iMyanmarHouse.com - Best Property Website for Myanmar
×

ဘယ္လိုမွ လက္ေတြ႕မွာ မျဖစ္ႏိုင္တဲ့ ေမွ်ာ္လင့္ခ်က္ေတြကို ထားမိရင္ သင္ ခံစားနာက်င္ရတာပဲ ရွိပါလိမ့္မယ္။

၁။ သင္ဘာလုပ္လုပ္ ခ်စ္စရာေကာင္းတယ္လို႔ သူထင္ရမယ္

သင္အစာစားပံုလည္း ခ်စ္တယ္၊ အကႌ်ေခါက္ေနတာလည္း ခ်စ္တယ္၊ သင္ဘာလုပ္လုပ္ သူ႔စိတ္ထဲမွာ အရမ္းခ်စ္ေနတာမ်ဳိး ဘယ္လုိလုပ္ျဖစ္ႏိုင္မွာလဲ။ သင္လုပ္သမွ် အေသးအဖြဲေလးကအစ သူလုိက္ၿပီးၾကည့္မေနႏုိင္ပါဘူး။

၂။ သူဘာလုပ္လုပ္ ခ်စ္တဲ့စိတ္ပဲ သင့္မွာ ေပၚေနရမယ္

ဒါလည္း နံပါတ္ ၁ အခ်က္နဲ႔ အတူတူပါပဲ။ သင့္စိတ္ထဲမွာ ဘယ္အရာမွ တစ္သမတ္တည္းခံစားရမွာ မဟုတ္္ပါဘူး။ အရမ္းစိတ္ဆုိးေနခ်ိန္မွာ သူ႔ကို စိတ္ကုန္္သလို ခံစားမိႏုိင္ပါတယ္။

၃။ သူ ေျပာင္းလဲလိမ့္မယ္

သူမေျပာင္းလဲပါဘူး။ သင္တို႔ႏွစ္ေယာက္ အျပန္အလွန္နားလည္မႈရဖုိ႔သာ ႀကိဳးစားရမွာပါ။ သူ႔ရဲ႕ အက်င့္ေတြကို မႀကိဳက္ေပမဲ့ ေျပာင္းလဲယူမယ္ဆုိတဲ့ စိတ္နဲ႔ေတာ့ မခ်စ္မိပါနဲ႔။

၄။ သင္ေဘးမွာရွိေနရင္ လွပလြန္းတဲ့ မိန္းကေလးေတြျဖတ္သြားရင္ေတာင္ သတိမထားမိတဲ့သူ ျဖစ္ရမယ္

သင္သတိထားမိရင္ သူလည္း သတိထားမိမွာပါပဲ။ လူဆုိတာ စိတ္ဝင္စားစရာေကာင္းရင္၊ ေခ်ာရင္လွရင္ ၾကည့္မွာပါပဲ။ အဓိကက သူဘယ္လိုပဲ ခံစားရပါေစ သင့္အေပၚ သစၥာမေဖာက္မိေအာင္ ေနထိုင္ဖို႔ပါပဲ။

၅။ သင္မေျပာဘဲ သင့္စိတ္ကို သူက အလုိလိုနားလည္ေနရမယ္

သူဟာ စိတ္ဖတ္ဆရာမဟုတ္ပါဘူး။ သင္မေျပာဘဲ သင္ဘာျဖစ္ေနတယ္ဆိုတာ မသိႏုိင္ပါဘူး။ အဲဒီေတာ့ ကိုယ္ျဖစ္ခ်င္တာ၊ ကိုယ္လိုခ်င္တာ၊ ကိုယ္ဘာကို မႀကိဳက္တာ ဆုိတာကို နားလည္ေအာင္ ေျပာျပတတ္ဖုိ႔ပဲ လိုပါတယ္။

၆။ သင့္မိဘနဲ႔ အဆင္ေျပေနရမယ္

မိခင္ေတြမွာ လူတစ္ေယာက္ရဲ႕စိတ္ေနစိတ္ထားကို ဖတ္ႏုိင္တဲ့ စိတ္ေတြရွိပါတယ္။ ဒါေပမဲ့ တစ္ခါတစ္ရံလည္း မွားႏုိင္တာပါပဲ။ သင့္အေမ သေဘာက်ဖုိ႔ထက္ သင္သေဘာက်ဖို႔၊ သင္နဲ႔အဆင္ေျပဖို႔လိုပါတယ္။

