iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ကိုယ္ေရသန္႔ရွင္းေရး ကိစၥေတြထဲမွာ ေခါင္းေလွ်ာ္ျခင္းကလည္း တစ္ခုအပါအဝင္ျဖစ္ပါတယ္။ မိန္းကေလး တစ္ေယာက္အေနနဲ႔ တစ္ပတ္ကို ေခါင္းဘယ္ႏွႀကိမ္ေလွ်ာ္သင့္လဲဆိုတဲ့ေမးခြန္းကို မေျဖခင္ အေအးမပတ္ေအာင္ ေခါင္းေလွ်ာ္နည္းကို ဦးစြာေျဖေပးပါ့မယ္။ မိုးရာသီနဲ႔ ေဆာင္းရာသီေတြမွာ ေခါင္းေလွ်ာ္ျခင္းက လူကို အေအးပတ္ေစႏိုင္ပါတယ္။ အထူးသျဖင့္ ဆံပင္အံုေကာင္းသူေတြ၊ ဆံပင္ထူသူေတြက ေနာက္ေစ့ (ဦးေခါင္းေအာက္ေျခ၏ အေနာက္ဘက္)တစ္ဝိုက္မွာ အံုၿပီးကိုက္ခဲေနတတ္တာမ်ိဳးပါ။ အဲဒီလိုမျဖစ္ရေအာင္ ကြၽန္မရဲ႕ေခါင္းေလွ်ာ္နည္းကို ေအာက္ပါအတိုင္း မွ်ေဝေပးပါ့မယ္။

ကြၽန္မက ေခါင္းကို ရက္သတၱတစ္ပတ္ကို တစ္ႀကိမ္ (တနဂၤေႏြေန႔) ပဲ ေလွ်ာ္ပါတယ္။ (ေႏြေခါင္ေခါင္ ပူျပင္းတဲ့ရာသီေတြမွာေတာ့ ေခြၽးထြက္တဲ့အေျခအေနေပၚမူတည္ၿပီး တစ္ကိုယ္ေရသန္႔ရွင္းမႈအရ တစ္ပတ္ကို ႏွစ္ႀကိမ္ေလွ်ာ္ျဖစ္ပါတယ္။)

ဦးစြာ တစ္ေခါင္းလံုးအႏွံ႔က ဆံပင္ေတြ စိုသြားေအာင္ ေရေလာင္းခ်ပါတယ္။ ၿပီးရင္ မိမိေလွ်ာ္ေနက် ေခါင္းေလွ်ာ္ရည္ Shampoo နဲ႔ ဦးေရျပားေရာ ဆံသားေတြအႏွံ ့ကုတ္၍-ပြတ္၍-ႏွိပ္နယ္၍ေသာ္လည္းေကာင္း ေလွ်ာ္ပါတယ္။

အားရပါးရ ပြတ္နယ္ၿပီးတဲ့အခါမွာ လက္ခုပ္ထဲကို ေရနည္းနည္းစီထည့္၍ ငယ္ထိပ္၏အေနာက္ဘက္ေပၚသို ့ လက္ခုပ္ထဲကထိုေရကို ေလာင္းပါတယ္။ ေခါင္းေလွ်ာ္ရည္နဲ ့ ေခ်း(ဂ်ီး)ရည္ေတြကို လက္နဲ႔ဆုပ္၍ ညႇစ္ခ်ပါတယ္။ (မ်က္စိထဲကို ေခါင္းေလွ်ာ္ရည္မဝင္ေအာင္လို႔ ယခုလို ငယ္ထိပ္အေနာက္ဘက္ေပၚကေန ေရနဲ႔ညႇစ္ခ်ျခင္းျဖစ္ပါတယ္။)

အထက္ပါနည္းအတိုင္း ႏွစ္ခါ သုံးခါ ေလာက္လုပ္ၿပီးတဲ့အခါ ေနာက္ထပ္ Shampoo ျဖင့္ တစ္ေခါင္းလံုးအႏွံ႔ ဒုတိယအႀကိမ္ ပြတ္ပါတယ္။ (ကြၽန္မက တစ္ပတ္မွာ တစ္ႀကိမ္သာလွ်င္ ေခါင္းေလွ်ာ္တာေၾကာင့္ ဦးေရျပားနဲ ့ဆံသားေပၚက ေခ်းေညႇာ္ေတြ လံုးဝသန္႔စင္ေစဖို႔အတြက္ Shampoo ျဖင့္ ႏွစ္ခါေလွ်ာ္ေပးျခင္းျဖစ္ပါတယ္။) ဒါေပမယ့္ ဒီဒုတိယအႀကိမ္မွာေတာ့ Shampoo ကို နည္းနည္းသာသံုးပါတယ္။

