iMyanmarHouse.com - Best Property Website for Myanmar
×

သဘာဝအတုိင္း ဖူးဖူးျပည့္ျပည့္နဲ႔ ပန္းဆီေရာင္ျဖစ္ေနတဲ့ ႏႈတ္ခမ္းတစ္စုံေလာက္ ဆြဲေဆာင္မႈရွိတဲ့ ႏႈတ္ခမ္းဆုိတာ မရွိပါဘူးတဲ့။ ဒါေပမဲ့ ေယာက္်ားေလးေရာ မိန္းကေလးေတာ္ေတာ္မ်ားမ်ားက ႏႈတ္ခမ္းေတြ မည္းေနတတ္တာ မ်ားပါတယ္။ ႏႈတ္ခမ္းမည္းရတဲ့ အေၾကာင္းေတြကေတာ့ အရည္အေသြးနိမ့္တဲ့ အလွျပင္ပစၥည္းေတြနဲ႔ ဓာတ္မတည့္တာ၊ ေနေရာင္နဲ႔ အထိမ်ားတာ၊ ေဆးရြက္ၾကီးပါတဲ့ အရာေတြသုံးတာ၊ ေဟာ္မုန္းမညီမွ်တာနဲ႔ ေကာ္ဖီေသာက္တာမ်ားတာေတြေၾကာင့္ ျဖစ္တတ္ပါတယ္။ အခုေဖာ္ျပမယ့္ နည္းေလးေတြ သုံးလုိက္မယ္ဆိုရင္ေတာ့ ႏွင္းဆီေရာင္ႏႈတ္ခမ္းဖူးဖူးေလးရႏုိင္ပါတယ္။

၁။သခြားသီး - သခြားသီး အကြင္းနဲ႔ ႏႈတ္ခမ္းကို အနည္းဆုံး ၅ မိနစ္ေလာက္ ေန႔တုိင္းပြတ္တိုက္ေပးရင္ ႏႈတ္ခမ္းအေရာင္ ေဖ်ာ့လာျပီး ေတာက္ပလာေစမွာပါ။

၂။ပ်ားရည္ - ပ်ားရည္က ႏႈတ္ခမ္းကို ႏူးညံ့ေပ်ာ့ေပ်ာင္းေစျပီး သဘာဝ ပန္းႏုေရာင္ ႏႈတ္ခမ္းကို ရေစပါတယ္။ညအိပ္ရာ မဝင္ခင္မွာ ပ်ားရည္ကုိ ႏႈတ္ခမ္းသားေတြေပၚမွာ သုတ္လိမ္းျပီး  မနက္အိပ္ယာထခ်ိန္မွ ၾကက္သီးေႏြးေရေလးနဲ့ ေဆးခ်လိုက္ပါ။

၃။မုန္လာဥ - မုန္လာဥနီနဲ႔ ဥဝါ ဆတူေရာျပီး ေဖ်ာ္ထားတဲ့ ေဖ်ာ္ရည္ကို ႏႈတ္ခမ္းေပၚမွာ ၁၀ မိနစ္ေလာက္ သုတ္လိမ္းထားျပီးမွ ေရေႏြးေႏြးေလးနဲ႔ေဆးခ်လိုက္ရင္ သဘာဝႏွင္းဆီဖူးႏႈတ္ခမ္းကို ရရွိမွာ ျဖစ္ပါတယ္။

၄။သံပုယုိသီး - အေရျပားလင္းလက္ေတာက္ပျပီး အစက္အေပ်ာက္ေတြ၊အကြက္ေတြ ေပ်ာက္ကင္းေစတဲ့ သံပယုိသီးဟာ ႏႈတ္ခမ္းအတြက္လည္း အေကာင္းဆုံးျဖစ္ပါတယ္။ သံပုယိုသီးကို အရည္ညွစ္ျပီး ညအိပ္ရာဝင္ခါနီးတုိင္း ႏႈတ္ခမ္းကို သုတ္လိမ္းေပးရင္ ႏႈတ္ခမ္းမည္းတာေတြေပ်ာက္ေစပါတယ္။ ပိုျပီး အစြမ္းထက္ခ်င္ရင္ သံပုယိုသီးအကြင္းေပၚမွာ သၾကားျဖဴးျပီး ႏႈတ္ခမ္းကုိ ပြတ္ေပးျခင္းက ႏႈတ္ခမ္းက စုိလက္ေတာက္ပေစပါတယ္။

