iMyanmarHouse.com - Best Property Website for Myanmar
×

လူေတြဟာ အသက္ႀကီးလို႔ ရင့္က်က္တာမဟုတ္သလို အသက္ငယ္လို႔ မရင့္က်က္တာလည္း မဟုတ္ပါဘူး။ ဘဝရဲ႕စိန္ေခၚမႈကို အႀကိမ္ႀကိမ္ရင္ဆိုင္ရဲၿပီး ႀကံဳေတြ႔ရတဲ့အခက္အခဲကို ေျဖရွင္းေက်ာ္လႊားႏိုင္ရင္ ရင့္က်က္တဲ့လမ္း၊ ေအာင္ျမင္တဲ့လမ္းဆီကို ေလွ်ာက္လွမ္းႏိုင္ပါတယ္။ ေပးဆပ္ဖို႔လဲမဝံ့၊ ေစာင့္ေမွ်ာ္ဖို႔လဲမလုပ္ဘဲ လြယ္လြယ္ေျပာ၊ လြယ္လြယ္လက္လြတ္တတ္သူက ဘယ္ေတာ့မွ ေအာင္ျမင္တဲ့လမ္းဆီ မေရာက္ႏိုင္ပါဘူး။ ရင့္က်က္သူမွာမရွိသင့္တဲ့ လကၡဏာရပ္မ်ား ---

(၁) ခ်က္ခ်င္းတုန္႔ျပန္တယ္၊ ဆင္းရဲသားစိတ္ထားရွိတယ္။
 (i) အခြင့္အေရးတစ္ခုနဲ႔ ႀကံဳေတြ႔တိုင္း သူတို႔ေတြ႔တာက အခြင့္အေရးထဲက အခက္အခဲကိုျဖစ္တယ္။ ဒါေၾကာင့္ "No"လို႔ ခ်က္ခ်င္းျငင္းဆန္တတ္သူျဖစ္တယ္။
(ii) ဆင္းရဲသားစိတ္ထားလိုမ်ဳိး ေန႔ခ်င္းညခ်င္း ႀကီးပြားခ်င္ၾကတယ္။ အလြယ္တကူရတဲ့အရာက တန္ဖိုးရွိတဲ့အရာ မဟုတ္သလို တန္ဖိုးရွိတဲ့အရာကလည္း အလြယ္တကူ မရႏိုင္ပါဘူး။ အိုလံပစ္ ေရႊတံဆိပ္ပိုင္ရွင္ေတြက တစ္ညတည္း ႀကိဳးစားခဲ့ၾကတာမဟုတ္ပါဘူး။ ၿပိဳင္ပဲြမွာ သူတို႔ရလိုက္တာက သူတို႔ ႀကိဳးစားေလ့က်င့္ခဲ့တဲ့ရလဒ္အတြက္ လူေတြရဲ႕အသိအမွတ္ျပဳျခင္းေတြျဖစ္တယ္။ "Rich Dad Business School" စာအုပ္မွာေျပာထားတာက အေမရိကန္မွာ ထီတစ္သန္းဆုေပါက္သူေတြဟာ ၅ႏွစ္ေနာက္ပိုင္းမွာ သူတို႔ရဲ႕ဘဝက အရင္ကေလာက္မေပ်ာ္ဘူးလို႔ ဆိုပါတယ္။