အဲဒီလိုလုပ္ၿပီးတဲ့အခါမွာ Shampoo ကို ႏွပ္ (ႏွဴး)ထားတဲ့အေနျဖင့္ ေရခ်က္ခ်င္းေလာင္းမခ်ေသးဘဲ မိမိတစ္ပတ္စာသံုးခဲ့တဲ့ ဘီး၊ ဘီးကုပ္၊ ဆံညႇပ္တို႔ကို သြားတိုက္တံ (သြားပြတ္တံ) အေဟာင္းျဖင့္ ပြတ္တိုက္၍ ေဆးေၾကာသန္ ့စင္ပါတယ္။ ၿပီးရင္ ေခါင္းေလွ်ာ္ရည္ကို ညႇစ္ခ်ကာ၊ ေရမ်ားမ်ားျဖင့္ စင္ေအာင္ေလွ်ာ္ခ်ပစ္ပါတယ္။ (ကြၽန္မက Shampoo အေမႊးနံ႔ေတြ ေပ်ာက္တဲ့အထိ ေရမ်ားမ်ားနဲ ့ ေဆးေၾကာပါတယ္။ အကယ္၍ ဆံပင္မွာ Shampoo ေတြ က်န္ေနတဲ့အခါ ဦးေရျပားနဲ႔ ဆံသားကို ထိခိုက္ေစပါတယ္။ ဒါ့ျပင္ ေနာက္တစ္ပတ္ တနဂၤေႏြထိမခံေတာ့ဘဲ ၎ Shampoo အနံ႔ႏွင့္ ဦးေခါင္းကထြက္လာတဲ့ ေခြၽး-အဆီနံ႔ေတြ ဓာတ္ျပဳၿပီး ေခါင္းကို အနံ႔ဆိုးထြက္ေစတတ္ပါတယ္။)

စိတ္ႀကိဳက္သန္႔စင္ၿပီးတဲ့အခါမွာေတာ့ ဆံပင္သုတ္တဲ့ မ်က္ႏွာသုတ္ပဝါႀကီးနဲ႔ တစ္ေခါင္းလံုးကေရေတြကို ပြတ္ပါတယ္။ အထူးသျဖင့္ ေနာက္ေစ့ကို မ်က္ႏွာသုတ္ပဝါႀကီးနဲ႔ ခပ္ၾကာၾကာပြတ္ပါတယ္ (က) ေခါင္းေလွ်ာ္တဲ့ မ်က္ႏွာသုတ္ပုဝါနဲ ့ (ခ) မ်က္ႏွာႏွင့္ ခႏၶာကိုယ္အတြက္ ပံုမွန္ေရသုပ္တဲ့ မ်က္ႏွာသုတ္ပုဝါဆိုၿပီး ႏွစ္မ်ိဳးခြဲျခားသံုးစြဲပါတယ္။ အဲဒီလို ခြဲျခားသံုးစြဲျခင္းက ဝက္ၿခံမေပါက္ေစေအာင္ ႀကိဳတင္ကာကြယ္လိုက္တာေပါ့ေနာ္။

ၿပီးရင္ မ်က္ႏွာသုတ္ပဝါႀကီးနဲ႔ တစ္ေခါင္းလံုးကို ေပါင္းထားၿပီး သနပ္ခါးလိမ္းပါတယ္။ ၿပီးရင္ မ်က္ႏွာသုတ္ပဝါႀကီးကို ဖယ္လိုက္ၿပီးေတာ့ ဆံပင္ေသြ႕ေျခာက္ေစတဲ့ Hair Dryer (ေလမႈတ္စက္) ျဖင့္ ေနာက္ေစ့ကို ေလမႈတ္ပါတယ္။ (က) ငယ္ထိပ္နဲ ့ခ်ိဳေစာင္းကဆံသားေတြက သိပ္မၾကာခင္မွာ သူ႔အလိုလို ေရေျခာက္သြားေလ့ရွိတာမို ့ အဲဒီေနရာေတြကိုေတာ့ Dryer မမႈတ္ပါဘူး (ခ) ေနာက္ေစ့ဘက္က ဆံသားေတြက ေတာ္ေတာ္နဲ႔မေျခာက္တတ္တာေၾကာင့္ အေအးပတ္၊ ေခါင္းမကိုက္ေစဖို႔အတြက္ အဲဒီ ေနာက္ေစ့ေနရာကို Dryer မႈတ္ပါတယ္။ (ဂ) Dryer ပူလြန္းရင္ ဆံသားေတြကို ထိခိုက္ေစတဲ့အျပင္ ေရေလွ်ာ္ထားလို႔ ေအးေနတဲ့ေနရာကို အပူျပင္းျပင္းတိုက္မိတဲ့အခါ အပူအေအး ႐ုတ္ခ်ည္းထိေတြ႕သြားကာ ဓာတ္ေဖာက္ျပန္ၿပီး က်န္းမာေရးနဲ႔မညီညြတ္ေစေတာ့ပါဘူး။ ဒါေၾကာင့္ Dryer အပူကို medium ခလုတ္သာထား၍ သံုးပါတယ္။ (ဃ) ကြၽန္မက ဆံသားေတြ လံုးဝေျခာက္ေသြ႕သြားတဲ့အထိ Dryer မႈတ္ေလ့ မရွိပါဘူး။ သို႔ေသာ္ ဦးေရျပားနဲ႔ ေနာက္ေစ့က ဆံသားေတြကို လက္နဲ႔စမ္းၾကည့္တဲ့အခါ ေတာ္ေတာ္ေလးေႏြးလာတဲ့အထိ Dryer မႈတ္ပါတယ္။

