iMyanmarHouse.com - Best Property Website for Myanmar
×

အိမ္ေထာင္တစ္ခုရဲ႕ အစဟာ လူႏွစ္ေယာက္ရဲ႕ ခ်စ္ျခင္း၊ လူသိရွင္ၾကားအသိေပးတဲ့ မဂၤလာပြဲနဲ႔ အစျပဳတယ္ဆိုေပမဲ့ ဒီအဆင့္ေတြဟာ လြယ္ကူတဲ့အဆင့္ေတြသာျဖစ္တယ္လို႔ ဆိုရင္ျဖင့္ ခ်စ္စ ၾကင္စ စံုတြဲမ်ားကေတာ့ လက္ခံခ်င္မွ လက္ခံ ႏိုင္ပါလိမ့္မယ္။ လက္ထပ္ၿပီးထားတဲ့ လူႏွစ္ ေယာက္ “သက္ဆံုးတိုင္ေပ်ာ္ရႊင္စြာအတူတကြျဖတ္သန္းျခင္း” ဆိုတဲ့ အပိုင္းကသာ အိမ္ေထာင္တစ္ခုရဲ႕ ခက္ခဲတဲ့ အပိုင္းျဖစ္တယ္ဆိုတာ အိမ္ ေထာင္သက္ရွည္လာေလ ပိုလက္ခံႏုိင္လာေလ ျဖစ္ပါလိမ့္မယ္။
ေအာက္မွာ ေဖာ္ျပသြားမယ့္အခ်က္ေတြက ေတာ့ သာယာခိုင္ျမဲတဲ့ အိမ္ေထာင္တစ္ခုရဲ႕လွ်ဳိ႕၀ွက္ခ်က္ေတြ ျဖစ္ပါတယ္။

၁။    တစ္ေယာက္နဲ႔ တစ္ေယာက္ အရာခပ္သိမ္းမွ်ေ၀ၾကတယ္။ အဓိကကေတာ့ ကိုယ့္ခံစားခ်က္ကို အိမ္ေထာင္ဖက္အား သိေစတယ္။ သူဘယ္လုိ ျပဳမူရင္၊ သူဘယ္လိုေျပာလိုက္ရင္ ကိုယ္ဘယ္လိုခံစားသြားရတယ္ဆိုတာကို သင့္ႏႈတ္ကဖြင့္မေျပာဘဲ တစ္ဖက္သားက လံုးေစ့ပတ္ေစ့ မသိႏိုင္ပါဘူး။

၂။    အဆိုးေတြ ၾကံဳလာတိုင္း၊ “ဒီအရာလည္းပဲ တစ္ခ်ိန္ခ်ိန္ေတာ့ ၿပီးသြားမွာပါ” လို႔ မွတ္ယူထားပါ။

၃။    ခ်စ္ျခင္းေမတၱာဟာ အဆမ်ားမ်ား တိုးပြားတတ္တဲ့ သေဘာရွိတာကို သိထားပါ။ ဆိုလိုတာက ကိုယ့္အိမ္ေထာင္ဖက္ကို ေပြ႕ဖက္ဖို႔၊ မနက္ခင္းတိုင္းအနမ္းေပးဖို႔ မေမ့ပါနဲ႔။ ဒါေတြဟာ ခုနကေျပာတဲ့ ႏွစ္ဦးၾကားက ခ်စ္ေမတၱာကို ဆပြားေစတဲ့
အျပဳအမူေတြပါ။ ဒီလိုအက်င့္ေတြကို ရပ္တန္႔ပစ္လိုက္ဖို႔လည္း အင္မတန္လြယ္ကူပါတယ္။ ဒါေပမဲ့ အဲလိုရပ္တန္႔လိုက္တာနဲ႔ သင့္ အိမ္ေထာင္ဖက္နဲ႔ သင့္ၾကားမွာ အကြာအေ၀းတစ္ခု ျခားသြားႏုိင္ပါတယ္။

၄။    ရင္ေသြးေတြ ငယ္တုန္းရြယ္တုန္းအခ်ိန္ဟာ အိမ္ေထာင္တစ္ခုအတြက္ ဖိစီးမႈေတြ ျဖစ္လာေစႏိုင္ပါတယ္။ ဒါေပမဲ့ သူတို႔ေလးေတြလည္း တစ္ေန႔မွာ ႀကီးျပင္းသြားၾကၿပီး သူတို႔လမ္းကိုေလွ်ာက္သြားၾကမွာပါ။

၅။    ကိစၥေသးေသးေလးေတြကို ဒီအတိုင္းလႊတ္ထားလုိက္ပါ။ အိမ္ေထာင္ေရးဆိုတာ ခရီးရွည္ႀကီးတစ္ခုပါ။ ပန္းကန္ေဆးတာမွာ မကူလို႔၊ အဝတ္လွမ္းတာမွာ မကူလို႔၊ ဟင္းခ်က္တာမွာ မကူလို႔ စတဲ့ ေသးေသးမႊားမႊားေတြနဲ႔ ျပႆနာအျဖစ္မခံ ပါနဲ႔။

၆။    ေရခဲေသတၱာထဲမွာ သူ႔အႀကိဳက္ေတြ အမ်ားစုျဖစ္ေအာင္ ျဖည့္ထားလိုက္ပါ။ ကိုယ့္အႀကိဳက္ ေတြခ်ည္းပဲ ျဖစ္မေနပါေစနဲ႔။

