iMyanmarHouse.com - Best Property Website for Myanmar
×

လက္ေအာက္ ဝန္ထမ္းအေပၚမွာ ေကာင္းတဲ့ အထက္လူႀကီးေတြရွိသလို ကိုယ့္ကို အလုပ္ထြက္ခ်င္စိတ္ ေပၚလာေအာင္ထိ ျပဳလုပ္ေနတဲံ ဆုိးရြားလြန္းတဲ့ အထက္လူႀကီးေတြလည္း ရွိပါတယ္။

လူတစ္ေယာက္နဲ႔ တစ္ေယာက္နဲ႔ မတူသလိုပဲ သူတုိ႔ရဲ႕ စိတ္ပ်က္စရာေကာင္းတဲ့ ပံုစံေတြကလည္း တစ္မ်ဳိးစီပါပဲ။ ဒီလိုအထက္လူႀကီးမ်ဳိး တစ္ေယာက္ရွိရင္ေတာင္ အေတာ္စိတ္ဆင္းရဲရမွာျဖစ္ၿပီး တစ္ေယာက္မက ရွိေနရင္ေတာ့ သင္ဟာ သိပ္သနားစရာေကာင္းတဲ့ ဝန္ထမ္းျဖစ္ေနပါၿပီ။

၁။ လမ္းေပ်ာက္ေနတဲ့ သိုးငယ္ေလး

႐ုတ္တရက္ႀကီး မေမွ်ာ္လင့္ထားဘဲ ရာထူးႀကီးႀကီးရလိုက္တယ္။ ဘာလုပ္လုိ႔လုပ္ရမွန္းမသိ၊ လူေတြကို ဘယ္လို အုပ္ခ်ဳပ္ရမယ္ဆုိတာ နားမလည္ဘဲ မ်က္စိသူငယ္ နားသူငယ္ျဖစ္ေနလုိ႔ သိုးငယ္ေလးလို႔ တင္စားလုိက္တာပါ။

အဲဒီအခ်ိန္မွာ ဒုကၡအေရာက္ဆံုးကေတာ့ သူ႔လက္ေအာက္မွာ လုပ္ရသူေတြပါပဲ။ ကိုယ့္အလုပ္လည္း လုပ္ရတယ္၊ သူနားမလည္တာ (သူဘာမွနားမလည္ပါ) ကိုလည္း ရွင္းျပရတယ္၊ ဘာမဟုတ္တဲ့ကိစၥေတြမွာ နားမလည္ပါးမလည္နဲ႔ ဆရာလုပ္တာလည္း ကိုယ့္မွာ ခံရပါတယ္။

၂။ အျမဲစိတ္ပ်က္လက္ပ်က္ျဖစ္ေနသူ

ဝန္ထမ္းေတြဟာ အျမဲတက္ၾကြဖုိ႔ လုိအပ္ေနတဲ့အခ်ိန္မွာ ေခါင္းေဆာင္လုပ္သူက အျမဲတမ္း ညည္းညဴစိတ္ပ်က္ေနေတာ့ က်န္တဲ့သူေတြမွာ အလုပ္လုပ္ရတာ ဘယ္လိုမွ အဆင္မေျပပါဘူး။

၃။ အခ်စ္ဆံုးသူငယ္ခ်င္း

အမွတ္တမဲ့ၾကည့္ရင္ေတာ့ အစ္ကိုလုိ၊ အစ္မလုိ ခင္ရတဲ့ အထက္လူႀကီးမ်ဳိး ရထားတာ ကံေကာင္းတယ္ေပါ့။ ဒါေပမဲ့ ငါတုိ႔ကမိသားစုေတြပဲ၊ ညီအစ္ကိုေတြပဲ၊ ေမာင္ႏွမေတြပဲ ဆုိၿပီး အခုိင္းခံရၿပီး ဘာအက်ဳိးအျမတ္မွ ျပန္မလာတာ ခံရသူသာ အသိဆံုးပါ။