ၿပီးရင္ Hair Coat အနည္းငယ္ကို လက္ဖဝါးေပၚပြတ္ၿပီးေတာ့ ဆံသားေတြကို လူးနယ္လိုက္ပါတယ္။ ဘီးသန္႔သန္႔နဲ႔ ဆံႏြယ္ေတြကို ခပ္ျဖည္းျဖည္းခ်င္း ရွင္းထုတ္ပါတယ္။ ကြၽန္မရဲ႕ေခါင္းေလွ်ာ္နည္းကေတာ့ ဒီေနရာမွာ နိတၱိတန္ပါၿပီ။ တစ္ကိုယ္ေရသန္႔ရွင္းမႈအေနနဲ ့ ေခါင္းအံုးစြပ္ေတြကို တစ္ပတ္တစ္ႀကိမ္ အသစ္လဲပါတယ္။ ေစာေစာက သံုးထားတဲ့ ဆံပင္သုတ္တဲ့ မ်က္ႏွာသုတ္ပဝါႀကီးကိုလည္း ေလွ်ာ္ပါတယ္။ ကိုယ္တိုက္မ်က္ႏွာသုတ္ပဝါကိုလည္း တစ္ပတ္တစ္ႀကိမ္ ေလွ်ာ္ပါတယ္။

မိန္းကေလးတစ္ေယာက္အေနနဲ႔ တစ္ပတ္ကို ေခါင္းဘယ္ႏွႀကိမ္ေလွ်ာ္သင့္လဲဆိုရင္ လူတိုင္းမွာ ေမြးရာပါ အသားအေရအမ်ိဳးအစား မတူညီၾကသကဲ့သို႔ ဆံသားအမ်ိဳး အစားလည္း ကြဲျပားျခားနားၾကပါတယ္။

(က) က်န္းမာသန္စြမ္းတဲ့ ဆံသား
(ခ) ပံုမွန္(အလယ္အလတ္) ဆံသား
(ဂ) ဆံသားအံုေကာင္း (ဆံပင္ထူ)
(ဃ) ေျခာက္ေသြ ့ (မြဲေျခာက္ေျခာက္) ဆံသားဆိုၿပီးေတာ့ အေျခခံအားျဖင့္ ဆံသားေလးမ်ိဳးရွိပါတယ္။ အဲဒီလိုမတူညီတဲ့ ဆံသားအမ်ိဳးအစားေပၚမူတည္၍၊ ေခါင္းေလွ်ာ္တဲ့ အႀကိမ္ႏႈန္းဟာလည္း အနည္းအမ်ား ကြာဟမႈရွိပါတယ္။

၁။ က်န္းမာသန္စြမ္းတဲ့ ဆံသားပိုင္ရွင္မ်ားအတြက္။

က်န္းမာတဲ့ဆံသားေတြက အျခားဆံပင္အမ်ိဳးအစားေတြထက္ ပို၍အဆီစုပ္ယူမႈ အားေကာင္းၾကတာေၾကာင့္ daily use shampoo(ေခၚ)ေန ့စဥ္သံုးရွမ္ပူအမ်ိဳးအစားကို သံုးသင့္ပါတယ္။ တစ္ရက္ျခား(သို႔)တစ္ေန႔တစ္ႀကိမ္
ေခါင္းေလွ်ာ္ေပးႏိုင္ပါတယ္။ (အဆီျပန္တဲ့ဆံပင္ကလည္း က်န္းမာသန္စြမ္းတဲ့ ဆံသားအမ်ိဳးအစားထဲမွာပါရွိေနပါ
တယ္။ အဆီအလြန္ျပန္တဲ့ ဆံသားပိုင္ရွင္မ်ားကေတာ့ dry shampoo ကိုသံုး၍ ေန႔စဥ္ေခါင္းေလွ်ာ္ေပးရမွာပါ။)

၂။ ပံုမွန္ဆံသားပိုင္ရွင္မ်ားအတြက္။

သဘာဝဆံသားလို ့ေခၚႏိုင္ပါတယ္။ ဒီဆံသားေတြမွာ အေပၚမွာေဖာ္ျပထားတဲ့ က်န္းမာသန္စြမ္းတဲ့ ဆံသားေတြေလာက္ အဆီသိပ္မရွိတာေၾကာင့္ ရက္သတၱတစ္ပတ္မွာ ႏွစ္ႀကိမ္(သို႔)အမ်ားဆံုး သုံးႀကိမ္ေလွ်ာ္႐ံုႏွင့္ လံုေလာက္ပါတယ္။ အကယ္၍ အလယ္အလတ္ဆံသားေတြကို ေန႔စဥ္ေခါင္းေလွ်ာ္မိတဲ့အခါမွာ ဦးေရျပားႏွင့္ ဆံသားမ်ားအဆီခန္းေျခာက္ေစတတ္လို႔ ဆင္ျခင္သင့္ပါတယ္။ (ေဗာက္ရွိသူေတြက Anti Dandruff Itchy Scalp ရွမ္ပူကို သံုးသင့္သလို ဆံသားၾကမ္းသူမ်ားႏွင့္ ဆံပင္ႏွစ္ခြရွိသူမ်ားက Conditioner Shampoo ကို သံုးေပးဖို႔လိုပါတယ္။)

၃။ ဆံသားအံုေကာင္း (ဆံပင္ထူ)သူမ်ားအတြက္။

အမ်ိဳးသမီးအမ်ားစုပိုင္ဆိုင္တဲ့ ဆံပင္အမ်ိဳးအစားေလးပါပဲ။ ဆံသားထူၿပီး ဆံပင္သဘာဝအေကာက္ လႈိင္းသား ပါရွိေနလို႔ ဦးေရျပားထံမွ အဆီေတြကို ဆံသားေတြဆီသို႔ အလြယ္တကူ မပ်ံ႕ႏွံ႔ေစတဲ့အတြက္ေၾကာင့္ ရက္သတၱတစ္ပတ္လွ်င္ တစ္ႀကိမ္သာ ေခါင္းေလွ်ာ္ေပး႐ံုမွ်ျဖင့္ လံုေလာက္ပါတယ္။ (အခုလို ဆံသားပိုင္ရွင္ေတြကလည္း အမွတ္စဥ္ (၂) ကလို အလယ္အလတ္ ဆံသားပိုင္ရွင္ေတြ သံုးတဲ့ ရွမ္ပူအမ်ိဳးအစားေတြကိုပဲ သံုးနိုင္ပါတယ္။)

