iMyanmarHouse.com - Best Property Website for Myanmar
×

သရုပ္ေဆာင္၊ အဆိုေတာ္ဘ၀နဲ႕အသားက်ေနသလို ဆယ္စုႏွစ္ တစ္ခုတုိင္ေအာင္ ပရိသတ္ရဲ႕ရင္ထဲအသည္းထဲမွာ အခ်ိန္ေပါင္းမ်ားစြာ ကိန္းေအာင္းေနရာယူထားသူကေတာ့ အသက္ၾကီးေပမဲ့ မပ်က္စီးေသးတဲ့ စိုင္းစိုင္းခမ္းလႈိင္ပဲျဖစ္ပါတယ္။ စိုင္းစိုင္းဟာဆိုရင္ လက္ရွိမွာ သူ႕ရဲ႕ပထမဆံုးစီးပြားေရးအေနနဲ႕ Sai Cosmetix မွထုတ္လုပ္ျဖန္႕ခ်ိမယ့္ Sai Sexy and Intelligent ႏႈတ္ခမ္းနီ ၃ မ်ိဳးကုိလဲ စက္တင္ဘာလ ၉ရက္ေန႕မွစတင္ကာ ေရာင္းခ်သြားမယ္လို႕ေျပာလာပါတယ္။ ဒါ့အျပင္ အဆိုပါ ႏႈတ္ခမ္းနီထုတ္ကုန္နဲ႕ပတ္သက္ၿပီး အမ်ိဳးသမီး ပရိသတ္မ်ား တစ္ခဲနက္ ေထာက္ခံအားေပးၾကေပမဲ့ အခ်ိဳ႕ေသာ အမ်ိဳးသားပရိသတ္မ်ားကေတာ့ စိုင္းစိုင္းကို ေ၀ဖန္မႈအခ်ိဳ႕နဲ႕ Troll တာမ်ိဳးေတြ ေဖ့စ္ဘြတ္လူမႈကြန္ယက္ေပၚမွာေတြ႕ေနရပါတယ္။ ဒါေၾကာင့္ အဆုိပါေ၀ဖန္မႈမ်ားအေပၚ စိုင္းစိုင္းအျမင္နဲ႕လက္ရွိအႏုပညာအေၾကာင္းကို တီးတိုးေမးျမန္းျဖစ္တဲ့အခါ

-အခုလက္ရွိ အႏုပညာလႈပ္ရွားမႈေလးကိုလဲသိခ်င္ပါတယ္။

အခုကၽြန္ေတာ္ အင္းေလးမွာ ခ်စ္သူသာ ပန္းတစ္ပြင့္ျဖစ္ခဲ့လွ်င္ဆိုတဲ့ ဇာတ္ကားသြားရုိက္ဖို႕ရွိတယ္။ အဲ့ဒီဇာတ္ကားၾကီးမွာလဲ ထူးျခားခ်က္ေတြအမ်ားၾကီးရွိပါတယ္။ အဲ့ဒီဇာတ္ကားၾကီးက ကၽြန္ေတာ္တို႕ျမန္မာအႏုပညာရွင္ေတြ တင္ရုိက္ကူးမဲ့ ပေရာဂ်က္တစ္ခုမဟုတ္ပဲ အင္တာေနရွင္နယ္က အႏုပညာရွင္၊ အတတ္ပညာရွင္ေတြပါ ပါ၀င္ရုိက္ကူးမဲ့ ပေရာဂ်က္ျဖစ္ပါတယ္။ အသံပိုင္းဆိုင္ရာ အတြက္လဲ ျပင္သစ္ကပညာရွင္ေတြေရာက္ေနပါတယ္။ အထူးသျဖင့္ အဲ့ဒီဇာတ္ကားရဲ႕ Director of Photography က ဖိလစ္ပိုင္ႏုိင္ငံကလို႕ကၽြန္ေတာ္သိရတယ္။ တစ္ကားလံုးစာအတြက္လဲ ဒီဇိုင္နာသြင္စုေထြးက ၀တ္စားဆင္ယင္မႈေတြကို တာ၀န္ယူထားေပးတယ္။ အဲ့ဒီကားမွာ ကၽြန္ေတာ္ရယ္၊ ၀တ္မႈန္ေရႊရည္ရယ္ပါ၀င္သရုပ္ေဆာင္ပါမယ္။ ေနာက္ၿပီးသြားရိုက္မွာကလဲ အင္းေလးဆိုေတာ့ ကၽြန္ေတာ္တို႕ျမန္မာႏုိင္ငံရဲ႕အထင္ကရေနရာတစ္ခုလဲျဖစ္တယ္။ ေနာက္တစ္ခုထူးျခားခ်က္ကဘာလဲဆိုေတာ့ ကၽြန္ေတာ္က ေတာင္ၾကီးသားပါ။ ဒါေပမဲ့ ကၽြန္ေတာ္က လြဲလို႕အဲ့ဒီဇာတ္ကားမွာ ပါ၀င္မဲ့သရုပ္ေဆာင္ေတြအားလံုးက အင္းေလးသူ၊ အင္းေလးသားအေနနဲ႕ပါ၀င္သရုပ္ေဆာင္ၾကမွာျဖစ္ၿပီး ေတာင္ၾကီးသားျဖစ္တဲ့ ကၽြန္ေတာ္ကရန္ကုန္သားအေနနဲ႕သရုပ္ေဆာင္ရမွာပါ။ ၿပီးေတာ့ ကၽြန္ေတာ့္အတြက္ေနာက္တစ္ခုထူးျခားခ်က္က ၿပီးခဲ့တဲ့ႏွစ္စက္တင္ဘာမွာ From Bangkok to Mandalay ဆုိတဲ့ဇာတ္ကားကိုရုိက္ကူးခဲ့တယ္။ အဲ့ဒီကားၿပီးေနာက္ပိုင္းမွာ ရုပ္ရွင္လံုး၀မရုိက္ခဲ့ဘူး။ တစ္ႏွစ္လံုးလံုးေနၿပီးမွ အခုခ်စ္သူသာပန္းတစ္ပြင့္ျဖစ္ခဲ့ရင္ဆိုတဲ့ဇာတ္ကားက ပထမဆံုးျပန္ရုိက္မဲ့ကားပါ။ အဲ့ဒါေလးကလဲ အမွတ္တရပါပဲ။

