iMyanmarHouse.com - Myanmar's No. 1 Property Website
×

ခ်စ္သက္တမ္းရွည္ၾကာလာတာနဲ႔အမွ် သမီးရည္းစားေတြဟာ လက္ထပ္ဖုိ႔ေတြးလာၾကပါၿပီ။ တြဲလာတဲ့အခ်ိန္ကာလက နည္းေသးေပမယ့္လည္း ကိုယ့္ခ်စ္သူက ကုိယ့္ကိုတစ္ေန႔ လက္ထပ္မယ္ဆိုတဲ့အသိမ်ိဳး ရွိခ်င္တာလည္း မိန္းမသားေတြ ရဲ႕ သေဘာသဘာ၀ပါပဲ။ ဒါေပမယ့္ ေယာက်ၤားေတြမွာေတာ့ သူတုိ႔တြဲေနတဲ့ခ်စ္သူနဲ႔ လက္ထပ္မယ္၊ လက္မထပ္ဘူးဆိုတဲ့ အေတြးမ်ိဳး သီးျခားရွိၿပီးသားပါ။ တစ္ခ်ိဳ႕ဆိုရင္ အိမ္ေထာင္ျပဳလိုတဲ့စိတ္ မရွိၾကသလို၊ ရည္းစားထားတာကသက္သက္ ကိုယ္တကယ္ယူမယ့္ မိန္းကေလးက သပ္သပ္ရယ္လုိ႔ေတာင္ ခြဲထားတတ္ၾကပါေသးတယ္။ ကဲ သူေရာ ကိုယ္ေရာ လက္ထပ္ဖုိ႔အေၾကာင္းေတြ ေဆြးေႏြးဖူးပါရဲ႕။ သုိ႔ေပမယ့္ သူ႕ဘက္က စိတ္အားထက္သန္စြာ မဟုတ္ဘဲ မေကာင္းတတ္ လို႔ ေျပာဆိုေပးေနတာမ်ိဳးေတြ၊ ဒီလိုေျပာဆုိတဲ့အခါတိုင္း စိတ္ရႈပ္ေနတဲ့ ပံုမ်ိဳးေတြဆိုရင္ေတာ့ ကိုယ့္ခ်စ္သူဟာ ကုိယ့္ကိုတကယ္ခ်စ္ရဲ႕လား၊ ဒါမွမဟုတ္ သူဟာ အိမ္ေထာင္ျပဳဖို႔အတြက္ အဆင္သင့္မျဖစ္ေသးတာလား၊ သူဟာ အိမ္ေထာင္ေရးကို ထိန္းသိမ္းႏိုင္မယ့္ သူမ်ိဳးလားဆိုတာမ်ိဳး ခြဲျခားရေတာ့ မွာေပါ့။ ဒါ့ေၾကာင့္ ေအာက္ကေဖာ္ျပေပးမယ့္ အခ်က္ေလးေတြကို ၾကည့္ၿပီး ကိုယ့္လူအေျခအေနက ဘယ္လိုဆိုတာ ဆံုးျဖတ္ၾကည့္ရေအာင္။

၁။သူဟာ ဆံုးျဖတ္ခ်က္ႀကီးႀကီးမားမားေတြ မခ်ႏိုင္ဘူး။

တစ္ခုခုဆံုးျဖတ္ေတာ့မယ္ဆုိရင္ ဘာလုပ္ရမွန္းမသိ ေတြေ၀တတ္သူ၊  ႀကီးမားတဲ့ ဆံုးျဖတ္ခ်က္ကို မခ်ရဲသူ ဥပမာ ကိုယ္၀ါသနာပါတဲ့ အလုပ္အတြက္ ကိုယ္ဘာလုပ္ရမယ္ဆိုတာမ်ိဳး၊ အခ်စ္ေရးနဲ႔ မပတ္သက္တဲ့ တျခားေသာ ကိုယ္ေရးကိုယ္တာ ဆံုးျဖတ္ခ်က္ကိုေတာင္မွ မဆုံးျဖတ္ႏိုင္သူဆုိရင္ေတာ့ သင့္လူဟာ အိမ္ေထာင္ျပဳဖုိ႔အတြက္လည္း ခုလိုပဲတလည္လည္ျဖစ္ေနမွာပါ။

၂။သူ႔ရဲ႕အနာဂတ္စိတ္ကူးအိပ္မက္ေတြအေၾကာင္း ေျပာတဲ့အခါ ဘယ္ေတာ့မွ သင့္အေၾကာင္း မပါဘူး။

