iMyanmarHouse.com - Best Property Website for Myanmar
×
Sashimi
နေကြာစေ့
သံလွင်
အခွံမာသီးအဆီခဲ
ကြက်ဥ
ထောပတ်
Credit : Trend Myanmar
#Unicode Version
သင့်ရဲ့ နေ့စဉ်ပုံမှန် အစားအစာတွေထဲမှာ “အဆီ” ဆိုတဲ့ဝေါဟာရကို တားမြစ်မထားပါနဲ့။ သင့်တော်မှန်ကန်တဲ့ အမျိုးအစား (အဆီအက်ဆစ်နဲ့ အိုမီဂါ-၃ အဆီအက်ဆစ်) တွေက ကင်ဆာနဲ့ အဝလွန်ရောဂါအန္တရာယ် လျော့နည်းစေနိုင်ပါတယ်။ သူဟာ နှလုံးကို ကာကွယ်ပေးပြီး ဦးနှောက်ဉာဏ်ရည် ပိုမိုကောင်းမွန်ထက်မြတ်စေပါတယ်။ ဒီတော့ ကျန်းမာရေးအတွက် စားပေးသင့်တဲ့ အစားအစာတွေကို ပြောရရင်ဖြင့်
Sashimi
ပရိုတင်းဓာတ်လေးတဲ့ ဆာမွန်ငါး၊ တိုနာငါး၊ amberjack နဲ့ မက်ကရယ်ငါးတို့က အိုမီဂါ-၃ မြောက်များစွာ ပါဝင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီ (၈) ဂရမ် အပိုဆောင်းရအောင် ပဲပုပ်ပဲ တစ်ခွက် ထပ်ထည့်ပါ။
နေကြာစေ့
သင့်အသုပ်ထဲ လက်တစ်ဆုပ်လက် ပစ်ထည့်ပေးလိုက်ပါ။ ပရိုတင်းဓာတ်ပေါကြွယ်ဝပြီး အဆီ ၁၆ ဂရမ်ထဲမှ အများစုဟာ နှလုံးကျန်းမာရေးနဲ့  ညီညွတ်ပါတယ်။
သံလွင်
သံလွင်သီး (၇) လုံးမှာ အကျိုးပြုအဆီ ၃ ဂရမ်နဲ့ ကယ်လိုရီ ၂၆ သာပါဝင်ပါတယ်။ သံလွင်ဆီ၊ ထုခြေထားတဲ့ ကြက်သွန်ဖြူ၊ ရိုစ်မေရီနဲ့ လိမ္မော်သီးခွံနဲ့အတူ ချက်ပြုတ်ပြင်ဆင်ပါ။
အခွံမာသီးအဆီခဲ
ဆားမပါတဲ့ အယ်လ်မွန်အဆီခဲ (almond butter) ထမင်းစားဇွန်း (၂) ဇွန်းမှာ ကောင်းတဲ့အဆီ ၁၈ ဂရမ် ပါရှိပါတယ်။ မြေပဲနဲ့ သီဟိုဠ်စေ့ကလည်း ထိုနည်း၎င်း ဖြစ်ပါတယ်။
ကြက်ဥ
ကြက်ဥအကာတွေဟာ အနှစ်လောက်တော့ မကောင်းပါဘူး။ သင့်မှာ ကိုလက်ထရော မများဘူးဆိုရင် တစ်ပတ် ၄ ကြိမ်ထက်မက စားပေးပါ။ အနှစ်မှာ အိုမီဂါ-၃ တွေပါဝင်ပါတယ်။
ထောပတ်
ထောပတ်က ရှောင်ရမယ့် အဆီတွေ ပါဝင်နိုင်တဲ့ သီးရွက်အဆီခဲထက် ပိုကောင်းပါတယ်။ ပေါင်မုန့်တစ်ချပ်ပေါ် ထမင်းစားဇွန်းတစ်ဇွန်းဆိုရင် အတော်ပါပဲ။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top