-ကစ္နဲ႕ကလဲ မဆံုတာၾကာၿပီဆုိေတာ့ ခ်စ္သူသာပန္းတစ္ပြင့္ျဖစ္ခဲ့ရင္ ဇာတ္ကားထဲမွာ အတူတူျပန္လည္ရုိက္ကူးရမွာဆိုေတာ့ အဲ့ဒီစိတ္ခံစားခ်က္ေလးကိုလဲသိခ်င္ပါတယ္။

ကၽြန္ေတာ္အေနနဲ႕အေကာင္းဆံုးတြဲဖက္သရုပ္ေဆာင္ႏုိင္မယ္လို႕ယံုၾကည္ထားပါတယ္။ ကၽြန္ေတာ္နဲ႕မင္းသမီး၀တ္မႈန္ေရႊရည္ဟာ သူ႕ဘ၀ရဲ႕ပထမဆံုး ဗီဒီယိုဇာတ္ကားမွာ ကတည္းကပါ၀င္သရုပ္ေဆာင္ခဲ့ဖူးတာျဖစ္တယ္။ ၾကားထဲမွာလဲ ေၾကာ္ျငာ၊ဗီစီဒီ၊ ရုပ္ရွင္ဇာတ္ကားစသျဖင့္တြဲဖက္ရုိက္ကူးတဲ့အခ်ိန္မွာလဲ ကၽြန္ေတာ္တို႕ရုိက္သမွ်ကားတိုင္းဟာ ႏွစ္ေယာက္သားအေပးအယူမွ်ခဲ့တယ္။ လို႕ေျပာလို႕ရပါတယ္။ အဲ့ဒါေၾကာင့္ ခ်စ္သူသာပန္းတစ္ပြင့္ျဖစ္ခဲ့ရင္ဇာတ္ကားမွာလဲ ကၽြန္ေတာ္တို႕အေပးအယူမွ်မွ်နဲ႕အေကာင္းဆံုးအခ်စ္ကားတစ္ကားအျဖစ္ပံုေဖာ္ႏုိင္မယ္လုိ႕ကၽြန္ေတာ္ယံုၾကည္ပါတယ္။

-တစ္ႏွစ္ေလာက္မရုိက္ျဖစ္ေပမဲ့ ရုိက္ၿပီး ရံုမတင္ေသးတဲ့ကားေတြလဲရွိဦးမွာေပါ့။ အဲ့ဒါေလးေတြကိုလဲသိခ်င္ပါတယ္။

From Bangkok To Mandalay ၊ ဓာတ္ရွင္ရုိက္သူမ်ား၊ ကာလာစံုလက္စင္၊ တိမ္ေပၚကတဲ့ပြဲ ၊ ဂ်ံဳးဂ်ံဳးဂ်က္ဂ်က္ ၊ ေနာက္ခ်ိဳျမိန္ေသာလက္စားေခ်ျခင္းဆိုတာရွိပါတယ္။ အဲ့ဒီကားေတြကရုိက္ၿပီး ရံုမတင္ရေသးတဲ့အတြက္ ခဏနားၿပီး အေရွ႕ကကားေတြ ရံုတင္ႏုိင္ေအာင္ ၾကိဳးစားေနရလို႕ပါ။ ဒါေပမဲ့ဒီႏွစ္ထဲမွာဆိုရင္ ကၽြန္ေတာ္ဇာတ္ကားေတြေတာက္ေလွ်ာက္ ရံုတင္လာဖို႕ရွိပါတယ္။ အဲ့ဒီအတြက္ကၽြန္ေတာ္ဇာတ္ကားျပန္ရုိက္ဖို႕စဥ္းစားတဲ့အခ်ိန္မွာ ခ်စ္သူသာပန္းတစ္ပြင့္ျဖစ္ခဲ့ရင္ဆိုတဲ့ကားကုိလာကမ္းလွမ္းတဲ့အတြက္ရုိက္ျဖစ္သြားတာပါ။

-အမ်ိဳးသားသရုပ္ေဆာင္ေတြေတာ္ေတာ္မ်ားမ်ားက အမ်ိဳးသားအသံုးအေဆာင္ေတြပဲထုတ္ၾကတယ္ေပါ့။ စိုင္းစိုင္းက်မွ ဘာလို႕ႏႈတ္ခမ္းနီကိုေရြးခ်ယ္ထုတ္ျဖစ္သြားတာလဲ။

ႏိုင္ငံတကာက အႏုပညာရွင္ေက်ာ္ၾကားသူေတြက သူတို႕ေစ်းကြက္နဲ႕ကိုက္ညီမဲ့ အမွတ္တံဆိပ္၊ ကုန္ပစၥည္းအမ်ိဳးအစားမ်ိဳးစံုကို ထုတ္တယ္လို႕ကၽြန္ေတာ္ေလ့လာသိရွိရပါတယ္။ ဥပမာတစ္ခုေပးရရင္ေတာ့ Rock & Roll ဘုရင္ၾကီး အဲဗစ္ပရက္စီကလဲ သူ႕ရဲ႕ ကိုယ္ပုိင္အမွတ္တံဆိပ္နဲ႕ႏႈတ္ခမ္းနီထုတ္ခဲ့ဖူးတာမ်ိဳး ကၽြန္ေတာ္ဗဟုသုတအျဖစ္ေလ့လာသိရွိဖူးပါတယ္။ အဲ့ဒီေတာ့ ဒီဥပမာအရ ႏုိင္ငံတကာက အႏုပညာရွင္ေတြဟာ အမ်ိဳးသားသံုးပစၥည္းေတြလဲထုတ္သလို၊ အမ်ိဳးသမီးသံုးပစၥည္းေတြလဲထုတ္တယ္။ အမ်ိဳးသားေရာ၊ အမ်ိဳးသမီးေရာ သံုးလို႕ရတဲ့ Head Phone လုိပစၥည္းမ်ိဳး ၊ ဒါမ်ိဳးေတြလဲထုတ္တယ္လို႕ေလ့လာသိရွိထားပါတယ္။

-စိုင္းစိုင္းက Frenzo အေနနဲ႕လဲစီးပြားေရးလုပ္ငန္းတစ္ခုလုပ္ခဲ့ဖူးတယ္ဆိုေတာ့ အခုလုပ္တဲ့ႏႈတ္ခမ္းနီက ကိုယ္မကၽြမ္းက်င္တဲ့ စီးပြားေရးလုပ္ငန္းတစ္ခုျဖစ္တဲ့အတြက္ ဘာေတြမ်ားေလ့လာထားတာမ်ိဳးေရာရွိမလဲ။