ေနာင္အႏွစ္ (၂၀)ဆိုရင္ ကိုယ္ကေတာ့ ကုမၸဏီမွာ CEO ေတာင္ျဖစ္ေနေလာက္ၿပီ။ အဲ့ဒီအခ်ိန္က်ရင္ အိမ္အႀကီးႀကီး၀ယ္မယ္။ ရြက္ေလွခပ္ႀကီးႀကီးလည္း ရွိခ်င္တယ္။ ေပ်ာ္စရာႀကီးေနမွာပဲ။ ၿမိဳ႕ႀကီးျပႀကီးမွာလည္း အိမ္၀ယ္ထားမယ္၊ စတာေတြကို အၿမဲေျပာေနတတ္ေပမယ့္ သူ႕အနာဂတ္အစီအစဥ္ေတြမွာ ကိုယ္ဘယ္ေတာ့မွ ထည့္သြင္းေျပာဆိုမခံရဘူးဆိုရင္ေတာ့ သူဟာ ကိုယ့္ကိုထည့္မတြက္လို႔ေပါ့။

၃။သင္ျဖစ္ခ်င္တာေတြကဘာလဲဆိုတာ ဘယ္ေတာ့မွ မေမးဘူး။

ကိုယ္တကယ္ျဖစ္ခ်င္တာက ဘာဆိုတာ သူ ဘယ္ေတာ့မွ မေမးဘူး။ သိလည္း မသိဘူး။ သိေအာင္လည္း မႀကိဳးစားဘူးဆုိရင္ေတာ့ ဒါဟာ သင့္ကို အိမ္ေထာင္ျပဳဖုိ႔အထိ သူစိတ္ကူးမထားေသးလို႔ပါ။

၄။ႏွစ္ဦးသား ကြိဳင္တက္ၿပီဆို သူက ဘာမွမေျပာေတာ့ဘူး။

ခ်စ္သူရည္းစားေတြကေတာ့ ရန္မျဖစ္တဲ့အတြဲဆိုတာ ခပ္ရွားရွားပါ။ ႏွစ္ဦးသားရန္ျဖစ္တုိင္း သူက စိတ္ပ်က္သလို ဘာဆိုဘာမွ ကိုယ့္ကိုမေျပာေတာ့ဘူး။ ျပ ႆနာကိုလည္း ဘယ္ေတာ့မွ အေျဖမရွာဘူး။ ရွင္းမျပဘူး။ နားမေထာင္ဘူး ဆိုရင္ေတာ့ သူ႕ကို သံသယရွိရေတာ့မွာေပါ့။

၅။သင့္မိသားစုကို အၿမဲေရွာင္တယ္။

သူ႕မိသားစု၊ ကုိယ္မိသားစု အေရးေတြဆို သူက သင့္မိသားစုနဲ႔မေတြ႕ရေအာင္ နည္းလမ္းစံုသံုးတတ္တယ္။ အိမ္လည္ေခၚရင္လည္း မလိုက္ဘူး။ အိမ္ကလူေတြနဲ႔ မိတ္ဆက္ေပးမွာကိုလည္း မလိုလားဘူးဆုိရင္ေတာ့ သင့္ကို အိမ္ေထာင္ျပဳဖုိ႔ စိတ္ကူးမရွိလို႔ပါပဲ။

၆။သင့္သူငယ္ခ်င္းေတြကို သူမႀကိဳက္ဘူး။

သူငယ္ခ်င္းေတြ အေၾကာင္းေျပာရင္ သူမႀကိဳက္ဘူး။ သင့္သူငယ္ခ်င္းေတြက ဘယ္လိုမေကာင္းတာ၊ ဘာ့ေၾကာင့္မေပါင္းသင့္တာ၊ စိတ္ပ်က္ဖုိ႔ေကာင္းတယ္ဆုိၿပီး ေ၀ဖန္ျပစ္တင္ေနမယ္၊ သူတုိ႔နဲ႔ေတြ႕ဖုိ႔လည္း အၿမဲျငင္းဆန္ေနမယ္ ဆိုရင္ေတာ့ သူ႔ကို ေသေသခ်ာခ်ာ စဥ္းစားေပေတာ့။

၇။သူ႕သူငယ္ခ်င္းေတြၾကားထဲမွာ သင့္အေၾကာင္း ဟာသအၿမဲလုပ္ေျပာတတ္တယ္။

သူငယ္ခ်င္းေတြဆံုရင္ ဘယ္သူ႕ရည္းစားကေတာ့ ဘယ္လိုဆုိၿပီး ေျပာေလ့ရွိၾကေပမယ့္ သူက သင့္အေၾကာင္းေတြကို သူငယ္ခ်င္းေတြနဲ႔ဟာသလုိ သေဘာထားၿပီး ဟားေနရင္ေတာ့ ဘယ္လိုမွ မေကာင္းပါဘူး။  အဲ့လိုမဟုတ္ပဲ သူေသေအာင္ႀကိဳက္ခဲ့တဲ့ ေကာင္မေလးက သူ႕ရည္းစားနဲ႔ျပတ္သြားတာကို ၿမိန္ေရယွက္ေရ ေျပာေနတာမ်ိဳးေတြဆိုရင္လည္း သင့္အတြက္ သတိထားဖုိ႔ ေျပာခ်င္ပါတယ္။