၄။ ေျခာက္ေသြ႕(မြဲေျခာက္ေျခာက္)ဆံသားမ်ားအတြက္။

ဒီဆံသား အမ်ိဳးအစားက အမွတ္စဥ္(၁)ဆံသားႏွင့္ ေျပာင္းျပန္ျဖစ္ပါတယ္။ ဦးေရျပားမွာ အဆီခန္း၍ ဆံပင္မြဲေျခာက္ကာ ဆံသားမ်ား ႏွစ္ခြ သံုးခြျဖစ္ၿပီး ဆံပင္ေတြ ျပတ္ထြက္ေလ့ရွိပါတယ္။ ဒါေၾကာင့္ ေန႔စဥ္ ေခါင္းမေလွ်ာ္သင့္ပါဘူး။ Oily Shampoo တစ္မ်ိဳးတည္းကိုသာသံုးပါ(သို႔)ဓာတုပစၥည္းေတြပါဝင္မႈနည္းတဲ့ ရွမ္ပူကိုေရြးသံုးပါ။ conditioner ေပါင္းေဆးပါတဲ့ ရွမ္ပူကိုသံုးေပးပါ။ (အခုလို ဆံသားပိုင္ရွင္မ်ားဟာ ေခါင္းေလွ်ာ္ၿပီးတဲ့အခါ ေလပူစက္ျဖင့္မႈတ္တာမ်ိဳး လံုးဝမလုပ္သင့္ပါဘူး။ ဆံသားေျခာက္ ေသြ႕ၾကမ္းေထာ္ေစလို႔ပါပဲ။ ဒါေၾကာင့္ ပံုမွန္သဘာဝေလျဖင့္သာ အေျခာက္ခံျခင္း(သို႔) ေလေအးေပးေပးစက္ျဖင့္ မႈတ္ျခင္းကိုသာ သံုးစြဲေပးပါ။)

- မွတ္ခ်က္ -

(၁) မ်က္စိက်န္းမာေရးအတြက္သာမက ဘက္ေပါင္းစံုက်န္းမာဖို႔အတြက္ဆိုရင္ မြန္းလြဲပိုင္းမွစ၍ ေခါင္းမေလွ်ာ္သင့္ေတာ့ပါဘူး။

(၂) ရာသီဥတု မည္မွ်ပင္ေအးပါေစ ေရေႏြးနဲ ့ေခါင္းမေလွ်ာ္သင့္ပါဘူး။ မိမိခႏၶာကိုယ္အပူရွိန္ထက္ ပို၍ပူေသာေရေႏြးျဖင့္ ေခါင္းေလွ်ာ္ျခင္းက ဆံသားကိုကာကြယ္ေပးသည့္ သဘာဝအဆီဓာတ္ကို ဆံုး႐ံႈးသြားကာ ဆံသားမ်ားေျခာက္ေသြ႕၍ မာဆတ္ဆတ္ျဖစ္ေစႏိုင္ပါတယ္္။

(၃) ေခါင္းေလွ်ာ္ၿပီးစမွာ နားကို အလြယ္တကူသန္ ့စင္ႏိုင္ပါတယ္။ တစ္ခါသံုး နားၾကပ္ဂြမ္းလံုးေလးေတြသံုး၍ နားထဲရွိ နဖာေခ်းကို သန္႔စင္ေပးႏိုင္ပါတယ္။(၄) ဆံပင္အ႐ႈပ္အေထြးကို ရွင္းလင္းရန္အတြက္ ဦးစြာဆံပင္ထိပ္ဖ်ားပိုင္းမွၿဖီးပါ။ ထို႔ေနာက္ ဆံသားမ်ားကို အသာအယာဆုပ္ကိုင္ၿပီး ဆံပင္အရင္းပိုင္း (အျမစ္) မွ ေအာက္ေျခသို႔ ဆြဲခ်ၿဖီးပါ။

(၅) ျဖစ္ႏိုင္ရင္ ဆံပင္ကို ရက္သတၱတစ္ပတ္လွ်င္ ႏွစ္ႀကိမ္ သံုးႀကိမ္သာ ေလွ်ာ္ေပးသင့္ပါတယ္။ ထို႔ထက္ အႀကိမ္ေရပိုေလွ်ာ္ျခင္းက ဆံပင္ကြၽတ္ထြက္ေစၿပီး ဦးေရျပားအဆီကိုလည္း ခန္းေျခာက္ေစပါလိမ့္မယ္္။

(၆) ေဗာက္ထ၍ ဦးေရျပားယားယံျခင္းကလည္း ဆံပင္ကြၽတ္ျခင္း၏ အဓိကေသာ့ခ်က္ျဖစ္ပါတယ္။ ဒါေၾကာင့္ ဦးေခါင္းသန္႔စင္ တစ္ကိုယ္ေရက်န္းမာေရးအတြက္ အခ်ိန္ေပး၍ ေဆာင္ရြက္ေပးလိုက္ပါ။