ကၽြန္ေတာ္လဲအခုမွစတင္ေလ့လာေနတုန္းပါပဲ။ ကၽြန္ေတာ္တို႕ကုမၸဏီမွာ ကၽြန္ေတာ္တစ္ေယာက္တည္းမဟုတ္ပဲနဲ႕ကၽြန္ေတာ္တို႕အဖြဲ႕ထဲမွာပဲ အလွကုန္ကုိနားလည္တတ္ကၽြမ္းတဲ့၊ စီးပြားေရးကိုနားလည္တတ္ကၽြမ္းတဲ့ သူငယ္ခ်င္းေတြလဲပါပါတယ္။ ဒါေပမဲ့အားလံုးကေတာ့ ကၽြန္ေတာ္တို႕အရြယ္လူေတြပဲျဖစ္တတ္အတြက္ေၾကာင့္ ကၽြန္ေတာ္တို႕ရဲ႕ပထမဆံုးေျခလွမ္းလဲျဖစ္ပါတယ္။

-ကြာလတီပုိင္းကိုေရာ ဘယ္လိုမ်ိဳးျမွင့္တင္ထားလဲ။

အထူးသျဖင့္ေတာ့ ကိုရီးယားမွာလဲစမ္းသပ္မႈေတြျပဳလုပ္ထားသလို ၊ ျမန္မာႏုိင္ငံမွာဆုိရင္လဲ ဒီထဲမွာပါတဲ့ ပါ၀င္ပစၥည္းေတြကုိ ျမန္မာႏုိင္ငံ FDA ကိုျပန္ၿပီးေတာ့ သူတို႕ရဲ႕ခြင့္ျပဳခ်က္ေတြကုိယူထားၿပီျဖစ္ပါတယ္။

-အမ်ိဳးသမီးေတြအတြက္ပဲလား။ အမ်ိဳးသားေတြအတြက္ေရာ ထုတ္ဖုိ႕မရွိဘူးလား။

ကၽြန္ေတာ္ထုတ္ခ်င္တာေတာ့ အမ်ားၾကီးေပါ့ဗ်ာ။ ဒါေပမဲ့ ကၽြန္ေတာ့ရဲ႕ ပထမေျခလွမ္းရဲ႕ ေအာင္ျမင္မႈ၊ မေအာင္ျမင္မႈအေပၚ မူတည္ၿပီးေတာ့ အေနာက္ကိုအမ်ားၾကီးစဥ္းစားရမွာျဖစ္ပါတယ္။ အဲ့ဒီေတာ့ ဘယ္ေလာက္ထိရည္ရြယ္လဲဆိုရင္ အရိုးသားဆံုး၀န္ခံရရင္ ရည္မွန္းခ်က္ကေတာ့ အမ်ားၾကီးရွိပါတယ္။ အၾကီးၾကီးလဲအိပ္မက္မက္ပါတယ္။ ဒါေပမဲ့လဲ အခုခ်ိန္မွာ တျခားေသာပစၥည္းေတြကုိဆက္ထုတ္ႏုိင္ဖို႕ကၽြန္ေတာ့္မွာအင္အားလဲမရွိေသးဘူး။ ေငြေရးေၾကးေရး အရင္းအႏွီးစသျဖင့္လဲမရွိေသးပါဘူး။ အဲ့ဒါေၾကာင့္ပထမဆံုးေျခလွမ္းအေနနဲ႕ဒီႏႈတ္ခမ္းနီကိုစၿပီးထုတ္ျခင္းျဖစ္ပါတယ္။

-အစ္ကို႕ႏႈတ္ခမ္းနီက ေဖ့စ္ဘြတ္မွာေတာ့ ေတာ္ေတာ္ေလးလဲေပါက္ေနၿပီ။ မိန္းကေလးပရိသတ္ေတြကလဲ ၀ယ္မယ္။ ၀ယ္မယ္ဆုိၿပီးျဖစ္ေနၾကၿပီ။ ဒါေပမဲ့ အခ်ိဳ႕ေသာ ေယာက်ာ္းေလးပရိသတ္အေနနဲ႕က်ေတာ့ အစ္ကို႕ကို Troll တာေတြ၊ ေ၀ဖန္တာေတြလဲရွိေတာ့ ဒီအေပၚမွာ အစ္ကို႕ရဲ႕စိတ္ခံစားခ်က္ေလးကိုလဲသိခ်င္ပါတယ္။

ေ၀ဖန္တာကေကာင္းပါတယ္။ ကၽြန္ေတာ္အျမဲတမ္းေျပာသလိုပါပဲ။ လူဆိုတာက အေျမွာက္ၾကိဳက္တယ္။ ကၽြန္ေတာ္လဲအေျမွာက္ၾကိဳက္ပါတယ္။ ကၽြန္ေတာ့္ကို တစ္ခ်ိန္လံုးေျမွာက္ပင့္ေနတာေတြကိုလဲေကာင္းပါတယ္။ ကၽြန္ေတာ္ေပ်ာ္ရတာေပါ့။ ဒါေပမဲ့ ဒီလိုေ၀ဖန္တာတို႕ေပါ့။ ဒါေပမဲ့ ေ၀ဖန္ၿပီး Troll တယ္ဆုိတဲ့ေနရာမွာလဲ တစ္ခါတစ္ေလက်ရင္ ကၽြန္ေတာ္ကိုယ္တုိင္ သတိျပဳရေလာက္တဲ့ ဒီတစ္ခ်က္ေတာ့ ဟုတ္တယ္။ ငါေတာ့ ဒါေတာ့ ျပင္ဆင္သင့္တယ္ဆိုတဲ့ အင္မတန္ေကာင္းတဲ့ အၾကံဥာဏ္ေတြလဲ ရံဖန္ရံခါမွာပါလာတတ္ပါတယ္။ အဲ့ဒီေတာ့ ဒီေ၀ဖန္မႈေတြကိုလဲ ကၽြန္ေတာ္ေလ့လာပါတယ္။ ကၽြန္ေတာ့္ကိုေျမွာက္ပင့္တာနဲ႕ကၽြန္ေတာ့္ကိုေ၀ဖန္တာဟာ ကၽြန္ေတာ့္ကိုပိုၿပီးေတာ့ ဘ၀မွာေနထုိင္ရတာ balance ျဖစ္ေစပါတယ္။ အဲ့ဒီအတြက္ဒါကလဲကၽြန္ေတာ့္အတြက္ေတာ့ မဂၤလာတစ္ခုလို႕ေျပာလို႕ရပါတယ္။ ပုထုဇဥ္တစ္ေယာကအေနနဲ႕တစ္ခါတစ္ေလ ကိုယ့္ကိုအျပစ္တင္ရႈံခ်တာက ကိုယ့္အတြက္ေတာ့ ရံဖန္ရံခါမွာစိတ္ထိခုိက္စရာဟာ အရိုးသားဆံုးေျပာရင္ရွိပါတယ္။ ဒါေပမဲ့လြယ္လြယ္ေလးပါပဲ။ ကိုယ္စိတ္ၾကည္ၾကည္လင္လင္နဲ႕ဒါေတြနားမေထာင္ခ်င္ရင္ ပိတ္ထားလို႕ရပါတယ္။ အဲ့ဒီဆိုလိုေတာ့ ကၽြန္ေတာ့အတြက္ကေတာ့ အဆင္ေျပတယ္။ ကၽြန္ေတာ္ေကာင္းသည္။ ဆိုးသည္ဘာပဲျဖစ္ျဖစ္ ကၽြန္ေတာ္သည္အလုပ္လုပ္ေနတဲ့လူတစ္ေယာက္ျဖစ္သည့္အတြက္ကၽြန္ေတာ့္ရဲ႕အႏုပညာနဲ႕ပတ္သက္လို႕ပဲျဖစ္ျဖစ္၊ ကၽြန္ေတာ္ထုတ္တဲ့ကုန္ပစၥည္းနဲ႕ပတ္သက္လို႕ပဲျဖစ္ျဖစ္ ေကာင္းျခင္း၊ ဆိုးျခင္းေျပာဆိုတာကုိနာခံရမွာပဲျဖစ္ပါတယ္။