၇။    ကိုယ္ပိုင္အခ်ိန္ေလးေတြထားပါ။ သူနဲ႔ ကိုယ္ အႀကိဳက္ခ်င္းတူ၊ ၀ါသနာခ်င္းတူရင္ ျပႆနာ မဟုတ္ေပမဲ့ ကိုယ္နဲ႔သူ အႀကိဳက္ခ်င္းမတူတဲ့ အိမ္ ေထာင္ဖက္ေတြအတြက္ကေတာ့ ကိုယ္လည္း ကိုယ္တစ္ေယာက္တည္း ကိုယ္ႏွစ္သက္တာေလး ေတြ လုပ္ဖို႔ အခ်ိန္ေပးရင္၊ သူ႔ကိုလည္း သူတစ္ ေယာက္တည္း သူနွစ္သက္တာေတြလုပ္ဖို႔ အခ်ိန္ေပးလိုက္ပါ။

၈။    စိတ္ဆိုးလို႔ စကားတစ္ခြန္းမွမေျပာတာဟာ ေကာင္းတဲ့အမူအက်င့္တစ္ခုမဟုတ္ပါဘူး။ သင့္ မေက်နပ္ျခင္းေတြကို တိတ္ဆိတ္ျခင္းနဲ႔ ကုစားဖို႔မႀကိဳးစားပါနဲ႔။ ဘာကိုမေက်နပ္တာလဲဆိုတာ ဖြင့္ေျပာပါ။ ႀကိတ္မွိတ္ ၿမိဳသိပ္လိုက္ျခင္းဟာ တစ္ခ်ိန္ခ်ိန္မွာ ထေပါက္ကြဲမယ့္ အစိုင္အခဲတစ္ခုကို အစပ်ဳိးလိုက္ျခင္း ျဖစ္ပါတယ္။

၉။    နာက်င္မႈေတြကို လြယ္လြယ္ကူကူနဲ႔ပဲ သင့္ဆီက ထြက္သြားခြင့္ေပးလိုက္ပါ။ သင့္ကို စိတ္အေႏွာင့္အယွက္ေပးမယ့္ အရာေတြနဲ႔ ၾကာၾကာ မေနထိုင္ပါနဲ႔။

၁၀။    အေပးအယူလုပ္ဖို႔ မတြန္႔ဆုတ္ပါနဲ႔။ စကားလံုးက နည္းနည္းနား၀င္ဆိုးႏိုင္ပါတယ္။ ဒါေပမဲ့ အိမ္ေထာင္တစ္ခုမွာေတာ့ အေလွ်ာ့အတင္းဆိုတာ ရွိပါတယ္။ ဒီတစ္ခါ ညဘက္အျပင္ထြက္ၿပီး စားခ်င္တဲ့ ကိုယ့္ဆႏၵကို လိုက္ေလ်ာလိုက္တယ္ဆို၊ ေနာက္တစ္ခါ သူအိမ္ထဲမွာ ေအးေအးေဆးေဆး ေဘာလံုးပြဲၾကည့္ခ်င္တယ္ဆို ကိုယ္လိုက္ေလ်ာေပးဖို႔ လိုပါတယ္။

၁၁။    တစ္ေယာက္နဲ႔ တစ္ေယာက္ အေလးမထားမိတာမ်ဳိး မျဖစ္ပါေစနဲ႔။ အိမ္ေထာင္သက္တမ္း တစ္ေလွ်ာက္လံုး အခ်ိန္ကာလ ကန္႔သတ္ခ်က္ မရွိဘဲ တစ္ေယာက္ကိုတစ္ေယာက္ အေလးထားၾကရမွာပါ။

၁၂။    ဘာအထိမ္းအမွတ္မွမရွိဘဲ ကဒ္ကေလးတစ္ခု ထလုပ္လိုက္တာမ်ဳိး၊ ေနာက္ဆံုးအခ်ိန္က်မွ ခရီးတစ္ခု ထစီစဥ္လိုက္တာမ်ဳိးက ဘာမွ မဟုတ္ဘူးထင္ေပမဲ့ ႏွစ္ကိုယ္တူေလွ်ာက္ရမယ့္ ခရီးရွည္ႀကီးအတြက္ အားျဖည့္အခ်ဳိရည္ေလးေတြ ျဖစ္ပါ တယ္။

၁၃။    တစ္ဦးနဲ႔ တစ္ဦး မနာက်င္ မထိခိုက္ပါေစနဲ႔။ ဒီကမၻာေလာကႀကီးမွာ အျခားသူထက္ ပိုခ်စ္လို႔ ဒီလူကို လက္တြဲခဲ့တာ မဟုတ္လား။ ဒီေတာ့ ၾကင္ ၾကင္နာနာ ဆက္ဆံေပးပါ။

၁၄။    သည္းခံပါ။ အိမ္ေထာင္ဖက္ဆိုေပမဲ့ ႏွစ္ဦးသား ျဖတ္သန္းခဲ့တဲ့ အခ်ိန္ကာလနဲ႔ ျဖတ္သန္းခဲ့တဲ့ နည္းလမ္းေတြက မတူညီပါဘူး။ ဒါေၾကာင့္ သင့္အိမ္ေထာင္ေရး ဟန္ခ်က္ညီညီနဲ႔ သက္ဆံုးတိုင္ခိုင္ျမဲဖို႔ အမ်ားႀကီး ညႇိယူရမွာပါ။