(၇) ေဗာက္ထ၍ယားယံေသာ ဦးေရျပားမ်ားအတြက္ကေတာ့ itchy due to dandruff (သို႔) itchy scalp anti dandruff စာတန္းပါတဲ့ ရွမ္ပူအမ်ိဳးအစားကို ေရြးသံုးပါ။ ေဗာက္ကိုသတ္ေပးတဲ့ ရွမ္ပူေတြမွာပါရွိတဲ့ ပစၥည္းမ်ားဟာ ဆံသားကို အတန္ငယ္ၾကမ္းေစတာေၾကာင့္ ဆံသားကိုႏူးညံ့ေပ်ာ့ေပ်ာင္းေစရန္ ေပါင္းေဆးပါေသာ ရွမ္ပူ (သို႔) smooth & silky စာတန္းပါေသာ ရွမ္ပူကိုပါ တြဲ၍သံုးေပးသင့္ပါတယ္။

(၈) ပလတ္စတစ္ဘီးျဖင့္ ေခါင္းၿဖီးျခင္းက ဦးေရျပားပူ၍ ေဗာက္ထေစႏိုင္၍ သစ္သားဘီးကိုသာ သံုးစြဲသင့္ပါတယ္။ ။


Credit:ေပါက္ေပါက္


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

တစ်ကိုယ်ရေသန့်ရှင်းရေး ကိစ္စတွေထဲမှာ ခေါင်းလျှော်ခြင်းကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ မိန်းကလေး တစ်ယောက်အနေနဲ့ တစ်ပတ်ကို ခေါင်းဘယ်နှကြိမ်လျှော်သင့်လဲဆိုတဲ့မေးခွန်းကို မဖြေခင် အအေးမပတ်အောင် ခေါင်းလျှော်နည်းကို ဦးစွာဖြေပေးပါ့မယ်။ မိုးရာသီနဲ့ ဆောင်းရာသီတွေမှာ ခေါင်းလျှော်ခြင်းက လူကို အအေးပတ်စေနိုင်ပါတယ်။ အထူးသဖြင့် ဆံပင်အုံကောင်းသူတွေ၊ ဆံပင်ထူသူတွေက နောက်စေ့ (ဦးခေါင်းအောက်ခြေ၏ အနောက်ဘက်)တစ်ဝိုက်မှာ အုံပြီးကိုက်ခဲနေတတ်တာမျိုးပါ။ အဲဒီလိုမဖြစ်ရအောင် ကျွန်မရဲ့ခေါင်းလျှော်နည်းကို အောက်ပါအတိုင်း မျှဝေပေးပါ့မယ်။

ကျွန်မက ခေါင်းကို ရက်သတ္တတစ်ပတ်ကို တစ်ကြိမ် (တနင်္ဂနွေနေ့) ပဲ လျှော်ပါတယ်။ (နွေခေါင်ခေါင် ပူပြင်းတဲ့ရာသီတွေမှာတော့ ချွေးထွက်တဲ့အခြေအနေပေါ်မူတည်ပြီး တစ်ကိုယ်ရေသန့်ရှင်းမှုအရ တစ်ပတ်ကို နှစ်ကြိမ်လျှော်ဖြစ်ပါတယ်။)

ဦးစွာ တစ်ခေါင်းလုံးအနှံ့က ဆံပင်တွေ စိုသွားအောင် ရေလောင်းချပါတယ်။ ပြီးရင် မိမိလျှော်နေကျ ခေါင်းလျှော်ရည် Shampoo နဲ့ ဦးရေပြားရော ဆံသားတွေအနှံ့ကုတ်၍-ပွတ်၍-နှိပ်နယ်၍သော်လည်းကောင်း လျှော်ပါတယ်။

အားရပါးရ ပွတ်နယ်ပြီးတဲ့အခါမှာ လက်ခုပ်ထဲကို ရေနည်းနည်းစီထည့်၍ ငယ်ထိပ်၏အနောက်ဘက်ပေါ်သို့ လက်ခုပ်ထဲကထိုရေကို လောင်းပါတယ်။ ခေါင်းလျှော်ရည်နဲ့ ချေး(ဂျီး)ရည်တွေကို လက်နဲ့ဆုပ်၍ ညှစ်ချပါတယ်။ (မျက်စိထဲကို ခေါင်းလျှော်ရည်မဝင်အောင်လို့ ယခုလို ငယ်ထိပ်အနောက်ဘက်ပေါ်ကနေ ရေနဲ့ညှစ်ချခြင်းဖြစ်ပါတယ်။)

အထက်ပါနည်းအတိုင်း နှစ်ခါ သုံးခါ လောက်လုပ်ပြီးတဲ့အခါ နောက်ထပ် Shampoo ဖြင့် တစ်ခေါင်းလုံးအနှံ့ ဒုတိယအကြိမ် ပွတ်ပါတယ်။ (ကျွန်မက တစ်ပတ်မှာ တစ်ကြိမ်သာလျှင် ခေါင်းလျှော်တာကြောင့် ဦးရေပြားနဲ့ဆံသားပေါ်က ချေးညှော်တွေ လုံးဝသန့်စင်စေဖို့အတွက် Shampoo ဖြင့် နှစ်ခါလျှော်ပေးခြင်းဖြစ်ပါတယ်။) ဒါပေမယ့် ဒီဒုတိယအကြိမ်မှာတော့ Shampoo ကို နည်းနည်းသာသုံးပါတယ်။

