iMyanmarHouse.com - Best Property Website for Myanmar
×

ရုပ္ရွင္ကားၾကီးေတြသာ ဆက္တုိက္ရုိက္ကူးျဖစ္ေနတဲ့ ၀တ္မႈန္ေရႊရည္က မၾကာေသးခင္ကမွ ဒါရုိက္တာလူမင္းရုိက္ကူးတဲ့ Reflection ဆိုတဲ့ဇာတ္ကားၾကီးမွာ မင္းသမီးေလးေယာက္နဲ႕အတူ ပင္ပင္ပန္းပန္းခက္ခက္ခဲခဲ ရိုက္ကူးခဲ့ေပမဲ့ ေက်နပ္ပါတယ္လို႕ေျပာလာပါတယ္။ ဒါ့အျပင္ သူမဟာ မရုိက္တာၾကာၿပီျဖစ္တဲ့ အဆုိေတာ္၊ သရုပ္ေဆာင္စိုင္းစိုင္းခမ္းလိႈင္နဲ႕အတူ ခ်စ္သူသာပန္းတစ္ပြင့္ျဖစ္ခဲ့ရင္ဆိုတဲ့ ဇာတ္ကားၾကီးမွာ ဆယ္ေက်ာ္သက္အင္းသူတစ္ေယာက္အေနနဲ႕ပါ၀င္သရုပ္ေဆာင္မယ္လို႕လဲ သိရပါတယ္။ မတြဲတာၾကာၿပီျဖစ္တဲ့ စိုင္းစိုင္းနဲ႕တြဲဖက္ရုိက္ကူးရမဲ့ စိတ္ခံစားခ်က္ကိုေျပာျပလာသလုိ ဆက္တုိက္လဲ ကားၾကီးေတြပဲလက္ခံထားတဲ့အေၾကာင္းေျပာျပလာတဲ့၀တ္မႈန္ေရႊရည္နဲ႕စကားစျမည္ေျပာဆိုျဖစ္တဲ့အခါ

-ခ်စ္သူသာပန္းတစ္ပြင့္ျဖစ္ခဲ့ရင္ဇာတ္ကားမွာအင္းသူတစ္ေယာက္အေနနဲ႕ပါ၀င္သရုပ္ေဆာင္ရမွာဆိုေတာ့ ဘယ္လုိျပင္ဆင္မႈေတြရွိလဲ။

ကစ္အတြက္ အင္းေလးမွာ သြားရိုက္ရမဲ့ ပထမဆံုးရုပ္ရွင္ကားၾကီးေပါ့။ အင္းသူတစ္ေယာက္ရဲ႕ကာရုိက္တာဆိုေတာ့ ေလယူေလသိမ္းေလးေတြကေတာ့ ျပင္ဆင္ရမယ္။ အဲ့ဒီဇာတ္ကားမွာေတာ့ ဇာတ္လမ္းေလးထဲကျမေလးခင္ဆိုတဲ့ ဇာတ္ရုပ္ကို ၀င္ေအာင္သရုပ္ေဆာင္ရမွာပါ။ အစ္ကိုႏွစ္ေယာက္ရဲ႕အုပ္ထိန္းမႈေအာက္မွာေနၿပီး ခ်ဳပ္ခ်ယ္ခံရတဲ့ဆယ္ေက်ာ္သက္ အရြယ္ေကာင္မေလးတစ္ေယာက္ပံုစံမ်ိဳးေပါ့။

-အဲ့ဒီကားကို လက္ခံရုိက္ကူးျဖစ္တာကေရာ ဘာေၾကာင့္မ်ားလဲ။

ကစ္ အင္းေလးကို အစကတည္းက သေဘာက်တယ္။ ၿပီးေတာ့ ဇာတ္လမ္းေလးရဲ႕ဖြဲ႕စည္းပံုကုိလဲ ၾကိဳက္ႏွစ္သက္တယ္။ ေနာက္ဒီကားရဲ႕ တင္ျပပံုကလဲ စိတ္၀င္စားဖို႕ေကာင္းတယ္။ ကစ္ဒီကားေလးကို စိတ္၀င္စားပါတယ္။ ေနာက္ၿပီး ဒီကားအေပၚမွာ အားရတာက ကင္မရာေတြကအစ ဟိုကလူေတြရုိက္မယ္။ ေနာက္ရုပ္ရွင္ပြဲေတာ္ထဲအထိ ထိုးေဖာက္ဖုိ႕ျပင္ဆင္ထားၾကတယ္ဆိုေတာ့ ကစ္ဖက္ကလဲ ေသေသခ်ာခ်ာေလးၾကိဳးစားမယ္။ အားရဖို႕ေတာ့ေကာင္းပါတယ္။

