်း သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ မိခင်တွေ အသက် ၄၀ ကျော်အရွယ်မှာ မွေးတဲ့ ကလေးတွေဟာ အဝလွန်နိုင်ခြေ ပိုများကြောင်း ယင်းလေ့လာမှုက မှတ်ချက်ပြုထားပါတယ်။

အသက် ၃၀ ကျော် အရွယ်မှာ သားဦးမွေးတဲ့ မိခင်တွေမှာ ပညာတတ်ဖြစ်တာ၊ ပိုများတဲ့ဝင်ငွေရရှိဖို့ အလားအလာပိုများပြီး ချစ်သူစုံတွဲဆက်ဆံရေးမှုာ ပိုမိုတည်တံ့ကြတယ်၊ လူနေမှုဘဝ ပိုမိုတင့်တယ်ကြကြောင်း Dr Alice Goisis  က ရလဒ်အဖြေများ ရှင်းပြရင်း The Times ကို ပြောပြခဲ့ပါတယ်။

ဒီရလာဒ်အဖြေတွေကို ဗြိသိသျှကလေး ၁၈,၀၀၀ ရဲ့ ဖွံ့ဖြိုးမှုကိုလေ့လာတဲ့ အစီအစဉ် Millennium Cohort Study မှ ဒေတာအချက်အလက်တွေကနေ ကောက်နှုတ်ထားခြင်းဖြစ်ပါတယ်။


Credit:Trend Myanmar



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top