အဲဒီလိုလုပ်ပြီးတဲ့အခါမှာ Shampoo ကို နှပ် (နှူး)ထားတဲ့အနေဖြင့် ရေချက်ချင်းလောင်းမချသေးဘဲ မိမိတစ်ပတ်စာသုံးခဲ့တဲ့ ဘီး၊ ဘီးကုပ်၊ ဆံညှပ်တို့ကို သွားတိုက်တံ (သွားပွတ်တံ) အဟောင်းဖြင့် ပွတ်တိုက်၍ ဆေးကြောသန့်စင်ပါတယ်။ ပြီးရင် ခေါင်းလျှော်ရည်ကို ညှစ်ချကာ၊ ရေများများဖြင့် စင်အောင်လျှော်ချပစ်ပါတယ်။ (ကျွန်မက Shampoo အမွှေးနံ့တွေ ပျောက်တဲ့အထိ ရေများများနဲ့ ဆေးကြောပါတယ်။ အကယ်၍ ဆံပင်မှာ Shampoo တွေ ကျန်နေတဲ့အခါ ဦးရေပြားနဲ့ ဆံသားကို ထိခိုက်စေပါတယ်။ ဒါ့ပြင် နောက်တစ်ပတ် တနင်္ဂနွေထိမခံတော့ဘဲ ၎င်း Shampoo အနံ့နှင့် ဦးခေါင်းကထွက်လာတဲ့ ချွေး-အဆီနံ့တွေ ဓာတ်ပြုပြီး ခေါင်းကို အနံ့ဆိုးထွက်စေတတ်ပါတယ်။)

စိတ်ကြိုက်သန့်စင်ပြီးတဲ့အခါမှာတော့ ဆံပင်သုတ်တဲ့ မျက်နှာသုတ်ပဝါကြီးနဲ့ တစ်ခေါင်းလုံးကရေတွေကို ပွတ်ပါတယ်။ အထူးသဖြင့် နောက်စေ့ကို မျက်နှာသုတ်ပဝါကြီးနဲ့ ခပ်ကြာကြာပွတ်ပါတယ် (က) ခေါင်းလျှော်တဲ့ မျက်နှာသုတ်ပုဝါနဲ့ (ခ) မျက်နှာနှင့် ခန္ဓာကိုယ်အတွက် ပုံမှန်ရေသုပ်တဲ့ မျက်နှာသုတ်ပုဝါဆိုပြီး နှစ်မျိုးခွဲခြားသုံးစွဲပါတယ်။ အဲဒီလို ခွဲခြားသုံးစွဲခြင်းက ဝက်ခြံမပေါက်စေအောင် ကြိုတင်ကာကွယ်လိုက်တာပေါ့နော်။

ပြီးရင် မျက်နှာသုတ်ပဝါကြီးနဲ့ တစ်ခေါင်းလုံးကို ပေါင်းထားပြီး သနပ်ခါးလိမ်းပါတယ်။ ပြီးရင် မျက်နှာသုတ်ပဝါကြီးကို ဖယ်လိုက်ပြီးတော့ ဆံပင်သွေ့ခြောက်စေတဲ့ Hair Dryer (လေမှုတ်စက်) ဖြင့် နောက်စေ့ကို လေမှုတ်ပါတယ်။ (က) ငယ်ထိပ်နဲ့ချိုစောင်းကဆံသားတွေက သိပ်မကြာခင်မှာ သူ့အလိုလို ရေခြောက်သွားလေ့ရှိတာမို့ အဲဒီနေရာတွေကိုတော့ Dryer မမှုတ်ပါဘူး (ခ) နောက်စေ့ဘက်က ဆံသားတွေက တော်တော်နဲ့မခြောက်တတ်တာကြောင့် အအေးပတ်၊ ခေါင်းမကိုက်စေဖို့အတွက် အဲဒီ နောက်စေ့နေရာကို Dryer မှုတ်ပါတယ်။ (ဂ) Dryer ပူလွန်းရင် ဆံသားတွေကို ထိခိုက်စေတဲ့အပြင် ရေလျှော်ထားလို့ အေးနေတဲ့နေရာကို အပူပြင်းပြင်းတိုက်မိတဲ့အခါ အပူအအေး ရုတ်ချည်းထိတွေ့သွားကာ ဓာတ်ဖောက်ပြန်ပြီး ကျန်းမာရေးနဲ့မညီညွတ်စေတော့ပါဘူး။ ဒါကြောင့် Dryer အပူကို medium ခလုတ်သာထား၍ သုံးပါတယ်။ (ဃ) ကျွန်မက ဆံသားတွေ လုံးဝခြောက်သွေ့သွားတဲ့အထိ Dryer မှုတ်လေ့ မရှိပါဘူး။ သို့သော် ဦးရေပြားနဲ့ နောက်စေ့က ဆံသားတွေကို လက်နဲ့စမ်းကြည့်တဲ့အခါ တော်တော်လေးနွေးလာတဲ့အထိ Dryer မှုတ်ပါတယ်။

ပြီးရင် Hair Coat အနည်းငယ်ကို လက်ဖဝါးပေါ်ပွတ်ပြီးတော့ ဆံသားတွေကို လူးနယ်လိုက်ပါတယ်။ ဘီးသန့်သန့်နဲ့ ဆံနွယ်တွေကို ခပ်ဖြည်းဖြည်းချင်း ရှင်းထုတ်ပါတယ်။ ကျွန်မရဲ့ခေါင်းလျှော်နည်းကတော့ ဒီနေရာမှာ နိတ္တိတန်ပါပြီ။ တစ်ကိုယ်ရေသန့်ရှင်းမှုအနေနဲ့ ခေါင်းအုံးစွပ်တွေကို တစ်ပတ်တစ်ကြိမ် အသစ်လဲပါတယ်။ စောစောက သုံးထားတဲ့ ဆံပင်သုတ်တဲ့ မျက်နှာသုတ်ပဝါကြီးကိုလည်း လျှော်ပါတယ်။ ကိုယ်တိုက်မျက်နှာသုတ်ပဝါကိုလည်း တစ်ပတ်တစ်ကြိမ် လျှော်ပါတယ်။