၁၅။    အိမ္ေထာင္သက္တမ္းတစ္ေလွ်ာက္မွာ စိတ္ခ်မ္းေျမ့စရာေတြျဖစ္လာခဲ့ရင္ အိမ္ေထာင္ဖက္ကို စိတ္ပါလက္ပါေလး ခ်ီးက်ဴးဂုဏ္ျပဳေပးပါ။

၁၆။    ၀ါသနာမတူ အႀကိဳက္မတူခဲ့ရင္ေတာင္ အတူတကြ လုပ္ႏိုင္မယ့္ ကိစၥေလးေတြ စဥ္းစားလုပ္ေဆာင္ၾကည့္ပါ။ စက္ဘီး တူတူစီးတာတို႔၊ လမ္းတူတူေလွ်ာက္တာတို႔၊ ပန္းပင္တူတူ စိုက္တာတို႔ကို ႀကိဳးစားၾကည့္ႏုိင္ပါတယ္။ ႏွစ္ဦးသားအတူ အလုပ္တစ္ခုလုပ္ရင္း အခ်ိန္ျဖဳန္းတာက ႏွစ္ဦးၾကားက ႀကိဳးကို ပိုၿပီး ခိုင္မာေစပါတယ္။

၁၇။    ကိုယ္ျဖစ္ခ်င္တာကိုေျပာဖို႔ ႏႈတ္မတြန္႔ပါ နဲ႔။ သင့္အိမ္ေထာင္ဖက္ေတြက စိတ္ဖတ္ဆရာေတြ မဟုတ္ၾကပါဘူး။ သင္ ဘယ္လိုအခ်ိန္မွာ အထီးက်န္တာလဲ၊ သူတို႔နဲ႔ ညဘက္အျပင္ထြက္ ခ်င္တာလား၊ တစ္ရက္ေလာက္ေတာ့ သူမပါဘဲ ကိုယ္တစ္ေယာက္တည္း ျဖတ္သန္းခ်င္တာလား စသျဖင့္ ကိုယ့္လိုအပ္ခ်က္ေတြကို ေျပာျပတတ္တဲ့ အက်င့္ေလးလုပ္ထားပါ။

၁၈။    ညဘက္ အပ်င္းေျပ ဟိုသြားဒီသြားေလး လည္း မၾကာခဏလုပ္သင့္ပါတယ္။ ကေလးေတြရွိလာရင္လည္း သူတို႔ကို ေခၚတဲ့အခါေခၚ၊ မေခၚတဲ့အခါလည္း ကိုယ္ေတြ ႏွစ္ေယာက္တည္း စိတ္ေအးလက္ေအး ညေနခင္းေလးေတြ ဖန္တီးယူသင့္ပါတယ္။ ဘယ္ေလာက္အလုပ္မ်ားမ်ား၊ ဘယ္ေလာက္ပင္ပန္းပင္ပန္း၊ ဘတ္ဂ်က္ဘယ္ေလာက္နည္းနည္း တစ္လ တစ္ခါ ျဖစ္ျဖစ္၊ ႏွစ္လ တစ္ခါ ျဖစ္ျဖစ္ အခ်ိန္ယူျဖစ္ေအာင္ယူပါ။

၁၉။    အနာဂတ္အတြက္ အစီအစဥ္ေတြကို ႏွစ္ဦးသားတိုင္ပင္ၿပီး ေငြေၾကးကိုအတူတကြ စုေဆာင္းတာမ်ိဳးလည္း လုပ္ပါ။ အဲဒီ့လို အတူတကြ စီစဥ္ထားတဲ့ အိပ္မက္ေတြ ျဖစ္လာခဲ့ရင္ သိပ္ၾကည္ႏူးစရာ ေကာင္းပါတယ္။

၂၀။    လက္ေဆာင္ေသးေသးေလးနဲ႔ ျဖစ္ျဖစ္၊ စာသားတိုေလးေတြနဲ႔ျဖစ္ျဖစ္၊ သူႀကိဳက္တဲ့အစားအစာေလးနဲ႔ျဖစ္ျဖစ္၊ သူသြားခ်င္တဲ့ ေနရာတစ္ခုကိုေရာက္ေအာင္ စီစဥ္ေပးတာျဖစ္ျဖစ္ တစ္ခုခုနဲ႔ အံ့အားသင့္၀မ္းသာသြားေအာင္လုပ္ေပးပါ။ ဒီလိုလုပ္ေပးျခင္းအားျဖင့္ ကိုယ့္အိမ္ေထာင္ဖက္ဟာ ကိုယ့္ကို အခုထိ ခ်စ္ေနေသးေၾကာင္းကို တစ္နည္းတစ္ဖံုအားျဖင့္ သိရွိေစသလို၊ သူ႔ခ်စ္ျခင္းကိုလည္း ကိုယ္ခံစားလို႔ရႏိုင္တဲ့ အမူအက်င့္ေလးေတြပါ။

၂၁။    ကိုယ့္အိမ္ေထာင္ဖက္က ကိုယ့္အတြက္ အထူးအစီအစဥ္ေလး၊ အားစိုက္ဖန္တီးတာေလးေတြရခဲ့ရင္ ကိုယ္ကလည္း ေက်းဇူးတင္ေၾကာင္းေျပာဖို႔ မေမ့ပါနဲ႔။ ဒီစကားဟာ သူတို႔အတြက္ အေမာေျပေ စတဲ့ေဆးေလးတစ္ခြက္ပါ။