 (၂) (i) ကိုယ့္ဆီမွာရွိတဲ့ အေတြးအေခၚေဟာင္းေတြကို မေျပာင္းလဲခ်င္ဘူး လူလူခ်င္းၾကားမွာ အေျခခံကဲြျပားေနတဲ့အခ်က္က ေတြးေခၚနည္း ျခားနားတာပဲျဖစ္တယ္။ ေအာင္ျမင္သူျဖစ္ခ်င္ရင္ ကိုယ့္ဆီမွာရွိတဲ့ အေတြးအေခၚေဟာင္းေတြကို အရင္ဆံုးေျပာင္းလဲပစ္ရပါတယ္။ အဲဒီေနာက္ အျပဳအမူကို ေျပာင္းလဲရပါတယ္။ ကိစၥရပ္တစ္ခုေဆာင္ရြက္တဲ့အခါ အခက္အခဲ၊ အဟန္႔အတားကို သင္အရင္ဆံုးျမင္ရင္ ေအာင္ျမင္ဖို႔မေျပာနဲ႔ မျဖစ္ေျမာက္တဲ့အံ့ၾသဖြယ္ျဖစ္ရပ္မွာ သင္ပါသြားႏိုင္ပါတယ္။ ေဟာင္းတဲ့အေတြးအေခၚဆိုတာ... ခ်က္ခ်င္းတုန္႔ျပန္တာ၊ ဆင္းရဲသားစိတ္ထားရွိတာ၊ အခက္အခဲႀကံဳတာနဲ႔ ေနာက္ဆုတ္ေျပးတာ.. ေတြျဖစ္တယ္။ ႀကံ့ႀကံ့ခံတဲ့အားက အရာအားလံုးကို သိမ္းသြင္းႏိုင္ပါတယ္။ ေဟာင္းအိုတဲ့ အျပဳအမူဆိုတာ... အရက္ေသာက္တယ္၊ ဖဲရိုက္တယ္၊ အက်ဳိးမရွိတဲ့ ေျဖေဖ်ာ္မႈေတြျဖစ္တယ္။
 (ii) တျခားလူကို ေနာက္ကြယ္မွာ ေဝဖန္ကဲ့ရဲ႕ဖို႔ ႏွစ္သက္တယ္ ဒီလိုလူမ်ဳိးကို ကၽြန္ေတာ္တို႔က အားယားေနသူလို႔ တင္စားတယ္။ ဒီလိုစကားကို ကၽြန္ေတာ္တို႔ နားမေထာင္ဘူး၊ မေျပာဘူး၊ လက္ဆင့္မကမ္းဘူး။ သူေျပာဆိုေဝဖန္တဲ့စကားက မွန္တယ္ထားဦး သူ႔အတြက္လည္း ဘာေကာင္းက်ဳိးမွ မရွိပါဘူး။
 (iii) အၿမဲညည္းတြားတယ္၊ အျပဳအမူ အပ်က္ေဆာင္တယ္ လူဆိုတာ ေျခာက္ပစ္မကင္းပါဘူး။ ခၽြတ္ယြင္းခ်က္ အနည္းအမ်ားေတာ့ ရွိတတ္ၾကပါတယ္။ ကိုယ္က်င့္တရားအတြက္ မဟုတ္ဘူးဆိုရင္ သူတို႔ကို ေကာင္းတဲ့အၾကည့္နဲ႔ ကၽြန္ေတာ္တို႔ၾကည့္ဖို႔လိုတယ္။ ပိုအေရးႀကီးတာက သူ႔ရဲ႕ခၽြတ္ယြင္းခ်က္ကိုပဲ အၿမဲမၾကည့္ဖို႔ျဖစ္တယ္။ သူ႔အေပၚ ကိုယ္မေက်မနပ္ ညည္းတြားတာေတြက မွန္ခဲ့တယ္ဆိုရင္ေတာင္ မညည္းတြားသင့္ပါဘူး။ အေၾကာင္းက ေအာင္ျမင္သူေတြဟာ ဘယ္ေတာ့မွ မညည္းတြားလို႔ပါပဲ။
(iv) သင္ယူဖို႔ ျငင္းဆန္တယ္၊ ေျပာင္းလဲဖို႔ ျငင္းဆန္တယ္ ၂၁ရာစုေလာကရဲ႕ထူးျခားတဲ့ လဏၡာသံုးရပ္က ... အျမန္ႏႈန္း၊ ေျပာင္းလဲႏႈန္းနဲ႔ ကပ္ဆိုက္ႏႈန္းျဖစ္တယ္။ ကၽြန္ေတာ္တို႔ရဲ႕နည္းဗ်ဴဟာက သင္ယူမယ္၊ လုပ္ငန္းေတြကို ေျပာင္းလဲမယ္။ သင္ျမန္ျမန္သင္ယူႏိုင္ေလ သင့္ေျပာင္းလဲႏႈန္းကျမန္ေလ ေအာင္ျမင္မႈကို သင္ျမန္ျမန္ဆန္ဆန္ရေလျဖစ္တယ္။ ဒီကေန႔ေခတ္ လုပ္ငန္းေတြရဲ႕ယွဥ္ၿပိဳင္မႈက လူရဲ႕အရည္အခ်င္း ယွဥ္ၿပိဳင္မႈျဖစ္တယ္။ လူရဲ႕အရည္အခ်င္း ယွဥ္ၿပိဳင္မႈက သင္ယူျခင္းရဲ႕ယွဥ္ၿပိဳင္မႈပဲျဖစ္တယ္။ ကပ္ဆိုက္တဲ့ကာလမွာ သင္ေအာင္ျမင္ခ်င္ရင္ မ်ားမ်ားသင္ယူရတယ္။ ဒီကေန႔ေခတ္ သူေဌးသူၾကြယ္တခ်ဳိ႕ဟာ ေနာင္ ၅ႏွစ္ ၁ဝႏွစ္မွာ ၈ဝ%က ေဒဝါရီခံရကိန္းရွိတယ္။ တကယ္လို႔ သင္ေအာင္ျမင္ခ်င္ရင္ သင္ယူရမယ္၊ ေျပာင္းလဲရမယ္။

