iMyanmarHouse.com - Best Property Website for Myanmar
×

သီတင္းတစ္ပတ္လွ်င္ အရက္ ၁၄ ပက္(သုိ႔မဟုတ္)ယင္းထက္ ပို၍ ေသာက္သံုးေသာအမ်ိဳးသမီးမ်ား မ်ိဳးေအာင္ႏုိင္္မႈ ၁၈ ရာခုိင္ႏႈန္း ေလ်ာ့က်ႏုိင္ေၾကာင္း ေလ့လာမႈတစ္ခုက ေဖာ္ျပသည္။

သီတင္းတစ္ပတ္လွ်င္ အရက္တစ္ပက္မွခုနစ္ပက္အထိ (နည္း နည္းပါးပါးမွ အလယ္အလတ္အထိ) ေသာက္သံုးမႈေၾကာင့္ အမ်ိဳး သမီးမ်ား၏ မ်ိဳးေအာင္ႏုိင္မႈကို ထိခိုက္ျခင္းမရွိဘဲ ေသာက္သံုးေသာ အရက္အမ်ိဳးအစားႏွင့္လည္းမဆိုင္ဘဲ မ်ိဳးေအာင္ႏုိင္မႈကို ထိခုိက္ ျခင္းမရွိေၾကာင္း ယခုေလ့လာမႈက ေဖာ္ျပသည္။

သို႔ေသာ္ ကိုယ္၀န္ေဆာင္ၿပီး ပထမဆံုးေသာ သီတင္းပတ္အ နည္းငယ္အတြင္း အရက္ေၾကာင့္ သေႏၶသားကို အႏၲရာယ္က်ေရာက္ ႏုိင္ေသာေၾကာင့္ ကုိယ္၀န္မရွိျခင္းေသခ်ာသည္အထိ မ်ိဳးေအာင္ႏုိင္ ေသာ ကာလအတြင္း ဇနီးေမာင္ႏွံႏွစ္ဦးစလံုး အရက္ေသာက္သံုးမႈ ေရွာင္ရွားရန္လိုသည္ဟု သုေတသီမ်ားက ေျပာသည္။

ဖံြ႕ၿဖိဳးၿပီး ႏုိင္ငံမ်ားတြင္ ဇနီးေမာင္ႏွံစံုတဲြမ်ား၏ ၂၄ ရာခုိင္ႏႈန္း အထိမ်ိဳးမေအာင္ႏုိင္မႈႏွင့္ ႀကံဳေတြ႕ရသည္။ မ်ိဳးမေအာင္ႏုိင္ျဖစ္ျခင္း ဆုိသည္မွာ ကိုယ္၀န္ေဆာင္ရန္ ၁၂ လ (သုိ႔မဟုတ္) ယင္းထက္ပုိ၍ ေစာင့္ဆုိင္းရျခင္းကိုဆုိလုိသည္။

ၿဗိတိန္၊ အေမရိကန္ႏွင့္ ဒိန္းမတ္ႏုိင္ငံမ်ားအပါအ၀င္ ႏုိင္ငံမ်ား စြာရွိ တရား၀င္လမ္းၫႊန္မႈအရ ကုိယ္၀န္ေဆာင္ရန္ႀကိဳးစားေနေသာ အမ်ိဳးသမီးမ်ားသည္ အရက္ေသာက္သံုးျခင္းကို ေရွာင္ရွားသင့္သည္ ဟု လမ္းၫႊန္ထားသည္။

သို႔ေသာ္ အရက္ေသာက္ျခင္းေၾကာင့္ အမ်ိဳးသမီးမ်ား၏ မ်ိဳး ေအာင္ႏုိင္မႈအေပၚမည္မွ်ၾကာရွည္စြာ ထိခိုက္ႏုိင္သလဲဆုိသည္ကုိ မသိရေပ။

သို႔ေသာ္ အရက္အလြန္အကၽြံေသာက္သံုးျခင္းေၾကာင့္ ဓမၼတာ စက္၀န္းကိုသာ အေႏွာင့္အယွက္ျဖစ္ေစႏုိင္သည္မဟုတ္ဘဲ ကိုယ္ ၀န္သက္တမ္းႏုစဥ္အတြင္း သေႏၶသားကို အႏၲရာယ္ျဖစ္ေစႏုိင္ေသာ ေၾကာင့္ အရက္အလြန္အကၽြံမေသာက္သင့္ဟု သုေတသီမ်ားကေျပာ သည္။

ကုိယ္၀န္ေဆာင္ရန္အခက္ႀကံဳေနေသာ ဇနီးေမာင္ႏွံမ်ားအေန ျဖင့္ ႏွစ္ဦးစလံုး အရက္ေလွ်ာ့ေသာက္သင့္သည္ဟု သုေတသီမ်ားက ေျပာသည္။