၂၂။    အိမ္ေထာင္ဖက္ရဲ႕ လုပ္ႏိုင္စြမ္းေတြကို တစ္ဖက္တစ္လမ္းက ေထာက္ကူေပးတဲ့အျပင္ သူ႔အိပ္မက္ေတြျဖစ္လာေအာင္ ကိုယ္တတ္ႏိုင္တဲ့ ဘက္က ပံ့ပိုးေပးပါ။

၂၃။    ကိုယ့္အိမ္ေထာင္ဖက္ကို ဘာျဖစ္တယ္၊ ညာျဖစ္တယ္ဆိုၿပီး မေ၀ဖန္ခင္ သူ႔ေနရာကေနၿပီး အျမဲစဥ္းစားပါ။ မလိုအပ္တဲ့ အျပစ္တင္မႈေတြကို တတ္ႏိုင္သမွ် မလုပ္မိပါေစနဲ႔။

၂၄။    တစ္ေယာက္နဲ႔ တစ္ေယာက္ေပ်ာ္ရႊင္ေအာင္ ဖန္တီးေပးပါ။ အရာရာတိုင္းကို ပိုက္စိပ္တိုက္ၿပီး လိုက္ေျပာမေနပါနဲ႔။

၂၅။    လင္နဲ႔မယားဆိုေတာ့ လွ်ာနဲ႔သြားေပါ့။ အႀကီးအက်ယ္ စကားမ်ားၿပီး သေဘာထားကြဲတာ၊ အႀကီးအက်ယ္ျပႆနာ ျဖစ္တာေတြလည္း အိမ္ေထာင္သက္တမ္းမွာ ရွိလာဦးမွာပါ။ ေကာင္းတဲ့ဘက္က ၾကည့္ရင္ ျပႆနာတစ္ခုကို ေက်ာ္လႊားၿပီးတိုင္း ပိုမို နားလည္ၿပီး ပိုမိုေျဖာင့္ျဖဴးတဲ့ ခ်စ္ခရီး ျဖစ္ဖို႔လိုပါ။ ဒီလိုမွမဟုတ္ဘဲ အမွားတူကိုပဲ ထပ္ခါထပ္ခါလုပ္မိေနတယ္ဆိုရင္ေတာ့ ဘာေၾကာင့္လဲဆိုတာ ေသခ်ာအေျဖရွာၾကည့္ပါ။

၂၆။    အိမ္ေထာင္ဖက္မပါဘဲ ကိုယ္ရင္းႏွီးတဲ့ သူငယ္ခ်င္း တစ္ေယာက္တေလေလာက္နဲ႔ အျပင္ထြက္လည္တတ္တဲ့ အက်င့္ေလးလည္း လုပ္ထားသင့္ပါတယ္။ ဒါက သင့္ကို တစ္နည္းတစ္ဖံု စိတ္ေျပေလ်ာ့ေစမယ့္ နည္းတစ္ခုပါ။

၂၇။    အိမ္ေထာင္ေရးခရီးရွည္ႀကီးမွာ ကိုယ္အလုပ္အကိုင္မေကာင္းျဖစ္ၿပီး ေငြေၾကးက်ပ္တည္းတဲ့ အခ်ိန္လည္း ရွိလာဦးမွာပါ။ အဲဒီ့အခ်ိန္မွာ အိမ္ေထာင္ဖက္နဲ႔ မိသားစု၀င္ေတြကို သည္းခံပါလို႔ေျပာ မယ့္အစား ကိုယ္တိုင္က ဒီအေျခအေနကို ျဖတ္သန္းသည္းခံႏိုင္ေအာင္ အရင္ဆံုးႀကိဳးစားပါ။

၂၈။    ျပႆနာတစ္ခုျဖစ္တိုင္း ငါခ်ည္းခံေနရတယ္လို႔ မေတြးပါနဲ႔။ ခ်စ္ျခင္းအျမင္နဲ႔ ၾကည့္ႏိုင္ေအာင္ႀကိဳးစားပါ။

၂၉။    အိမ္ေထာင္ဖက္ကို ယံုၾကည္ပါ။ ကိုယ္တိုင္လည္း ယံုၾကည္ရေအာင္ ေနထိုင္ျပဳမူပါ။

၃၀။ ကိုယ္ဘယ္လိုေၾကာင့္ သူ႔ကို ေမတၱာသက္ ၀င္ခဲ့ရသလဲဆိုတာ အျမဲေတြးျဖစ္ေအာင္ေတြးပါ။ သူ႔ရဲ႕ ဟာသအေျပာေလးေတြေၾကာင့္လား၊ ရည္ မွန္းခ်က္ႀကီးႀကီး ထားတတ္တာေၾကာင့္လားဆိုတာ အျမဲသတိေပးေနပါ။

၃၁။    “ခ်စ္တယ္” ဆိုတဲ့အေၾကာင္း မၾကာခဏေျပာပါ။ ကိုယ့္မ်က္စိထဲသူက ဆဲြေဆာင္မႈရွိဆဲဆို တာကိုလည္း မေမ့မေလ်ာ့ ေျပာျပပါ။

၃၂။    အိမ္ေထာင္ေရးဆိုတာ ဖန္တစ္ခြက္လို ကြဲလြယ္အက္လြယ္တဲ့အတြက္ ဂ႐ုတစိုက္နဲ႔ ထိန္းသိမ္းေစာင့္ေရွာက္ၾကရတဲ့ အမ်ဳိးပါ။ ဒါေၾကာင့္ အိမ္ေထာင္ေရးကို ႏွစ္ဦးစလံုးက တယုတယတည္ေဆာက္ၿပီး အဲဒီလို တည္ေဆာက္ႏိုင္တဲ့ အတြက္လည္း ကိုယ့္အိမ္ေထာင္ဖက္ကို အျမဲေက်းဇူးတင္ပါ။

