iMyanmarHouse.com - Best Property Website for Myanmar
×

ေတလာဆြစ္ဟာ ကယ္ဗင္ဟားရစ္နဲ႔ ၁၅ လၾကာတြဲေနၿပီး အခ်စ္ေရး အရမ္းကို အဆင္ေျပေနသေယာင္ ထင္ရခ်ိန္မွာ ျပတ္သြားခဲ့ၿပီး ႏွစ္ပတ္ခန္႔အၾကာမွာ တြမ္ဟစ္ဒယ္စတန္ ထပ္တြဲလုိက္ကတည္းက သူမရဲ႕ အခ်စ္ေရးဟာ လူေတြ စိတ္ဝင္စားစရာ ျဖစ္ခဲ့ပါတယ္။

အဲဒီေနာက္ တြမ္နဲ႔လည္း ၃ လၾကာသာတြဲၿပီး ထပ္ျပတ္သြားျပန္တဲ့အတြက္ သူမ ဘယ္သူနဲ႔ ထပ္တြဲမလဲဆုိၿပီး လူေတြအားလံုးက စိတ္ဝင္စားေနၾကတာ ျဖစ္ပါတယ္။

အခုခ်ိန္မွာ ေတလာဟာ ဘယ္သူနဲ႔မွမတြဲဘဲ သူငယ္ခ်င္း ဂ်ီဂ်ီဟက္ဒီးရဲ႕ ႐ႈိးပြဲကိုသြားကာ Single ဘဝမွာပဲ ေနေနေပမဲ့ သူမ ေနာက္ထပ္ တြဲမယ့္လူစာရင္းက ထြက္လာခဲ့ပါတယ္။

သူမရဲ႕ ေနာက္ျဖစ္လာမယ့္ ရည္းစားကို လူေတြက ေျပာဆုိၾကရာမွာ ဇက္ခ္အက္ဖရြန္၊ ဒရိတ္ခ္တုိ႔အျပင္ လီယိုနာဒို ဒီကက္ပရီယိုေတာင္ စာရင္းထဲ ပါလာခဲ့ၿပီး ေနာက္ထပ္တစ္ေယာက္ေတာ့ ပိုစိတ္ဝင္စားစရာေကာင္းပါတယ္။

Channel News Asia ရဲ႕ေဖာ္ျပခ်က္အရ ေတာင္ကိုရီးယားမင္းသား လီမင္ဟိုနဲ႔ ေတလာဆြစ္ဟာ အသင့္ေတာ္ဆံုး အတြဲျဖစ္လာႏုိင္တယ္လို႔ အၾကံျပဳခဲ့ၿပီးတဲ့ေနာက္ သူတုိ႔ႏွစ္ဦး တြဲေနၾကၿပီလို႔ သတင္းေတြ ထြက္လာခဲ့တာ ျဖစ္ပါတယ္။

တစ္ဖက္မွာလည္း လီမင္ဟိုဟာ အႀကိမ္ေပါင္းမ်ားစြာ ျပတ္လုိက္ဆက္လုိက္ျဖစ္ေနတဲ့ ရည္းစား အဆုိုေတာ္ ဆူဇီနဲ႔လည္း လံုးဝျပတ္သြားၿပီလုိ႔ ဆုိေနၾကပါတယ္။

လီမင္ဟိုရဲ႕ ေအဂ်င္စီကေတာ့ ေတလာဆြစ္နဲ႔ တြဲေနတယ္ဆိုတဲ့သတင္း လံုးဝမဟုတ္္ဘူးလို႔ အခိုင္အမာ ျငင္းဆုိခဲ့ပါတယ္။

"လံုးဝအဓိပၸာယ္မရွိတာပဲ" လုိ႔ လီမင္ဟိုရဲ႕ေအဂ်င္စီမွ လူတစ္ဦးက ရယ္ေမာရင္းဆုိခဲ့ပါတယ္။ လီမင္ဟိုနဲ႔ ေတလာဆြစ္ဟာ လံုးဝေတာင္ ေတြ႕ဖူးၾကသူေတြ မဟုတ္ဘဲ အခုလို တြဲေနတယ္ဆုိတဲ့သတင္း ထြက္လာတာ ဘာေၾကာင့္လဲလုိ႔ စဥ္းစားမရ ျဖစ္ေနပါတယ္။