ယခုေလ့လာမႈအတြင္း ဘီယာ၊ ၀ိုင္(အနီ၊အျဖဴ)၊ ၀ိုင္အခ်ိဳ႕ႏွင့္ အျခားအရက္ပါေသာ ယမကာမ်ား ေသာက္သံုးသည့္ အမ်ိဳးသမီး မ်ားလည္းပါ၀င္သည္။


Credit: 7 day daily

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သီတင်းတစ်ပတ်လျှင် အရက် ၁၄ ပက်(သို့မဟုတ်)ယင်းထက် ပို၍ သောက်သုံးသောအမျိုးသမီးများ မျိုးအောင်နိုင်မှု ၁၈ ရာခိုင်နှုန်း လျော့ကျနိုင်ကြောင်း လေ့လာမှုတစ်ခုက ဖော်ပြသည်။

သီတင်းတစ်ပတ်လျှင် အရက်တစ်ပက်မှခုနစ်ပက်အထိ (နည်း နည်းပါးပါးမှ အလယ်အလတ်အထိ) သောက်သုံးမှုကြောင့် အမျိုး သမီးများ၏ မျိုးအောင်နိုင်မှုကို ထိခိုက်ခြင်းမရှိဘဲ သောက်သုံးသော အရက်အမျိုးအစားနှင့်လည်းမဆိုင်ဘဲ မျိုးအောင်နိုင်မှုကို ထိခိုက် ခြင်းမရှိကြောင်း ယခုလေ့လာမှုက ဖော်ပြသည်။

သို့သော် ကိုယ်ဝန်ဆောင်ပြီး ပထမဆုံးသော သီတင်းပတ်အ နည်းငယ်အတွင်း အရက်ကြောင့် သန္ဓေသားကို အန္တရာယ်ကျရောက် နိုင်သောကြောင့် ကိုယ်ဝန်မရှိခြင်းသေချာသည်အထိ မျိုးအောင်နိုင် သော ကာလအတွင်း ဇနီးမောင်နှံနှစ်ဦးစလုံး အရက်သောက်သုံးမှု ရှောင်ရှားရန်လိုသည်ဟု သုတေသီများက ပြောသည်။

ဖွံ့ဖြိုးပြီး နိုင်ငံများတွင် ဇနီးမောင်နှံစုံတွဲများ၏ ၂၄ ရာခိုင်နှုန်း အထိမျိုးမအောင်နိုင်မှုနှင့် ကြုံတွေ့ရသည်။ မျိုးမအောင်နိုင်ဖြစ်ခြင်း ဆိုသည်မှာ ကိုယ်ဝန်ဆောင်ရန် ၁၂ လ (သို့မဟုတ်) ယင်းထက်ပို၍ စောင့်ဆိုင်းရခြင်းကိုဆိုလိုသည်။

ဗြိတိန်၊ အမေရိကန်နှင့် ဒိန်းမတ်နိုင်ငံများအပါအဝင် နိုင်ငံများ စွာရှိ တရားဝင်လမ်းညွှန်မှုအရ ကိုယ်ဝန်ဆောင်ရန်ကြိုးစားနေသော အမျိုးသမီးများသည် အရက်သောက်သုံးခြင်းကို ရှောင်ရှားသင့်သည် ဟု လမ်းညွှန်ထားသည်။

သို့သော် အရက်သောက်ခြင်းကြောင့် အမျိုးသမီးများ၏ မျိုး အောင်နိုင်မှုအပေါ်မည်မျှကြာရှည်စွာ ထိခိုက်နိုင်သလဲဆိုသည်ကို မသိရပေ။

သို့သော် အရက်အလွန်အကျွံသောက်သုံးခြင်းကြောင့် ဓမ္မတာ စက်ဝန်းကိုသာ အနှောင့်အယှက်ဖြစ်စေနိုင်သည်မဟုတ်ဘဲ ကိုယ် ဝန်သက်တမ်းနုစဉ်အတွင်း သန္ဓေသားကို အန္တရာယ်ဖြစ်စေနိုင်သော ကြောင့် အရက်အလွန်အကျွံမသောက်သင့်ဟု သုတေသီများကပြော သည်။

ကိုယ်ဝန်ဆောင်ရန်အခက်ကြုံနေသော ဇနီးမောင်နှံများအနေ ဖြင့် နှစ်ဦးစလုံး အရက်လျှော့သောက်သင့်သည်ဟု သုတေသီများက ပြောသည်။

ယခုလေ့လာမှုအတွင်း ဘီယာ၊ ဝိုင်(အနီ၊အဖြူ)၊ ဝိုင်အချို့နှင့် အခြားအရက်ပါသော ယမကာများ သောက်သုံးသည့် အမျိုးသမီး များလည်းပါဝင်သည်။


Credit: 7 day daily


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top