iMyanmarHouse.com - Best Property Website for Myanmar
×

ကေလးမ်ားႏွင့္ မိသားစုမ်ားအတြက္ ႐ုပ္ရွင္ျဖစ္သည့္ Voyage of Timeမွတ္တမ္းတင္ ႐ုပ္ရွင္တြင္ ေနာက္ခံစကားေျပာ ပါဝင္ထား သည့္ဘရက္ပစ္က ႐ုပ္ရွင္အထူးပြဲ သို႔ မတက္ေရာက္ႏုိင္သည့္အေပၚ ေၾကညာခ်က္တစ္ေစာင္ ထုတ္ျပန္ရာတြင္ ၎၏ အိမ္ေထာင္ေရး အေျခအေနကို ထည့္သြင္းေျပာ ၾကားခဲ့သည္။

ဒါ႐ိုက္တာရင့္စ္မာလစ္၏ Voyage of Time ႐ုပ္ရွင္ကား သည္ မယံုႏုိင္ေလာက္ေအာင္ လွပထူးျခားသည့္ IMAX အမ်ဳိး အစား စမ္းသပ္ဆဲ႐ုပ္ရွင္ျဖစ္ၿပီး ေမြးဖြားခ်ိန္ျဖစ္ရပ္မ်ားကို ေဖာ္ျပ ေသာ ကေလးမ်ားႏွင့္ မိသားစု မ်ားအတြက္ ႐ုပ္ရွင္ျဖစ္ေၾကာင္း၊ ယင္းကဲ့သို႔ စိတ္ဝင္စားစရာ ပညာေပး႐ုပ္ရွင္တြင္ တစ္စိတ္ တစ္ပိုင္း ပါဝင္ခြင့္ရျခင္းအတြက္ မိမိ အလြန္ေက်းဇူးတင္မိေသာ္ လည္း လက္ရွိတြင္ မိသားစု အေျခအေနကို အာ႐ံုစိုက္ေနရ ေသာေၾကာင့္ ယခု႐ုပ္ရွင္ကား အေပၚ အာ႐ံုစိုက္ေနမႈမ်ားကို ေျပာင္းမသြားေစလိုေၾကာင္း ဘရက္ပစ္က ေၾကညာခ်က္တြင္ ေဖာ္ျပထားၿပီး ယင္းဇာတ္ကားကို ၾကည့္ရန္ လူတိုင္းကို တိုက္တြန္း ထားသည္။

အိမ္ေထာင္သက္  ၂ ႏွစ္ႏွင့္ လက္တြဲလာသည္မွာ  ၁၂ ႏွစ္ၾကာ ခဲ့ၿပီးေနာက္ အန္ဂ်လီနာဂ်ဳိလီက ကြာရွင္းမည္ဟု ေလွ်ာက္ထား သည့္သတင္း ၿပီးခဲ့ေသာသီတင္းပတ္အဂၤါေန႔က ထြက္ေပၚလာခဲ့ ၿပီးေနာက္ ဘရက္ပစ္သည္ ၎၏ ကေလးေျခာက္ဦးကို ေတြ႕ခြင့္ မရေသးေပ။

မက္ေဒါ့စ္၊ ပက္စ္၊ ဇာဟာ ရာ၊ ရွီလိုႏွင့္ အႁမႊာေလးမ်ားျဖစ္ ေသာ ေကေနာ့စ္ႏွင့္ ဗီဗီယန္နီတုိ႔ ကို တရားဝင္အုပ္ထိန္းခြင့္ အတြက္ ဂ်ဳိလီက ေတာင္းခံထား ၿပီး ဘရက္ပစ္ႏွင့္ ကေလးမ်ား ေတြ႕ဆံုခြင့္လည္း ယင္းေလွ်ာက္ ထားမႈတြင္ ပါဝင္သည္။

သို႔ေသာ္ ယခုလဆန္းပိုင္းက ပုဂၢလိကေလယာဥ္တစ္စီးေပၚ တြင္ ကေလးတစ္ဦးႏွင့္ ဘရက္ ပစ္ ပါဝင္ခဲ့သည္ဆိုေသာ ျဖစ္ရပ္ကို ေလာ့စ္အန္ဂ်လိစ္ရွိ ကေလးမ်ားႏွင့္ မိသားစုအေရးဌာနက စံုစမ္းစစ္ေဆးေနသည္။

