iMyanmarHouse.com - Best Property Website for Myanmar
×

ေရမ်ားမ်ား ေသာက္ေပးျခင္းက သင့္ရဲ႕ အစာေခ်လမ္းေၾကာင္းကို က်န္းမာေစၿပီး အစာေခ်စနစ္ပံုမွန္ အလုပ္လုပ္ႏိုင္ေအာင္ ကူညီေပးႏိုင္ေၾကာင္း အားလံုးသိၿပီးသားျဖစ္ပါတယ္။ လူေတြမွာ အေတြ႔ရအမ်ားဆံုး က်န္းမာေရးျပႆနာကိုဆိုရင္ ၀မ္းခ်ဳပ္တဲ့ ျပႆနာလို႔ ဆိုႏိုင္ပါတယ္။ ၀မ္းခ်ဳပ္ရျခင္းအေၾကာင္းရင္းကေတာ့  အစာအိမ္နဲ႔ အူလမ္းေၾကာင္းတစ္ေလွ်ာက္ လႈပ္ရွားမႈမရွိျခင္းေၾကာင့္ ျဖစ္ပါတယ္။

အျခားေသာ က်န္းမာေရး ခ်ဳိ႕ယြင္းမႈမ်ားေၾကာင့္လည္း ၀မ္းခ်ဳပ္ႏိုင္သလို ခႏၶာ
ကိုယ္ထဲမွာ ေရဓာတ္လံုေလာက္မႈ မရွိျခင္းေၾကာင့္ ၀မ္းခ်ဳပ္တာကေတာ့ အျဖစ္အမ်ားဆံုး ျပႆနာတစ္ခုျဖစ္ပါတယ္။

နံနက္ေစာေစာ ဘာမွ မစားခင္မွာ ေရေသာက္ေပးျခင္းက အစာေခ်လမ္းေၾကာင္းရဲ႕ က်န္းမာေရးကို ေကာင္းမြန္ေစႏိုင္တာကို သင္ သိထားၿပီး ျဖစ္မွာပါ။ အဆိုပါ ေရေနရာမွာ ေရေႏြးတစ္ခြက္ကိုလည္း အစားထိုးေသာက္ေပးႏိုင္ပါတယ္။ နံနက္ေစာေစာပိုင္းမွာ ေရေႏြး တစ္ခြက္ေသာက္ေပးမယ္ဆိုရင္ သင္အိပ္စက္ေနစဥ္ ရပ္တန္႔သလိုျဖစ္ေနတဲ့ အစာေခ်လမ္းေၾကာင္းကို လႈံ႔ေဆာ္မႈျဖစ္ေစၿပီး အစာေဟာင္းေတြ လြယ္လြယ္ကူကူ ေရြ႕သြားေစဖို႔ အေထာက္အကူအမ်ားႀကီး ျဖစ္ေစပါတယ္။

အစားစားၿပီးၿပီးခ်င္း ေရခဲေရ ေသာက္သံုးျခင္းကေတာ့ က်န္းမာေရး႐ႈေထာင့္အရ မသင့္ေတာ္ဘူးလို႔ ဆိုရမွာပါ။ သင္စားေသာက္လိုက္တဲ့ အစားအေသာက္မ်ားမွာ ပါ၀င္ေနတဲ့ အဆီေတြဟာ ေရခဲေရေၾကာင့္ ခဲသြားႏိုင္သလို အစားအစာမ်ားကိုလည္း အလြယ္တကူမေၾကညက္ႏိုင္တဲ့ အေနအထားမ်ဳိး ေရာက္ရွိသြားေစႏိုင္တာေၾကာင့္ ျဖစ္ပါတယ္။ ဒါေၾကာင့္ အစားစာၿပီး ေနာက္ပိုင္းမွာလည္း ေရခဲေရထက္ ေရေႏြးတစ္ခြက္ ပိုေျပာင္းလဲေသာက္သံုးၾကည့္ပါလို႔ ပညာရွင္ေတြ အၾကံျပဳထားပါတယ္။ အကယ္၍ ေရေႏြခ်ည္း သီးသန္႔က သင့္အတြက္ေသာက္ရတာ မလြယ္ကူဘူးဆိုရင္ လက္ဖက္ေျခာက္ေလး ခတ္ၿပီးလည္း ေသာက္ႏိုင္ပါ ေသးတယ္။

