iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသားေတြ အေနနဲ႔ အားငယ္တဲ့အခ်ိန္ဆိုတာ ရွိပါ့မလား။ ဒါမွမဟုတ္ ကုိယ့္ခ်စ္သူကို ေဘးမွာ တကယ္ကို လုိအပ္တ့ဲအခ်ိန္မ်ိဳး ဆုိတာေရာ။ ဒီလုိအေတြးမ်ိဳး သင္ ေတြးၾကည့္ဖူးပါသလား။ တကယ္ေတာ့ သူတုိ႔ဟာ ခ်စ္သူေကာင္မေလးေတြကို မျဖစ္မေန အနားမွာ ရွိေစခ်င္တဲ့အခ်ိန္ေတြ အမ်ားႀကီးရွိပါတယ္။  ခ်စ္တဲ့့စိတ္သာမက သင္ေဘးနားမွာရွိမွ အားရွိသြားသလိုမ်ိဳး၊ အဆင္ေျပသြားတာမ်ိဳး သင့္အေပၚ ျပန္မွီခိုတတ္တဲ့စိတ္ ရွိတတ္တဲ့ အခ်ိန္မ်ိဳးေတြ ကေတာ့

၁။သူ႕အလုပ္က ထြက္လိုက္ရတဲ့အခါ

အလုပ္ကထြက္လိုက္ရလို႔ သူၾကည့္ရတာ ေပါ့ေပါ့ပါးပါးျဖစ္ေနမယ္၊ ရုပ္ရွင္ေတြထုိင္ၾကည့္၊ အိပ္ခ်င္တဲ့အခ်ိန္ အိပ္ပစ္လိုက္မယ္ ဆုိေပမယ့္ သူတုိ႔စိတ္ထဲမွာ သင့္ရဲ႕ေဖးမမႈေတြ၊ အားေပးစကားေတြ လိုအပ္ေနပါတယ္။ သူ႕ကို သင္ေျပာေပးရမွာက ဘာေတြျဖစ္ေနျဖစ္ေန သူနဲ႔အတူရွိေနမယ္ဆုိတဲ့ အေၾကာင္းန႔ဲ ေနာက္ထပ္အလုပ္တစ္ခုရွာႏိုင္ဖုိ႔ သင္ကူညီေပးမယ္ဆုိတဲ့အေၾကာင္းပါပဲ။

၂။သူ႔သူငယ္ခ်ငး္ေတြနဲ႔ ျပသနာတက္လာတဲ့အခါ

သူရဲ႕ သူငယ္ခ်င္းေတြနဲ႔ ရန္ျဖစ္လာတယ္၊ ျပသနာတက္လာတဲ့အခါ မိန္းကေလးေတြလုိေတာ့ သင့္ကို အေသးစိတ္ ရင္ဖြင့္ခ်င္မွ ရင္ဖြင့္ပါလိမ့္မယ္။ ဒါေပမယ့္ သူ႕ေဘးမွာ သင့္ကို ရွိေစခ်င္ပါတယ္။ ဘယ္သူေတြနဲ႔ ဘာျဖစ္ျဖစ္ သင့္ကေတာ့ သူ႕ဘက္ကပဲ ဆိုတာမ်ိဳး စိတ္ခံစားခ်က္ လံုျခံဳခ်င္လုိ႔ပါ။

၃။အိမ္မွာ အျပင္းဖ်ားတဲ့အခါ

တစ္ခ်ိဳ႕လူေတြဟာ ေနမေကာင္းျဖစ္တဲ့အခ်ိန္ တစ္ေယာက္တည္း ရွိေနခ်င္တတ္ၾကပါတယ္။ အမ်ိဳးသားေတြကလည္း သင့္ကိုေတာ့ သူ႕ေဘးမွာ လာေနေပးပါလားလုိ႔ စေခၚခ်င္မွ ေခၚပါလိမ့္မယ္။ ဒါေပမယ့္ သူတို႔ဆီသင္ေရာက္လာျပီး သူတုိ႔စားဖုိ႔ ဆန္ျပဳတ္ျပဳၽတ္ေပးတာ၊ သူတုိ႔ကို ေဆးတုိက္တာ၊ ကိုယ္ပူစမ္းတာမ်ိဳးေတာ့ ဘယ္ေယာက်ၤားမဆို ႀကိဳက္ၾက၊ ခံခ်င္ၾကတာခ်ည္းပါပဲ။