သို႔ေသာ္  ဘရက္ပစ္က ကေလးကို မမွန္မကန္လုပ္ျခင္း မရွိဟု ေျပာၾကားေၾကာင္း သတင္းရင္းျမစ္တစ္ခုက ေျပာသည္။ ၎သည္ ကေလးငယ္မ်ား အတြက္ စိုးရိမ္ေနကာ ယခုအေျခအေနကို အတြင္းေရးကိစၥအျဖစ္ ေျဖရွင္း ျခင္းမွာ ကေလးမ်ားအတြက္ အေကာင္းဆံုးျဖစ္သည္ဟု ယူဆထားသည္။

Credit: 7 day daily


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကလေးများနှင့် မိသားစုများအတွက် ရုပ်ရှင်ဖြစ်သည့် Voyage of Timeမှတ်တမ်းတင် ရုပ်ရှင်တွင် နောက်ခံစကားပြော ပါဝင်ထား သည့်ဘရက်ပစ်က ရုပ်ရှင်အထူးပွဲ သို့ မတက်ရောက်နိုင်သည့်အပေါ် ကြေညာချက်တစ်စောင် ထုတ်ပြန်ရာတွင် ၎င်း၏ အိမ်ထောင်ရေး အခြေအနေကို ထည့်သွင်းပြော ကြားခဲ့သည်။

ဒါရိုက်တာရင့်စ်မာလစ်၏ Voyage of Time ရုပ်ရှင်ကား သည် မယုံနိုင်လောက်အောင် လှပထူးခြားသည့် IMAX အမျိုး အစား စမ်းသပ်ဆဲရုပ်ရှင်ဖြစ်ပြီး မွေးဖွားချိန်ဖြစ်ရပ်များကို ဖော်ပြ သော ကလေးများနှင့် မိသားစု များအတွက် ရုပ်ရှင်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ စိတ်ဝင်စားစရာ ပညာပေးရုပ်ရှင်တွင် တစ်စိတ် တစ်ပိုင်း ပါဝင်ခွင့်ရခြင်းအတွက် မိမိ အလွန်ကျေးဇူးတင်မိသော် လည်း လက်ရှိတွင် မိသားစု အခြေအနေကို အာရုံစိုက်နေရ သောကြောင့် ယခုရုပ်ရှင်ကား အပေါ် အာရုံစိုက်နေမှုများကို ပြောင်းမသွားစေလိုကြောင်း ဘရက်ပစ်က ကြေညာချက်တွင် ဖော်ပြထားပြီး ယင်းဇာတ်ကားကို ကြည့်ရန် လူတိုင်းကို တိုက်တွန်း ထားသည်။

အိမ်ထောင်သက်  ၂ နှစ်နှင့် လက်တွဲလာသည်မှာ  ၁၂ နှစ်ကြာ ခဲ့ပြီးနောက် အန်ဂျလီနာဂျိုလီက ကွာရှင်းမည်ဟု လျှောက်ထား သည့်သတင်း ပြီးခဲ့သောသီတင်းပတ်အင်္ဂါနေ့က ထွက်ပေါ်လာခဲ့ ပြီးနောက် ဘရက်ပစ်သည် ၎င်း၏ ကလေးခြောက်ဦးကို တွေ့ခွင့် မရသေးပေ။

မက်ဒေါ့စ်၊ ပက်စ်၊ ဇာဟာ ရာ၊ ရှီလိုနှင့် အမြွှာလေးများဖြစ် သော ကေနော့စ်နှင့် ဗီဗီယန်နီတို့ ကို တရားဝင်အုပ်ထိန်းခွင့် အတွက် ဂျိုလီက တောင်းခံထား ပြီး ဘရက်ပစ်နှင့် ကလေးများ တွေ့ဆုံခွင့်လည်း ယင်းလျှောက် ထားမှုတွင် ပါဝင်သည်။

သို့သော် ယခုလဆန်းပိုင်းက ပုဂ္ဂလိကလေယာဉ်တစ်စီးပေါ် တွင် ကလေးတစ်ဦးနှင့် ဘရက် ပစ် ပါဝင်ခဲ့သည်ဆိုသော ဖြစ်ရပ်ကို လော့စ်အန်ဂျလိစ်ရှိ ကလေးများနှင့် မိသားစုအရေးဌာနက စုံစမ်းစစ်ဆေးနေသည်။

သို့သော်  ဘရက်ပစ်က ကလေးကို မမှန်မကန်လုပ်ခြင်း မရှိဟု ပြောကြားကြောင်း သတင်းရင်းမြစ်တစ်ခုက ပြောသည်။ ၎င်းသည် ကလေးငယ်များ အတွက် စိုးရိမ်နေကာ ယခုအခြေအနေကို အတွင်းရေးကိစ္စအဖြစ် ဖြေရှင်း ခြင်းမှာ ကလေးများအတွက် အကောင်းဆုံးဖြစ်သည်ဟု ယူဆထားသည်။

Credit: 7 day daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top