iMyanmarHouse.com - Best Property Website for Myanmar
×

အယ္လ္ကိုေဟာ အမ်ားအျပား ေသာက္သံုးရင္ ႏွလံုးေရာဂါ၊ ကင္ဆား အမ်ဳိးေပါင္း ၆၀ ေက်ာ္နဲ႔ အသည္းေရာဂါ ျဖစ္လာႏုိင္ေျခ ျမင့္မားတယ္လို႔ ၾသစေၾတးလ်ႏိုင္ငံ၊ Deakin တကၠသိုလ္က ပညာရွင္တစ္ဦးက သတိေပးလုိက္ပါတယ္။

အရက္ေသာက္တာ မ်ားလာရင္ ေရတုိနဲ႔ ေရရွည္ ျပႆနာေတြ ရွိတဲ့အျပင္ ေနာက္ဆံုးမွာ အရက္မေသာက္ရ မေနႏုိင္ ျဖစ္လာႏိုင္ၿပီး အတျခား အယ္လ္ကိုေဟာနဲ႔ ဆက္စပ္ေနတဲ့ ျပႆနာေတြ ျဖစ္လာႏုိင္ပါတယ္။ ဒီအခ်က္ေတြ သင့္မွာ ျဖစ္ေပၚေနၿပီဆုိရင္ေတာ့ သင္ သတိထားသင့္ေနပါၿပီ။

၁။ ေသာက္ၿပီးရင္ ရပ္လုိ႔မရျခင္း

အရက္နည္းနည္းေလး စေသာက္လုိက္တာနဲ႔ ရပ္လို႔မရျဖစ္ေနၿပီ၊ ဒါမွမဟုတ္ မနက္ အိပ္ရာထခ်ိန္မွာ အရက္နည္းနည္းေသာက္ဖုိ႔ လိုေနတယ္လို႔ ခံစားေနရတယ္ ဆုိရင္ေတာ့ ဒါဟာ အရက္စြဲေနတဲ့ လကၡဏာရပ္ျဖစ္ၿပီး ဆရာဝန္နဲ႔ ေဆြးေႏြးတုိင္ပင္သင့္ပါၿပီ။

၂။ ေတာ္႐ံုနဲ႔ မမူးေတာ့ျခင္း

ေနာက္ထပ္ အရက္စြဲတဲ့ လကၡဏာရပ္တစ္ခုကေတာ့ မူးဖုိ႔အတြက္ အရက္ေတြအမ်ားႀကီး ေသာက္ရျခင္းပါပဲ။

၃။ အျမဲလိုလို ေသာက္ခ်င္ေနျခင္း

အရက္ေသာက္တဲ့အတြက္ ကိုယ့္မွာ တစ္ခုခုထိခိုက္တာ (မိုးလင္းလာရင္ ေခါင္းကိုက္တာ၊ လူက ႏံုးေခြေနတာ) စတာေတြ ျဖစ္ေနေပမဲ့လည္း အရက္ပဲ ဆက္ေသာက္ခ်င္ေနတယ္ဆုိရင္ေတာ့ သင့္ရဲ႕ အရက္ေသာက္ပံုက က်န္းမာေရးကို ထိခုိက္လာႏိုင္ပါတယ္။

၄။ အရက္မူးၿပီး ေနာက္ေန႔မွာ အျပစ္ရွိတယ္လို႔ ခံစားရျခင္း

အရက္မူးခ်ိန္မွာ တစ္စံုတစ္ေယာက္ကို ဒဏ္ရာအနာတရ ျဖစ္ေအာင္ လုပ္မိတာမ်ဳိး စတဲ့ လုပ္ရပ္မ်ဳိးေတြေၾကာင့္ အရက္ေသာက္ၿပီးတုိင္း ေနာင္တရသလို ခံစားေနရရင္၊ သင္နဲ႔ရင္းႏွီးသူတစ္ေယာက္က သင့္ကို အရက္ေလွ်ာ့ေသာက္ဖုိ႔ ေျပာလာၿပီဆုိရင္ သင့္ရဲ႕ အရက္ေသာက္သံုးမႈပံုစံနဲ႔ ပတ္သက္ၿပီး ဂ႐ုျပဳသင့္ပါၿပီ။

Credit : Duwun


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အယ်လ်ကိုဟော အများအပြား သောက်သုံးရင် နှလုံးရောဂါ၊ ကင်ဆား အမျိုးပေါင်း ၆၀ ကျော်နဲ့ အသည်းရောဂါ ဖြစ်လာနိုင်ခြေ မြင့်မားတယ်လို့ သြစတြေးလျနိုင်ငံ၊ Deakin တက္ကသိုလ်က ပညာရှင်တစ်ဦးက သတိပေးလိုက်ပါတယ်။

အရက်သောက်တာ များလာရင် ရေတိုနဲ့ ရေရှည် ပြဿနာတွေ ရှိတဲ့အပြင် နောက်ဆုံးမှာ အရက်မသောက်ရ မနေနိုင် ဖြစ်လာနိုင်ပြီး အတခြား အယ်လ်ကိုဟောနဲ့ ဆက်စပ်နေတဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီအချက်တွေ သင့်မှာ ဖြစ်ပေါ်နေပြီဆိုရင်တော့ သင် သတိထားသင့်နေပါပြီ။

၁။ သောက်ပြီးရင် ရပ်လို့မရခြင်း

အရက်နည်းနည်းလေး စသောက်လိုက်တာနဲ့ ရပ်လို့မရဖြစ်နေပြီ၊ ဒါမှမဟုတ် မနက် အိပ်ရာထချိန်မှာ အရက်နည်းနည်းသောက်ဖို့ လိုနေတယ်လို့ ခံစားနေရတယ် ဆိုရင်တော့ ဒါဟာ အရက်စွဲနေတဲ့ လက္ခဏာရပ်ဖြစ်ပြီး ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါပြီ။

၂။ တော်ရုံနဲ့ မမူးတော့ခြင်း

နောက်ထပ် အရက်စွဲတဲ့ လက္ခဏာရပ်တစ်ခုကတော့ မူးဖို့အတွက် အရက်တွေအများကြီး သောက်ရခြင်းပါပဲ။

၃။ အမြဲလိုလို သောက်ချင်နေခြင်း

အရက်သောက်တဲ့အတွက် ကိုယ့်မှာ တစ်ခုခုထိခိုက်တာ (မိုးလင်းလာရင် ခေါင်းကိုက်တာ၊ လူက နုံးခွေနေတာ) စတာတွေ ဖြစ်နေပေမဲ့လည်း အရက်ပဲ ဆက်သောက်ချင်နေတယ်ဆိုရင်တော့ သင့်ရဲ့ အရက်သောက်ပုံက ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။

၄။ အရက်မူးပြီး နောက်နေ့မှာ အပြစ်ရှိတယ်လို့ ခံစားရခြင်း

အရက်မူးချိန်မှာ တစ်စုံတစ်ယောက်ကို ဒဏ်ရာအနာတရ ဖြစ်အောင် လုပ်မိတာမျိုး စတဲ့ လုပ်ရပ်မျိုးတွေကြောင့် အရက်သောက်ပြီးတိုင်း နောင်တရသလို ခံစားနေရရင်၊ သင်နဲ့ရင်းနှီးသူတစ်ယောက်က သင့်ကို အရက်လျှော့သောက်ဖို့ ပြောလာပြီဆိုရင် သင့်ရဲ့ အရက်သောက်သုံးမှုပုံစံနဲ့ ပတ်သက်ပြီး ဂရုပြုသင့်ပါပြီ။


Credit : Duwun




ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top