၄။သူ အလုပ္မွာ ရာထူး၊ လစာ တိုးသြားတဲ့အခါ

သတင္းေကာင္းကို ကိုယ့္ခ်စ္ရသူကို အရင္ဆံုး အသိမေပးခ်င္တဲ့သူ ဘယ္သူရွိမလဲ။ အတူတူ ေတြ႕ျပီး ေျပာမျပခ်င္တဲ့သူ ဘယ္သူရွိမွာလဲ။ ဒီလိုအခ်ိန္ သင္သူ႕ေဘးနားမွာေနျပီး သူ႕ရဲ႕ေပ်ာ္ရႊင္မႈေတြကို ေ၀မွ်လိုက္ပါ။

၅။သူ႕မိခင္အတြက္ ေမြးေန႔လက္ေဆာင္၀ယ္ခါနီး

အမ်ိဳးသမီးေတြ ဘာႀကိဳက္တတ္သလဲဆိုတာ အမ်ိဳးသမီးခ်င္းက ပိုနားလည္ပါတယ္။ အေမအတြက္ ေပးေနက် လက္ေဆာင္မိ်ဳးေတြထဲက ခြဲထြက္ျပီး အသစ္အဆန္းေပးခ်င္တယ္ဆုိရင္ သင့္အႀကံေတာ့ သူလိုခ်င္ပါလိမ့္မယ္။ ေဘးနားမွာ သင္ရွိဖုိ႔ကိုလည္း သူ လိုအပ္ေနပါလိမ့္မယ္။

၆။သူ႔အနာဂတ္ဟာ ေ၀၀ါးေနတယ္လို႔ ခံစားရတဲ့အခါ

သူ႕စိတ္ထဲမွာ သူ႔ရဲ႕အလုပ္အကိုင္အခြင့္အလမ္းေတြ ေပ်ာက္ဆံုးေနတယ္ လုိ႔ခံစားရတဲ့အခါ၊ သူ စိတ္ထဲမွန္းထားသလို ဘာတစ္ခုမွ ျဖစ္မလာတဲ့အခါ၊ သူ႕အလုပ္မွာ အဆင္မေျပျဖစ္တဲ့အခါမ်ိဳးေတြမွာ သင့္ကုိေဘးနားရွိေစခ်င္ပါတယ္။ သင္နဲ႔လည္း ေရွ႕ေရးအေျခအေနကို ေဆြးေႏြးခ်င္ေကာင္း ေဆြးေႏြးခ်င္ပါလိမ့္မယ္။

၇။သူ႕မွာ လုုပ္စရာေတြ တစ္ပံုႀကီးျဖစ္ေနတဲ့အခါ

မနက္ႏိုးကတည္းက ညအထိ အလုပ္ေတြ၊ သင္တန္းေတြနဲ႔ ျပည့္ေနတဲ့ ရည္းစားတစ္ေယာက္ရွိေနတာ နည္းနည္းေတာ့ စိတ္ရႈပ္စရာေကာင္းပါလိမ့္မယ္။ သူလည္း ဒီလို အခ်ိန္ဇယားအျပည့္နဲ႔ ေန႔တုိင္းႏွစ္ပါးသြားေနရတာ စိတ္မညစ္ဘူးလုိ႔ေတာ့ မထင္ပါနဲ႔။ ဒီလိုေတြ ရႈပ္ယွက္ခတ္ေနလို႔ သင့္ကို မလိုအပ္ဘူးလုိ႔လည္း မထင္ပါနဲ႔။ သင့္ကို ပိုလို႕ေတာင္ သူေတာင့္တေနပါလိမ့္မယ္။ အနည္းဆံုး သင့္ရဲ႕ေပြ႕ဖက္မႈကိုေတာ့ လုိခ်င္ေနမွာ ေသခ်ာပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version