Credit : Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

တေလာဆွစ်ဟာ ကယ်ဗင်ဟားရစ်နဲ့ ၁၅ လကြာတွဲနေပြီး အချစ်ရေး အရမ်းကို အဆင်ပြေနေသယောင် ထင်ရချိန်မှာ ပြတ်သွားခဲ့ပြီး နှစ်ပတ်ခန့်အကြာမှာ တွမ်ဟစ်ဒယ်စတန် ထပ်တွဲလိုက်ကတည်းက သူမရဲ့ အချစ်ရေးဟာ လူတွေ စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။

အဲဒီနောက် တွမ်နဲ့လည်း ၃ လကြာသာတွဲပြီး ထပ်ပြတ်သွားပြန်တဲ့အတွက် သူမ ဘယ်သူနဲ့ ထပ်တွဲမလဲဆိုပြီး လူတွေအားလုံးက စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

အခုချိန်မှာ တေလာဟာ ဘယ်သူနဲ့မှမတွဲဘဲ သူငယ်ချင်း ဂျီဂျီဟက်ဒီးရဲ့ ရှိုးပွဲကိုသွားကာ Single ဘဝမှာပဲ နေနေပေမဲ့ သူမ နောက်ထပ် တွဲမယ့်လူစာရင်းက ထွက်လာခဲ့ပါတယ်။

သူမရဲ့ နောက်ဖြစ်လာမယ့် ရည်းစားကို လူတွေက ပြောဆိုကြရာမှာ ဇက်ခ်အက်ဖရွန်၊ ဒရိတ်ခ်တို့အပြင် လီယိုနာဒို ဒီကက်ပရီယိုတောင် စာရင်းထဲ ပါလာခဲ့ပြီး နောက်ထပ်တစ်ယောက်တော့ ပိုစိတ်ဝင်စားစရာကောင်းပါတယ်။

Channel News Asia ရဲ့ဖော်ပြချက်အရ တောင်ကိုရီးယားမင်းသား လီမင်ဟိုနဲ့ တေလာဆွစ်ဟာ အသင့်တော်ဆုံး အတွဲဖြစ်လာနိုင်တယ်လို့ အကြံပြုခဲ့ပြီးတဲ့နောက် သူတို့နှစ်ဦး တွဲနေကြပြီလို့ သတင်းတွေ ထွက်လာခဲ့တာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း လီမင်ဟိုဟာ အကြိမ်ပေါင်းများစွာ ပြတ်လိုက်ဆက်လိုက်ဖြစ်နေတဲ့ ရည်းစား အဆိုတော် ဆူဇီနဲ့လည်း လုံးဝပြတ်သွားပြီလို့ ဆိုနေကြပါတယ်။

လီမင်ဟိုရဲ့ အေဂျင်စီကတော့ တေလာဆွစ်နဲ့ တွဲနေတယ်ဆိုတဲ့သတင်း လုံးဝမဟုတ်ဘူးလို့ အခိုင်အမာ ငြင်းဆိုခဲ့ပါတယ်။

"လုံးဝအဓိပ္ပာယ်မရှိတာပဲ" လို့ လီမင်ဟိုရဲ့အေဂျင်စီမှ လူတစ်ဦးက ရယ်မောရင်းဆိုခဲ့ပါတယ်။ လီမင်ဟိုနဲ့ တေလာဆွစ်ဟာ လုံးဝတောင် တွေ့ဖူးကြသူတွေ မဟုတ်ဘဲ အခုလို တွဲနေတယ်ဆိုတဲ့သတင်း ထွက်လာတာ ဘာကြောင့်လဲလို့ စဉ်းစားမရ ဖြစ်နေပါတယ်။

Credit : Duwun



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top