-အစ္ကုိနဲ႕ပတ္သက္တဲ့ Group ေတြေထာင္တဲ့အခါမ်ိဳးမွာ ကိုယ္တုိင္သြား Join တာကိုလဲေတြ႕ရတယ္ေနာ္။ တခ်ိဳ႕က်ေတာ့ ကိုယ့္ကိုတုိက္ခုိက္တဲ့ ဟာေတြဆို အဲ့ဒီလို သြား Join တာမ်ိဳးမရွိဘူးေလ။

ဟုတ္ကဲ့ခင္ဗ်။ ကၽြန္ေတာ္က ကၽြန္ေတာ္နဲ႕ပတ္သက္တဲ့ ေကာင္းတာဆိုးတာ အကုန္လံုးကိုနားေထာင္ခ်င္ပါတယ္။ ဒါမွလဲ ကၽြန္ေတာ့္ကို အေကာင္းေျပာတဲ့အထဲမွာလဲ ကၽြန္ေတာ္သင္ခန္းစာယူစရာပါမွာျဖစ္သလို၊ ကၽြန္ေတာ့ကို အဆိုးေျပာတဲ့အထဲမွာလဲ သင္ခန္းစာယူစရာေတြပါမွာျဖစ္ပါတယ္။ ဒါေၾကာင့္ကၽြန္ေတာ္နဲ႕ပတ္သက္တဲ့ဘယ္အရာမဆုိ ကၽြန္ေတာ္စပ္စုပါတယ္။

-လာေရာက္၀ယ္ယူမဲ့ ကာစတမ္မာေတြကိုေရာ ဘာမ်ားေျပာခ်င္ေသးလဲ။

ကၽြန္ေတာ္ကေတာ့ စမ္းၾကည့္ေစခ်င္ပါတယ္ခင္ဗ်ာ။ လက္လီေရာင္းခ်မဲ့ အလွကုန္ေတြမွာလဲ တက္စတာေတြ ထားထားပါမယ္။ သြားၿပီးေတာ့ဆိုးၾကည့္ပါ။ ဆိုးၾကည့္ၿပီးမွ ၀ယ္လို႕လဲရပါတယ္။ တကယ္လို႕ကၽြန္ေတာ္ႏႈတ္ခမ္းနီကို ၀ယ္သံုးလို႕ၾကိဳက္တယ္။ ေကာင္းတယ္ဆိုရင္လဲ သတင္းေကာင္းေလးကို လက္ဆင့္ကမ္းၿပီး ေျပာေပးေစခ်င္ပါတယ္။ ကၽြန္ေတာ့ ပရိသတ္မိန္းကေလးေတြအားလံုးကို ရည္ရြယ္ပါတယ္။ ကၽြန္ေတာ့ ပရိသတ္ေယာက်ား္ေလးေတြအားလံုးလဲသူတို႕ရဲ႕ ခ်စ္သူေကာင္မေလးေတြကို လက္ေဆာင္ေပးလို႕ရပါတယ္။

-စိုင္းစိုင္းရဲ႕ပါးက ႏႈတ္ခမ္းနီနဲ႕ပတ္သက္ၿပီး ႏႈတ္ခမ္းနီမေလးေတြေတာ္ေတာ္မ်ားမ်ားစိတ္၀င္စားေနၾကတယ္။

အဲ့ဒါကေတာ့ လံုး၀ Top Secret ေပါ့။ ထိပ္တန္းလွ်ိဳ႕၀ွက္ခ်က္ပါ။ ကၽြန္ေတာ့္ ပါးေပၚက ႏႈတ္ခမ္းနီကေတာ့ ေလာေလာဆယ္မွာ လွ်ိဳ႕၀ွက္စရာေလးတစ္ခုျဖစ္ေနပါတယ္။

-သရုပ္ေဆာင္ပိုင္း၊ အဆုိပုိင္းေတြနဲ႕အခုစီးပြားေရးပါ လုပ္ေနၿပီဆုိေတာ့ စိုင္းစိုင္းအေနနဲ႕အိမ္ေထာင္ျပဳဖို႕ကိုေရာ မစဥ္းစားေသးဘူးလား။

အခ်ိန္မက်ေသးဘူးလို႕ပဲေျပာပါရေစ။ အရင္ကတည္းကလဲ ဂီတနဲ႕အဆုိဖက္မွာလံုးခ်ာလိုက္ေနခဲ့တယ္။ အခုမွစီးပြားေရးအသစ္ကေလးတစ္ခုကိုစတင္တည္ေထာင္ကာစျဖစ္တဲ့အတြက္ ေလာေလာဆယ္ေတာ့ အိမ္ေထာင္ျပဳဖို႕က ကၽြန္ေတာ့္အတြက္အခ်ိန္မက်ေရာက္ေသးဘူးလို႕ပဲေျပာခ်င္ပါတယ္။