၃၃။    လက္ရွိအခ်ိန္မွာ ေပ်ာ္ေအာင္ေနပါ။ အိမ္ တစ္လံုး၀ယ္ႏိုင္ဖို႔၊ ရင္ေသြးဘယ္ႏွေယာက္ရဖို႔စတဲ့ အေၾကာင္းအရာေတြနဲ႔ ေရာေထြးလိုက္တဲ့အခါ အိမ္ေထာင္ေရးဟာ ၾကည္ေမြ႕စရာေကာင္းခ်င္မွေကာင္းေတာ့မွာ။ ဒီေတာ့ ကိုယ္ေရာက္ေနတဲ့ အခ်ိန္အပိုင္းအျခားေလးကို အေလးထားၿပီး ေပ်ာ္ေ အာင္သာေနပါ။

Credit: people magazine

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အိမ်ထောင်တစ်ခုရဲ့ အစဟာ လူနှစ်ယောက်ရဲ့ ချစ်ခြင်း၊ လူသိရှင်ကြားအသိပေးတဲ့ မင်္ဂလာပွဲနဲ့ အစပြုတယ်ဆိုပေမဲ့ ဒီအဆင့်တွေဟာ လွယ်ကူတဲ့အဆင့်တွေသာဖြစ်တယ်လို့ ဆိုရင်ဖြင့် ချစ်စ ကြင်စ စုံတွဲများကတော့ လက်ခံချင်မှ လက်ခံ နိုင်ပါလိမ့်မယ်။ လက်ထပ်ပြီးထားတဲ့ လူနှစ် ယောက် “သက်ဆုံးတိုင်ပျော်ရွှင်စွာအတူတကွဖြတ်သန်းခြင်း” ဆိုတဲ့ အပိုင်းကသာ အိမ်ထောင်တစ်ခုရဲ့ ခက်ခဲတဲ့ အပိုင်းဖြစ်တယ်ဆိုတာ အိမ် ထောင်သက်ရှည်လာလေ ပိုလက်ခံနိုင်လာလေ ဖြစ်ပါလိမ့်မယ်။
အောက်မှာ ဖော်ပြသွားမယ့်အချက်တွေက တော့ သာယာခိုင်မြဲတဲ့ အိမ်ထောင်တစ်ခုရဲ့လျှို့ဝှက်ချက်တွေ ဖြစ်ပါတယ်။

၁။    တစ်ယောက်နဲ့ တစ်ယောက် အရာခပ်သိမ်းမျှဝေကြတယ်။ အဓိကကတော့ ကိုယ့်ခံစားချက်ကို အိမ်ထောင်ဖက်အား သိစေတယ်။ သူဘယ်လို ပြုမူရင်၊ သူဘယ်လိုပြောလိုက်ရင် ကိုယ်ဘယ်လိုခံစားသွားရတယ်ဆိုတာကို သင့်နှုတ်ကဖွင့်မပြောဘဲ တစ်ဖက်သားက လုံးစေ့ပတ်စေ့ မသိနိုင်ပါဘူး။

၂။    အဆိုးတွေ ကြုံလာတိုင်း၊ “ဒီအရာလည်းပဲ တစ်ချိန်ချိန်တော့ ပြီးသွားမှာပါ” လို့ မှတ်ယူထားပါ။

၃။    ချစ်ခြင်းမေတ္တာဟာ အဆများများ တိုးပွားတတ်တဲ့ သဘောရှိတာကို သိထားပါ။ ဆိုလိုတာက ကိုယ့်အိမ်ထောင်ဖက်ကို ပွေ့ဖက်ဖို့၊ မနက်ခင်းတိုင်းအနမ်းပေးဖို့ မမေ့ပါနဲ့။ ဒါတွေဟာ ခုနကပြောတဲ့ နှစ်ဦးကြားက ချစ်မေတ္တာကို ဆပွားစေတဲ့
အပြုအမူတွေပါ။ ဒီလိုအကျင့်တွေကို ရပ်တန့်ပစ်လိုက်ဖို့လည်း အင်မတန်လွယ်ကူပါတယ်။ ဒါပေမဲ့ အဲလိုရပ်တန့်လိုက်တာနဲ့ သင့် အိမ်ထောင်ဖက်နဲ့ သင့်ကြားမှာ အကွာအဝေးတစ်ခု ခြားသွားနိုင်ပါတယ်။

၄။    ရင်သွေးတွေ ငယ်တုန်းရွယ်တုန်းအချိန်ဟာ အိမ်ထောင်တစ်ခုအတွက် ဖိစီးမှုတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒါပေမဲ့ သူတို့လေးတွေလည်း တစ်နေ့မှာ ကြီးပြင်းသွားကြပြီး သူတို့လမ်းကိုလျှောက်သွားကြမှာပါ။

၅။    ကိစ္စသေးသေးလေးတွေကို ဒီအတိုင်းလွှတ်ထားလိုက်ပါ။ အိမ်ထောင်ရေးဆိုတာ ခရီးရှည်ကြီးတစ်ခုပါ။ ပန်းကန်ဆေးတာမှာ မကူလို့၊ အဝတ်လှမ်းတာမှာ မကူလို့၊ ဟင်းချက်တာမှာ မကူလို့ စတဲ့ သေးသေးမွှားမွှားတွေနဲ့ ပြဿနာအဖြစ်မခံ ပါနဲ့။

