iMyanmarHouse.com - Best Property Website for Myanmar
×

ညေစာေစာအိပ္သူေတြ ႏွလုံးျပသနာအႏၱရာယ္ ပိုမ်ားႏုိင္ေၾကာင္း ေလ့လာမႈတစ္ခုက ေဖာ္ျပပါတယ္။ ညေစာေစာ စီးစီးအိပ္ခ်င္တာ အိပ္တတ္တာက ေသြးေပါင္တက္ေနတဲ့ အသိေပးလကၡဏာတစ္ရပ္ ျဖစ္ႏိုင္ပါတယ္။ ပွ်မ္းမွ်အေနနဲ႔ အဲဒီေရာဂါအေျခအေနရိွသူေတြဟာ က်န္းမာသန္စြမ္းတဲ့ အရြယ္ေရာက္သူေတြထက္ ၁၈ မိနစ္ ပိုေစာအိပ္ၾကပါတယ္။

ေသြးတုိးေရာဂါလုိ႔လည္းသိရတဲ့ ေသြးေပါင္တက္ျခင္းက ႏွလုံးေရာဂါနဲ႔ ဦးေႏွာက္ေသြးေၾကာျပတ္မႈ အဓိက စတင္ျဖစ္ပြားေစတဲ့အရာ တစ္ခုျဖစ္ပါတယ္။ ဂ်ပန္ပညာရွင္ေတြရဲ႕ေလ့လာမႈက အရြယ္ေရာက္ျပီးသူ ၂၄၀၀ ကို ေလ့လာစစ္ေဆးျပီး ေရာမျမိဳ႕က ကမာၻ႔အၾကီးဆုံး ႏွလုံးဆုိင္ရာညီလာခံမွာ တင္ျပခဲ့ပါတယ္။

ေသြးေပါက္တက္ျခင္းက လူတစ္ေယာက္ရဲ႕ ပုံမွန္ခႏၶာကိုယ္ကို ကေမာက္ကမျဖစ္ေစကာ ေမာပန္းျပီး အိပ္မရ ျဖစ္ေစႏုိင္ပါတယ္။ ဒါမွမဟုတ္ လူနာတစ္ေယာက္ကဲ့သုိ႔ ပင္ပန္းႏြမ္းနယ္ေစတတ္ပါတယ္။ တျခားကိစၥေတြနဲ႔ လုံးမသက္ဆုိင္ဘဲ ေစာေစာအိပ္တာက ေသြးေပါင္တက္ျခင္းနဲ႔ ဆက္စပ္တယ္လုိ႔ သုေတသီ Dr Nobuo Sasaki က ဆုိပါတယ္။ ေစာစီးစြာ အိပ္တာဟာ ေသြးတိုးေရာဂါရဲ႕လကၡဏာတစ္ရပ္ ျဖစ္ႏုိင္တယ္လုိ႔လည္း လုပ္ေဖာ္ကိုင္ဖက္ျဖစ္သူ သုေတသီ Dr Ryoji Ozono က ေျပာပါတယ္။

သုိ႔ေပမယ့္ ေစာေစာအိပ္အိပ္၊ ေနာက္က်မွပဲအိပ္အိပ္ ေသြးေပါင္တက္ျခင္းကိုေတာ့ ေျပာင္းလဲေပးမွာ မဟုတ္ပါဘူး။ ယင္းေလ့လာမႈအေနျဖင့္ အမ်ဳိးသမီးေတြမွာ ဒီလုိအျဖစ္မ်ဳိးေတြ မေတြ႔ရဘူးလုိ႔ သိရပါတယ္။ ေသြးတုိးရိွသူေတြဟာ ပုံမွန္ေသြးေပါင္ခ်ိန္ရိွသူေတြထက္ အနည္းငယ္ ေစာ၍အိပ္တတ္ၾကျပီး ႏွစ္ႏွစ္ျခိဳက္ျခဳိက္ အိပ္ေပ်ာ္မႈ ပိုနည္းၾကတယ္လုိ႔ ေလ့လာမႈက ညြန္ျပထားပါတယ္။