၄။ အျမဲတြန္းအားေပးေနသူ

သင့္မွာေတာ့ ရွိသမွ်စြမ္းအကုန္ထုတ္သံုးေနရေပမဲ့ သင္ ဒီထက္လုပ္ႏုိင္ေသးတယ္လို႔ အျမဲေျပာေနတဲ့ အထက္လူႀကီးပါ။  ေစာေစာထ၊ ေနာက္က်မွအိပ္၊ စေနတဂၤေႏြလည္းလုပ္ဆုိၿပီး အျမဲတမ္း အလုပ္လုပ္ဖို႔ပဲ ေျပာေနတဲ့သူမ်ဳိး။  သူတုိ႔ကိုယ္တိုယ္ကလည္း အရမ္းအလုပ္လုပ္ပါတယ္။

သူတုိ႔ စိတ္ေက်နပ္အာင္ လုပ္ေပးစရာမလုိသလို သူလုပ္သလို လုိက္လုပ္စရာလည္း မလုိပါဘူး။ လဲက်တဲ့အထိ သူ အလုပ္လုပ္ခ်င္တယ္ဆုိရင္ သူ႔ဘာသာ လုပ္ပါေစ။

၅။ အျပစ္ပံုခ်တတ္သူ

အဖြဲ႕ရဲ႕ လုပ္ေဆာင္ခ်က္ေကာင္းေနခ်ိန္ဆုိရင္ သူေတာ္လုိ႔ဆုိတဲ့ ခ်ီးက်ဴးမႈမ်ဳိးကို သေဘာက်ေနေပမဲ့ အဖြဲ႕က တလြဲလုပ္ရင္ေတာ့ လက္ေအာက္ငယ္သားမေကာင္းလုိ႔ ဆုိၿပီ လက္ညိႇဳးထုိးတဲ့သူမ်ဳိးပါ။

၆။ ကေလးဆုိးႀကီး

သင့္ကို ကေလးလုိ ခၽြဲႏြဲ႕ေနမယ့္ ေပ်ာ့ေပ်ာ့ေလးနဲ႔နံတဲ့ ေၾကာင္ေခ်းမ်ဳိးပါ။ သူ႔ရဲ႕ အထက္လူႀကီးေတြက မေကာင္းဘူးဆုိၿပီး သင့္ကို အျမဲညည္းညဴျပမယ္။ သူလုပ္ရမယ့္ အလုပ္ေတြကိုလည္း သင့္ကို ဆရာတင္သလိုနဲ႔ အကုန္္ခုိင္းလိမ့္မယ္။

၇။ အထက္ကိုပဲ တက္လွမ္းခ်င္သူ

သူတုိ႔ကေတာ့ ရာထူးတက္မယ္ဆုိရင္ ဘာပဲလုပ္ရလုပ္ရ လုပ္မယ့္သူမ်ဳိး။ သင့္ကို သူတုိ႔ေအာင္ျမင္မႈအတြက္ ေလွခါးထစ္တစ္ခုလို႔သာ ျမင္ပါလိမ့္မယ္။

၈။ အေသးစိတ္ကအစ လိုက္ေျပာသူ

ဒီလိုအထက္လူႀကီးမ်ဳိးဟာ သင္ ကီးဘုတ္နဲ႔ ထ႐ိုက္ခ်င္ေလာက္ေအာင္ ဆုိးတဲ့သူမ်ဳိးပါ။ သင့္ရဲ႕စြမ္းေဆာင္ရည္ကို ဘယ္ေတာ့မွ မယံုၾကည္ဘဲ အေသးစိတ္ကအစ အျမဲ သူ႔ကို သံေတာ္ဦးတင္ေနရတဲ့အတြက္ သင့္အလုပ္က ထင္သေလာက္ ခရီးမတြင္ေတာ့ပါဘူး။

၉။ ႏိုင္ငံေရးသမား

ဘယ္ေတာ့မွ မတည္တဲ့ ကတိေတြကို အျမဲေပးသူေပါ့။ အလုပ္တစ္ခု ၿပီးေျမာက္ရင္ ဘယ္ေရြ႕ဘယ္မွ် ေဘာနပ္စ္ရေအာင္ လုပ္ေပးမယ္လို႔ ကတိေပးေပမဲ့ သင္သာ အဲဒီလို အလုပ္ေပါင္း အခု ၁၀၀ ၿပီးသြားတယ္၊ သူ႔ဘက္ကကေတာ့ ဘာေဘာနပ္စ္မွ ရေအာင္ မစြမ္းေဆာင္ေပးႏုိင္ေသးပါဘူး။