အမျိုးသားတွေ အနေနဲ့ အားငယ်တဲ့အချိန်ဆိုတာ ရှိပါ့မလား။ ဒါမှမဟုတ် ကိုယ့်ချစ်သူကို ဘေးမှာ တကယ်ကို လိုအပ်တဲ့အချိန်မျိုး ဆိုတာရော။ ဒီလိုအတွေးမျိုး သင် တွေးကြည့်ဖူးပါသလား။ တကယ်တော့ သူတို့ဟာ ချစ်သူကောင်မလေးတွေကို မဖြစ်မနေ အနားမှာ ရှိစေချင်တဲ့အချိန်တွေ အများကြီးရှိပါတယ်။  ချစ်တဲ့စိတ်သာမက သင်ဘေးနားမှာရှိမှ အားရှိသွားသလိုမျိုး၊ အဆင်ပြေသွားတာမျိုး သင့်အပေါ် ပြန်မှီခိုတတ်တဲ့စိတ် ရှိတတ်တဲ့ အချိန်မျိုးတွေ ကတော့

၁။သူ့အလုပ်က ထွက်လိုက်ရတဲ့အခါ

အလုပ်ကထွက်လိုက်ရလို့ သူကြည့်ရတာ ပေါ့ပေါ့ပါးပါးဖြစ်နေမယ်၊ ရုပ်ရှင်တွေထိုင်ကြည့်၊ အိပ်ချင်တဲ့အချိန် အိပ်ပစ်လိုက်မယ် ဆိုပေမယ့် သူတို့စိတ်ထဲမှာ သင့်ရဲ့ဖေးမမှုတွေ၊ အားပေးစကားတွေ လိုအပ်နေပါတယ်။ သူ့ကို သင်ပြောပေးရမှာက ဘာတွေဖြစ်နေဖြစ်နေ သူနဲ့အတူရှိနေမယ်ဆိုတဲ့အကြောင်းနဲ့ နောက်ထပ်အလုပ်တစ်ခုရှာနိုင်ဖို့ သင်ကူညီပေးမယ်ဆိုတဲ့အကြောင်းပါပဲ။

၂။သူ့သူငယ်ချင်းတွေနဲ့ ပြသနာတက်လာတဲ့အခါ

သူရဲ့ သူငယ်ချင်းတွေနဲ့ ရန်ဖြစ်လာတယ်၊ ပြသနာတက်လာတဲ့အခါ မိန်းကလေးတွေလိုတော့ သင့်ကို အသေးစိတ် ရင်ဖွင့်ချင်မှ ရင်ဖွင့်ပါလိမ့်မယ်။ ဒါပေမယ့် သူ့ဘေးမှာ သင့်ကို ရှိစေချင်ပါတယ်။ ဘယ်သူတွေနဲ့ ဘာဖြစ်ဖြစ် သင့်ကတော့ သူ့ဘက်ကပဲ ဆိုတာမျိုး စိတ်ခံစားချက် လုံခြုံချင်လို့ပါ။

၃။အိမ်မှာ အပြင်းဖျားတဲ့အခါ

တစ်ချို့လူတွေဟာ နေမကောင်းဖြစ်တဲ့အချိန် တစ်ယောက်တည်း ရှိနေချင်တတ်ကြပါတယ်။ အမျိုးသားတွေကလည်း သင့်ကိုတော့ သူ့ဘေးမှာ လာနေပေးပါလားလို့ စခေါ်ချင်မှ ခေါ်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့ဆီသင်ရောက်လာပြီး သူတို့စားဖို့ ဆန်ပြုတ်ပြုျတ်ပေးတာ၊ သူတို့ကို ဆေးတိုက်တာ၊ ကိုယ်ပူစမ်းတာမျိုးတော့ ဘယ်ယောကျၤားမဆို ကြိုက်ကြ၊ ခံချင်ကြတာချည်းပါပဲ။