-ခ်စ္ရမဲ့သူကို မေတြ႕ေသးလို႕လား။

ကၽြန္ေတာ့္အေနနဲ႕အမ်ားသူငါလိုပဲ အိမ္ေထာင္ျပဳဖို႕အစီအစဥ္လဲရွိပါတယ္။ ျပဳလဲျပဳခ်င္ပါတယ္။ ေလာေလာဆယ္ေတာ့ အခ်ိန္မက်ေသးလို႕ပါ။

-ပရိသတ္ၾကီးကိုေရာ ဘာမ်ားေျပာခ်င္ေသးလဲ။

ကၽြန္ေတာ့္ပရိသတ္ကေတာ့ ကၽြန္ေတာ္ဖက္က ဘယ္လုိပဲျဖစ္ျဖစ္ စြမ္းစြမ္းတမံရပ္တည္ၾကတာကေတာ့ ကၽြန္ေတာ့္ကိုကံၾကမၼာကေပးတဲ့ဆုလာဒ္တစ္ခုလိုပါပဲ။ ကၽြန္ေတာ့ဖက္ကရပ္တည္တဲ့သူေတြအကုန္လံုးကိုကၽြန္ေတာ္အေလးအနက္ထားပါတယ္။ ေက်းဇူးလဲအမ်ားၾကီးတင္ပါတယ္။ ဒါေပမဲ့ တစ္ျပိဳင္နက္တည္းမွာပဲ ကၽြန္ေတာ့္ဖက္ကမရပ္တည္ခဲ့ေတာင္မွ ကၽြန္ေတာ့္အေၾကာင္းကို တစ္ခုပ္တစ္ရေျပာၿပီးေတာ့ ေ၀ဖန္ေထာက္ျပတဲ့အထဲမွာလဲ ကၽြန္ေတာ္အတြက္ယူစရာေလးေတြပါလာတတ္တဲ့အတြက္ကၽြန္ေတာ္ကေတာ့ ကၽြန္ေတာ္နဲ႕ပတ္သက္သမွ်အားလံုးကို ေက်းဇူးလဲတင္ပါတယ္။ ေမတၱာလဲပို႕ပါတယ္။

Credit : trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

သရုပ်ဆောင်၊ အဆိုတော်ဘဝနဲ့အသားကျနေသလို ဆယ်စုနှစ် တစ်ခုတိုင်အောင် ပရိသတ်ရဲ့ရင်ထဲအသည်းထဲမှာ အချိန်ပေါင်းများစွာ ကိန်းအောင်းနေရာယူထားသူကတော့ အသက်ကြီးပေမဲ့ မပျက်စီးသေးတဲ့ စိုင်းစိုင်းခမ်းလှိုင်ပဲဖြစ်ပါတယ်။ စိုင်းစိုင်းဟာဆိုရင် လက်ရှိမှာ သူ့ရဲ့ပထမဆုံးစီးပွားရေးအနေနဲ့ Sai Cosmetix မှထုတ်လုပ်ဖြန့်ချိမယ့် Sai Sexy and Intelligent နှုတ်ခမ်းနီ ၃ မျိုးကိုလဲ စက်တင်ဘာလ ၉ရက်နေ့မှစတင်ကာ ရောင်းချသွားမယ်လို့ပြောလာပါတယ်။ ဒါ့အပြင် အဆိုပါ နှုတ်ခမ်းနီထုတ်ကုန်နဲ့ပတ်သက်ပြီး အမျိုးသမီး ပရိသတ်များ တစ်ခဲနက် ထောက်ခံအားပေးကြပေမဲ့ အချို့သော အမျိုးသားပရိသတ်များကတော့ စိုင်းစိုင်းကို ဝေဖန်မှုအချို့နဲ့ Troll တာမျိုးတွေ ဖေ့စ်ဘွတ်လူမှုကွန်ယက်ပေါ်မှာတွေ့နေရပါတယ်။ ဒါကြောင့် အဆိုပါဝေဖန်မှုများအပေါ် စိုင်းစိုင်းအမြင်နဲ့လက်ရှိအနုပညာအကြောင်းကို တီးတိုးမေးမြန်းဖြစ်တဲ့အခါ

-အခုလက်ရှိ အနုပညာလှုပ်ရှားမှုလေးကိုလဲသိချင်ပါတယ်။

အခုကျွန်တော် အင်းလေးမှာ ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်ဆိုတဲ့ ဇာတ်ကားသွားရိုက်ဖို့ရှိတယ်။ အဲ့ဒီဇာတ်ကားကြီးမှာလဲ ထူးခြားချက်တွေအများကြီးရှိပါတယ်။ အဲ့ဒီဇာတ်ကားကြီးက ကျွန်တော်တို့မြန်မာအနုပညာရှင်တွေ တင်ရိုက်ကူးမဲ့ ပရောဂျက်တစ်ခုမဟုတ်ပဲ အင်တာနေရှင်နယ်က အနုပညာရှင်၊ အတတ်ပညာရှင်တွေပါ ပါဝင်ရိုက်ကူးမဲ့ ပရောဂျက်ဖြစ်ပါတယ်။ အသံပိုင်းဆိုင်ရာ အတွက်လဲ ပြင်သစ်ကပညာရှင်တွေရောက်နေပါတယ်။ အထူးသဖြင့် အဲ့ဒီဇာတ်ကားရဲ့ Director of Photography က ဖိလစ်ပိုင်နိုင်ငံကလို့ကျွန်တော်သိရတယ်။ တစ်ကားလုံးစာအတွက်လဲ ဒီဇိုင်နာသွင်စုထွေးက ဝတ်စားဆင်ယင်မှုတွေကို တာဝန်ယူထားပေးတယ်။ အဲ့ဒီကားမှာ ကျွန်တော်ရယ်၊ ဝတ်မှုန်ရွှေရည်ရယ်ပါဝင်သရုပ်ဆောင်ပါမယ်။ နောက်ပြီးသွားရိုက်မှာကလဲ အင်းလေးဆိုတော့ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အထင်ကရနေရာတစ်ခုလဲဖြစ်တယ်။ နောက်တစ်ခုထူးခြားချက်ကဘာလဲဆိုတော့ ကျွန်တော်က တောင်ကြီးသားပါ။ ဒါပေမဲ့ ကျွန်တော်က လွဲလို့အဲ့ဒီဇာတ်ကားမှာ ပါဝင်မဲ့သရုပ်ဆောင်တွေအားလုံးက အင်းလေးသူ၊ အင်းလေးသားအနေနဲ့ပါဝင်သရုပ်ဆောင်ကြမှာဖြစ်ပြီး တောင်ကြီးသားဖြစ်တဲ့ ကျွန်တော်ကရန်ကုန်သားအနေနဲ့သရုပ်ဆောင်ရမှာပါ။ ပြီးတော့ ကျွန်တော့်အတွက်နောက်တစ်ခုထူးခြားချက်က ပြီးခဲ့တဲ့နှစ်စက်တင်ဘာမှာ From Bangkok to Mandalay ဆိုတဲ့ဇာတ်ကားကိုရိုက်ကူးခဲ့တယ်။ အဲ့ဒီကားပြီးနောက်ပိုင်းမှာ ရုပ်ရှင်လုံးဝမရိုက်ခဲ့ဘူး။ တစ်နှစ်လုံးလုံးနေပြီးမှ အခုချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့ရင်ဆိုတဲ့ဇာတ်ကားက ပထမဆုံးပြန်ရိုက်မဲ့ကားပါ။ အဲ့ဒါလေးကလဲ အမှတ်တရပါပဲ။

