iMyanmarHouse.com - Best Property Website for Myanmar
×

သိပၸံပညာရွင္ေတြရဲ႕ အဆိုအရေတာ့ သင့္မွာရွိတဲ့ သူငယ္ခ်င္းေတြထဲက တစ္၀က္ဟာ သင့္ကို သူတုိ႕ရဲ႕သူငယ္ခ်င္းအစစ္အမွန္လို႕ သေဘာမထားတတ္ပါဘူးတဲ့။ ဒီေတာ့ သင္ကေရာ။ သင့္မွာရွိတဲ့ သူငယ္ခ်င္းေတြထဲက ဘယ္သူေတြကို သူငယ္ခ်င္းအစစ္လုိ႕ သတ္မွတ္ျပီး ဘယ္သူေတြကိုေတာ့ ဟန္ေဆာင္ေပါင္းေနရသူေတြလို႕ သတ္မွတ္ထားပါသလဲ။ တကယ္ေတာ့ ဒီအေျဖကို ရွင္းရွင္းလင္းလင္း သိသြားေစမယ့္ ေမးခြန္း (၅) ခုရွိပါတယ္။ အဲ့ဒီေမးခြန္းေတြကို ေျဖၾကည့္လိုက္တာနဲ႕ ဘယ္သူေတြက အစစ္၊ ဘယ္သူေတြက အတုဆုိေတာ သင္သိသြားပါလိမ့္မယ္။

၁။ သူတုိ႕ဟာ သင့္ဘက္မွာ အျမဲရွိေနေပးတတ္ၾကသလား။

ဒီေမးခြန္းကို ေျဖၾကည့္မယ္ဆိုရင္ ပထမဆံုး သင့္သူငယ္ခ်င္းဘယ္သူေတြက သင့္ဘက္မွာ အျမဲရွိေနေပးတတ္ၾကသလားဆိုျပီး ေတြးျပီး ကိုယ့္ကိုကိုယ္ ေမးၾကည့္ရမွာပါ။ သင္လုပ္လိုက္တဲ့အရာတုိင္းအတြက္ သူတုိ႕က သင့္ေနာက္မွာ အျမဲရွိေပးသလား။ သင္စိတ္ပ်က္စိတ္ညစ္စရာ၊ ျပသနာတစ္ခုခုၾကံဳတုိင္းေရာ သူတုိ႕က သင့္ေဘးမွာ သင့္ကို ေဖးမကူညီတတ္သလားဆုိတာ အေရးပါတဲ့ ေမးခြန္းပါ။

၂။ လိုမွသင့္ကိုေပါင္းၾကတာလား၊ သင့္ကို အျမဲဦးစားေပးတတ္သလား။

သင့္သူငယ္ခ်င္းဆိုသူေတြက သူတုိ႕ သင့္ကိုလိုအပ္ေတာ့မွ ေပါင္းသင္းတတ္ၾကတာမ်ိဳးလား၊ ဥပမာ သူတုိ႕တျခားလူနဲ႕ ခ်ိန္းထားျပီး အဲ့ဒီလူက မလာႏိုင္ေတာ့မွ သင့္ကို ဖုန္းဆက္ျပီး လာခဲ့ဖုိ႕ ေခၚတာမ်ိဳးလား၊ ဒါမွမဟုတ္ သင့္ကိုဆုိ အျမဲ ဦးစးေပးတတ္သူေတြလား ဆုိတာ ကုိယ့္ကိုကုိယ္ ေမးၾကည့္လိုက္ပါ။

၃။သူတုိ႕အတြက္ တစ္ခုခု (အကူအညီ၊ ေငြေၾကး) စတာေတြကို သင္ကအျမဲေပးေနရသူလား။

သူတုိ႕နဲ႕ေပါင္းဖုိ႕အတြက္ သင့္ဘက္က အျမဲတမ္း လိုက္ေလ်ာေနရတာမ်ိဳးေတြ ရွိပါသလား။ တစ္ေနရာသြားရင္ သင္ကအျမဲ သူတုိ႕အစား စိုက္ရွင္းေပးရတာေတြ၊ သူတုိ႕ျပတ္လပ္သြားခ်ိန္ သင့္ဆီမွာ ပိုက္ဆံအျမဲ လာလာေခ်းျပီး က်န္တ့ဲအခ်ိန္ သင့္ကို ဖုန္းတစ္ခ်က္ေတာင္ မဆက္တတ္သူေတြလား ဆုိတာ စဥ္းစားပါ။