၆။    ရေခဲသေတ္တာထဲမှာ သူ့အကြိုက်တွေ အများစုဖြစ်အောင် ဖြည့်ထားလိုက်ပါ။ ကိုယ့်အကြိုက် တွေချည်းပဲ ဖြစ်မနေပါစေနဲ့။

၇။    ကိုယ်ပိုင်အချိန်လေးတွေထားပါ။ သူနဲ့ ကိုယ် အကြိုက်ချင်းတူ၊ ဝါသနာချင်းတူရင် ပြဿနာ မဟုတ်ပေမဲ့ ကိုယ်နဲ့သူ အကြိုက်ချင်းမတူတဲ့ အိမ် ထောင်ဖက်တွေအတွက်ကတော့ ကိုယ်လည်း ကိုယ်တစ်ယောက်တည်း ကိုယ်နှစ်သက်တာလေး တွေ လုပ်ဖို့ အချိန်ပေးရင်၊ သူ့ကိုလည်း သူတစ် ယောက်တည်း သူနှစ်သက်တာတွေလုပ်ဖို့ အချိန်ပေးလိုက်ပါ။

၈။    စိတ်ဆိုးလို့ စကားတစ်ခွန်းမှမပြောတာဟာ ကောင်းတဲ့အမူအကျင့်တစ်ခုမဟုတ်ပါဘူး။ သင့် မကျေနပ်ခြင်းတွေကို တိတ်ဆိတ်ခြင်းနဲ့ ကုစားဖို့မကြိုးစားပါနဲ့။ ဘာကိုမကျေနပ်တာလဲဆိုတာ ဖွင့်ပြောပါ။ ကြိတ်မှိတ် မြိုသိပ်လိုက်ခြင်းဟာ တစ်ချိန်ချိန်မှာ ထပေါက်ကွဲမယ့် အစိုင်အခဲတစ်ခုကို အစပျိုးလိုက်ခြင်း ဖြစ်ပါတယ်။

၉။    နာကျင်မှုတွေကို လွယ်လွယ်ကူကူနဲ့ပဲ သင့်ဆီက ထွက်သွားခွင့်ပေးလိုက်ပါ။ သင့်ကို စိတ်အနှောင့်အယှက်ပေးမယ့် အရာတွေနဲ့ ကြာကြာ မနေထိုင်ပါနဲ့။

၁၀။    အပေးအယူလုပ်ဖို့ မတွန့်ဆုတ်ပါနဲ့။ စကားလုံးက နည်းနည်းနားဝင်ဆိုးနိုင်ပါတယ်။ ဒါပေမဲ့ အိမ်ထောင်တစ်ခုမှာတော့ အလျှော့အတင်းဆိုတာ ရှိပါတယ်။ ဒီတစ်ခါ ညဘက်အပြင်ထွက်ပြီး စားချင်တဲ့ ကိုယ့်ဆန္ဒကို လိုက်လျောလိုက်တယ်ဆို၊ နောက်တစ်ခါ သူအိမ်ထဲမှာ အေးအေးဆေးဆေး ဘောလုံးပွဲကြည့်ချင်တယ်ဆို ကိုယ်လိုက်လျောပေးဖို့ လိုပါတယ်။

၁၁။    တစ်ယောက်နဲ့ တစ်ယောက် အလေးမထားမိတာမျိုး မဖြစ်ပါစေနဲ့။ အိမ်ထောင်သက်တမ်း တစ်လျှောက်လုံး အချိန်ကာလ ကန့်သတ်ချက် မရှိဘဲ တစ်ယောက်ကိုတစ်ယောက် အလေးထားကြရမှာပါ။

၁၂။    ဘာအထိမ်းအမှတ်မှမရှိဘဲ ကဒ်ကလေးတစ်ခု ထလုပ်လိုက်တာမျိုး၊ နောက်ဆုံးအချိန်ကျမှ ခရီးတစ်ခု ထစီစဉ်လိုက်တာမျိုးက ဘာမှ မဟုတ်ဘူးထင်ပေမဲ့ နှစ်ကိုယ်တူလျှောက်ရမယ့် ခရီးရှည်ကြီးအတွက် အားဖြည့်အချိုရည်လေးတွေ ဖြစ်ပါ တယ်။

၁၃။    တစ်ဦးနဲ့ တစ်ဦး မနာကျင် မထိခိုက်ပါစေနဲ့။ ဒီကမ္ဘာလောကကြီးမှာ အခြားသူထက် ပိုချစ်လို့ ဒီလူကို လက်တွဲခဲ့တာ မဟုတ်လား။ ဒီတော့ ကြင် ကြင်နာနာ ဆက်ဆံပေးပါ။

၁၄။    သည်းခံပါ။ အိမ်ထောင်ဖက်ဆိုပေမဲ့ နှစ်ဦးသား ဖြတ်သန်းခဲ့တဲ့ အချိန်ကာလနဲ့ ဖြတ်သန်းခဲ့တဲ့ နည်းလမ်းတွေက မတူညီပါဘူး။ ဒါကြောင့် သင့်အိမ်ထောင်ရေး ဟန်ချက်ညီညီနဲ့ သက်ဆုံးတိုင်ခိုင်မြဲဖို့ အများကြီး ညှိယူရမှာပါ။