မိန်းကလေးတစ်ယောက်အနေနဲ့ တစ်ပတ်ကို ခေါင်းဘယ်နှကြိမ်လျှော်သင့်လဲဆိုရင် လူတိုင်းမှာ မွေးရာပါ အသားအရေအမျိုးအစား မတူညီကြသကဲ့သို့ ဆံသားအမျိုး အစားလည်း ကွဲပြားခြားနားကြပါတယ်။

(က) ကျန်းမာသန်စွမ်းတဲ့ ဆံသား
(ခ) ပုံမှန်(အလယ်အလတ်) ဆံသား
(ဂ) ဆံသားအုံကောင်း (ဆံပင်ထူ)
(ဃ) ခြောက်သွေ့ (မွဲခြောက်ခြောက်) ဆံသားဆိုပြီးတော့ အခြေခံအားဖြင့် ဆံသားလေးမျိုးရှိပါတယ်။ အဲဒီလိုမတူညီတဲ့ ဆံသားအမျိုးအစားပေါ်မူတည်၍၊ ခေါင်းလျှော်တဲ့ အကြိမ်နှုန်းဟာလည်း အနည်းအများ ကွာဟမှုရှိပါတယ်။

၁။ ကျန်းမာသန်စွမ်းတဲ့ ဆံသားပိုင်ရှင်များအတွက်။

ကျန်းမာတဲ့ဆံသားတွေက အခြားဆံပင်အမျိုးအစားတွေထက် ပို၍အဆီစုပ်ယူမှု အားကောင်းကြတာကြောင့် daily use shampoo(ခေါ်)နေ့စဉ်သုံးရှမ်ပူအမျိုးအစားကို သုံးသင့်ပါတယ်။ တစ်ရက်ခြား(သို့)တစ်နေ့တစ်ကြိမ်
ခေါင်းလျှော်ပေးနိုင်ပါတယ်။ (အဆီပြန်တဲ့ဆံပင်ကလည်း ကျန်းမာသန်စွမ်းတဲ့ ဆံသားအမျိုးအစားထဲမှာပါရှိနေပါ
တယ်။ အဆီအလွန်ပြန်တဲ့ ဆံသားပိုင်ရှင်များကတော့ dry shampoo ကိုသုံး၍ နေ့စဉ်ခေါင်းလျှော်ပေးရမှာပါ။)

၂။ ပုံမှန်ဆံသားပိုင်ရှင်များအတွက်။

သဘာဝဆံသားလို့ခေါ်နိုင်ပါတယ်။ ဒီဆံသားတွေမှာ အပေါ်မှာဖော်ပြထားတဲ့ ကျန်းမာသန်စွမ်းတဲ့ ဆံသားတွေလောက် အဆီသိပ်မရှိတာကြောင့် ရက်သတ္တတစ်ပတ်မှာ နှစ်ကြိမ်(သို့)အများဆုံး သုံးကြိမ်လျှော်ရုံနှင့် လုံလောက်ပါတယ်။ အကယ်၍ အလယ်အလတ်ဆံသားတွေကို နေ့စဉ်ခေါင်းလျှော်မိတဲ့အခါမှာ ဦးရေပြားနှင့် ဆံသားများအဆီခန်းခြောက်စေတတ်လို့ ဆင်ခြင်သင့်ပါတယ်။ (ဗောက်ရှိသူတွေက Anti Dandruff Itchy Scalp ရှမ်ပူကို သုံးသင့်သလို ဆံသားကြမ်းသူများနှင့် ဆံပင်နှစ်ခွရှိသူများက Conditioner Shampoo ကို သုံးပေးဖို့လိုပါတယ်။)

၃။ ဆံသားအုံကောင်း (ဆံပင်ထူ)သူများအတွက်။

အမျိုးသမီးအများစုပိုင်ဆိုင်တဲ့ ဆံပင်အမျိုးအစားလေးပါပဲ။ ဆံသားထူပြီး ဆံပင်သဘာဝအကောက် လှိုင်းသား ပါရှိနေလို့ ဦးရေပြားထံမှ အဆီတွေကို ဆံသားတွေဆီသို့ အလွယ်တကူ မပျံ့နှံ့စေတဲ့အတွက်ကြောင့် ရက်သတ္တတစ်ပတ်လျှင် တစ်ကြိမ်သာ ခေါင်းလျှော်ပေးရုံမျှဖြင့် လုံလောက်ပါတယ်။ (အခုလို ဆံသားပိုင်ရှင်တွေကလည်း အမှတ်စဉ် (၂) ကလို အလယ်အလတ် ဆံသားပိုင်ရှင်တွေ သုံးတဲ့ ရှမ်ပူအမျိုးအစားတွေကိုပဲ သုံးနိုင်ပါတယ်။)