၇။ သူသာ သင့္ကို တကယ္ခ်စ္ရင္ ဘယ္ေတာ့မွ နာက်င္ေအာင္ မလုပ္ဘူး

ကိုယ္အေလးထားတဲ့သူေတြမွန္ရင္ သူတုိ႔ရဲ႕ အေသးအဖြဲ အမွားေလးေတြေတာင္ ကိုယ့္ကို နာက်င္ေစတာပဲေလ။ သူလည္း လူတစ္ေယာက္မို႔ အမွားနဲ႔ ဘယ္ကင္းႏုိင္မွာလဲ။

Credit: duwun

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဘယ်လိုမှ လက်တွေ့မှာ မဖြစ်နိုင်တဲ့ မျှော်လင့်ချက်တွေကို ထားမိရင် သင် ခံစားနာကျင်ရတာပဲ ရှိပါလိမ့်မယ်။

၁။ သင်ဘာလုပ်လုပ် ချစ်စရာကောင်းတယ်လို့ သူထင်ရမယ်

သင်အစာစားပုံလည်း ချစ်တယ်၊ အင်္ကျီခေါက်နေတာလည်း ချစ်တယ်၊ သင်ဘာလုပ်လုပ် သူ့စိတ်ထဲမှာ အရမ်းချစ်နေတာမျိုး ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သင်လုပ်သမျှ အသေးအဖွဲလေးကအစ သူလိုက်ပြီးကြည့်မနေနိုင်ပါဘူး။

၂။ သူဘာလုပ်လုပ် ချစ်တဲ့စိတ်ပဲ သင့်မှာ ပေါ်နေရမယ်

ဒါလည်း နံပါတ် ၁ အချက်နဲ့ အတူတူပါပဲ။ သင့်စိတ်ထဲမှာ ဘယ်အရာမှ တစ်သမတ်တည်းခံစားရမှာ မဟုတ်ပါဘူး။ အရမ်းစိတ်ဆိုးနေချိန်မှာ သူ့ကို စိတ်ကုန်သလို ခံစားမိနိုင်ပါတယ်။

၃။ သူ ပြောင်းလဲလိမ့်မယ်

သူမပြောင်းလဲပါဘူး။ သင်တို့နှစ်ယောက် အပြန်အလှန်နားလည်မှုရဖို့သာ ကြိုးစားရမှာပါ။ သူ့ရဲ့ အကျင့်တွေကို မကြိုက်ပေမဲ့ ပြောင်းလဲယူမယ်ဆိုတဲ့ စိတ်နဲ့တော့ မချစ်မိပါနဲ့။

၄။ သင်ဘေးမှာရှိနေရင် လှပလွန်းတဲ့ မိန်းကလေးတွေဖြတ်သွားရင်တောင် သတိမထားမိတဲ့သူ ဖြစ်ရမယ်

သင်သတိထားမိရင် သူလည်း သတိထားမိမှာပါပဲ။ လူဆိုတာ စိတ်ဝင်စားစရာကောင်းရင်၊ ချောရင်လှရင် ကြည့်မှာပါပဲ။ အဓိကက သူဘယ်လိုပဲ ခံစားရပါစေ သင့်အပေါ် သစ္စာမဖောက်မိအောင် နေထိုင်ဖို့ပါပဲ။

၅။ သင်မပြောဘဲ သင့်စိတ်ကို သူက အလိုလိုနားလည်နေရမယ်

သူဟာ စိတ်ဖတ်ဆရာမဟုတ်ပါဘူး။ သင်မပြောဘဲ သင်ဘာဖြစ်နေတယ်ဆိုတာ မသိနိုင်ပါဘူး။ အဲဒီတော့ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လိုချင်တာ၊ ကိုယ်ဘာကို မကြိုက်တာ ဆိုတာကို နားလည်အောင် ပြောပြတတ်ဖို့ပဲ လိုပါတယ်။

၆။ သင့်မိဘနဲ့ အဆင်ပြေနေရမယ်

မိခင်တွေမှာ လူတစ်ယောက်ရဲ့စိတ်နေစိတ်ထားကို ဖတ်နိုင်တဲ့ စိတ်တွေရှိပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံလည်း မှားနိုင်တာပါပဲ။ သင့်အမေ သဘောကျဖို့ထက် သင်သဘောကျဖို့၊ သင်နဲ့အဆင်ပြေဖို့လိုပါတယ်။

၇။ သူသာ သင့်ကို တကယ်ချစ်ရင် ဘယ်တော့မှ နာကျင်အောင် မလုပ်ဘူး

ကိုယ်အလေးထားတဲ့သူတွေမှန်ရင် သူတို့ရဲ့ အသေးအဖွဲ အမှားလေးတွေတောင် ကိုယ့်ကို နာကျင်စေတာပဲလေ။ သူလည်း လူတစ်ယောက်မို့ အမှားနဲ့ ဘယ်ကင်းနိုင်မှာလဲ။

Credit: duwun



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top