-ခ်စ္သူသာပန္းတစ္ပြင့္ျဖစ္ခဲ့ရင္ဇာတ္ကားမွာ ကိုစိုင္းနဲ႕အတူတူျပန္လည္ရုိက္ကူးရမဲ့စိတ္ခံစားခ်က္ကိုလဲသိခ်င္ပါတယ္။

ခံစားခ်က္ကေတာ့ ကစ္က ကစ္လုပ္ရမဲ့ဇာတ္ရုပ္တုိင္းကို သရုပ္ေဆာင္မွာပါ။ ပရိသတ္ေတြအေနနဲ႕စိတ္၀င္စားၾကတယ္ဆိုရင္ ဘာပဲျဖစ္ျဖစ္ ဒီကားကုိ ကစ္အေနနဲ႕ၾကိဳးစားဖို႕ပိုအားရွိသြားတာေပါ့ေနာ္။

-အေရွ႕ကကားေတြမွာလဲ ကိုစိုင္းနဲ႕ရုိက္မယ္ဆိုၿပီး လြဲခဲ့တာမ်ိဳးေတြလဲရွိခဲ့တယ္ေနာ္။

တခ်ိဳ႕ကားေလးေတြကေတာ့ ညွိလို႕မရလို႕မရုိက္ျဖစ္ပဲ လြဲသြားတာမ်ိဳးေလးေတြရွိခဲ့ပါတယ္။ အဲ့ဒါကေတာ့ ဇာတ္လမ္းအေနအထားအရ ညွိလို႕မရတာမ်ိဳးေတြေၾကာင့္ပါ။ ဒီကားေလးကေတာ့ ဇာတ္လမ္းအရလဲ သေဘာက်လို႕လက္ခံျဖစ္သြားတာပါရွင့္။

-Reflection ဇာတ္ကားကလဲ ရုိက္ၿပီးသြားၿပီဆိုေတာ့ အဲ့ဒီကားအေပၚ အားရေက်နပ္မႈအပိုင္းကိုလဲသိခ်င္ပါတယ္။

အခုရုိက္ၿပီးသမွ်အကုန္လံုးနီးပါးေတာ့ ေက်နပ္အားရပါတယ္။ ဘာလို႕လဲဆိုေတာ့ ေသေသခ်ာခ်ာကို အပင္ပန္းခံၿပီးၾကိဳးစားၿပီးရိုက္ထားတယ္ဆိုေတာ့ေလ။

-အဲ့ဒီကားမွာက ဖုိက္တင္အခန္းေတြလဲပါေတာ့ ေတာ္ေတာ္ေလးလဲပင္ပန္းမွာေပါ့ေနာ္။

ပင္ပန္းတာေပါ့။ အရမ္းပင္ပန္းတယ္။ ဒါေပမဲ့ေက်နပ္တယ္။ အိပ္ခ်ိန္လဲ အရမ္းနည္းတယ္။ ေနာက္ၿပီး ဖုိက္တင္အေတြ႕အၾကံဳလဲ ကစ္မွာမရွိဘူး။ ဒီကားက ကစ္အတြက္ ပထမဆံုးဖုိက္တင္ကားေပါ့။ ၿပီးေတာ့ တခ်ိဳ႕အခန္းေတြဆုိ ကိုယ္ကိုတုိင္ ထိုးရတာမ်ိဳးေတြ၊ ခ်ရတာမ်ိဳးေတြဆိုေတာ့ ဒူးပြန္းတာတို႕၊ ညိဳမည္းစြဲတာတို႕မေတာ္တဆဒဏ္ရာေလးေတြရပါတယ္။

-ေနာက္ထပ္လက္ခံထားတဲ့ ဇာတ္ကားေတြရွိမယ္ဆိုရင္လဲသိခ်င္ပါတယ္။

ဒီႏွစ္ကုန္ႏုိ၀င္ဘာေလာက္ထိကားၾကီးေတြပဲ ရိုက္ဖို႕ရွိတယ္။ ဒီကားၿပီးရင္ေတာ့ ကိုေနတုိးနဲ႕၀င္မွာပါ။

-Bangkok to Mandalay ဇာတ္ကားကလဲ ရံုတင္ေတာ့မယ္ဆိုတဲ့ ကစ္ရဲ႕ ရင္ခုန္သံေလးကုိလဲသိခ်င္ပါတယ္။

