iMyanmarHouse.com - Best Property Website for Myanmar
×

သင္ဟာ ႏွစ္သစ္ကူးကာလမွာ ေကာ္ဖီေသာက္ျခင္းကို စြန္႔လႊတ္ဖို႔ စဥ္းစားထားတယ္ဆိုရင္ေတာ့ ဒီအေတြးကို ျပန္လည္သံုးသပ္ဖို႔လိုပါလိမ့္မယ္။ ကၽြမ္းက်င္သူ ေတြ ရဲ ႔ ေျပာၾကားခ်က္အရ လူအမ်ားစု အတြက္ ေကာ္ဖီကို ေရွာင္ၾကဥ္ဖို႔ မလိုအပ္ပါဘူး။

ၾသစေၾတးလ်ႏိုင္ငံ Dietitians အဖြဲ႔အစည္းမွာ ရွိတဲ့ ပေရာ္ဖက္ဆာ Clare Collins က ေျပာျပခဲ့တာကေတာ့ ေကာ္ဖီ ပံုမွန္ ေသာက္သံုးသူေတြဟာ အသည္းကင္ဆာ ျဖစ္ေစဖို႔ နဲ႔ မေမွ်ာ္လင့္ပဲ ခ်က္ခ်င္းေသဆံုးသြားျခင္းမ်ိဳးျဖစ္ေစဖို႔ အခြင့္အလမ္း အရမ္းနည္းတယ္လို႔ သိရပါတယ္။

ဒါ့အျပင္ ခႏၶာကိုယ္အတြင္းမွာရွိတဲ့ သၾကားဓါတ္ေတြကို စြမ္းအင္အျဖစ္ေျပာင္းလဲေပးႏိုင္တဲ့ အင္ဆူလင္ဆိုတဲ့ေဟာ္မုန္းတစ္မ်ိဳးကို လံုေလာက္စြာမထုတ္လုပ္ႏိုင္ျခင္း (သို႔) ထုတ္လုပ္ထားတဲ့ အင္ဆူလင္မ်ားဟာ ေကာင္းစြာအလုပ္မလုပ္ေတာ့တဲ့ အခါမ်ိဳးမွာ ျဖစ္ေပၚေလ့ရွိတဲ့ အမ်ိဳးအစား ၂ ဆီးခ်ိဳ ၊ ေသြးခ်ိဳ ေရာဂါတို႔ျဖစ္ေစဖို႔လည္း အခြင့္အလမ္းနည္းေစပါတယ္။

ထို သုေတသန က တဆင့္ ထပ္မံ သိရွိခဲ့ရတာကေတာ့ ေကာ္ဖီမွာအဓိက ပါ၀င္ေနတဲ့ ကဖိန္းဓါတ္ဟာ ဦးေႏွာက္ကိုလည္း ပါကင္ဆန္ေရာဂါျဖစ္ပြားျခင္းမွ ကာကြယ္ရာမွာ ကူညီေပးႏိုင္တယ္လို႔လည္းသိရပါတယ္။

ဒါေပမယ့္လည္း တစ္ဖက္မွာေတာ့ ေကာ္ဖီဟာ လူနည္းစုအတြက္ အႏာၱရာယ္ရွိေနပါေသးတယ္။ ဘယ္လိုလူနည္းစုလည္းဆိုရင္ေတာ့ ကိုယ္၀န္ေဆာင္အမ်ိဳးသမီးေတြအေနနဲ႔ ကဖိန္း ၂၀၀ မီလီဂရမ္ခန္႔ပါ၀င္တဲ့ အသင့္ေဖ်ာ္ေကာ္ဖီတစ္ခြင္ ခန္႔လွ်င္ပင္ ကိုယ္၀န္ေဆာင္ျခင္းကို ထိခိုက္ႏိုင္ေခ်ရွိသလို ေကာ္ဖီဟာ ႏွလံုးခုန္ႏႈန္းျမန္ဆန္ေနသူ ေတြနဲ႔ ေသြးဖိအားျမင့္မားေနသူေတြအတြက္ မသင့္ေတာ္ႏိုင္ပါဘူး။