၄။ သူတုိ႕ေၾကာင့္ သင္စိတ္ဓာတ္ခြန္အားေတြ ရေနပါသလား၊ ဒါမွမဟုတ္ စိတ္ညစ္ရတာ ပိုမ်ားေနပါသလား။

တစ္ခ်ိဳ႕လူေတြက သင့္ဆီက စိတ္ဓာတ္ခြန္အားေတြ စုပ္ယူျပီး သင့္ကိုေတာ့ အပူအပင္ေတြ အျမဲေပးတတ္ၾကပါတယ္။ အဲ့ဒီလို လူမ်ိဳးေတြေၾကာင့္ သင့္အတြက္ အာရံုေနာက္စရာေတြ အျမဲျဖစ္ေနရတတ္ပါတယ္။ ခု သင့္သူငယ္ခ်င္းေတြကေရာ ဘယ္လိုလူမ်ိဳးေတြလဲ။ သင့္ကို စိတ္ဓာတ္ခြန္အားေတြ ေပးပါသလား၊ ဒါမွမဟုတ္ အာရံုေနာက္စရာေတြ ေပးပါသလား။ စဥ္းစားၾကည့္ပါ။

၅။ သူတုိ႕က သင့္ေရွ႕မွာ တစ္မ်ိဳး သင့္ကြယ္ရာမွာ တစ္မ်ိဳးလုပ္တတ္သူေတြမ်ားလား။

တစ္ခ်ိဳ႕က သူငယ္ခ်င္းသာ ေျပာတယ္။ သင့္ေရွ႕မွာေတာ့ သင္ဒီေန႕၀တ္ထားတာေလး လွလိုက္တာဆုိျပီး ခ်ီးမြမ္းေနတတ္ေပမယ့္ ေနာက္ကြယ္ေရာက္ျပီဆုိတာနဲ႕ သင္၀တ္ထားတာ ဘယ္ေလာက္ရယ္စရာေကာင္းေၾကာင္း ေျပာဆိုတတ္ၾကပါတယ္။ သင့္သူငယ္ခ်င္းေတြကေရာ  ဘယ္လိုမ်ားလဲဆုိတာ ကိုယ့္ကိုကုိယ္ ေမးၾကည့္လိုက္ပါ။

ဒီေမးခြန္း (၅) ခုကို ကိုယ့္ဘာသာကိုယ္ ျပန္ေသခ်ာေမးျပီး သင့္သူငယ္ခ်င္းဟာ သင့္အတြက္ တကယ္သူငယ္ခ်င္းအစစ္အမွန္ေတြ ဟုတ္မဟုတ္ ေဖာ္ထုတ္ၾကည့္ႏိုင္ပါျပီ။

Credit: trend myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

သိပ္ပံပညာရှင်တွေရဲ့ အဆိုအရတော့ သင့်မှာရှိတဲ့ သူငယ်ချင်းတွေထဲက တစ်ဝက်ဟာ သင့်ကို သူတို့ရဲ့သူငယ်ချင်းအစစ်အမှန်လို့ သဘောမထားတတ်ပါဘူးတဲ့။ ဒီတော့ သင်ကရော။ သင့်မှာရှိတဲ့ သူငယ်ချင်းတွေထဲက ဘယ်သူတွေကို သူငယ်ချင်းအစစ်လို့ သတ်မှတ်ပြီး ဘယ်သူတွေကိုတော့ ဟန်ဆောင်ပေါင်းနေရသူတွေလို့ သတ်မှတ်ထားပါသလဲ။ တကယ်တော့ ဒီအဖြေကို ရှင်းရှင်းလင်းလင်း သိသွားစေမယ့် မေးခွန်း (၅) ခုရှိပါတယ်။ အဲ့ဒီမေးခွန်းတွေကို ဖြေကြည့်လိုက်တာနဲ့ ဘယ်သူတွေက အစစ်၊ ဘယ်သူတွေက အတုဆိုတော သင်သိသွားပါလိမ့်မယ်။

၁။ သူတို့ဟာ သင့်ဘက်မှာ အမြဲရှိနေပေးတတ်ကြသလား။

ဒီမေးခွန်းကို ဖြေကြည့်မယ်ဆိုရင် ပထမဆုံး သင့်သူငယ်ချင်းဘယ်သူတွေက သင့်ဘက်မှာ အမြဲရှိနေပေးတတ်ကြသလားဆိုပြီး တွေးပြီး ကိုယ့်ကိုကိုယ် မေးကြည့်ရမှာပါ။ သင်လုပ်လိုက်တဲ့အရာတိုင်းအတွက် သူတို့က သင့်နောက်မှာ အမြဲရှိပေးသလား။ သင်စိတ်ပျက်စိတ်ညစ်စရာ၊ ပြသနာတစ်ခုခုကြုံတိုင်းရော သူတို့က သင့်ဘေးမှာ သင့်ကို ဖေးမကူညီတတ်သလားဆိုတာ အရေးပါတဲ့ မေးခွန်းပါ။