 (၃) ခံစားခ်က္ရဲ႕ အထိန္းအခ်ဳပ္ကို အၿမဲခံတယ္ ေလာကမွာျဖစ္ပ်က္ေနတဲ့ ေၾကကဲြဝမ္းနည္းျခင္းေတြ၊ ေၾကာက္ရြံ႔ျခင္းေတြဟာ လူလူခ်င္းၾကား သည္းမခံႏိုင္လို႔ ျဖစ္လာတာေတြျဖစ္တယ္။ တခ်ဳိ႕က မျဖစ္စေလာက္ကိစၥနဲ႔ ေဒါသအႀကီးအက်ယ္ထြက္တယ္။ ေပါက္ကဲြတယ္။ ေအာင္ျမင္ျခင္းအတြက္ အေျခခံအခ်က္(၅)ခ်က္မွာ တစ္အခ်က္က ကိုယ့္ခံစားခ်က္ကို ထိန္းခ်ဳပ္ႏိုင္ျခင္းျဖစ္တယ္။ ႏွစ္အခ်က္က က်န္းမာေရး။ သံုးအခ်က္က အခ်ိန္စီမံခန္႔ခဲြေရး၊ ေလးအခ်က္က ဘ႑ာစီမံခန္႔ခဲြေရး၊ ငါးအခ်က္က ေကာင္းမြန္တဲ့ လူလူခ်င္းဆက္ဆံေျပာဆိုေရးေတြျဖစ္တယ္။ ေကာင္းမြန္တဲ့ လူလူခ်င္းဆက္ဆံေျပာဆိုေရးရဲ႕ အဓိကအခ်က္(၃)ခ်က္က
 (i) တျခားသူကို ကိုယ့္ကိုယ္ကိုထက္ ပိုဂရုစိုက္တာျဖစ္တယ္။
(ii) အျပစ္မရွာဘူး၊ မညည္းတြားဘူး၊ မေဝဖန္ဘူး။ မ်ားမ်ားခ်ီးက်ဴး ခ်ီးမြမ္းတယ္၊ မ်ားမ်ားခြင့္လႊတ္နားလည္တယ္။
 (iii) နားေထာင္ေကာင္းသူ၊ ေျပာဆိုဆက္ဆံေရးေကာင္းသူ လုပ္တယ္။ ဂရုစိုက္ေဖာ္ေရြမႈက ေအးစက္လ်စ္လ်ဴရႈမႈထက္မ်ားတယ္။

 (၄) စိတ္မွန္းနဲ႔ ကိစၥရပ္ေတြကို ေဝဖန္ပိုင္းျခားတယ္၊ မွန္ကန္တဲ့ အေၾကာင္းရင္းကို အေျခမခံဘူး ကၽြန္ေတာ္တို႔ရဲ႕ေန႔စဥ္ဘဝမွာ လူေတာ္ေတာ္မ်ားမ်ားက ကိစၥရပ္ေတြကို စိတ္မွန္းနဲ႔ပဲ ေဝဖန္ပိုင္းျခားၾကတယ္။ ကၽြန္ေတာ္ထင္တာက ဒီလိုပါ။ ကၽြန္မထင္တာက ဟိုလိုပါ။ ထင္တာေျပာရရင္...