-ကစ်နဲ့ကလဲ မဆုံတာကြာပြီဆိုတော့ ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့ရင် ဇာတ်ကားထဲမှာ အတူတူပြန်လည်ရိုက်ကူးရမှာဆိုတော့ အဲ့ဒီစိတ်ခံစားချက်လေးကိုလဲသိချင်ပါတယ်။

ကျွန်တော်အနေနဲ့အကောင်းဆုံးတွဲဖက်သရုပ်ဆောင်နိုင်မယ်လို့ယုံကြည်ထားပါတယ်။ ကျွန်တော်နဲ့မင်းသမီးဝတ်မှုန်ရွှေရည်ဟာ သူ့ဘဝရဲ့ပထမဆုံး ဗီဒီယိုဇာတ်ကားမှာ ကတည်းကပါဝင်သရုပ်ဆောင်ခဲ့ဖူးတာဖြစ်တယ်။ ကြားထဲမှာလဲ ကြော်ငြာ၊ဗီစီဒီ၊ ရုပ်ရှင်ဇာတ်ကားစသဖြင့်တွဲဖက်ရိုက်ကူးတဲ့အချိန်မှာလဲ ကျွန်တော်တို့ရိုက်သမျှကားတိုင်းဟာ နှစ်ယောက်သားအပေးအယူမျှခဲ့တယ်။ လို့ပြောလို့ရပါတယ်။ အဲ့ဒါကြောင့် ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့ရင်ဇာတ်ကားမှာလဲ ကျွန်တော်တို့အပေးအယူမျှမျှနဲ့အကောင်းဆုံးအချစ်ကားတစ်ကားအဖြစ်ပုံဖော်နိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။

-တစ်နှစ်လောက်မရိုက်ဖြစ်ပေမဲ့ ရိုက်ပြီး ရုံမတင်သေးတဲ့ကားတွေလဲရှိဦးမှာပေါ့။ အဲ့ဒါလေးတွေကိုလဲသိချင်ပါတယ်။

From Bangkok To Mandalay ၊ ဓာတ်ရှင်ရိုက်သူများ၊ ကာလာစုံလက်စင်၊ တိမ်ပေါ်ကတဲ့ပွဲ ၊ ဂျုံးဂျုံးဂျက်ဂျက် ၊ နောက်ချိုမြိန်သောလက်စားချေခြင်းဆိုတာရှိပါတယ်။ အဲ့ဒီကားတွေကရိုက်ပြီး ရုံမတင်ရသေးတဲ့အတွက် ခဏနားပြီး အရှေ့ကကားတွေ ရုံတင်နိုင်အောင် ကြိုးစားနေရလို့ပါ။ ဒါပေမဲ့ဒီနှစ်ထဲမှာဆိုရင် ကျွန်တော်ဇာတ်ကားတွေတောက်လျှောက် ရုံတင်လာဖို့ရှိပါတယ်။ အဲ့ဒီအတွက်ကျွန်တော်ဇာတ်ကားပြန်ရိုက်ဖို့စဉ်းစားတဲ့အချိန်မှာ ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့ရင်ဆိုတဲ့ကားကိုလာကမ်းလှမ်းတဲ့အတွက်ရိုက်ဖြစ်သွားတာပါ။

-အမျိုးသားသရုပ်ဆောင်တွေတော်တော်များများက အမျိုးသားအသုံးအဆောင်တွေပဲထုတ်ကြတယ်ပေါ့။ စိုင်းစိုင်းကျမှ ဘာလို့နှုတ်ခမ်းနီကိုရွေးချယ်ထုတ်ဖြစ်သွားတာလဲ။

နိုင်ငံတကာက အနုပညာရှင်ကျော်ကြားသူတွေက သူတို့ဈေးကွက်နဲ့ကိုက်ညီမဲ့ အမှတ်တံဆိပ်၊ ကုန်ပစ္စည်းအမျိုးအစားမျိုးစုံကို ထုတ်တယ်လို့ကျွန်တော်လေ့လာသိရှိရပါတယ်။ ဥပမာတစ်ခုပေးရရင်တော့ Rock & Roll ဘုရင်ကြီး အဲဗစ်ပရက်စီကလဲ သူ့ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့နှုတ်ခမ်းနီထုတ်ခဲ့ဖူးတာမျိုး ကျွန်တော်ဗဟုသုတအဖြစ်လေ့လာသိရှိဖူးပါတယ်။ အဲ့ဒီတော့ ဒီဥပမာအရ နိုင်ငံတကာက အနုပညာရှင်တွေဟာ အမျိုးသားသုံးပစ္စည်းတွေလဲထုတ်သလို၊ အမျိုးသမီးသုံးပစ္စည်းတွေလဲထုတ်တယ်။ အမျိုးသားရော၊ အမျိုးသမီးရော သုံးလို့ရတဲ့ Head Phone လိုပစ္စည်းမျိုး ၊ ဒါမျိုးတွေလဲထုတ်တယ်လို့လေ့လာသိရှိထားပါတယ်။

-စိုင်းစိုင်းက Frenzo အနေနဲ့လဲစီးပွားရေးလုပ်ငန်းတစ်ခုလုပ်ခဲ့ဖူးတယ်ဆိုတော့ အခုလုပ်တဲ့နှုတ်ခမ်းနီက ကိုယ်မကျွမ်းကျင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့အတွက် ဘာတွေများလေ့လာထားတာမျိုးရောရှိမလဲ။