ေအာက္တိုဘာလကုန္ေလာက္တင္မယ္ေျပာပါတယ္။ အဲ့ဒီကားေလးလဲ ေတာ္ေတာ္ေကာင္းပါတယ္။ ပရိသတ္ေတြၾကည့္ရက်ိဳးနပ္မဲ့ ကားေလးပါ။ ၿပီးေတာ့ ျမန္မာႏုိင္ငံက အထင္ကရေနရာေတြမွာ သြားေရာက္ရုိက္ကူးထားတယ္။ ေသေသခ်ာခ်ာလဲျပင္ဆင္ၿပီးရိုက္ကူးထားတဲ့ ကားျဖစ္တယ္။ အဲ့ဒီကားေလးနဲ႕ပတ္သက္ၿပီး ေက်နပ္ပါတယ္။ ႏုိင္ငံတကာက ပညာရွင္ေတြနဲ႕တြဲရုိက္တဲ့ကားလဲျဖစ္တယ္။ မတူဘူးေပါ့။ ရုိက္ပံုရုိက္နည္းလဲ မတူဘူး။ အယူအဆေတြလဲမတူဘူး။ သူတုိ႕ကအ၀တ္အစား၊ မိတ္ကပ္၊ ဆံပင္အားလံုး စီစဥ္ေပးေတာ့ ပိုအဆင္ေျပတာေပါ့ေနာ္။ ဘာစိတ္အေႏွာင့္အယွက္မွ မရွိဘူး။ အိုက္တင္ကိုပဲဂရုစိုက္ရံုပဲ။ ကစ္ကအဲ့ဒီအခ်က္ကိုေတာ့ သေဘာက်မိတယ္။

-လက္ရွိမွာ ပရိသတ္လက္ခံထားတဲ့ ေအာင္ျမင္မႈတစ္ခုအေပၚ ဘယ္လိုဆက္ထိန္းသြားမလဲ။

ကိုယ့္ေအာင္ျမင္မႈကိုေက်နပ္တာထက္ ကိုယ္လုပ္တဲ့အလုပ္ေပၚမွာအျမဲတမ္းေလးစားတယ္။ ကိုယ့္အလုပ္ေပၚမွာသစၥာရွိၿပီး ေလးေလးစားစားနဲ႕လုပ္ရတယ္။ ကုိယ့္ပရိသတ္ေတြကိုလဲေလးစားတယ္။ ခ်စ္လဲခ်စ္တယ္။ တန္ဖိုးလဲထားတယ္။ ကစ္ကေတာ့ ကိုယ္ေရာက္ေနတဲ့ေနရာထက္ ကိုယ့္အလုပ္ကိုကုိယ္အျမဲတမ္းတန္ဖိုးထားတယ္။ မေအာင္ျမင္ကတည္းကဒီစိတ္ပဲ၊ ေအာင္ျမင္သြားေတာ့လဲဒီစိတ္ပဲ။ အဲ့ဒီအႏုပညာေပၚခ်စ္တဲ့စိတ္ေတြကဘယ္ေတာ့မွမေျပာင္းဘူး။ ဒီအတိုင္းပဲ။

-Kit Collection ရဲ႕ ေအာင္ျမင္မႈအေပၚ ဘယ္လိုသံုးသပ္မိလဲ။

ကစ္ကေတာ့ ကစ္ပရိသတ္ေတြအတြက္ အမွတ္တရအေနနဲ႕ထုတ္တာပါ။ ပရိသတ္ေတြကိုေပ်ာ္ေစခ်င္လို႕ေပါ့။ စီးပြားျဖစ္အက်ယ္တ၀င့္ေတာ့ မလုပ္ျဖစ္ေသးဘူးေပါ့။ ဘာလို႕လဲဆိုေတာ့ အခ်ိန္မေပးႏုိင္လို႕ပါ။ ဒီသရုပ္ေဆာင္ဖက္မွာလဲကိုယ့္အလုပ္ေတြနဲ႕
ကိုယ္ခ်ာလည္ပတ္လည္ရမ္းေနေတာ့ စီးပြားေရးအေနနဲ႕အၾကီးအက်ယ္ မလုပ္ျဖစ္ေသးတာပါ။
 ေလာေလာဆယ္ကက ေဘးလြယ္အိတ္ေလးေတြ ထုတ္ထားပါတယ္။ ကစ္ေမြးေန႕အထိမ္းအမွတ္အေနနဲ႕ ေပါ့။