၄။သူ အလုပ်မှာ ရာထူး၊ လစာ တိုးသွားတဲ့အခါ

သတင်းကောင်းကို ကိုယ့်ချစ်ရသူကို အရင်ဆုံး အသိမပေးချင်တဲ့သူ ဘယ်သူရှိမလဲ။ အတူတူ တွေ့ပြီး ပြောမပြချင်တဲ့သူ ဘယ်သူရှိမှာလဲ။ ဒီလိုအချိန် သင်သူ့ဘေးနားမှာနေပြီး သူ့ရဲ့ပျော်ရွှင်မှုတွေကို ဝေမျှလိုက်ပါ။

၅။သူ့မိခင်အတွက် မွေးနေ့လက်ဆောင်ဝယ်ခါနီး

အမျိုးသမီးတွေ ဘာကြိုက်တတ်သလဲဆိုတာ အမျိုးသမီးချင်းက ပိုနားလည်ပါတယ်။ အမေအတွက် ပေးနေကျ လက်ဆောင်မျိုးတွေထဲက ခွဲထွက်ပြီး အသစ်အဆန်းပေးချင်တယ်ဆိုရင် သင့်အကြံတော့ သူလိုချင်ပါလိမ့်မယ်။ ဘေးနားမှာ သင်ရှိဖို့ကိုလည်း သူ လိုအပ်နေပါလိမ့်မယ်။

၆။သူ့အနာဂတ်ဟာ ေ၀ဝါးနေတယ်လို့ ခံစားရတဲ့အခါ

သူ့စိတ်ထဲမှာ သူ့ရဲ့အလုပ်အကိုင်အခွင့်အလမ်းတွေ ပျောက်ဆုံးနေတယ် လို့ခံစားရတဲ့အခါ၊ သူ စိတ်ထဲမှန်းထားသလို ဘာတစ်ခုမှ ဖြစ်မလာတဲ့အခါ၊ သူ့အလုပ်မှာ အဆင်မပြေဖြစ်တဲ့အခါမျိုးတွေမှာ သင့်ကိုဘေးနားရှိစေချင်ပါတယ်။ သင်နဲ့လည်း ရှေ့ရေးအခြေအနေကို ဆွေးနွေးချင်ကောင်း ဆွေးနွေးချင်ပါလိမ့်မယ်။

၇။သူ့မှာ လုုပ်စရာတွေ တစ်ပုံကြီးဖြစ်နေတဲ့အခါ

မနက်နိုးကတည်းက ညအထိ အလုပ်တွေ၊ သင်တန်းတွေနဲ့ ပြည့်နေတဲ့ ရည်းစားတစ်ယောက်ရှိနေတာ နည်းနည်းတော့ စိတ်ရှုပ်စရာကောင်းပါလိမ့်မယ်။ သူလည်း ဒီလို အချိန်ဇယားအပြည့်နဲ့ နေ့တိုင်းနှစ်ပါးသွားနေရတာ စိတ်မညစ်ဘူးလို့တော့ မထင်ပါနဲ့။ ဒီလိုတွေ ရှုပ်ယှက်ခတ်နေလို့ သင့်ကို မလိုအပ်ဘူးလို့လည်း မထင်ပါနဲ့။ သင့်ကို ပိုလို့တောင် သူတောင့်တနေပါလိမ့်မယ်။ အနည်းဆုံး သင့်ရဲ့ပွေ့ဖက်မှုကိုတော့ လိုချင်နေမှာ သေချာပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top