(၅) အလုပ္လုပ္ရမွာ ယံုၾကည္မႈကို အမွီမျပဳဘူး။ လူ႔အေျပာကိုပဲ အမွီျပဳတယ္ လူ႔ဘဝက ကိုယ့္အတြက္ရွင္သန္တာျဖစ္တယ္၊ သူတစ္ပါးအတြက္ ရွင္သန္တာ မဟုတ္ပါဘူး။ သူတစ္ပါးရဲ႕ပါးစပ္က သူ႔ကိုယ္ေပၚမွာရွိတဲ့အတြက္ ေျပာခ်င္ရာေျပာပါေစ။ ဂရုမစိုက္ပါနဲ႔။ လမ္းမွားညႊန္ျပၿပီး အဲဒီအမွားအတြက္ ကိုယ္တိုင္တာဝန္ယူေပးသူ မရွိပါဘူး။ တကယ့္လမ္းမွန္ကို ညြန္ျပတဲ့ ဆရာေကာင္းသမားေတြ ေပါမ်ားပါတယ္။ ဒီေလာကရဲ႕လူအုပ္စုကို ႏွစ္ဖဲြ႔ခဲြရင္ တစ္ဖက္က ၅%နဲ႔ က်န္တစ္ဖက္က ၉၅%ျဖစ္တယ္။ ၅%ေသာ ေအာင္ျမင္သူေတြက မေအာင္ျမင္ခင္မွာ လူေတြရဲ႕ကဲ့ရဲ႕ေဝဖန္တာကို ခံရတယ္။ အရူး၊ လူတံုးလူအလို႔ အေခၚခံရတယ္။ ေလဒီယိုတီထြင္ခဲ့သူဟာ အရူးလို႔စြပ္စဲြခံရၿပီး အရူးေဆးရံုအပို႔ခံခဲ့ရပါတယ္။ လူအမ်ားရဲ႕(၉၅%)ဘဝလို႔ ကၽြန္ေတာ္တို႔ မျဖတ္သန္းခ်င္ပါဘူး။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔ အေခၚခံရပါေစ၊ အေလွာင္ရယ္ခံရပါေစ ေက်နပ္ပါတယ္။


Credit:နုိင္းနုိင္းစေန ဘာသာျပန္သည္
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

လူတွေဟာ အသက်ကြီးလို့ ရင့်ကျက်တာမဟုတ်သလို အသက်ငယ်လို့ မရင့်ကျက်တာလည်း မဟုတ်ပါဘူး။ ဘဝရဲ့စိန်ခေါ်မှုကို အကြိမ်ကြိမ်ရင်ဆိုင်ရဲပြီး ကြုံတွေ့ရတဲ့အခက်အခဲကို ဖြေရှင်းကျော်လွှားနိုင်ရင် ရင့်ကျက်တဲ့လမ်း၊ အောင်မြင်တဲ့လမ်းဆီကို လျှောက်လှမ်းနိုင်ပါတယ်။ ပေးဆပ်ဖို့လဲမဝံ့၊ စောင့်မျှော်ဖို့လဲမလုပ်ဘဲ လွယ်လွယ်ပြော၊ လွယ်လွယ်လက်လွတ်တတ်သူက ဘယ်တော့မှ အောင်မြင်တဲ့လမ်းဆီ မရောက်နိုင်ပါဘူး။ ရင့်ကျက်သူမှာမရှိသင့်တဲ့ လက္ခဏာရပ်များ ---