-Kit Collection က အမ်ိဳးသမီးသံုးပစၥည္းေတြထုတ္တာမ်ားတယ္ေနာ္။

ဟုတ္တယ္။ အမ်ိဳးသမီးအသံုးအေဆာင္ေတြပဲျဖစ္ေနပါတယ္။ အမ်ိဳးသားပရိသတ္ေတြအတြက္လဲလာမယ္။ လာမယ္။ အဓိကက ကစ္အခ်ိန္မေပးႏုိင္လို႕ပါ။ အဲ့ဒါေၾကာင့္ ေလာေလာဆယ္ေတာ့ မိန္းကေလးအသံုးအေဆာင္ေတြပဲထုတ္ျဖစ္ေနတာပါ။

Credit : trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version

ရုပ်ရှင်ကားကြီးတွေသာ ဆက်တိုက်ရိုက်ကူးဖြစ်နေတဲ့ ဝတ်မှုန်ရွှေရည်က မကြာသေးခင်ကမှ ဒါရိုက်တာလူမင်းရိုက်ကူးတဲ့ Reflection ဆိုတဲ့ဇာတ်ကားကြီးမှာ မင်းသမီးလေးယောက်နဲ့အတူ ပင်ပင်ပန်းပန်းခက်ခက်ခဲခဲ ရိုက်ကူးခဲ့ပေမဲ့ ကျေနပ်ပါတယ်လို့ပြောလာပါတယ်။ ဒါ့အပြင် သူမဟာ မရိုက်တာကြာပြီဖြစ်တဲ့ အဆိုတော်၊ သရုပ်ဆောင်စိုင်းစိုင်းခမ်းလှိုင်နဲ့အတူ ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့ရင်ဆိုတဲ့ ဇာတ်ကားကြီးမှာ ဆယ်ကျော်သက်အင်းသူတစ်ယောက်အနေနဲ့ပါဝင်သရုပ်ဆောင်မယ်လို့လဲ သိရပါတယ်။ မတွဲတာကြာပြီဖြစ်တဲ့ စိုင်းစိုင်းနဲ့တွဲဖက်ရိုက်ကူးရမဲ့ စိတ်ခံစားချက်ကိုပြောပြလာသလို ဆက်တိုက်လဲ ကားကြီးတွေပဲလက်ခံထားတဲ့အကြောင်းပြောပြလာတဲ့ဝတ်မှုန်ရွှေရည်နဲ့စကားစမြည်ပြောဆိုဖြစ်တဲ့အခါ

-ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့ရင်ဇာတ်ကားမှာအင်းသူတစ်ယောက်အနေနဲ့ပါဝင်သရုပ်ဆောင်ရမှာဆိုတော့ ဘယ်လိုပြင်ဆင်မှုတွေရှိလဲ။

ကစ်အတွက် အင်းလေးမှာ သွားရိုက်ရမဲ့ ပထမဆုံးရုပ်ရှင်ကားကြီးပေါ့။ အင်းသူတစ်ယောက်ရဲ့ကာရိုက်တာဆိုတော့ လေယူလေသိမ်းလေးတွေကတော့ ပြင်ဆင်ရမယ်။ အဲ့ဒီဇာတ်ကားမှာတော့ ဇာတ်လမ်းလေးထဲကမြလေးခင်ဆိုတဲ့ ဇာတ်ရုပ်ကို ဝင်အောင်သရုပ်ဆောင်ရမှာပါ။ အစ်ကိုနှစ်ယောက်ရဲ့အုပ်ထိန်းမှုအောက်မှာနေပြီး ချုပ်ချယ်ခံရတဲ့ဆယ်ကျော်သက် အရွယ်ကောင်မလေးတစ်ယောက်ပုံစံမျိုးပေါ့။

-အဲ့ဒီကားကို လက်ခံရိုက်ကူးဖြစ်တာကရော ဘာကြောင့်များလဲ။

ကစ် အင်းလေးကို အစကတည်းက သဘောကျတယ်။ ပြီးတော့ ဇာတ်လမ်းလေးရဲ့ဖွဲ့စည်းပုံကိုလဲ ကြိုက်နှစ်သက်တယ်။ နောက်ဒီကားရဲ့ တင်ပြပုံကလဲ စိတ်ဝင်စားဖို့ကောင်းတယ်။ ကစ်ဒီကားလေးကို စိတ်ဝင်စားပါတယ်။ နောက်ပြီး ဒီကားအပေါ်မှာ အားရတာက ကင်မရာတွေကအစ ဟိုကလူတွေရိုက်မယ်။ နောက်ရုပ်ရှင်ပွဲတော်ထဲအထိ ထိုးဖောက်ဖို့ပြင်ဆင်ထားကြတယ်ဆိုတော့ ကစ်ဖက်ကလဲ သေသေချာချာလေးကြိုးစားမယ်။ အားရဖို့တော့ကောင်းပါတယ်။

-ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့ရင်ဇာတ်ကားမှာ ကိုစိုင်းနဲ့အတူတူပြန်လည်ရိုက်ကူးရမဲ့စိတ်ခံစားချက်ကိုလဲသိချင်ပါတယ်။

ခံစားချက်ကတော့ ကစ်က ကစ်လုပ်ရမဲ့ဇာတ်ရုပ်တိုင်းကို သရုပ်ဆောင်မှာပါ။ ပရိသတ်တွေအနေနဲ့စိတ်ဝင်စားကြတယ်ဆိုရင် ဘာပဲဖြစ်ဖြစ် ဒီကားကို ကစ်အနေနဲ့ကြိုးစားဖို့ပိုအားရှိသွားတာပေါ့နော်။

-အရှေ့ကကားတွေမှာလဲ ကိုစိုင်းနဲ့ရိုက်မယ်ဆိုပြီး လွဲခဲ့တာမျိုးတွေလဲရှိခဲ့တယ်နော်။

တချို့ကားလေးတွေကတော့ ညှိလို့မရလို့မရိုက်ဖြစ်ပဲ လွဲသွားတာမျိုးလေးတွေရှိခဲ့ပါတယ်။ အဲ့ဒါကတော့ ဇာတ်လမ်းအနေအထားအရ ညှိလို့မရတာမျိုးတွေကြောင့်ပါ။ ဒီကားလေးကတော့ ဇာတ်လမ်းအရလဲ သဘောကျလို့လက်ခံဖြစ်သွားတာပါရှင့်။

-Reflection ဇာတ်ကားကလဲ ရိုက်ပြီးသွားပြီဆိုတော့ အဲ့ဒီကားအပေါ် အားရကျေနပ်မှုအပိုင်းကိုလဲသိချင်ပါတယ်။

အခုရိုက်ပြီးသမျှအကုန်လုံးနီးပါးတော့ ကျေနပ်အားရပါတယ်။ ဘာလို့လဲဆိုတော့ သေသေချာချာကို အပင်ပန်းခံပြီးကြိုးစားပြီးရိုက်ထားတယ်ဆိုတော့လေ။

-အဲ့ဒီကားမှာက ဖိုက်တင်အခန်းတွေလဲပါတော့ တော်တော်လေးလဲပင်ပန်းမှာပေါ့နော်။

ပင်ပန်းတာပေါ့။ အရမ်းပင်ပန်းတယ်။ ဒါပေမဲ့ကျေနပ်တယ်။ အိပ်ချိန်လဲ အရမ်းနည်းတယ်။ နောက်ပြီး ဖိုက်တင်အတွေ့အကြုံလဲ ကစ်မှာမရှိဘူး။ ဒီကားက ကစ်အတွက် ပထမဆုံးဖိုက်တင်ကားပေါ့။ ပြီးတော့ တချို့အခန်းတွေဆို ကိုယ်ကိုတိုင် ထိုးရတာမျိုးတွေ၊ ချရတာမျိုးတွေဆိုတော့ ဒူးပွန်းတာတို့၊ ညိုမည်းစွဲတာတို့မတော်တဆဒဏ်ရာလေးတွေရပါတယ်။

-နောက်ထပ်လက်ခံထားတဲ့ ဇာတ်ကားတွေရှိမယ်ဆိုရင်လဲသိချင်ပါတယ်။

ဒီနှစ်ကုန်နိုဝင်ဘာလောက်ထိကားကြီးတွေပဲ ရိုက်ဖို့ရှိတယ်။ ဒီကားပြီးရင်တော့ ကိုနေတိုးနဲ့ဝင်မှာပါ။

-Bangkok to Mandalay ဇာတ်ကားကလဲ ရုံတင်တော့မယ်ဆိုတဲ့ ကစ်ရဲ့ ရင်ခုန်သံလေးကိုလဲသိချင်ပါတယ်။