လူေတြမွာ ကိုယ္မသိလုိက္ပဲ ေသြးတုိးေရာဂါ မၾကာခဏ ျဖစ္တတ္တာမို႔ မိမိေသြးေပါင္ကို ပုံမွန္စစ္ေဆးသင့္ပါတယ္။

Credit : Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ညစောစောအိပ်သူတွေ နှလုံးပြသနာအန္တရာယ် ပိုများနိုင်ကြောင်း လေ့လာမှုတစ်ခုက ဖော်ပြပါတယ်။ ညစောစော စီးစီးအိပ်ချင်တာ အိပ်တတ်တာက သွေးပေါင်တက်နေတဲ့ အသိပေးလက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ်။ ပျှမ်းမျှအနေနဲ့ အဲဒီရောဂါအခြေအနေရှိသူတွေဟာ ကျန်းမာသန်စွမ်းတဲ့ အရွယ်ရောက်သူတွေထက် ၁၈ မိနစ် ပိုစောအိပ်ကြပါတယ်။

သွေးတိုးရောဂါလို့လည်းသိရတဲ့ သွေးပေါင်တက်ခြင်းက နှလုံးရောဂါနဲ့ ဦးနှောက်သွေးကြောပြတ်မှု အဓိက စတင်ဖြစ်ပွားစေတဲ့အရာ တစ်ခုဖြစ်ပါတယ်။ ဂျပန်ပညာရှင်တွေရဲ့လေ့လာမှုက အရွယ်ရောက်ပြီးသူ ၂၄၀၀ ကို လေ့လာစစ်ဆေးပြီး ရောမမြို့က ကမ္ဘာ့အကြီးဆုံး နှလုံးဆိုင်ရာညီလာခံမှာ တင်ပြခဲ့ပါတယ်။

သွေးပေါက်တက်ခြင်းက လူတစ်ယောက်ရဲ့ ပုံမှန်ခန္ဓာကိုယ်ကို ကမောက်ကမဖြစ်စေကာ မောပန်းပြီး အိပ်မရ ဖြစ်စေနိုင်ပါတယ်။ ဒါမှမဟုတ် လူနာတစ်ယောက်ကဲ့သို့ ပင်ပန်းနွမ်းနယ်စေတတ်ပါတယ်။ တခြားကိစ္စတွေနဲ့ လုံးမသက်ဆိုင်ဘဲ စောစောအိပ်တာက သွေးပေါင်တက်ခြင်းနဲ့ ဆက်စပ်တယ်လို့ သုတေသီ Dr Nobuo Sasaki က ဆိုပါတယ်။ စောစီးစွာ အိပ်တာဟာ သွေးတိုးရောဂါရဲ့လက္ခဏာတစ်ရပ် ဖြစ်နိုင်တယ်လို့လည်း လုပ်ဖော်ကိုင်ဖက်ဖြစ်သူ သုတေသီ Dr Ryoji Ozono က ပြောပါတယ်။

သို့ပေမယ့် စောစောအိပ်အိပ်၊ နောက်ကျမှပဲအိပ်အိပ် သွေးပေါင်တက်ခြင်းကိုတော့ ပြောင်းလဲပေးမှာ မဟုတ်ပါဘူး။ ယင်းလေ့လာမှုအနေဖြင့် အမျိုးသမီးတွေမှာ ဒီလိုအဖြစ်မျိုးတွေ မတွေ့ရဘူးလို့ သိရပါတယ်။ သွေးတိုးရှိသူတွေဟာ ပုံမှန်သွေးပေါင်ချိန်ရှိသူတွေထက် အနည်းငယ် စော၍အိပ်တတ်ကြပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မှု ပိုနည်းကြတယ်လို့ လေ့လာမှုက ညွန်ပြထားပါတယ်။

လူတွေမှာ ကိုယ်မသိလိုက်ပဲ သွေးတိုးရောဂါ မကြာခဏ ဖြစ်တတ်တာမို့ မိမိသွေးပေါင်ကို ပုံမှန်စစ်ဆေးသင့်ပါတယ်။

Credit : Trend Myanmar




ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top