Credit:Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ချစ်သက်တမ်းရှည်ကြာလာတာနဲ့အမျှ သမီးရည်းစားတွေဟာ လက်ထပ်ဖို့တွေးလာကြပါပြီ။ တွဲလာတဲ့အချိန်ကာလက နည်းသေးပေမယ့်လည်း ကိုယ့်ချစ်သူက ကိုယ့်ကိုတစ်နေ့ လက်ထပ်မယ်ဆိုတဲ့အသိမျိုး ရှိချင်တာလည်း မိန်းမသားတွေ ရဲ့ သဘောသဘာဝပါပဲ။ ဒါပေမယ့် ယောကျၤားတွေမှာတော့ သူတို့တွဲနေတဲ့ချစ်သူနဲ့ လက်ထပ်မယ်၊ လက်မထပ်ဘူးဆိုတဲ့ အတွေးမျိုး သီးခြားရှိပြီးသားပါ။ တစ်ချို့ဆိုရင် အိမ်ထောင်ပြုလိုတဲ့စိတ် မရှိကြသလို၊ ရည်းစားထားတာကသက်သက် ကိုယ်တကယ်ယူမယ့် မိန်းကလေးက သပ်သပ်ရယ်လို့တောင် ခွဲထားတတ်ကြပါသေးတယ်။ ကဲ သူရော ကိုယ်ရော လက်ထပ်ဖို့အကြောင်းတွေ ဆွေးနွေးဖူးပါရဲ့။ သို့ပေမယ့် သူ့ဘက်က စိတ်အားထက်သန်စွာ မဟုတ်ဘဲ မကောင်းတတ် လို့ ပြောဆိုပေးနေတာမျိုးတွေ၊ ဒီလိုပြောဆိုတဲ့အခါတိုင်း စိတ်ရှုပ်နေတဲ့ ပုံမျိုးတွေဆိုရင်တော့ ကိုယ့်ချစ်သူဟာ ကိုယ့်ကိုတကယ်ချစ်ရဲ့လား၊ ဒါမှမဟုတ် သူဟာ အိမ်ထောင်ပြုဖို့အတွက် အဆင်သင့်မဖြစ်သေးတာလား၊ သူဟာ အိမ်ထောင်ရေးကို ထိန်းသိမ်းနိုင်မယ့် သူမျိုးလားဆိုတာမျိုး ခွဲခြားရတော့ မှာပေါ့။ ဒါ့ကြောင့် အောက်ကဖော်ပြပေးမယ့် အချက်လေးတွေကို ကြည့်ပြီး ကိုယ့်လူအခြေအနေက ဘယ်လိုဆိုတာ ဆုံးဖြတ်ကြည့်ရအောင်။

၁။သူဟာ ဆုံးဖြတ်ချက်ကြီးကြီးမားမားတွေ မချနိုင်ဘူး။

တစ်ခုခုဆုံးဖြတ်တော့မယ်ဆိုရင် ဘာလုပ်ရမှန်းမသိ တွေဝေတတ်သူ၊  ကြီးမားတဲ့ ဆုံးဖြတ်ချက်ကို မချရဲသူ ဥပမာ ကိုယ်ဝါသနာပါတဲ့ အလုပ်အတွက် ကိုယ်ဘာလုပ်ရမယ်ဆိုတာမျိုး၊ အချစ်ရေးနဲ့ မပတ်သက်တဲ့ တခြားသော ကိုယ်ရေးကိုယ်တာ ဆုံးဖြတ်ချက်ကိုတောင်မှ မဆုံးဖြတ်နိုင်သူဆိုရင်တော့ သင့်လူဟာ အိမ်ထောင်ပြုဖို့အတွက်လည်း ခုလိုပဲတလည်လည်ဖြစ်နေမှာပါ။

၂။သူ့ရဲ့အနာဂတ်စိတ်ကူးအိပ်မက်တွေအကြောင်း ပြောတဲ့အခါ ဘယ်တော့မှ သင့်အကြောင်း မပါဘူး။