အောက်တိုဘာလကုန်လောက်တင်မယ်ပြောပါတယ်။ အဲ့ဒီကားလေးလဲ တော်တော်ကောင်းပါတယ်။ ပရိသတ်တွေကြည့်ရကျိုးနပ်မဲ့ ကားလေးပါ။ ပြီးတော့ မြန်မာနိုင်ငံက အထင်ကရနေရာတွေမှာ သွားရောက်ရိုက်ကူးထားတယ်။ သေသေချာချာလဲပြင်ဆင်ပြီးရိုက်ကူးထားတဲ့ ကားဖြစ်တယ်။ အဲ့ဒီကားလေးနဲ့ပတ်သက်ပြီး ကျေနပ်ပါတယ်။ နိုင်ငံတကာက ပညာရှင်တွေနဲ့တွဲရိုက်တဲ့ကားလဲဖြစ်တယ်။ မတူဘူးပေါ့။ ရိုက်ပုံရိုက်နည်းလဲ မတူဘူး။ အယူအဆတွေလဲမတူဘူး။ သူတို့ကအဝတ်အစား၊ မိတ်ကပ်၊ ဆံပင်အားလုံး စီစဉ်ပေးတော့ ပိုအဆင်ပြေတာပေါ့နော်။ ဘာစိတ်အနှောင့်အယှက်မှ မရှိဘူး။ အိုက်တင်ကိုပဲဂရုစိုက်ရုံပဲ။ ကစ်ကအဲ့ဒီအချက်ကိုတော့ သဘောကျမိတယ်။

-လက်ရှိမှာ ပရိသတ်လက်ခံထားတဲ့ အောင်မြင်မှုတစ်ခုအပေါ် ဘယ်လိုဆက်ထိန်းသွားမလဲ။

ကိုယ့်အောင်မြင်မှုကိုကျေနပ်တာထက် ကိုယ်လုပ်တဲ့အလုပ်ပေါ်မှာအမြဲတမ်းလေးစားတယ်။ ကိုယ့်အလုပ်ပေါ်မှာသစ္စာရှိပြီး လေးလေးစားစားနဲ့လုပ်ရတယ်။ ကိုယ့်ပရိသတ်တွေကိုလဲလေးစားတယ်။ ချစ်လဲချစ်တယ်။ တန်ဖိုးလဲထားတယ်။ ကစ်ကတော့ ကိုယ်ရောက်နေတဲ့နေရာထက် ကိုယ့်အလုပ်ကိုကိုယ်အမြဲတမ်းတန်ဖိုးထားတယ်။ မအောင်မြင်ကတည်းကဒီစိတ်ပဲ၊ အောင်မြင်သွားတော့လဲဒီစိတ်ပဲ။ အဲ့ဒီအနုပညာပေါ်ချစ်တဲ့စိတ်တွေကဘယ်တော့မှမပြောင်းဘူး။ ဒီအတိုင်းပဲ။

-Kit Collection ရဲ့ အောင်မြင်မှုအပေါ် ဘယ်လိုသုံးသပ်မိလဲ။

ကစ်ကတော့ ကစ်ပရိသတ်တွေအတွက် အမှတ်တရအနေနဲ့ထုတ်တာပါ။ ပရိသတ်တွေကိုပျော်စေချင်လို့ပေါ့။ စီးပွားဖြစ်အကျယ်တဝင့်တော့ မလုပ်ဖြစ်သေးဘူးပေါ့။ ဘာလို့လဲဆိုတော့ အချိန်မပေးနိုင်လို့ပါ။ ဒီသရုပ်ဆောင်ဖက်မှာလဲကိုယ့်အလုပ်တွေနဲ့

ကိုယ်ချာလည်ပတ်လည်ရမ်းနေတော့ စီးပွားရေးအနေနဲ့အကြီးအကျယ် မလုပ်ဖြစ်သေးတာပါ။

 လောလောဆယ်ကက ဘေးလွယ်အိတ်လေးတွေ ထုတ်ထားပါတယ်။ ကစ်မွေးနေ့အထိမ်းအမှတ်အနေနဲ့ ပေါ့။

-Kit Collection က အမျိုးသမီးသုံးပစ္စည်းတွေထုတ်တာများတယ်နော်။

ဟုတ်တယ်။ အမျိုးသမီးအသုံးအဆောင်တွေပဲဖြစ်နေပါတယ်။ အမျိုးသားပရိသတ်တွေအတွက်လဲလာမယ်။ လာမယ်။ အဓိကက ကစ်အချိန်မပေးနိုင်လို့ပါ။ အဲ့ဒါကြောင့် လောလောဆယ်တော့ မိန်းကလေးအသုံးအဆောင်တွေပဲထုတ်ဖြစ်နေတာပါ။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top