(၁) ချက်ချင်းတုန့်ပြန်တယ်၊ ဆင်းရဲသားစိတ်ထားရှိတယ်။
 (i) အခွင့်အရေးတစ်ခုနဲ့ ကြုံတွေ့တိုင်း သူတို့တွေ့တာက အခွင့်အရေးထဲက အခက်အခဲကိုဖြစ်တယ်။ ဒါကြောင့် "No"လို့ ချက်ချင်းငြင်းဆန်တတ်သူဖြစ်တယ်။
(ii) ဆင်းရဲသားစိတ်ထားလိုမျိုး နေ့ချင်းညချင်း ကြီးပွားချင်ကြတယ်။ အလွယ်တကူရတဲ့အရာက တန်ဖိုးရှိတဲ့အရာ မဟုတ်သလို တန်ဖိုးရှိတဲ့အရာကလည်း အလွယ်တကူ မရနိုင်ပါဘူး။ အိုလံပစ် ရွှေတံဆိပ်ပိုင်ရှင်တွေက တစ်ညတည်း ကြိုးစားခဲ့ကြတာမဟုတ်ပါဘူး။ ပြိုင်ပွဲမှာ သူတို့ရလိုက်တာက သူတို့ ကြိုးစားလေ့ကျင့်ခဲ့တဲ့ရလဒ်အတွက် လူတွေရဲ့အသိအမှတ်ပြုခြင်းတွေဖြစ်တယ်။ "Rich Dad Business School" စာအုပ်မှာပြောထားတာက အမေရိကန်မှာ ထီတစ်သန်းဆုပေါက်သူတွေဟာ ၅နှစ်နောက်ပိုင်းမှာ သူတို့ရဲ့ဘဝက အရင်ကလောက်မပျော်ဘူးလို့ ဆိုပါတယ်။

