iMyanmarHouse.com - Best Property Website for Myanmar
×
ပိုချစ်မိလေလေ သူ့ကို လက်လွှတ်ဆုံးရှုံးရမှာ ကြောက်လေလေ ပါပဲ။
Credit: duwun
ပို့သပေးပါတယ်။
Unicode Version
တစ်ခါတလေမှာ တကယ်ချစ်တယ်လို့ ခံစားရပေမဲ့ အရမ်းကို သံယောဇဉ်တွယ်မိမှာ လူတွေက ကြောက်တတ်ကြပါတယ်။ ချစ်မိရင် ပျော်ရွှင်မှုတွေ ပျောက်ဆုံးသွားလိမ့်မှာကို စိုးရိမ်ကြတယ်။ ဒါတွေကတော့ အချစ်ကိုကြောက်ကြသူတွေရဲ့ အကြောင်းရင်း (၇) ခုပါ။
၁။ လက်တွေ့မကျတဲ့ မျှော်လင့်ချက်တွေ
အချစ်နဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတွေ၊ ဝတ္ထုတွေနဲ့ ရုပ်ရှင်တွေကိုကြည့်ပြီး ကိုယ်လိုချင်တဲ့ ဘဝကို လူတွေက စိတ်ကူးယဉ်တတ်ကြတယ်။ ကိုယ့်ချစ်သူမှာ ကိုယ်လိုချင်တဲ့ အရည်အချင်းတွေမရှိတဲ့အခါ စိတ်ညစ်ကြရတယ်။ အချစ်ဆိုတာ ကိုယ်နဲ့စိတ်ချင်းတကယ်နီးစပ်သူတစ်ယောက်ကို ရှာဖွေခြင်းသာ ဖြစ်ပါတယ်။ ဒါပေမဲ့ စိတ်ကူးယဉ်အချစ်ဇာတ်လမ်းတွေက သင့်ရဲ့စိတ်ကို စိုးမိုးနေတဲ့အတွက် ကိုယ့်စိတ်ကို ဝေဖန်ဆန်းစစ်ရမယ့်အစား လူတွေရဲ့သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့အရာတစ်ခုခုကို သင်က မျှော်လင့်နေတတ်တယ်။
၂။ ရည်းစားထားလိုက်ရင် ကိုယ့်ကိုယ်ကို ပျောက်ဆုံးသွားမှာ ကြောက်ကြတယ်
ကိုယ်ချစ်တဲ့သူကိုတွေ့တဲအခါ အဲဒီလူရဲ့ အကြိုက်တွေနဲ့ ဒုက္ခသုက္ခတွေကိုပါ လက်ခံရတယ်။ သူနဲ့ အဆင်ပြေအောင် ကြိုးစားရင်း ကိုယ့်ရဲ့ မူလခံယူချက်၊ ခံစားချက်တွေက မှေးမှိန်သွားတတ်ကြပါတယ်။
၃။ အပစ်ပယ်ခံရမှာ ကြောက်တယ်
ပိုချစ်မိလေေလေ သူ့ကို လက်လွှတ်ဆုံးရှုံးရမှာ ကြောက်လေလေ ပါပဲ။
၄။ အချစ်ရေးက အခြားဆက်ဆံရေးတွေကို ထိခိုက်စေတယ်
လူတစ်ယောက်ကို ချစ်မိတဲ့အခါ သူငယ်ချင်းတွေကို အရင်လို အချိန်မပေးနိုင်တာ ရှိသလို၊ လုံးဝလက်လွှတ်လိုက်ရတာလည်း ဖြစ်နိုင်ပါတယ်။ အရင်က သင့်ဘဝမှာ အရေးပါဆုံုးသူငယ်ချင်းဟာ ချစ်သူရတဲ့အခါ ဒုတိယနေရာမှာပဲ ထားလို့ရတာပေါ့မှာ။ ဒါ့အပြင် ကိုယ့်မိသားစုအပေါ် ဂရုစိုက်မှုတွေ လျော့နည်းသွားတတ်ပြန်ပါတယ်။
၅။ အချစ်ဆိုတာ တစ်ခုတည်း ရောက်မလာဘူး
ဘဝထဲကို အချစ်ရောက်လာရင် တာဝန်ယူမှုတွေလည်း ပါလာတတ်ပါတယ်။ ကိုယ်ချစ်တဲ့သူတွေအတွက် အချိန်တွေ ပေးရမယ်။ ကိုယ့်ရဲ့ရည်မှန်းချက်တွေဟာ အချစ်ရေးကြောင့် နှောင့်နှေးကြံ့ကြာသွားနိုင်ပါတယ်။
Credit: duwun
 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top