နောင်အနှစ် (၂၀)ဆိုရင် ကိုယ်ကတော့ ကုမ္ပဏီမှာ CEO တောင်ဖြစ်နေလောက်ပြီ။ အဲ့ဒီအချိန်ကျရင် အိမ်အကြီးကြီးဝယ်မယ်။ ရွက်လှေခပ်ကြီးကြီးလည်း ရှိချင်တယ်။ ပျော်စရာကြီးနေမှာပဲ။ မြို့ကြီးပြကြီးမှာလည်း အိမ်ဝယ်ထားမယ်၊ စတာတွေကို အမြဲပြောနေတတ်ပေမယ့် သူ့အနာဂတ်အစီအစဉ်တွေမှာ ကိုယ်ဘယ်တော့မှ ထည့်သွင်းပြောဆိုမခံရဘူးဆိုရင်တော့ သူဟာ ကိုယ့်ကိုထည့်မတွက်လို့ပေါ့။

၃။သင်ဖြစ်ချင်တာတွေကဘာလဲဆိုတာ ဘယ်တော့မှ မမေးဘူး။

ကိုယ်တကယ်ဖြစ်ချင်တာက ဘာဆိုတာ သူ ဘယ်တော့မှ မမေးဘူး။ သိလည်း မသိဘူး။ သိအောင်လည်း မကြိုးစားဘူးဆိုရင်တော့ ဒါဟာ သင့်ကို အိမ်ထောင်ပြုဖို့အထိ သူစိတ်ကူးမထားသေးလို့ပါ။

၄။နှစ်ဦးသား ကွိုင်တက်ပြီဆို သူက ဘာမှမပြောတော့ဘူး။

ချစ်သူရည်းစားတွေကတော့ ရန်မဖြစ်တဲ့အတွဲဆိုတာ ခပ်ရှားရှားပါ။ နှစ်ဦးသားရန်ဖြစ်တိုင်း သူက စိတ်ပျက်သလို ဘာဆိုဘာမှ ကိုယ့်ကိုမပြောတော့ဘူး။ ပြ ဿနာကိုလည်း ဘယ်တော့မှ အဖြေမရှာဘူး။ ရှင်းမပြဘူး။ နားမထောင်ဘူး ဆိုရင်တော့ သူ့ကို သံသယရှိရတော့မှာပေါ့။

၅။သင့်မိသားစုကို အမြဲရှောင်တယ်။

သူ့မိသားစု၊ ကိုယ်မိသားစု အရေးတွေဆို သူက သင့်မိသားစုနဲ့မတွေ့ရအောင် နည်းလမ်းစုံသုံးတတ်တယ်။ အိမ်လည်ခေါ်ရင်လည်း မလိုက်ဘူး။ အိမ်ကလူတွေနဲ့ မိတ်ဆက်ပေးမှာကိုလည်း မလိုလားဘူးဆိုရင်တော့ သင့်ကို အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိလို့ပါပဲ။

၆။သင့်သူငယ်ချင်းတွေကို သူမကြိုက်ဘူး။

သူငယ်ချင်းတွေ အကြောင်းပြောရင် သူမကြိုက်ဘူး။ သင့်သူငယ်ချင်းတွေက ဘယ်လိုမကောင်းတာ၊ ဘာ့ကြောင့်မပေါင်းသင့်တာ၊ စိတ်ပျက်ဖို့ကောင်းတယ်ဆိုပြီး ဝေဖန်ပြစ်တင်နေမယ်၊ သူတို့နဲ့တွေ့ဖို့လည်း အမြဲငြင်းဆန်နေမယ် ဆိုရင်တော့ သူ့ကို သေသေချာချာ စဉ်းစားပေတော့။

၇။သူ့သူငယ်ချင်းတွေကြားထဲမှာ သင့်အကြောင်း ဟာသအမြဲလုပ်ပြောတတ်တယ်။

သူငယ်ချင်းတွေဆုံရင် ဘယ်သူ့ရည်းစားကတော့ ဘယ်လိုဆိုပြီး ပြောလေ့ရှိကြပေမယ့် သူက သင့်အကြောင်းတွေကို သူငယ်ချင်းတွေနဲ့ဟာသလို သဘောထားပြီး ဟားနေရင်တော့ ဘယ်လိုမှ မကောင်းပါဘူး။  အဲ့လိုမဟုတ်ပဲ သူသေအောင်ကြိုက်ခဲ့တဲ့ ကောင်မလေးက သူ့ရည်းစားနဲ့ပြတ်သွားတာကို မြိန်ရေယှက်ရေ ပြောနေတာမျိုးတွေဆိုရင်လည်း သင့်အတွက် သတိထားဖို့ ပြောချင်ပါတယ်။

Credit:Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top