၁၀။ မေကာင္းဆုိးဝါး

သူကေတာ့ သင့္ကို ဧည့္သည္ေတြေရွ႕မွာ ေအာ္ဟစ္တယ္။ တျခားဝန္ထမ္းေတြေရွ႕မွာလည္း သေရာ္ေလွာ္ေျပာင္တဲ့ သူပါ။

Credit: duwun

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version

လက်အောက် ဝန်ထမ်းအပေါ်မှာ ကောင်းတဲ့ အထက်လူကြီးတွေရှိသလို ကိုယ့်ကို အလုပ်ထွက်ချင်စိတ် ပေါ်လာအောင်ထိ ပြုလုပ်နေတဲံ ဆိုးရွားလွန်းတဲ့ အထက်လူကြီးတွေလည်း ရှိပါတယ်။

လူတစ်ယောက်နဲ့ တစ်ယောက်နဲ့ မတူသလိုပဲ သူတို့ရဲ့ စိတ်ပျက်စရာကောင်းတဲ့ ပုံစံတွေကလည်း တစ်မျိုးစီပါပဲ။ ဒီလိုအထက်လူကြီးမျိုး တစ်ယောက်ရှိရင်တောင် အတော်စိတ်ဆင်းရဲရမှာဖြစ်ပြီး တစ်ယောက်မက ရှိနေရင်တော့ သင်ဟာ သိပ်သနားစရာကောင်းတဲ့ ဝန်ထမ်းဖြစ်နေပါပြီ။

၁။ လမ်းပျောက်နေတဲ့ သိုးငယ်လေး

ရုတ်တရက်ကြီး မမျှော်လင့်ထားဘဲ ရာထူးကြီးကြီးရလိုက်တယ်။ ဘာလုပ်လို့လုပ်ရမှန်းမသိ၊ လူတွေကို ဘယ်လို အုပ်ချုပ်ရမယ်ဆိုတာ နားမလည်ဘဲ မျက်စိသူငယ် နားသူငယ်ဖြစ်နေလို့ သိုးငယ်လေးလို့ တင်စားလိုက်တာပါ။

အဲဒီအချိန်မှာ ဒုက္ခအရောက်ဆုံးကတော့ သူ့လက်အောက်မှာ လုပ်ရသူတွေပါပဲ။ ကိုယ့်အလုပ်လည်း လုပ်ရတယ်၊ သူနားမလည်တာ (သူဘာမှနားမလည်ပါ) ကိုလည်း ရှင်းပြရတယ်၊ ဘာမဟုတ်တဲ့ကိစ္စတွေမှာ နားမလည်ပါးမလည်နဲ့ ဆရာလုပ်တာလည်း ကိုယ့်မှာ ခံရပါတယ်။

၂။ အမြဲစိတ်ပျက်လက်ပျက်ဖြစ်နေသူ

ဝန်ထမ်းတွေဟာ အမြဲတက်ကြွဖို့ လိုအပ်နေတဲ့အချိန်မှာ ခေါင်းဆောင်လုပ်သူက အမြဲတမ်း ညည်းညူစိတ်ပျက်နေတော့ ကျန်တဲ့သူတွေမှာ အလုပ်လုပ်ရတာ ဘယ်လိုမှ အဆင်မပြေပါဘူး။

၃။ အချစ်ဆုံးသူငယ်ချင်း

အမှတ်တမဲ့ကြည့်ရင်တော့ အစ်ကိုလို၊ အစ်မလို ခင်ရတဲ့ အထက်လူကြီးမျိုး ရထားတာ ကံကောင်းတယ်ပေါ့။ ဒါပေမဲ့ ငါတို့ကမိသားစုတွေပဲ၊ ညီအစ်ကိုတွေပဲ၊ မောင်နှမတွေပဲ ဆိုပြီး အခိုင်းခံရပြီး ဘာအကျိုးအမြတ်မှ ပြန်မလာတာ ခံရသူသာ အသိဆုံးပါ။