ဒါ့အျပင္ ကေလးငယ္ေတြအေနနဲ႔လည္း ကဖိန္းဓါတ္ကို အစာေခ်ဖ်က္ႏိုင္စြမ္း မရွိတာေၾကာင့္ ကေလးငယ္ေတြဟာ ဆယ္ေက်ာ္သက္ အရြယ္မေရာက္ခင္မွာေတာ့ ေကာ္ဖီေသာက္ျခင္းကို မစတင္သင့္ဘူးလို႔ ကၽြမ္းက်င္သူေတြက သတိေပးထားပါတယ္။

Credit : thithtoolwin

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

သင်ဟာ နှစ်သစ်ကူးကာလမှာ ကော်ဖီသောက်ခြင်းကို စွန့်လွှတ်ဖို့ စဉ်းစားထားတယ်ဆိုရင်တော့ ဒီအတွေးကို ပြန်လည်သုံးသပ်ဖို့လိုပါလိမ့်မယ်။ ကျွမ်းကျင်သူ တွေ ရဲ့ ပြောကြားချက်အရ လူအများစု အတွက် ကော်ဖီကို ရှောင်ကြဉ်ဖို့ မလိုအပ်ပါဘူး။

သြစတြေးလျနိုင်ငံ Dietitians အဖွဲ့အစည်းမှာ ရှိတဲ့ ပရော်ဖက်ဆာ Clare Collins က ပြောပြခဲ့တာကတော့ ကော်ဖီ ပုံမှန် သောက်သုံးသူတွေဟာ အသည်းကင်ဆာ ဖြစ်စေဖို့ နဲ့ မမျှော်လင့်ပဲ ချက်ချင်းသေဆုံးသွားခြင်းမျိုးဖြစ်စေဖို့ အခွင့်အလမ်း အရမ်းနည်းတယ်လို့ သိရပါတယ်။

ဒါ့အပြင် ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ သကြားဓါတ်တွေကို စွမ်းအင်အဖြစ်ပြောင်းလဲပေးနိုင်တဲ့ အင်ဆူလင်ဆိုတဲ့ဟော်မုန်းတစ်မျိုးကို လုံလောက်စွာမထုတ်လုပ်နိုင်ခြင်း (သို့) ထုတ်လုပ်ထားတဲ့ အင်ဆူလင်များဟာ ကောင်းစွာအလုပ်မလုပ်တော့တဲ့ အခါမျိုးမှာ ဖြစ်ပေါ်လေ့ရှိတဲ့ အမျိုးအစား ၂ ဆီးချို ၊ သွေးချို ရောဂါတို့ဖြစ်စေဖို့လည်း အခွင့်အလမ်းနည်းစေပါတယ်။

ထို သုတေသန က တဆင့် ထပ်မံ သိရှိခဲ့ရတာကတော့ ကော်ဖီမှာအဓိက ပါဝင်နေတဲ့ ကဖိန်းဓါတ်ဟာ ဦးနှောက်ကိုလည်း ပါကင်ဆန်ရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ရာမှာ ကူညီပေးနိုင်တယ်လို့လည်းသိရပါတယ်။

ဒါပေမယ့်လည်း တစ်ဖက်မှာတော့ ကော်ဖီဟာ လူနည်းစုအတွက် အန္တာရာယ်ရှိနေပါသေးတယ်။ ဘယ်လိုလူနည်းစုလည်းဆိုရင်တော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ ကဖိန်း ၂၀၀ မီလီဂရမ်ခန့်ပါဝင်တဲ့ အသင့်ဖျော်ကော်ဖီတစ်ခွင် ခန့်လျှင်ပင် ကိုယ်ဝန်ဆောင်ခြင်းကို ထိခိုက်နိုင်ချေရှိသလို ကော်ဖီဟာ နှလုံးခုန်နှုန်းမြန်ဆန်နေသူ တွေနဲ့ သွေးဖိအားမြင့်မားနေသူတွေအတွက် မသင့်တော်နိုင်ပါဘူး။

ဒါ့အပြင် ကလေးငယ်တွေအနေနဲ့လည်း ကဖိန်းဓါတ်ကို အစာချေဖျက်နိုင်စွမ်း မရှိတာကြောင့် ကလေးငယ်တွေဟာ ဆယ်ကျော်သက် အရွယ်မရောက်ခင်မှာတော့ ကော်ဖီသောက်ခြင်းကို မစတင်သင့်ဘူးလို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

Credit : thithtoolwin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top