iMyanmarHouse.com - Best Property Website for Myanmar
×

က်န္းမာေရးအတြက္ သင့္ေတာ္ၿပီး စားသံုးေပးသင့္တဲ့ အသီးအႏွံေတြနဲ႔ ဟင္းသီးဟင္းရြက္တစ္ခ်ိဳ႕ကို ေဖာ္ျပေပးခ်င္ပါတယ္။

(၁) ငရုတ္ေကာင္း

မရင့္တရင့္ ငရုတ္ေကာင္းေတြမွာ ကယ္လိုရီ (၃၂) သာပါေပမယ့္ ဗီတာမင္ စီ ၾကြယ္ဝစြာပါရိွျပီး ႏွလုံးေရာဂါျဖစ္ေစႏုိင္တဲ့ atherosclerosis ကို ခုခံကာကြယ္ေပးပါတယ္။

(၂) ဟင္းႏုႏြယ္

ဟင္းႏုႏြယ္မွာ မ်က္စိက်န္းမာေစျပီး အသက္ရြယ္ ရလာမႈေၾကာင့္ျဖစ္တ့ဲ မ်က္စိမုန္ဝါးလာမႈကို ကာကြယ္ေပးတဲ့ carotenoids ေတြ ပါဝင္ဖြဲ႔စည္းထားပါတယ္။ ၎ကို ခ်က္ျပဳတ္ေပးျခင္းျဖင့္ carotenoid ေတြ ခႏၶာကုိယ္မွ ပိုမိုစုပ္ယူေစႏိုင္ပါတယ္။

(၃) Alfalfa (လူဆန္ပဲ) ပဲပင္ေပါက္

ဒီအပင္ေလးမွာ အဆုတ္ကင္ဆာေရာဂါ ခုခံကာကြယ္ျပီး အေရျပား၊ လက္သည္းမ်ား၊ သြားဖုံး၊ သြားေတြးဂရင္း၊ အရိုးနဲ႔ သြားမ်ားကို က်န္းမာသန္စြမ္းေစတဲ့ beta-carotene ၾကြယ္ဝလုံေလာက္စြာ ပါဝင္တယ္။ ႏွလုံးေရာဂါ၊ ေသြးေၾကာပိတ္ျခင္းနဲ႔ ဆီးအိတ္ကင္ဆာေၾကာင့္ အသက္အႏၱရာယ္ေလ်ာ့နည္းေစတဲ့ ဗီတာမင္ အီး ရဲ႕ ပင္မအရင္းအျမစ္ၾကီး တစ္ခုလည္းျဖစ္ပါတယ္။

(၄) ေဂၚဖီထုပ္

ကင္ဆာေရာဂါျဖစ္ႏုိင္တဲ့ ဓာတုဓာတ္ျပဳမႈရလဒ္ေတြ ဖယ္ရွားေပးႏုိင္ျပီး ေန႔စဥ္လိုအပ္တဲ့ ဗီတာမင္ စီ ရဲ႕ ၈၀% ရာခုိင္ႏႈန္းေၾကာင့္ ႏွလုံးေရာဂါနဲ႔ မ်က္စိတိမ္စြဲေရာဂါကို တိုက္ခုိက္ဖယ္ထုတ္ေပးပါတယ္။

(၅) မုန္လာဥနီ

မီးဖုတ္ၿပီးေတာ့ပဲျဖစ္ျဖစ္ သို႔မဟုတ္ အခ်ဥ္လုပ္ၿပီးေတာ့ပဲျဖစ္ျဖစ္ မုန္လာဥနီမွာ ကင္ဆာေရာဂါခုခံတိုက္ခိုက္ေပးတဲ့ အန္တီေအာက္စီဒင္း ပမာဏအေျမာက္အျမားပါဝင္သလို မ်က္စိကာကြယ္ေပးတဲ့ လိုတိန္းဓာတ္လည္း ပါရိွပါတယ္။ အရြက္ေတြကို လည္း လြင့္မပစ္လိုက္ပါနဲ႔။ အာဟာရဓာတ္ အမ်ားဆုံးရိွတဲ့ေနရာျဖစ္ျပီး ဒါကို တျခားေသာဟင္းရြက္ေတြလို ခ်က္ျပဳတ္စားသုံးႏုိင္ပါတယ္။