၂။ လိုမှသင့်ကိုပေါင်းကြတာလား၊ သင့်ကို အမြဲဦးစားပေးတတ်သလား။

သင့်သူငယ်ချင်းဆိုသူတွေက သူတို့ သင့်ကိုလိုအပ်တော့မှ ပေါင်းသင်းတတ်ကြတာမျိုးလား၊ ဥပမာ သူတို့တခြားလူနဲ့ ချိန်းထားပြီး အဲ့ဒီလူက မလာနိုင်တော့မှ သင့်ကို ဖုန်းဆက်ပြီး လာခဲ့ဖို့ ခေါ်တာမျိုးလား၊ ဒါမှမဟုတ် သင့်ကိုဆို အမြဲ ဦးစးပေးတတ်သူတွေလား ဆိုတာ ကိုယ့်ကိုကိုယ် မေးကြည့်လိုက်ပါ။

၃။သူတို့အတွက် တစ်ခုခု (အကူအညီ၊ ငွေကြေး) စတာတွေကို သင်ကအမြဲပေးနေရသူလား။

သူတို့နဲ့ပေါင်းဖို့အတွက် သင့်ဘက်က အမြဲတမ်း လိုက်လျောနေရတာမျိုးတွေ ရှိပါသလား။ တစ်နေရာသွားရင် သင်ကအမြဲ သူတို့အစား စိုက်ရှင်းပေးရတာတွေ၊ သူတို့ပြတ်လပ်သွားချိန် သင့်ဆီမှာ ပိုက်ဆံအမြဲ လာလာချေးပြီး ကျန်တဲ့အချိန် သင့်ကို ဖုန်းတစ်ချက်တောင် မဆက်တတ်သူတွေလား ဆိုတာ စဉ်းစားပါ။

၄။ သူတို့ကြောင့် သင်စိတ်ဓာတ်ခွန်အားတွေ ရနေပါသလား၊ ဒါမှမဟုတ် စိတ်ညစ်ရတာ ပိုများနေပါသလား။

တစ်ချို့လူတွေက သင့်ဆီက စိတ်ဓာတ်ခွန်အားတွေ စုပ်ယူပြီး သင့်ကိုတော့ အပူအပင်တွေ အမြဲပေးတတ်ကြပါတယ်။ အဲ့ဒီလို လူမျိုးတွေကြောင့် သင့်အတွက် အာရုံနောက်စရာတွေ အမြဲဖြစ်နေရတတ်ပါတယ်။ ခု သင့်သူငယ်ချင်းတွေကရော ဘယ်လိုလူမျိုးတွေလဲ။ သင့်ကို စိတ်ဓာတ်ခွန်အားတွေ ပေးပါသလား၊ ဒါမှမဟုတ် အာရုံနောက်စရာတွေ ပေးပါသလား။ စဉ်းစားကြည့်ပါ။

၅။ သူတို့က သင့်ရှေ့မှာ တစ်မျိုး သင့်ကွယ်ရာမှာ တစ်မျိုးလုပ်တတ်သူတွေများလား။

တစ်ချို့က သူငယ်ချင်းသာ ပြောတယ်။ သင့်ရှေ့မှာတော့ သင်ဒီနေ့ဝတ်ထားတာလေး လှလိုက်တာဆိုပြီး ချီးမွမ်းနေတတ်ပေမယ့် နောက်ကွယ်ရောက်ပြီဆိုတာနဲ့ သင်ဝတ်ထားတာ ဘယ်လောက်ရယ်စရာကောင်းကြောင်း ပြောဆိုတတ်ကြပါတယ်။ သင့်သူငယ်ချင်းတွေကရော  ဘယ်လိုများလဲဆိုတာ ကိုယ့်ကိုကိုယ် မေးကြည့်လိုက်ပါ။

ဒီမေးခွန်း (၅) ခုကို ကိုယ့်ဘာသာကိုယ် ပြန်သေချာမေးပြီး သင့်သူငယ်ချင်းဟာ သင့်အတွက် တကယ်သူငယ်ချင်းအစစ်အမှန်တွေ ဟုတ်မဟုတ် ဖော်ထုတ်ကြည့်နိုင်ပါပြီ။

Credit: trend myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top