၁၅။    အိမ်ထောင်သက်တမ်းတစ်လျှောက်မှာ စိတ်ချမ်းမြေ့စရာတွေဖြစ်လာခဲ့ရင် အိမ်ထောင်ဖက်ကို စိတ်ပါလက်ပါလေး ချီးကျူးဂုဏ်ပြုပေးပါ။

၁၆။    ဝါသနာမတူ အကြိုက်မတူခဲ့ရင်တောင် အတူတကွ လုပ်နိုင်မယ့် ကိစ္စလေးတွေ စဉ်းစားလုပ်ဆောင်ကြည့်ပါ။ စက်ဘီး တူတူစီးတာတို့၊ လမ်းတူတူလျှောက်တာတို့၊ ပန်းပင်တူတူ စိုက်တာတို့ကို ကြိုးစားကြည့်နိုင်ပါတယ်။ နှစ်ဦးသားအတူ အလုပ်တစ်ခုလုပ်ရင်း အချိန်ဖြုန်းတာက နှစ်ဦးကြားက ကြိုးကို ပိုပြီး ခိုင်မာစေပါတယ်။

၁၇။    ကိုယ်ဖြစ်ချင်တာကိုပြောဖို့ နှုတ်မတွန့်ပါ နဲ့။ သင့်အိမ်ထောင်ဖက်တွေက စိတ်ဖတ်ဆရာတွေ မဟုတ်ကြပါဘူး။ သင် ဘယ်လိုအချိန်မှာ အထီးကျန်တာလဲ၊ သူတို့နဲ့ ညဘက်အပြင်ထွက် ချင်တာလား၊ တစ်ရက်လောက်တော့ သူမပါဘဲ ကိုယ်တစ်ယောက်တည်း ဖြတ်သန်းချင်တာလား စသဖြင့် ကိုယ့်လိုအပ်ချက်တွေကို ပြောပြတတ်တဲ့ အကျင့်လေးလုပ်ထားပါ။

၁၈။    ညဘက် အပျင်းပြေ ဟိုသွားဒီသွားလေး လည်း မကြာခဏလုပ်သင့်ပါတယ်။ ကလေးတွေရှိလာရင်လည်း သူတို့ကို ခေါ်တဲ့အခါခေါ်၊ မခေါ်တဲ့အခါလည်း ကိုယ်တွေ နှစ်ယောက်တည်း စိတ်အေးလက်အေး ညနေခင်းလေးတွေ ဖန်တီးယူသင့်ပါတယ်။ ဘယ်လောက်အလုပ်များများ၊ ဘယ်လောက်ပင်ပန်းပင်ပန်း၊ ဘတ်ဂျက်ဘယ်လောက်နည်းနည်း တစ်လ တစ်ခါ ဖြစ်ဖြစ်၊ နှစ်လ တစ်ခါ ဖြစ်ဖြစ် အချိန်ယူဖြစ်အောင်ယူပါ။

၁၉။    အနာဂတ်အတွက် အစီအစဉ်တွေကို နှစ်ဦးသားတိုင်ပင်ပြီး ငွေကြေးကိုအတူတကွ စုဆောင်းတာမျိုးလည်း လုပ်ပါ။ အဲဒီ့လို အတူတကွ စီစဉ်ထားတဲ့ အိပ်မက်တွေ ဖြစ်လာခဲ့ရင် သိပ်ကြည်နူးစရာ ကောင်းပါတယ်။

၂၀။    လက်ဆောင်သေးသေးလေးနဲ့ ဖြစ်ဖြစ်၊ စာသားတိုလေးတွေနဲ့ဖြစ်ဖြစ်၊ သူကြိုက်တဲ့အစားအစာလေးနဲ့ဖြစ်ဖြစ်၊ သူသွားချင်တဲ့ နေရာတစ်ခုကိုရောက်အောင် စီစဉ်ပေးတာဖြစ်ဖြစ် တစ်ခုခုနဲ့ အံ့အားသင့်ဝမ်းသာသွားအောင်လုပ်ပေးပါ။ ဒီလိုလုပ်ပေးခြင်းအားဖြင့် ကိုယ့်အိမ်ထောင်ဖက်ဟာ ကိုယ့်ကို အခုထိ ချစ်နေသေးကြောင်းကို တစ်နည်းတစ်ဖုံအားဖြင့် သိရှိစေသလို၊ သူ့ချစ်ခြင်းကိုလည်း ကိုယ်ခံစားလို့ရနိုင်တဲ့ အမူအကျင့်လေးတွေပါ။

၂၁။    ကိုယ့်အိမ်ထောင်ဖက်က ကိုယ့်အတွက် အထူးအစီအစဉ်လေး၊ အားစိုက်ဖန်တီးတာလေးတွေရခဲ့ရင် ကိုယ်ကလည်း ကျေးဇူးတင်ကြောင်းပြောဖို့ မမေ့ပါနဲ့။ ဒီစကားဟာ သူတို့အတွက် အမောပြေေ စတဲ့ဆေးလေးတစ်ခွက်ပါ။

၂၂။    အိမ်ထောင်ဖက်ရဲ့ လုပ်နိုင်စွမ်းတွေကို တစ်ဖက်တစ်လမ်းက ထောက်ကူပေးတဲ့အပြင် သူ့အိပ်မက်တွေဖြစ်လာအောင် ကိုယ်တတ်နိုင်တဲ့ ဘက်က ပံ့ပိုးပေးပါ။