 (၂) (i) ကိုယ့်ဆီမှာရှိတဲ့ အတွေးအခေါ်ဟောင်းတွေကို မပြောင်းလဲချင်ဘူး လူလူချင်းကြားမှာ အခြေခံကွဲပြားနေတဲ့အချက်က တွေးခေါ်နည်း ခြားနားတာပဲဖြစ်တယ်။ အောင်မြင်သူဖြစ်ချင်ရင် ကိုယ့်ဆီမှာရှိတဲ့ အတွေးအခေါ်ဟောင်းတွေကို အရင်ဆုံးပြောင်းလဲပစ်ရပါတယ်။ အဲဒီနောက် အပြုအမူကို ပြောင်းလဲရပါတယ်။ ကိစ္စရပ်တစ်ခုဆောင်ရွက်တဲ့အခါ အခက်အခဲ၊ အဟန့်အတားကို သင်အရင်ဆုံးမြင်ရင် အောင်မြင်ဖို့မပြောနဲ့ မဖြစ်မြောက်တဲ့အံ့သြဖွယ်ဖြစ်ရပ်မှာ သင်ပါသွားနိုင်ပါတယ်။ ဟောင်းတဲ့အတွေးအခေါ်ဆိုတာ... ချက်ချင်းတုန့်ပြန်တာ၊ ဆင်းရဲသားစိတ်ထားရှိတာ၊ အခက်အခဲကြုံတာနဲ့ နောက်ဆုတ်ပြေးတာ.. တွေဖြစ်တယ်။ ကြံ့ကြံ့ခံတဲ့အားက အရာအားလုံးကို သိမ်းသွင်းနိုင်ပါတယ်။ ဟောင်းအိုတဲ့ အပြုအမူဆိုတာ... အရက်သောက်တယ်၊ ဖဲရိုက်တယ်၊ အကျိုးမရှိတဲ့ ဖြေဖျော်မှုတွေဖြစ်တယ်။
 (ii) တခြားလူကို နောက်ကွယ်မှာ ဝေဖန်ကဲ့ရဲ့ဖို့ နှစ်သက်တယ် ဒီလိုလူမျိုးကို ကျွန်တော်တို့က အားယားနေသူလို့ တင်စားတယ်။ ဒီလိုစကားကို ကျွန်တော်တို့ နားမထောင်ဘူး၊ မပြောဘူး၊ လက်ဆင့်မကမ်းဘူး။ သူပြောဆိုဝေဖန်တဲ့စကားက မှန်တယ်ထားဦး သူ့အတွက်လည်း ဘာကောင်းကျိုးမှ မရှိပါဘူး။
 (iii) အမြဲညည်းတွားတယ်၊ အပြုအမူ အပျက်ဆောင်တယ် လူဆိုတာ ခြောက်ပစ်မကင်းပါဘူး။ ချွတ်ယွင်းချက် အနည်းအများတော့ ရှိတတ်ကြပါတယ်။ ကိုယ်ကျင့်တရားအတွက် မဟုတ်ဘူးဆိုရင် သူတို့ကို ကောင်းတဲ့အကြည့်နဲ့ ကျွန်တော်တို့ကြည့်ဖို့လိုတယ်။ ပိုအရေးကြီးတာက သူ့ရဲ့ချွတ်ယွင်းချက်ကိုပဲ အမြဲမကြည့်ဖို့ဖြစ်တယ်။ သူ့အပေါ် ကိုယ်မကျေမနပ် ညည်းတွားတာတွေက မှန်ခဲ့တယ်ဆိုရင်တောင် မညည်းတွားသင့်ပါဘူး။ အကြောင်းက အောင်မြင်သူတွေဟာ ဘယ်တော့မှ မညည်းတွားလို့ပါပဲ။
(iv) သင်ယူဖို့ ငြင်းဆန်တယ်၊ ပြောင်းလဲဖို့ ငြင်းဆန်တယ် ၂၁ရာစုလောကရဲ့ထူးခြားတဲ့ လဏ္ခာသုံးရပ်က ... အမြန်နှုန်း၊ ပြောင်းလဲနှုန်းနဲ့ ကပ်ဆိုက်နှုန်းဖြစ်တယ်။ ကျွန်တော်တို့ရဲ့နည်းဗျူဟာက သင်ယူမယ်၊ လုပ်ငန်းတွေကို ပြောင်းလဲမယ်။ သင်မြန်မြန်သင်ယူနိုင်လေ သင့်ပြောင်းလဲနှုန်းကမြန်လေ အောင်မြင်မှုကို သင်မြန်မြန်ဆန်ဆန်ရလေဖြစ်တယ်။ ဒီကနေ့ခေတ် လုပ်ငန်းတွေရဲ့ယှဉ်ပြိုင်မှုက လူရဲ့အရည်အချင်း ယှဉ်ပြိုင်မှုဖြစ်တယ်။ လူရဲ့အရည်အချင်း ယှဉ်ပြိုင်မှုက သင်ယူခြင်းရဲ့ယှဉ်ပြိုင်မှုပဲဖြစ်တယ်။ ကပ်ဆိုက်တဲ့ကာလမှာ သင်အောင်မြင်ချင်ရင် များများသင်ယူရတယ်။ ဒီကနေ့ခေတ် သူဌေးသူကြွယ်တချို့ဟာ နောင် ၅နှစ် ၁ဝနှစ်မှာ ၈ဝ%က ဒေဝါရီခံရကိန်းရှိတယ်။ တကယ်လို့ သင်အောင်မြင်ချင်ရင် သင်ယူရမယ်၊ ပြောင်းလဲရမယ်။