ကျွန်တော်လဲအခုမှစတင်လေ့လာနေတုန်းပါပဲ။ ကျွန်တော်တို့ကုမ္ပဏီမှာ ကျွန်တော်တစ်ယောက်တည်းမဟုတ်ပဲနဲ့ကျွန်တော်တို့အဖွဲ့ထဲမှာပဲ အလှကုန်ကိုနားလည်တတ်ကျွမ်းတဲ့၊ စီးပွားရေးကိုနားလည်တတ်ကျွမ်းတဲ့ သူငယ်ချင်းတွေလဲပါပါတယ်။ ဒါပေမဲ့အားလုံးကတော့ ကျွန်တော်တို့အရွယ်လူတွေပဲဖြစ်တတ်အတွက်ကြောင့် ကျွန်တော်တို့ရဲ့ပထမဆုံးခြေလှမ်းလဲဖြစ်ပါတယ်။

-ကွာလတီပိုင်းကိုရော ဘယ်လိုမျိုးမြှင့်တင်ထားလဲ။

အထူးသဖြင့်တော့ ကိုရီးယားမှာလဲစမ်းသပ်မှုတွေပြုလုပ်ထားသလို ၊ မြန်မာနိုင်ငံမှာဆိုရင်လဲ ဒီထဲမှာပါတဲ့ ပါဝင်ပစ္စည်းတွေကို မြန်မာနိုင်ငံ FDA ကိုပြန်ပြီးတော့ သူတို့ရဲ့ခွင့်ပြုချက်တွေကိုယူထားပြီဖြစ်ပါတယ်။

-အမျိုးသမီးတွေအတွက်ပဲလား။ အမျိုးသားတွေအတွက်ရော ထုတ်ဖို့မရှိဘူးလား။

ကျွန်တော်ထုတ်ချင်တာတော့ အများကြီးပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော့ရဲ့ ပထမခြေလှမ်းရဲ့ အောင်မြင်မှု၊ မအောင်မြင်မှုအပေါ် မူတည်ပြီးတော့ အနောက်ကိုအများကြီးစဉ်းစားရမှာဖြစ်ပါတယ်။ အဲ့ဒီတော့ ဘယ်လောက်ထိရည်ရွယ်လဲဆိုရင် အရိုးသားဆုံးဝန်ခံရရင် ရည်မှန်းချက်ကတော့ အများကြီးရှိပါတယ်။ အကြီးကြီးလဲအိပ်မက်မက်ပါတယ်။ ဒါပေမဲ့လဲ အခုချိန်မှာ တခြားသောပစ္စည်းတွေကိုဆက်ထုတ်နိုင်ဖို့ကျွန်တော့်မှာအင်အားလဲမရှိသေးဘူး။ ငွေရေးကြေးရေး အရင်းအနှီးစသဖြင့်လဲမရှိသေးပါဘူး။ အဲ့ဒါကြောင့်ပထမဆုံးခြေလှမ်းအနေနဲ့ဒီနှုတ်ခမ်းနီကိုစပြီးထုတ်ခြင်းဖြစ်ပါတယ်။

-အစ်ကို့နှုတ်ခမ်းနီက ဖေ့စ်ဘွတ်မှာတော့ တော်တော်လေးလဲပေါက်နေပြီ။ မိန်းကလေးပရိသတ်တွေကလဲ ဝယ်မယ်။ ဝယ်မယ်ဆိုပြီးဖြစ်နေကြပြီ။ ဒါပေမဲ့ အချို့သော ယောကျာ်းလေးပရိသတ်အနေနဲ့ကျတော့ အစ်ကို့ကို Troll တာတွေ၊ ဝေဖန်တာတွေလဲရှိတော့ ဒီအပေါ်မှာ အစ်ကို့ရဲ့စိတ်ခံစားချက်လေးကိုလဲသိချင်ပါတယ်။

ဝေဖန်တာကကောင်းပါတယ်။ ကျွန်တော်အမြဲတမ်းပြောသလိုပါပဲ။ လူဆိုတာက အမြှောက်ကြိုက်တယ်။ ကျွန်တော်လဲအမြှောက်ကြိုက်ပါတယ်။ ကျွန်တော့်ကို တစ်ချိန်လုံးမြှောက်ပင့်နေတာတွေကိုလဲကောင်းပါတယ်။ ကျွန်တော်ပျော်ရတာပေါ့။ ဒါပေမဲ့ ဒီလိုဝေဖန်တာတို့ပေါ့။ ဒါပေမဲ့ ဝေဖန်ပြီး Troll တယ်ဆိုတဲ့နေရာမှာလဲ တစ်ခါတစ်လေကျရင် ကျွန်တော်ကိုယ်တိုင် သတိပြုရလောက်တဲ့ ဒီတစ်ချက်တော့ ဟုတ်တယ်။ ငါတော့ ဒါတော့ ပြင်ဆင်သင့်တယ်ဆိုတဲ့ အင်မတန်ကောင်းတဲ့ အကြံဉာဏ်တွေလဲ ရံဖန်ရံခါမှာပါလာတတ်ပါတယ်။ အဲ့ဒီတော့ ဒီဝေဖန်မှုတွေကိုလဲ ကျွန်တော်လေ့လာပါတယ်။ ကျွန်တော့်ကိုမြှောက်ပင့်တာနဲ့ကျွန်တော့်ကိုဝေဖန်တာဟာ ကျွန်တော့်ကိုပိုပြီးတော့ ဘဝမှာနေထိုင်ရတာ balance ဖြစ်စေပါတယ်။ အဲ့ဒီအတွက်ဒါကလဲကျွန်တော့်အတွက်တော့ မင်္ဂလာတစ်ခုလို့ပြောလို့ရပါတယ်။ ပုထုဇဉ်တစ်ယောကအနေနဲ့တစ်ခါတစ်လေ ကိုယ့်ကိုအပြစ်တင်ရှုံချတာက ကိုယ့်အတွက်တော့ ရံဖန်ရံခါမှာစိတ်ထိခိုက်စရာဟာ အရိုးသားဆုံးပြောရင်ရှိပါတယ်။ ဒါပေမဲ့လွယ်လွယ်လေးပါပဲ။ ကိုယ်စိတ်ကြည်ကြည်လင်လင်နဲ့ဒါတွေနားမထောင်ချင်ရင် ပိတ်ထားလို့ရပါတယ်။ အဲ့ဒီဆိုလိုတော့ ကျွန်တော့အတွက်ကတော့ အဆင်ပြေတယ်။ ကျွန်တော်ကောင်းသည်။ ဆိုးသည်ဘာပဲဖြစ်ဖြစ် ကျွန်တော်သည်အလုပ်လုပ်နေတဲ့လူတစ်ယောက်ဖြစ်သည့်အတွက်ကျွန်တော့်ရဲ့အနုပညာနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်၊ ကျွန်တော်ထုတ်တဲ့ကုန်ပစ္စည်းနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ် ကောင်းခြင်း၊ ဆိုးခြင်းပြောဆိုတာကိုနာခံရမှာပဲဖြစ်ပါတယ်။