Credit : Trend Myanmar

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကျန်းမာရေးအတွက် သင့်တော်ပြီး စားသုံးပေးသင့်တဲ့ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တစ်ချို့ကို ဖော်ပြပေးချင်ပါတယ်။

(၁) ငရုတ်ကောင်း

မရင့်တရင့် ငရုတ်ကောင်းတွေမှာ ကယ်လိုရီ (၃၂) သာပါပေမယ့် ဗီတာမင် စီ ကြွယ်ဝစွာပါရှိပြီး နှလုံးရောဂါဖြစ်စေနိုင်တဲ့ atherosclerosis ကို ခုခံကာကွယ်ပေးပါတယ်။

(၂) ဟင်းနုနွယ်

ဟင်းနုနွယ်မှာ မျက်စိကျန်းမာစေပြီး အသက်ရွယ် ရလာမှုကြောင့်ဖြစ်တဲ့ မျက်စိမုန်ဝါးလာမှုကို ကာကွယ်ပေးတဲ့ carotenoids တွေ ပါဝင်ဖွဲ့စည်းထားပါတယ်။ ၎င်းကို ချက်ပြုတ်ပေးခြင်းဖြင့် carotenoid တွေ ခန္ဓာကိုယ်မှ ပိုမိုစုပ်ယူစေနိုင်ပါတယ်။

(၃) Alfalfa (လူဆန်ပဲ) ပဲပင်ပေါက်

ဒီအပင်လေးမှာ အဆုတ်ကင်ဆာရောဂါ ခုခံကာကွယ်ပြီး အရေပြား၊ လက်သည်းများ၊ သွားဖုံး၊ သွားတွေးဂရင်း၊ အရိုးနဲ့ သွားများကို ကျန်းမာသန်စွမ်းစေတဲ့ beta-carotene ကြွယ်ဝလုံလောက်စွာ ပါဝင်တယ်။ နှလုံးရောဂါ၊ သွေးကြောပိတ်ခြင်းနဲ့ ဆီးအိတ်ကင်ဆာကြောင့် အသက်အန္တရာယ်လျော့နည်းစေတဲ့ ဗီတာမင် အီး ရဲ့ ပင်မအရင်းအမြစ်ကြီး တစ်ခုလည်းဖြစ်ပါတယ်။

(၄) ဂေါ်ဖီထုပ်

ကင်ဆာရောဂါဖြစ်နိုင်တဲ့ ဓာတုဓာတ်ပြုမှုရလဒ်တွေ ဖယ်ရှားပေးနိုင်ပြီး နေ့စဉ်လိုအပ်တဲ့ ဗီတာမင် စီ ရဲ့ ၈၀% ရာခိုင်နှုန်းကြောင့် နှလုံးရောဂါနဲ့ မျက်စိတိမ်စွဲရောဂါကို တိုက်ခိုက်ဖယ်ထုတ်ပေးပါတယ်။

(၅) မုန်လာဥနီ

မီးဖုတ်ပြီးတော့ပဲဖြစ်ဖြစ် သို့မဟုတ် အချဉ်လုပ်ပြီးတော့ပဲဖြစ်ဖြစ် မုန်လာဥနီမှာ ကင်ဆာရောဂါခုခံတိုက်ခိုက်ပေးတဲ့ အန်တီအောက်စီဒင်း ပမာဏအမြောက်အမြားပါဝင်သလို မျက်စိကာကွယ်ပေးတဲ့ လိုတိန်းဓာတ်လည်း ပါရှိပါတယ်။ အရွက်တွေကို လည်း လွင့်မပစ်လိုက်ပါနဲ့။ အာဟာရဓာတ် အများဆုံးရှိတဲ့နေရာဖြစ်ပြီး ဒါကို တခြားသောဟင်းရွက်တွေလို ချက်ပြုတ်စားသုံးနိုင်ပါတယ်။

Credit : Trend Myanmar



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top