 (၃) ခံစားချက်ရဲ့ အထိန်းအချုပ်ကို အမြဲခံတယ် လောကမှာဖြစ်ပျက်နေတဲ့ ကြေကွဲဝမ်းနည်းခြင်းတွေ၊ ကြောက်ရွံ့ခြင်းတွေဟာ လူလူချင်းကြား သည်းမခံနိုင်လို့ ဖြစ်လာတာတွေဖြစ်တယ်။ တချို့က မဖြစ်စလောက်ကိစ္စနဲ့ ဒေါသအကြီးအကျယ်ထွက်တယ်။ ပေါက်ကွဲတယ်။ အောင်မြင်ခြင်းအတွက် အခြေခံအချက်(၅)ချက်မှာ တစ်အချက်က ကိုယ့်ခံစားချက်ကို ထိန်းချုပ်နိုင်ခြင်းဖြစ်တယ်။ နှစ်အချက်က ကျန်းမာရေး။ သုံးအချက်က အချိန်စီမံခန့်ခွဲရေး၊ လေးအချက်က ဘဏ္ဍာစီမံခန့်ခွဲရေး၊ ငါးအချက်က ကောင်းမွန်တဲ့ လူလူချင်းဆက်ဆံပြောဆိုရေးတွေဖြစ်တယ်။ ကောင်းမွန်တဲ့ လူလူချင်းဆက်ဆံပြောဆိုရေးရဲ့ အဓိကအချက်(၃)ချက်က
 (i) တခြားသူကို ကိုယ့်ကိုယ်ကိုထက် ပိုဂရုစိုက်တာဖြစ်တယ်။
(ii) အပြစ်မရှာဘူး၊ မညည်းတွားဘူး၊ မဝေဖန်ဘူး။ များများချီးကျူး ချီးမွမ်းတယ်၊ များများခွင့်လွှတ်နားလည်တယ်။
 (iii) နားထောင်ကောင်းသူ၊ ပြောဆိုဆက်ဆံရေးကောင်းသူ လုပ်တယ်။ ဂရုစိုက်ဖော်ရွေမှုက အေးစက်လျစ်လျူရှုမှုထက်များတယ်။

 (၄) စိတ်မှန်းနဲ့ ကိစ္စရပ်တွေကို ဝေဖန်ပိုင်းခြားတယ်၊ မှန်ကန်တဲ့ အကြောင်းရင်းကို အခြေမခံဘူး ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာ လူတော်တော်များများက ကိစ္စရပ်တွေကို စိတ်မှန်းနဲ့ပဲ ဝေဖန်ပိုင်းခြားကြတယ်။ ကျွန်တော်ထင်တာက ဒီလိုပါ။ ကျွန်မထင်တာက ဟိုလိုပါ။ ထင်တာပြောရရင်...

(၅) အလုပ်လုပ်ရမှာ ယုံကြည်မှုကို အမှီမပြုဘူး။ လူ့အပြောကိုပဲ အမှီပြုတယ် လူ့ဘဝက ကိုယ့်အတွက်ရှင်သန်တာဖြစ်တယ်၊ သူတစ်ပါးအတွက် ရှင်သန်တာ မဟုတ်ပါဘူး။ သူတစ်ပါးရဲ့ပါးစပ်က သူ့ကိုယ်ပေါ်မှာရှိတဲ့အတွက် ပြောချင်ရာပြောပါစေ။ ဂရုမစိုက်ပါနဲ့။ လမ်းမှားညွှန်ပြပြီး အဲဒီအမှားအတွက် ကိုယ်တိုင်တာဝန်ယူပေးသူ မရှိပါဘူး။ တကယ့်လမ်းမှန်ကို ညွန်ပြတဲ့ ဆရာကောင်းသမားတွေ ပေါများပါတယ်။ ဒီလောကရဲ့လူအုပ်စုကို နှစ်ဖွဲ့ခွဲရင် တစ်ဖက်က ၅%နဲ့ ကျန်တစ်ဖက်က ၉၅%ဖြစ်တယ်။ ၅%သော အောင်မြင်သူတွေက မအောင်မြင်ခင်မှာ လူတွေရဲ့ကဲ့ရဲ့ဝေဖန်တာကို ခံရတယ်။ အရူး၊ လူတုံးလူအလို့ အခေါ်ခံရတယ်။ လေဒီယိုတီထွင်ခဲ့သူဟာ အရူးလို့စွပ်စွဲခံရပြီး အရူးဆေးရုံအပို့ခံခဲ့ရပါတယ်။ လူအများရဲ့(၉၅%)ဘဝလို့ ကျွန်တော်တို့ မဖြတ်သန်းချင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ အခေါ်ခံရပါစေ၊ အလှောင်ရယ်ခံရပါစေ ကျေနပ်ပါတယ်။


Credit:နိုင်းနိုင်းစနေ ဘာသာပြန်သည်

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top