-အစ်ကိုနဲ့ပတ်သက်တဲ့ Group တွေထောင်တဲ့အခါမျိုးမှာ ကိုယ်တိုင်သွား Join တာကိုလဲတွေ့ရတယ်နော်။ တချို့ကျတော့ ကိုယ့်ကိုတိုက်ခိုက်တဲ့ ဟာတွေဆို အဲ့ဒီလို သွား Join တာမျိုးမရှိဘူးလေ။

ဟုတ်ကဲ့ခင်ဗျ။ ကျွန်တော်က ကျွန်တော်နဲ့ပတ်သက်တဲ့ ကောင်းတာဆိုးတာ အကုန်လုံးကိုနားထောင်ချင်ပါတယ်။ ဒါမှလဲ ကျွန်တော့်ကို အကောင်းပြောတဲ့အထဲမှာလဲ ကျွန်တော်သင်ခန်းစာယူစရာပါမှာဖြစ်သလို၊ ကျွန်တော့ကို အဆိုးပြောတဲ့အထဲမှာလဲ သင်ခန်းစာယူစရာတွေပါမှာဖြစ်ပါတယ်။ ဒါကြောင့်ကျွန်တော်နဲ့ပတ်သက်တဲ့ဘယ်အရာမဆို ကျွန်တော်စပ်စုပါတယ်။

-လာရောက်ဝယ်ယူမဲ့ ကာစတမ်မာတွေကိုရော ဘာများပြောချင်သေးလဲ။

ကျွန်တော်ကတော့ စမ်းကြည့်စေချင်ပါတယ်ခင်ဗျာ။ လက်လီရောင်းချမဲ့ အလှကုန်တွေမှာလဲ တက်စတာတွေ ထားထားပါမယ်။ သွားပြီးတော့ဆိုးကြည့်ပါ။ ဆိုးကြည့်ပြီးမှ ဝယ်လို့လဲရပါတယ်။ တကယ်လို့ကျွန်တော်နှုတ်ခမ်းနီကို ဝယ်သုံးလို့ကြိုက်တယ်။ ကောင်းတယ်ဆိုရင်လဲ သတင်းကောင်းလေးကို လက်ဆင့်ကမ်းပြီး ပြောပေးစေချင်ပါတယ်။ ကျွန်တော့ ပရိသတ်မိန်းကလေးတွေအားလုံးကို ရည်ရွယ်ပါတယ်။ ကျွန်တော့ ပရိသတ်ယောကျာ်းလေးတွေအားလုံးလဲသူတို့ရဲ့ ချစ်သူကောင်မလေးတွေကို လက်ဆောင်ပေးလို့ရပါတယ်။

-စိုင်းစိုင်းရဲ့ပါးက နှုတ်ခမ်းနီနဲ့ပတ်သက်ပြီး နှုတ်ခမ်းနီမလေးတွေတော်တော်များများစိတ်ဝင်စားနေကြတယ်။

အဲ့ဒါကတော့ လုံး၀ Top Secret ပေါ့။ ထိပ်တန်းလျှို့ဝှက်ချက်ပါ။ ကျွန်တော့် ပါးပေါ်က နှုတ်ခမ်းနီကတော့ လောလောဆယ်မှာ လျှို့ဝှက်စရာလေးတစ်ခုဖြစ်နေပါတယ်။

-သရုပ်ဆောင်ပိုင်း၊ အဆိုပိုင်းတွေနဲ့အခုစီးပွားရေးပါ လုပ်နေပြီဆိုတော့ စိုင်းစိုင်းအနေနဲ့အိမ်ထောင်ပြုဖို့ကိုရော မစဉ်းစားသေးဘူးလား။

အချိန်မကျသေးဘူးလို့ပဲပြောပါရစေ။ အရင်ကတည်းကလဲ ဂီတနဲ့အဆိုဖက်မှာလုံးချာလိုက်နေခဲ့တယ်။ အခုမှစီးပွားရေးအသစ်ကလေးတစ်ခုကိုစတင်တည်ထောင်ကာစဖြစ်တဲ့အတွက် လောလောဆယ်တော့ အိမ်ထောင်ပြုဖို့က ကျွန်တော့်အတွက်အချိန်မကျရောက်သေးဘူးလို့ပဲပြောချင်ပါတယ်။

-ချစ်ရမဲ့သူကို မတွေ့သေးလို့လား။

ကျွန်တော့်အနေနဲ့အများသူငါလိုပဲ အိမ်ထောင်ပြုဖို့အစီအစဉ်လဲရှိပါတယ်။ ပြုလဲပြုချင်ပါတယ်။ လောလောဆယ်တော့ အချိန်မကျသေးလို့ပါ။

-ပရိသတ်ကြီးကိုရော ဘာများပြောချင်သေးလဲ။

ကျွန်တော့်ပရိသတ်ကတော့ ကျွန်တော်ဖက်က ဘယ်လိုပဲဖြစ်ဖြစ် စွမ်းစွမ်းတမံရပ်တည်ကြတာကတော့ ကျွန်တော့်ကိုကံကြမ္မာကပေးတဲ့ဆုလာဒ်တစ်ခုလိုပါပဲ။ ကျွန်တော့ဖက်ကရပ်တည်တဲ့သူတွေအကုန်လုံးကိုကျွန်တော်အလေးအနက်ထားပါတယ်။ ကျေးဇူးလဲအများကြီးတင်ပါတယ်။ ဒါပေမဲ့ တစ်ပြိုင်နက်တည်းမှာပဲ ကျွန်တော့်ဖက်ကမရပ်တည်ခဲ့တောင်မှ ကျွန်တော့်အကြောင်းကို တစ်ခုပ်တစ်ရပြောပြီးတော့ ဝေဖန်ထောက်ပြတဲ့အထဲမှာလဲ ကျွန်တော်အတွက်ယူစရာလေးတွေပါလာတတ်တဲ့အတွက်ကျွန်တော်ကတော့ ကျွန်တော်နဲ့ပတ်သက်သမျှအားလုံးကို ကျေးဇူးလဲတင်ပါတယ်။ မေတ္တာလဲပို့ပါတယ်။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top