Credit: people magazine

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ရေများများ သောက်ပေးခြင်းက သင့်ရဲ့ အစာချေလမ်းကြောင်းကို ကျန်းမာစေပြီး အစာချေစနစ်ပုံမှန် အလုပ်လုပ်နိုင်အောင် ကူညီပေးနိုင်ကြောင်း အားလုံးသိပြီးသားဖြစ်ပါတယ်။ လူတွေမှာ အတွေ့ရအများဆုံး ကျန်းမာရေးပြဿနာကိုဆိုရင် ဝမ်းချုပ်တဲ့ ပြဿနာလို့ ဆိုနိုင်ပါတယ်။ ဝမ်းချုပ်ရခြင်းအကြောင်းရင်းကတော့  အစာအိမ်နဲ့ အူလမ်းကြောင်းတစ်လျှောက် လှုပ်ရှားမှုမရှိခြင်းကြောင့် ဖြစ်ပါတယ်။

အခြားသော ကျန်းမာရေး ချို့ယွင်းမှုများကြောင့်လည်း ဝမ်းချုပ်နိုင်သလို ခန္ဓာ
ကိုယ်ထဲမှာ ရေဓာတ်လုံလောက်မှု မရှိခြင်းကြောင့် ဝမ်းချုပ်တာကတော့ အဖြစ်အများဆုံး ပြဿနာတစ်ခုဖြစ်ပါတယ်။

နံနက်စောစော ဘာမှ မစားခင်မှာ ရေသောက်ပေးခြင်းက အစာချေလမ်းကြောင်းရဲ့ ကျန်းမာရေးကို ကောင်းမွန်စေနိုင်တာကို သင် သိထားပြီး ဖြစ်မှာပါ။ အဆိုပါ ရေနေရာမှာ ရေနွေးတစ်ခွက်ကိုလည်း အစားထိုးသောက်ပေးနိုင်ပါတယ်။ နံနက်စောစောပိုင်းမှာ ရေနွေး တစ်ခွက်သောက်ပေးမယ်ဆိုရင် သင်အိပ်စက်နေစဉ် ရပ်တန့်သလိုဖြစ်နေတဲ့ အစာချေလမ်းကြောင်းကို လှုံ့ဆော်မှုဖြစ်စေပြီး အစာဟောင်းတွေ လွယ်လွယ်ကူကူ ရွေ့သွားစေဖို့ အထောက်အကူအများကြီး ဖြစ်စေပါတယ်။

အစားစားပြီးပြီးချင်း ရေခဲရေ သောက်သုံးခြင်းကတော့ ကျန်းမာရေးရှုထောင့်အရ မသင့်တော်ဘူးလို့ ဆိုရမှာပါ။ သင်စားသောက်လိုက်တဲ့ အစားအသောက်များမှာ ပါဝင်နေတဲ့ အဆီတွေဟာ ရေခဲရေကြောင့် ခဲသွားနိုင်သလို အစားအစာများကိုလည်း အလွယ်တကူမကြေညက်နိုင်တဲ့ အနေအထားမျိုး ရောက်ရှိသွားစေနိုင်တာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် အစားစာပြီး နောက်ပိုင်းမှာလည်း ရေခဲရေထက် ရေနွေးတစ်ခွက် ပိုပြောင်းလဲသောက်သုံးကြည့်ပါလို့ ပညာရှင်တွေ အကြံပြုထားပါတယ်။ အကယ်၍ ရေနွေချည်း သီးသန့်က သင့်အတွက်သောက်ရတာ မလွယ်ကူဘူးဆိုရင် လက်ဖက်ခြောက်လေး ခတ်ပြီးလည်း သောက်နိုင်ပါ သေးတယ်။

Credit: people magazine

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top