၂၃။    ကိုယ့်အိမ်ထောင်ဖက်ကို ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီး မဝေဖန်ခင် သူ့နေရာကနေပြီး အမြဲစဉ်းစားပါ။ မလိုအပ်တဲ့ အပြစ်တင်မှုတွေကို တတ်နိုင်သမျှ မလုပ်မိပါစေနဲ့။

၂၄။    တစ်ယောက်နဲ့ တစ်ယောက်ပျော်ရွှင်အောင် ဖန်တီးပေးပါ။ အရာရာတိုင်းကို ပိုက်စိပ်တိုက်ပြီး လိုက်ပြောမနေပါနဲ့။

၂၅။    လင်နဲ့မယားဆိုတော့ လျှာနဲ့သွားပေါ့။ အကြီးအကျယ် စကားများပြီး သဘောထားကွဲတာ၊ အကြီးအကျယ်ပြဿနာ ဖြစ်တာတွေလည်း အိမ်ထောင်သက်တမ်းမှာ ရှိလာဦးမှာပါ။ ကောင်းတဲ့ဘက်က ကြည့်ရင် ပြဿနာတစ်ခုကို ကျော်လွှားပြီးတိုင်း ပိုမို နားလည်ပြီး ပိုမိုဖြောင့်ဖြူးတဲ့ ချစ်ခရီး ဖြစ်ဖို့လိုပါ။ ဒီလိုမှမဟုတ်ဘဲ အမှားတူကိုပဲ ထပ်ခါထပ်ခါလုပ်မိနေတယ်ဆိုရင်တော့ ဘာကြောင့်လဲဆိုတာ သေချာအဖြေရှာကြည့်ပါ။

၂၆။    အိမ်ထောင်ဖက်မပါဘဲ ကိုယ်ရင်းနှီးတဲ့ သူငယ်ချင်း တစ်ယောက်တလေလောက်နဲ့ အပြင်ထွက်လည်တတ်တဲ့ အကျင့်လေးလည်း လုပ်ထားသင့်ပါတယ်။ ဒါက သင့်ကို တစ်နည်းတစ်ဖုံ စိတ်ပြေလျော့စေမယ့် နည်းတစ်ခုပါ။

၂၇။    အိမ်ထောင်ရေးခရီးရှည်ကြီးမှာ ကိုယ်အလုပ်အကိုင်မကောင်းဖြစ်ပြီး ငွေကြေးကျပ်တည်းတဲ့ အချိန်လည်း ရှိလာဦးမှာပါ။ အဲဒီ့အချိန်မှာ အိမ်ထောင်ဖက်နဲ့ မိသားစုဝင်တွေကို သည်းခံပါလို့ပြော မယ့်အစား ကိုယ်တိုင်က ဒီအခြေအနေကို ဖြတ်သန်းသည်းခံနိုင်အောင် အရင်ဆုံးကြိုးစားပါ။

၂၈။    ပြဿနာတစ်ခုဖြစ်တိုင်း ငါချည်းခံနေရတယ်လို့ မတွေးပါနဲ့။ ချစ်ခြင်းအမြင်နဲ့ ကြည့်နိုင်အောင်ကြိုးစားပါ။

၂၉။    အိမ်ထောင်ဖက်ကို ယုံကြည်ပါ။ ကိုယ်တိုင်လည်း ယုံကြည်ရအောင် နေထိုင်ပြုမူပါ။

၃၀။ ကိုယ်ဘယ်လိုကြောင့် သူ့ကို မေတ္တာသက် ဝင်ခဲ့ရသလဲဆိုတာ အမြဲတွေးဖြစ်အောင်တွေးပါ။ သူ့ရဲ့ ဟာသအပြောလေးတွေကြောင့်လား၊ ရည် မှန်းချက်ကြီးကြီး ထားတတ်တာကြောင့်လားဆိုတာ အမြဲသတိပေးနေပါ။

၃၁။    “ချစ်တယ်” ဆိုတဲ့အကြောင်း မကြာခဏပြောပါ။ ကိုယ့်မျက်စိထဲသူက ဆွဲဆောင်မှုရှိဆဲဆို တာကိုလည်း မမေ့မလျော့ ပြောပြပါ။

၃၂။    အိမ်ထောင်ရေးဆိုတာ ဖန်တစ်ခွက်လို ကွဲလွယ်အက်လွယ်တဲ့အတွက် ဂရုတစိုက်နဲ့ ထိန်းသိမ်းစောင့်ရှောက်ကြရတဲ့ အမျိုးပါ။ ဒါကြောင့် အိမ်ထောင်ရေးကို နှစ်ဦးစလုံးက တယုတယတည်ဆောက်ပြီး အဲဒီလို တည်ဆောက်နိုင်တဲ့ အတွက်လည်း ကိုယ့်အိမ်ထောင်ဖက်ကို အမြဲကျေးဇူးတင်ပါ။

၃၃။    လက်ရှိအချိန်မှာ ပျော်အောင်နေပါ။ အိမ် တစ်လုံးဝယ်နိုင်ဖို့၊ ရင်သွေးဘယ်နှယောက်ရဖို့စတဲ့ အကြောင်းအရာတွေနဲ့ ရောထွေးလိုက်တဲ့အခါ အိမ်ထောင်ရေးဟာ ကြည်မွေ့စရာကောင်းချင်မှကောင်းတော့မှာ။ ဒီတော့ ကိုယ်ရောက်နေတဲ့ အချိန်အပိုင်းအခြားလေးကို အလေးထားပြီး ပျော်ေ အာင်သာနေပါ။

Credit: people magazine

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top