၅။သလဲသီး - သလဲသီးက ႏႈတ္ခမ္းကုိ အားျဖည့္ေပးျပီး အစိုဓာတ္ကို ထိန္းေပးႏုိင္သလုိ ႏူးညံ့ေပ်ာ့ေပ်ာင္းေစပါတယ္။ ၾကိတ္ထားတဲ့ သလဲသီးအေစ့ စားပြဲတင္ဇြန္း ၁ ဇြန္း၊ ႏြားႏုိ႔ရယ္ ႏွင္းဆီရည္ အနည္းငယ္ရယ္ေရာျပီး ႏႈတ္ခမ္းကို ညင္ညင္သာသာပြတ္တုိက္ေပးပါ။ ျပီးရင္ ၾကက္သီးေႏြးေရနဲ႔ ေဆးခ်လုိက္ပါ။ တစ္ေန႔ကို တစ္ၾကိမ္လုပ္ေပးပါက သိသိသာသာကို လွပတဲ့ ႏႈတ္ခမ္းတစ္စုံကို ပိုင္ဆုိင္မွာ ျဖစ္ပါတယ္။

၆။ဘယ္ရီသီး - ဘယ္ရီသီးေတြမွာ ဗုိက္တာမင္နဲ႔ သတၱဳဓာတ္ အမ်ားအျပားပါဝင္တာေၾကာင့္ ႏႈႈတ္ခမ္းသားအတြက္ အရမ္းကို အက်ဳိးျပဳပါတယ္။ဘယ္ရီသီးအႏွစ္ တစ္ဇြန္း၊ ရွားေစာင္းလက္ပတ္နဲ႔ ပ်ားရည္နည္းနည္းကို ေရာျပီးႏႈတ္ခမ္းေပၚကို သုတ္ေပးထားပါ။ တစ္ပတ္ကို ၃-၄ ၾကိမ္ေလာက္လုပ္ေပးရင္ ေဆးကူစရာမလုိတဲ့ လွပတဲ့ ႏႈတ္ခမ္းေလးေတြကို ပိုင္ဆုိင္မွာ ျဖစ္ပါတယ္။

Credit: Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Unicode Version
သဘာဝအတိုင်း ဖူးဖူးပြည့်ပြည့်နဲ့ ပန်းဆီရောင်ဖြစ်နေတဲ့ နှုတ်ခမ်းတစ်စုံလောက် ဆွဲဆောင်မှုရှိတဲ့ နှုတ်ခမ်းဆိုတာ မရှိပါဘူးတဲ့။ ဒါပေမဲ့ ယောက်ျားလေးရော မိန်းကလေးတော်တော်များများက နှုတ်ခမ်းတွေ မည်းနေတတ်တာ များပါတယ်။ နှုတ်ခမ်းမည်းရတဲ့ အကြောင်းတွေကတော့ အရည်အသွေးနိမ့်တဲ့ အလှပြင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်တာ၊ နေရောင်နဲ့ အထိများတာ၊ ဆေးရွက်ကြီးပါတဲ့ အရာတွေသုံးတာ၊ ဟော်မုန်းမညီမျှတာနဲ့ ကော်ဖီသောက်တာများတာတွေကြောင့် ဖြစ်တတ်ပါတယ်။ အခုဖော်ပြမယ့် နည်းလေးတွေ သုံးလိုက်မယ်ဆိုရင်တော့ နှင်းဆီရောင်နှုတ်ခမ်းဖူးဖူးလေးရနိုင်ပါတယ်။

၁။သခွားသီး - သခွားသီး အကွင်းနဲ့ နှုတ်ခမ်းကို အနည်းဆုံး ၅ မိနစ်လောက် နေ့တိုင်းပွတ်တိုက်ပေးရင် နှုတ်ခမ်းအရောင် ဖျော့လာပြီး တောက်ပလာစေမှာပါ။