၄။ အမြဲတွန်းအားပေးနေသူ

သင့်မှာတော့ ရှိသမျှစွမ်းအကုန်ထုတ်သုံးနေရပေမဲ့ သင် ဒီထက်လုပ်နိုင်သေးတယ်လို့ အမြဲပြောနေတဲ့ အထက်လူကြီးပါ။  စောစောထ၊ နောက်ကျမှအိပ်၊ စနေတင်္ဂနွေလည်းလုပ်ဆိုပြီး အမြဲတမ်း အလုပ်လုပ်ဖို့ပဲ ပြောနေတဲ့သူမျိုး။  သူတို့ကိုယ်တိုယ်ကလည်း အရမ်းအလုပ်လုပ်ပါတယ်။

သူတို့ စိတ်ကျေနပ်အာင် လုပ်ပေးစရာမလိုသလို သူလုပ်သလို လိုက်လုပ်စရာလည်း မလိုပါဘူး။ လဲကျတဲ့အထိ သူ အလုပ်လုပ်ချင်တယ်ဆိုရင် သူ့ဘာသာ လုပ်ပါစေ။

၅။ အပြစ်ပုံချတတ်သူ

အဖွဲ့ရဲ့ လုပ်ဆောင်ချက်ကောင်းနေချိန်ဆိုရင် သူတော်လို့ဆိုတဲ့ ချီးကျူးမှုမျိုးကို သဘောကျနေပေမဲ့ အဖွဲ့က တလွဲလုပ်ရင်တော့ လက်အောက်ငယ်သားမကောင်းလို့ ဆိုပြီ လက်ညှိုးထိုးတဲ့သူမျိုးပါ။

၆။ ကလေးဆိုးကြီး

သင့်ကို ကလေးလို ချွဲနွဲ့နေမယ့် ပျော့ပျော့လေးနဲ့နံတဲ့ ကြောင်ချေးမျိုးပါ။ သူ့ရဲ့ အထက်လူကြီးတွေက မကောင်းဘူးဆိုပြီး သင့်ကို အမြဲညည်းညူပြမယ်။ သူလုပ်ရမယ့် အလုပ်တွေကိုလည်း သင့်ကို ဆရာတင်သလိုနဲ့ အကုန်ခိုင်းလိမ့်မယ်။

၇။ အထက်ကိုပဲ တက်လှမ်းချင်သူ

သူတို့ကတော့ ရာထူးတက်မယ်ဆိုရင် ဘာပဲလုပ်ရလုပ်ရ လုပ်မယ့်သူမျိုး။ သင့်ကို သူတို့အောင်မြင်မှုအတွက် လှေခါးထစ်တစ်ခုလို့သာ မြင်ပါလိမ့်မယ်။

၈။ အသေးစိတ်ကအစ လိုက်ပြောသူ

ဒီလိုအထက်လူကြီးမျိုးဟာ သင် ကီးဘုတ်နဲ့ ထရိုက်ချင်လောက်အောင် ဆိုးတဲ့သူမျိုးပါ။ သင့်ရဲ့စွမ်းဆောင်ရည်ကို ဘယ်တော့မှ မယုံကြည်ဘဲ အသေးစိတ်ကအစ အမြဲ သူ့ကို သံတော်ဦးတင်နေရတဲ့အတွက် သင့်အလုပ်က ထင်သလောက် ခရီးမတွင်တော့ပါဘူး။

၉။ နိုင်ငံရေးသမား

ဘယ်တော့မှ မတည်တဲ့ ကတိတွေကို အမြဲပေးသူပေါ့။ အလုပ်တစ်ခု ပြီးမြောက်ရင် ဘယ်ရွေ့ဘယ်မျှ ဘောနပ်စ်ရအောင် လုပ်ပေးမယ်လို့ ကတိပေးပေမဲ့ သင်သာ အဲဒီလို အလုပ်ပေါင်း အခု ၁၀၀ ပြီးသွားတယ်၊ သူ့ဘက်ကကတော့ ဘာဘောနပ်စ်မှ ရအောင် မစွမ်းဆောင်ပေးနိုင်သေးပါဘူး။

၁၀။ မကောင်းဆိုးဝါး

သူကတော့ သင့်ကို ဧည့်သည်တွေရှေ့မှာ အော်ဟစ်တယ်။ တခြားဝန်ထမ်းတွေရှေ့မှာလည်း သရော်လှော်ပြောင်တဲ့ သူပါ။

Credit: duwun

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top