iMyanmarHouse.com - Best Property Website for Myanmar
×

လူဦးေရစုစုေပါင္းရဲ႕ ၁၀-၂၀ ရာခုိင္ႏႈန္းရွိတဲ့ ဘယ္သန္ေတြမွာ ထူးျခားမႈေတြ အမ်ားၾကီးရွိပါတယ္။ ဘယ္သန္ေတြမွာ အမ်ားနဲ႔မတူတဲ့ အေလ့အက်င့္ေတြရွိသလို က်န္းမာေရးဆုိင္ရာထူးျခားမႈေတြလည္း ရွိတတ္ပါတယ္။  ဘယ္သန္ကေလးေမြးဖြားလာဖို႔အတြက္ မ်ဳိးရုိးဗီဇက ၂၅%ေလာက္ သက္ဆုိင္ပါတယ္။

အေမ၊ အေဖအပါအဝင္ အနီးစပ္ဆုံး မ်ဳိးရုိးအတြင္းမွာ ဘယ္သန္တဲ့သူရွိရင္ ဘယ္သန္ကေလးေမြးဖြားဖုိ႔ ေလးပုံတစ္ပုံေသခ်ာပါတယ္။ က်န္တဲ့ ရာခုိင္ႏႈန္းကေတာ့ ဘာေၾကာင့္ျဖစ္သလဲဆုိတာ သိပၸံပညာရွင္ေတြက ရွာေဖြဆဲျဖစ္ပါတယ္။ အဂၤလန္ႏုိင္ငံရဲ႕ ေလ့လာမႈတစ္ခုအရ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ မိခင္က စိတ္ဖိစီးမႈမ်ားရင္ သေႏၶသားက ဘယ္သန္ကေလးအျဖစ္ေမြးဖြားလာႏုိင္ဖုိ႔ အလားအလာမ်ားျပီး ေပါင္မျပည့္ဘဲ ေမြးလာတဲ့ ကေလးမ်ားဟာလည္း ဘယ္သန္ျဖစ္ႏုိင္ေခ်မ်ားပါတယ္။

၂၀၁၃ ခုႏွစ္ ေယးတကၠသိုလ္ရဲ႕ ေလ့လာမႈတစ္ခုအရ စိတ္က်န္းမာေရးျပႆနာတစ္ခုခုျဖစ္ခဲ့ရင္ ဘယ္သန္ျဖစ္ပါက ပို၍ျပင္းထန္ႏုိင္ေၾကာင္းေတြ႔ရသလို၂၀၀၇ ခုႏွစ္မွာထုတ္ေဝတဲ့ ျဗိတိသွ်ကင္ဆာဂ်ာနယ္မွာ ဘယ္သန္အမ်ဳိးသမီးေတြက အသက္အရြယ္ၾကီးရင့္လာခ်ိန္မွာလည္း ရင္သားကင္ဆာျဖစ္ႏုိင္ေခ် ပုိမ်ားပါတယ္လို႔ ဆုိထားပါတယ္္။ ဒါ့အျပင္ အိပ္မေပ်ာ္တဲ့ ေရာဂါလည္း မၾကာခဏၾကဳံေတြ႔ရႏုိင္ပါတယ္။

ဒါေပမဲ့ တကၠဆက္တကၠသိုလ္ရဲ႔ စိတ္ပညာပါေမာကၡတစ္ဦးက ဘယ္သန္ေတြက အားကစားမွာ အရမ္းထူးခၽြန္ေၾကာင္း၊ အားကစားနည္းျပေတြက ဘယ္သန္ေတြကို ေလ့က်င့္ေပးတဲ့အခါ ပိုျပီး လြယ္ကူတာကို ေတြ႔ရွိရတယ္လို႔ ဆုိပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version

လူဦးရေစုစုပေါင်းရဲ့ ၁၀-၂၀ ရာခိုင်နှုန်းရှိတဲ့ ဘယ်သန်တွေမှာ ထူးခြားမှုတွေ အများကြီးရှိပါတယ်။ ဘယ်သန်တွေမှာ အများနဲ့မတူတဲ့ အလေ့အကျင့်တွေရှိသလို ကျန်းမာရေးဆိုင်ရာထူးခြားမှုတွေလည်း ရှိတတ်ပါတယ်။  ဘယ်သန်ကလေးမွေးဖွားလာဖို့အတွက် မျိုးရိုးဗီဇက ၂၅%လောက် သက်ဆိုင်ပါတယ်။

အမေ၊ အဖေအပါအဝင် အနီးစပ်ဆုံး မျိုးရိုးအတွင်းမှာ ဘယ်သန်တဲ့သူရှိရင် ဘယ်သန်ကလေးမွေးဖွားဖို့ လေးပုံတစ်ပုံသေချာပါတယ်။ ကျန်တဲ့ ရာခိုင်နှုန်းကတော့ ဘာကြောင့်ဖြစ်သလဲဆိုတာ သိပ္ပံပညာရှင်တွေက ရှာဖွေဆဲဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံရဲ့ လေ့လာမှုတစ်ခုအရ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်က စိတ်ဖိစီးမှုများရင် သန္ဓေသားက ဘယ်သန်ကလေးအဖြစ်မွေးဖွားလာနိုင်ဖို့ အလားအလာများပြီး ပေါင်မပြည့်ဘဲ မွေးလာတဲ့ ကလေးများဟာလည်း ဘယ်သန်ဖြစ်နိုင်ချေများပါတယ်။

၂၀၁၃ ခုနှစ် ယေးတက္ကသိုလ်ရဲ့ လေ့လာမှုတစ်ခုအရ စိတ်ကျန်းမာရေးပြဿနာတစ်ခုခုဖြစ်ခဲ့ရင် ဘယ်သန်ဖြစ်ပါက ပို၍ပြင်းထန်နိုင်ကြောင်းတွေ့ရသလို၂၀၀၇ ခုနှစ်မှာထုတ်ဝေတဲ့ ဗြိတိသျှကင်ဆာဂျာနယ်မှာ ဘယ်သန်အမျိုးသမီးတွေက အသက်အရွယ်ကြီးရင့်လာချိန်မှာလည်း ရင်သားကင်ဆာဖြစ်နိုင်ချေ ပိုများပါတယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် အိပ်မပျော်တဲ့ ရောဂါလည်း မကြာခဏကြုံတွေ့ရနိုင်ပါတယ်။

ဒါပေမဲ့ တက္ကဆက်တက္ကသိုလ်ရဲ့ စိတ်ပညာပါမောက္ခတစ်ဦးက ဘယ်သန်တွေက အားကစားမှာ အရမ်းထူးချွန်ကြောင်း၊ အားကစားနည်းပြတွေက ဘယ်သန်တွေကို လေ့ကျင့်ပေးတဲ့အခါ ပိုပြီး လွယ်ကူတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top