၂။ပျားရည် - ပျားရည်က နှုတ်ခမ်းကို နူးညံ့ပျော့ပျောင်းစေပြီး သဘာဝ ပန်းနုရောင် နှုတ်ခမ်းကို ရစေပါတယ်။ညအိပ်ရာ မဝင်ခင်မှာ ပျားရည်ကို နှုတ်ခမ်းသားတွေပေါ်မှာ သုတ်လိမ်းပြီး  မနက်အိပ်ယာထချိန်မှ ကြက်သီးနွေးရေလေးနဲ့ ဆေးချလိုက်ပါ။

၃။မုန်လာဥ - မုန်လာဥနီနဲ့ ဥဝါ ဆတူရောပြီး ဖျော်ထားတဲ့ ဖျော်ရည်ကို နှုတ်ခမ်းပေါ်မှာ ၁၀ မိနစ်လောက် သုတ်လိမ်းထားပြီးမှ ရေနွေးနွေးလေးနဲ့ဆေးချလိုက်ရင် သဘာဝနှင်းဆီဖူးနှုတ်ခမ်းကို ရရှိမှာ ဖြစ်ပါတယ်။

၄။သံပုယိုသီး - အရေပြားလင်းလက်တောက်ပပြီး အစက်အပျောက်တွေ၊အကွက်တွေ ပျောက်ကင်းစေတဲ့ သံပယိုသီးဟာ နှုတ်ခမ်းအတွက်လည်း အကောင်းဆုံးဖြစ်ပါတယ်။ သံပုယိုသီးကို အရည်ညှစ်ပြီး ညအိပ်ရာဝင်ခါနီးတိုင်း နှုတ်ခမ်းကို သုတ်လိမ်းပေးရင် နှုတ်ခမ်းမည်းတာတွေပျောက်စေပါတယ်။ ပိုပြီး အစွမ်းထက်ချင်ရင် သံပုယိုသီးအကွင်းပေါ်မှာ သကြားဖြူးပြီး နှုတ်ခမ်းကို ပွတ်ပေးခြင်းက နှုတ်ခမ်းက စိုလက်တောက်ပစေပါတယ်။

၅။သလဲသီး - သလဲသီးက နှုတ်ခမ်းကို အားဖြည့်ပေးပြီး အစိုဓာတ်ကို ထိန်းပေးနိုင်သလို နူးညံ့ပျော့ပျောင်းစေပါတယ်။ ကြိတ်ထားတဲ့ သလဲသီးအစေ့ စားပွဲတင်ဇွန်း ၁ ဇွန်း၊ နွားနို့ရယ် နှင်းဆီရည် အနည်းငယ်ရယ်ရောပြီး နှုတ်ခမ်းကို ညင်ညင်သာသာပွတ်တိုက်ပေးပါ။ ပြီးရင် ကြက်သီးနွေးရေနဲ့ ဆေးချလိုက်ပါ။ တစ်နေ့ကို တစ်ကြိမ်လုပ်ပေးပါက သိသိသာသာကို လှပတဲ့ နှုတ်ခမ်းတစ်စုံကို ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။

၆။ဘယ်ရီသီး - ဘယ်ရီသီးတွေမှာ ဗိုက်တာမင်နဲ့ သတ္တုဓာတ် အများအပြားပါဝင်တာကြောင့် နှုှုတ်ခမ်းသားအတွက် အရမ်းကို အကျိုးပြုပါတယ်။ဘယ်ရီသီးအနှစ် တစ်ဇွန်း၊ ရှားစောင်းလက်ပတ်နဲ့ ပျားရည်နည်းနည်းကို ရောပြီးနှုတ်ခမ်းပေါ်ကို သုတ်ပေးထားပါ။ တစ်ပတ်ကို ၃-၄ ကြိမ်လောက်လုပ်ပေးရင် ဆေးကူစရာမလိုတဲ့ လှပတဲ့ နှုတ်ခမ်းလေးတွေကို ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။


Credit: Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top