iMyanmarHouse.com - Best Property Website for Myanmar
×

မနက္ခင္းမွာ ေကာ္ဖီေသာက္တာဟာ လူသားေတြရဲ႕ ကိုယ္စိတ္က်န္းမာေရးအတြက္ လံုးဝမေကာင္းမြန္ေၾကာင္း သုေတသီေတြက ေထာက္ျပလိုက္ျပန္ပါတယ္။ အထူးသျဖင့္ မနက္အေစာပိုင္း(အိပ္ရာထၿပီးကာစ) အခ်ိန္မွာ ေကာ္ဖီ မေသာက္သင့္ဘူးလို႔ ဆိုပါတယ္။

မနက္ႏိုးတာနဲ႔ ေကာ္ဖီေသာက္ျခင္းဟာ ေကာ္ဖီကိုစြဲလန္းသြားေစတဲ့အျပင္ အျခားက်န္းမာေရး ဆိုးက်ိဳးလည္းရွိပါေသးတယ္။ ခႏၶာကိုယ္အတြင္းစိတ္က်န္းမာေရးအတြက္ မေကာင္းမြန္တဲ့ေကာ္တီဇုန္းဓာတ္ေတြ  ထြက္လာေစတဲ့အတြက္ ေကာ္ဖီကို မနက္ေစာေစာ မေသာက္သင့္ဘူးလို႔ ပါေမာကၡ ေဒါက္တာမီလာက Uniformed Services တကၠသိုလ္ရဲ႕ ေဆြးေႏြးပြဲမွာ ေထာက္ျပခဲ့တျဖစ္ပါတယ္။ ေကာ္တီဇုန္းဟာ ဖိအားနဲ႔ စပ္ဆက္တဲ့ ေဟာ္မုန္းဓာတ္ျဖစ္ၿပီး စိတ္နဲ႔ ခႏၶာ လန္းဆန္းေစတယ္လို႔ ထင္မွတ္မွားေစတာ ျဖစ္ပါတယ္။

ခႏၶာကိုယ္အတြင္းမွာ ေကာ္တီဇုန္းဓာတ္ဟာ ေန႔စဥ္ထြက္ေလ့ရွိၿပီး မနက္ ၈-၉ နာရီအၾကား၊ ေန႔လယ္ ၁၂ နာရီဝန္းက်င္၊ ညေန ၅း၃၀ - ၆း၃၀ နာရီအၾကားမွာ ပံုမွန္ထြက္ေလ့ရွိတယ္လို႔ ဆိုပါတယ္။ အဲဒီအခ်ိန္ေတြမွာ ေကာ္ဖီလံုးဝမေသာက္သင့္ဘူးလို႔ အႀကံျပဳထားပါတယ္။

ေကာ္ဖီေသာက္ဖို႔ အေကာင္းဆံုးအခ်ိန္က မနက္ ၉း၃၀ နာရီဝန္းက်င္ျဖစ္ၿပီး ေန႔လယ္ ၁း၃၀ နာရီ၊ ညေန ၅း၀၀ နာရီဝန္းက်င္ေတြဟာ လည္း ေသာက္ဖို႔သင့္ေတာ္တယ္လို႔ ဆိုပါတယ္။

Credit: duwun


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Unicode Version

မနက်ခင်းမှာ ကော်ဖီသောက်တာဟာ လူသားတွေရဲ့ ကိုယ်စိတ်ကျန်းမာရေးအတွက် လုံးဝမကောင်းမွန်ကြောင်း သုတေသီတွေက ထောက်ပြလိုက်ပြန်ပါတယ်။ အထူးသဖြင့် မနက်အစောပိုင်း(အိပ်ရာထပြီးကာစ) အချိန်မှာ ကော်ဖီ မသောက်သင့်ဘူးလို့ ဆိုပါတယ်။

မနက်နိုးတာနဲ့ ကော်ဖီသောက်ခြင်းဟာ ကော်ဖီကိုစွဲလန်းသွားစေတဲ့အပြင် အခြားကျန်းမာရေး ဆိုးကျိုးလည်းရှိပါသေးတယ်။ ခန္ဓာကိုယ်အတွင်းစိတ်ကျန်းမာရေးအတွက် မကောင်းမွန်တဲ့ကော်တီဇုန်းဓာတ်တွေ  ထွက်လာစေတဲ့အတွက် ကော်ဖီကို မနက်စောစော မသောက်သင့်ဘူးလို့ ပါမောက္ခ ဒေါက်တာမီလာက Uniformed Services တက္ကသိုလ်ရဲ့ ဆွေးနွေးပွဲမှာ ထောက်ပြခဲ့တဖြစ်ပါတယ်။ ကော်တီဇုန်းဟာ ဖိအားနဲ့ စပ်ဆက်တဲ့ ဟော်မုန်းဓာတ်ဖြစ်ပြီး စိတ်နဲ့ ခန္ဓာ လန်းဆန်းစေတယ်လို့ ထင်မှတ်မှားစေတာ ဖြစ်ပါတယ်။

ခန္ဓာကိုယ်အတွင်းမှာ ကော်တီဇုန်းဓာတ်ဟာ နေ့စဉ်ထွက်လေ့ရှိပြီး မနက် ၈-၉ နာရီအကြား၊ နေ့လယ် ၁၂ နာရီဝန်းကျင်၊ ညနေ ၅း၃၀ - ၆း၃၀ နာရီအကြားမှာ ပုံမှန်ထွက်လေ့ရှိတယ်လို့ ဆိုပါတယ်။ အဲဒီအချိန်တွေမှာ ကော်ဖီလုံးဝမသောက်သင့်ဘူးလို့ အကြံပြုထားပါတယ်။

ကော်ဖီသောက်ဖို့ အကောင်းဆုံးအချိန်က မနက် ၉း၃၀ နာရီဝန်းကျင်ဖြစ်ပြီး နေ့လယ် ၁း၃၀ နာရီ၊ ညနေ ၅း၀၀ နာရီဝန်းကျင်တွေဟာ လည်း သောက်ဖို့သင့်တော်တယ်လို့ ဆိုပါတယ်။

Credit: duwun




ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top