၄။ ခြောက်သွေ့(မွဲခြောက်ခြောက်)ဆံသားများအတွက်။

ဒီဆံသား အမျိုးအစားက အမှတ်စဉ်(၁)ဆံသားနှင့် ပြောင်းပြန်ဖြစ်ပါတယ်။ ဦးရေပြားမှာ အဆီခန်း၍ ဆံပင်မွဲခြောက်ကာ ဆံသားများ နှစ်ခွ သုံးခွဖြစ်ပြီး ဆံပင်တွေ ပြတ်ထွက်လေ့ရှိပါတယ်။ ဒါကြောင့် နေ့စဉ် ခေါင်းမလျှော်သင့်ပါဘူး။ Oily Shampoo တစ်မျိုးတည်းကိုသာသုံးပါ(သို့)ဓာတုပစ္စည်းတွေပါဝင်မှုနည်းတဲ့ ရှမ်ပူကိုရွေးသုံးပါ။ conditioner ပေါင်းဆေးပါတဲ့ ရှမ်ပူကိုသုံးပေးပါ။ (အခုလို ဆံသားပိုင်ရှင်များဟာ ခေါင်းလျှော်ပြီးတဲ့အခါ လေပူစက်ဖြင့်မှုတ်တာမျိုး လုံးဝမလုပ်သင့်ပါဘူး။ ဆံသားခြောက် သွေ့ကြမ်းထော်စေလို့ပါပဲ။ ဒါကြောင့် ပုံမှန်သဘာဝလေဖြင့်သာ အခြောက်ခံခြင်း(သို့) လေအေးပေးပေးစက်ဖြင့် မှုတ်ခြင်းကိုသာ သုံးစွဲပေးပါ။)

- မှတ်ချက် -

(၁) မျက်စိကျန်းမာရေးအတွက်သာမက ဘက်ပေါင်းစုံကျန်းမာဖို့အတွက်ဆိုရင် မွန်းလွဲပိုင်းမှစ၍ ခေါင်းမလျှော်သင့်တော့ပါဘူး။

(၂) ရာသီဥတု မည်မျှပင်အေးပါစေ ရေနွေးနဲ့ခေါင်းမလျှော်သင့်ပါဘူး။ မိမိခန္ဓာကိုယ်အပူရှိန်ထက် ပို၍ပူသောရေနွေးဖြင့် ခေါင်းလျှော်ခြင်းက ဆံသားကိုကာကွယ်ပေးသည့် သဘာဝအဆီဓာတ်ကို ဆုံးရှုံးသွားကာ ဆံသားများခြောက်သွေ့၍ မာဆတ်ဆတ်ဖြစ်စေနိုင်ပါတယ်။

(၃) ခေါင်းလျှော်ပြီးစမှာ နားကို အလွယ်တကူသန့်စင်နိုင်ပါတယ်။ တစ်ခါသုံး နားကြပ်ဂွမ်းလုံးလေးတွေသုံး၍ နားထဲရှိ နဖာချေးကို သန့်စင်ပေးနိုင်ပါတယ်။(၄) ဆံပင်အရှုပ်အထွေးကို ရှင်းလင်းရန်အတွက် ဦးစွာဆံပင်ထိပ်ဖျားပိုင်းမှဖြီးပါ။ ထို့နောက် ဆံသားများကို အသာအယာဆုပ်ကိုင်ပြီး ဆံပင်အရင်းပိုင်း (အမြစ်) မှ အောက်ခြေသို့ ဆွဲချဖြီးပါ။

(၅) ဖြစ်နိုင်ရင် ဆံပင်ကို ရက်သတ္တတစ်ပတ်လျှင် နှစ်ကြိမ် သုံးကြိမ်သာ လျှော်ပေးသင့်ပါတယ်။ ထို့ထက် အကြိမ်ရေပိုလျှော်ခြင်းက ဆံပင်ကျွတ်ထွက်စေပြီး ဦးရေပြားအဆီကိုလည်း ခန်းခြောက်စေပါလိမ့်မယ်။

(၆) ဗောက်ထ၍ ဦးရေပြားယားယံခြင်းကလည်း ဆံပင်ကျွတ်ခြင်း၏ အဓိကသော့ချက်ဖြစ်ပါတယ်။ ဒါကြောင့် ဦးခေါင်းသန့်စင် တစ်ကိုယ်ရေကျန်းမာရေးအတွက် အချိန်ပေး၍ ဆောင်ရွက်ပေးလိုက်ပါ။

(၇) ဗောက်ထ၍ယားယံသော ဦးရေပြားများအတွက်ကတော့ itchy due to dandruff (သို့) itchy scalp anti dandruff စာတန်းပါတဲ့ ရှမ်ပူအမျိုးအစားကို ရွေးသုံးပါ။ ဗောက်ကိုသတ်ပေးတဲ့ ရှမ်ပူတွေမှာပါရှိတဲ့ ပစ္စည်းများဟာ ဆံသားကို အတန်ငယ်ကြမ်းစေတာကြောင့် ဆံသားကိုနူးညံ့ပျော့ပျောင်းစေရန် ပေါင်းဆေးပါသော ရှမ်ပူ (သို့) smooth & silky စာတန်းပါသော ရှမ်ပူကိုပါ တွဲ၍သုံးပေးသင့်ပါတယ်။

(၈) ပလတ်စတစ်ဘီးဖြင့် ခေါင်းဖြီးခြင်းက ဦးရေပြားပူ၍ ဗောက်ထစေနိုင်၍ သစ်သားဘီးကိုသာ သုံးစွဲသင့်ပါတယ်။ ။


Credit:ပေါက်ပေါက်




ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top