iMyanmarHouse.com - Best Property Website for Myanmar
×

ကလုိဝီကာဒါရွီယန္ဟာ သူမသေဘာက်တဲ့ အမ်ဳိးသားစာရင္းထဲမွာ ဘရတ္ပစ္လည္း ပါေၾကာင္း စက္တင္ဘာလ ၂၆ ရက္က ဖြင့္ဟခဲ့ပါတယ္။

ပူပူေႏြးေႏြး လူလြတ္တစ္ေယာက္ျဖစ္ခါစ ဘရတ္ပစ္ကို သူမစိတ္ဝင္စားေၾကာင္း အသိေပးဖို႔ အသက္ ၃၂ ႏွစ္အရြယ္ ကလိုဝီက အခ်ိန္ျဖဳန္းခ်င္ေတာ့ပံု မေပၚပါဘူး။

ကလိုဝီကာဒါရွီယန္ဟာ သူမရဲ႕ khloewithak.com ဝက္ဘ္ဆုိဒ္မွာ သူမရဲ႕ အင္တာဗ်ဴးတစ္ခုကို ထည့္သြင္းထားတာျဖစ္ပါတယ္။

၁၉၉၀ ျပည့္ႏွစ္ေတြက နာမည္ႀကီးေတြကို သေဘာက်လား၊ အခုေခတ္လူေတြကို သဘာက်လားဆုိတဲ့ ေမးခြန္းကို ကလိုဝီက "၉၀ ျပည့္ႏွစစ္ေတြက ေဟာလိဝုဒ္မင္းသားေတြကို သေဘာက်တယ္" လို႔ ေျဖခဲ့တာ ျဖစ္ပါတယ္။

"ကၽြန္မက ၉၀ ျပည့္ႏွစ္ေတြက ဇာတ္လမ္းတြဲေတြ၊ ႐ုပ္႐ုပ္ေတြထဲက သ႐ုပ္ေဆာင္ေတြ၊ အဆုိေတာ္ေတြကို ၾကည့္ရင္း ႀကီးျပင္းခဲ့တာေလ။ အခုေခတ္အမ်ဳိးသားေတြထက္ လြန္ခဲ့တဲ့ ႏွစ္ ၂၀ က အမ်ဳိးသားေတြက ပိုၿပီး ဆြဲေဆာင္မႈရွိတယ္လို႔ ထင္တယ္" လို႔ သူမက ဆုိခဲ့ပါတယ္။

သူမ သေဘာအက်ဆံုးစာရင္းထဲမွာ ဘရတ္ပစ္လည္း ပါခဲ့ပါတယ္။

"သူက ၁၉၉၀ ျပည့္ႏွစ္အတြင္းမွာေရာ အခုေရာ ေခ်ာပါတယ္။ ဒါေပမဲ့ ငယ္ငယ္တုန္းက ပိုႀကိဳက္တယ္။ Meet Joe Black ထဲမွာ သေဘာက်တယ္။ ဒါေပမဲ့ အရမ္းငယ္တုန္းကေတာ့ မႀကိဳက္ဘူး။ Thelma & Louise ဇာတ္ကားထဲမွာလည္း ႀကိဳက္တယ္" လုိ႔ ကလိုဝီက ဆုိခဲ့ေပမဲ့ ဘရတ္ပစ္နဲ႔ ဂ်ဳိလီတုိ႔ရဲ႕ အိမ္ေထာင္ေရး ၿပိဳကြဲမႈအေၾကာင္းကိုေတာ့ လံုးဝ ထည့္ေျပာမသြားခဲ့ပါဘူး။

Credit : duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ကလိုဝီကာဒါရှီယန်ဟာ သူမသဘောကျတဲ့ အမျိုးသားစာရင်းထဲမှာ ဘရတ်ပစ်လည်း ပါကြောင်း စက်တင်ဘာလ ၂၆ ရက်က ဖွင့်ဟခဲ့ပါတယ်။

ပူပူနွေးနွေး လူလွတ်တစ်ယောက်ဖြစ်ခါစ ဘရတ်ပစ်ကို သူမစိတ်ဝင်စားကြောင်း အသိပေးဖို့ အသက် ၃၂ နှစ်အရွယ် ကလိုဝီက အချိန်ဖြုန်းချင်တော့ပုံ မပေါ်ပါဘူး။

ကလိုဝီကာဒါရှီယန်ဟာ သူမရဲ့ khloewithak.com ဝက်ဘ်ဆိုဒ်မှာ သူမရဲ့ အင်တာဗျူးတစ်ခုကို ထည့်သွင်းထားတာဖြစ်ပါတယ်။

၁၉၉၀ ပြည့်နှစ်တွေက နာမည်ကြီးတွေကို သဘောကျလား၊ အခုခေတ်လူတွေကို သဘာကျလားဆိုတဲ့ မေးခွန်းကို ကလိုဝီက "၉၀ ပြည့်နှစစ်တွေက ဟောလိဝုဒ်မင်းသားတွေကို သဘောကျတယ်" လို့ ဖြေခဲ့တာ ဖြစ်ပါတယ်။

"ကျွန်မက ၉၀ ပြည့်နှစ်တွေက ဇာတ်လမ်းတွဲတွေ၊ ရုပ်ရုပ်တွေထဲက သရုပ်ဆောင်တွေ၊ အဆိုတော်တွေကို ကြည့်ရင်း ကြီးပြင်းခဲ့တာလေ။ အခုခေတ်အမျိုးသားတွေထက် လွန်ခဲ့တဲ့ နှစ် ၂၀ က အမျိုးသားတွေက ပိုပြီး ဆွဲဆောင်မှုရှိတယ်လို့ ထင်တယ်" လို့ သူမက ဆိုခဲ့ပါတယ်။

သူမ သဘောအကျဆုံးစာရင်းထဲမှာ ဘရတ်ပစ်လည်း ပါခဲ့ပါတယ်။

"သူက ၁၉၉၀ ပြည့်နှစ်အတွင်းမှာရော အခုရော ချောပါတယ်။ ဒါပေမဲ့ ငယ်ငယ်တုန်းက ပိုကြိုက်တယ်။ Meet Joe Black ထဲမှာ သဘောကျတယ်။ ဒါပေမဲ့ အရမ်းငယ်တုန်းကတော့ မကြိုက်ဘူး။ Thelma & Louise ဇာတ်ကားထဲမှာလည်း ကြိုက်တယ်" လို့ ကလိုဝီက ဆိုခဲ့ပေမဲ့ ဘရတ်ပစ်နဲ့ ဂျိုလီတို့ရဲ့ အိမ်ထောင်ရေး ပြိုကွဲမှုအကြောင်းကိုတော့ လုံးဝ ထည့်ပြောမသွားခဲ့ပါဘူး။


Credit : duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top