iMyanmarHouse.com - Best Property Website for Myanmar
×

ခ်ိဳင္းၾကားက ေခၽြးနံ႔ေတြေပ်ာက္ေအာင္ ထုတ္လုပ္ထားတဲ့ အမ်ိဳးမ်ိဳးေသာ ေခၽြးနံ႔ေပ်ာက္ေဆးေတြဟာ ခ်ိဳင္းေခၽြးနံ႔ေပ်ာက္ဖို႔အတြက္သာမက အျခားေနရာေတြမွာပါ အသံုးျပဳလို႔ရႏိုင္ပါေသးတယ္။

၁။ ေျခေထာက္အနံ႔ဆိုးေပ်ာက္ေအာင္လို႔ ညမအိပ္ခင္မွာ ေျခဖဝါးေတြကို ေခၽြးနံ႔ေပ်ာက္ေဆးလိမ္းေပးထားပါ။ ေနာက္ေန႔မွာ ေျခဖဝါးအနံ႔ဆိုးေတြကို ရေတာ့မွာမဟုတ္ပါဘူး။


၂။ ဂ်င္းေဘာင္းဘီအက်ပ္္ေတြဝတ္တိုင္း ေပါင္လယ္အေရာက္မွာ ဆြဲတင္ရခက္တယ္မဟုတ္လား။ ဒါဆိုရင္ အဲ့ဒီနားကို ေခၽြးနံ႔ေပ်ာက္ေဆးလည္းလူးၿပီးမွ ေဘာင္းဘီကိုဆြဲတင္လိုက္ရင္ ေလွ်ာခနဲ ဝင္သြားပါလိမ့္မယ္။

၃။ ခရီးသြားရင္း မ်က္ႏွာလိမ္းခရင္မ္ (ႏို႔ရည္၊ အစိုဓာတ္ျဖည့္ေဆး) ပါမလာရင္လည္း မပူပါနဲ႔။ မ်က္လံုးေအာက္ေလးနဲ႔ T-zone (နဖူး၊ ႏွာေခါင္း) ေနရာေတြကို ေခၽြးနံ႔ေပ်ာက္ေဆးနည္းနည္းေလာက္ယူၿပီး လက္ေခ်ာင္းေလးေတြနဲ႔လူးေပးပါ။ မိတ္ကပ္လည္းလိမ္းလို႔ေကာင္းသြားမယ္။ မ်က္ကြင္းညိဳတာေတြလည္း မသိသာေတာ့ဘူး။


၄။ အင္းဆက္ပိုးမႊားေတြကိုက္လို႔ အေရျပားယားယံၿပီး နီရဲေရာင္ရမ္းလာတယ္ဆိုလည္း လူးလို႔ရပါတယ္။ ယားယံတာသက္သာၿပီး ေရာင္ရမ္းမႈကိုေလ်ာ့က်ေစမွာပါ။

၅။ ဖိနပ္ေပါက္တာ၊ ေပါင္ပြန္းတာေတြျဖစ္လာရင္လည္း ေခၽြးနံ႔ေပ်ာက္ေဆးအသံုးျပဳလုိ႔ရပါေသးတယ္။ ပြန္းတဲ့ေနရာကို ေခၽြးနံ႔ေပ်ာက္ေဆးေလးသာလူးထားလိုက္ရင္ သက္သာသြားပါလိမ့္မယ္။

Credit : duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version

ချိုင်းကြားက ချွေးနံ့တွေပျောက်အောင် ထုတ်လုပ်ထားတဲ့ အမျိုးမျိုးသော ချွေးနံ့ပျောက်ဆေးတွေဟာ ချိုင်းချွေးနံ့ပျောက်ဖို့အတွက်သာမက အခြားနေရာတွေမှာပါ အသုံးပြုလို့ရနိုင်ပါသေးတယ်။

၁။ ခြေထောက်အနံ့ဆိုးပျောက်အောင်လို့ ညမအိပ်ခင်မှာ ခြေဖဝါးတွေကို ချွေးနံ့ပျောက်ဆေးလိမ်းပေးထားပါ။ နောက်နေ့မှာ ခြေဖဝါးအနံ့ဆိုးတွေကို ရတော့မှာမဟုတ်ပါဘူး။

၂။ ဂျင်းဘောင်းဘီအကျပ်တွေဝတ်တိုင်း ပေါင်လယ်အရောက်မှာ ဆွဲတင်ရခက်တယ်မဟုတ်လား။ ဒါဆိုရင် အဲ့ဒီနားကို ချွေးနံ့ပျောက်ဆေးလည်းလူးပြီးမှ ဘောင်းဘီကိုဆွဲတင်လိုက်ရင် လျှောခနဲ ဝင်သွားပါလိမ့်မယ်။

၃။ ခရီးသွားရင်း မျက်နှာလိမ်းခရင်မ် (နို့ရည်၊ အစိုဓာတ်ဖြည့်ဆေး) ပါမလာရင်လည်း မပူပါနဲ့။ မျက်လုံးအောက်လေးနဲ့ T-zone (နဖူး၊ နှာခေါင်း) နေရာတွေကို ချွေးနံ့ပျောက်ဆေးနည်းနည်းလောက်ယူပြီး လက်ချောင်းလေးတွေနဲ့လူးပေးပါ။ မိတ်ကပ်လည်းလိမ်းလို့ကောင်းသွားမယ်။ မျက်ကွင်းညိုတာတွေလည်း မသိသာတော့ဘူး။

၄။ အင်းဆက်ပိုးမွှားတွေကိုက်လို့ အရေပြားယားယံပြီး နီရဲရောင်ရမ်းလာတယ်ဆိုလည်း လူးလို့ရပါတယ်။ ယားယံတာသက်သာပြီး ရောင်ရမ်းမှုကိုလျော့ကျစေမှာပါ။

၅။ ဖိနပ်ပေါက်တာ၊ ပေါင်ပွန်းတာတွေဖြစ်လာရင်လည်း ချွေးနံ့ပျောက်ဆေးအသုံးပြုလို့ရပါသေးတယ်။ ပွန်းတဲ့နေရာကို ချွေးနံ့ပျောက်ဆေးလေးသာလူးထားလိုက်ရင် သက်သာသွားပါလိမ့်မယ်။

Credit : duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top