iMyanmarHouse.com - Best Property Website for Myanmar
×

သန္႔ျပန္႔ေမႊးႀကိဳင္တဲ့ (ေခါင္းအံုးစြပ္ေတြအပါအဝင္္) အိပ္ရာခင္းေပၚမွာ အိပ္ရတာ အရသာရွိမွန္းသိေပမဲ့ လူအားလံုးလုိလုိက ဒါေတြကို ေလွ်ာ္ဖြတ္ရမွာ ပ်င္းတတ္ၾကပါတယ္။ အဝတ္အစားလို အနံ႔အသက္မထြက္တဲ့အတြက္ သန္႔ရွင္းေသးတယ္လို႔ ထင္ေနတတ္ၾကတာလည္း ပါပါတယ္။

ေခၽြးေတြ၊ ကိုယ္လိမ္းအဆီေတြ၊ တစ္ေနကုန္ သြားလာရင္းပါလာတဲ့ ဖုန္မႈန္႔ေတြအျပင္ သြားရည္ေတြနဲ႔ အျခားကိုယ္ခႏၶာကထြက္တဲ့အညစ္အေၾကးေတြနဲ႔ သင့္ရဲ႕အိပ္ရာက ရြံစရာေတြ အမ်ားႀကီးနဲ႔ တည္ေဆာက္ထားတာပါ။

အိပ္ရာခင္းေတြကို မေလွ်ာ္လင့္ ယင္းအညစ္အေၾကးေတြက မ်ားျပားလာေလျဖစ္ၿပီး တစ္ပတ္တစ္ခါ ပံုမွန္မေလွ်ာ္တဲ့ အိပ္ရာခင္းစြပ္ေတြေပၚမွာ အိပ္ရာ ယားယံတာေတြအျပင္ ကူးစက္ေရာဂါေတြေတာင္ ရရွိႏုိင္ပါတယ္။

သင့္အိပ္ရာေပၚမွာ က်သြားတဲ့ ဆဲလ္ေသေတြေၾကာင့္ ကမ်ဥ္းေကာင္ေလးေတြလည္း ေရာက္လာႏုိင္ကာ အသက္႐ွဴလို႔မဝတဲ့ ျပႆနာေတြလည္း ျဖစ္လာႏုိင္ပါတယ္။

အိပ္ရာခင္းေတြကို မေလွ်ာ္တာၾကာေလ ဆဲလ္ေသေတြ၊ ကမ်ဥ္းေကာင္ေတြနဲ႔ အျခား အညစ္အေၾကး၊ ပိုးမႊားေတြဟာ သင့္ရဲ႕အိပ္ရာေပၚမွာ ပိုမိုမ်ားျပားေလ ျဖစ္မွာပါပဲ။

ဒီလုိေတြ မျဖစ္ခ်င္ဘူးဆုိရင္ေတာ့ သင့္ရဲ႕အိပ္ရာကို တစ္ပတ္တစ္ခါ ပံုမွန္ေလွ်ာ္ေပးပါ။ ပိုးမႊားေတြ ေသဖို႔အတြက္ ေရေႏြးနဲ႔ ေလွ်ာ္ရင္ပိုေကာင္းပါတယ္။

Credit : Duwun

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သန့်ပြန့်မွှေးကြိုင်တဲ့ (ခေါင်းအုံးစွပ်တွေအပါအဝင်) အိပ်ရာခင်းပေါ်မှာ အိပ်ရတာ အရသာရှိမှန်းသိပေမဲ့ လူအားလုံးလိုလိုက ဒါတွေကို လျှော်ဖွတ်ရမှာ ပျင်းတတ်ကြပါတယ်။ အဝတ်အစားလို အနံ့အသက်မထွက်တဲ့အတွက် သန့်ရှင်းသေးတယ်လို့ ထင်နေတတ်ကြတာလည်း ပါပါတယ်။

ချွေးတွေ၊ ကိုယ်လိမ်းအဆီတွေ၊ တစ်နေကုန် သွားလာရင်းပါလာတဲ့ ဖုန်မှုန့်တွေအပြင် သွားရည်တွေနဲ့ အခြားကိုယ်ခန္ဓာကထွက်တဲ့အညစ်အကြေးတွေနဲ့ သင့်ရဲ့အိပ်ရာက ရွံစရာတွေ အများကြီးနဲ့ တည်ဆောက်ထားတာပါ။

အိပ်ရာခင်းတွေကို မလျှော်လင့် ယင်းအညစ်အကြေးတွေက များပြားလာလေဖြစ်ပြီး တစ်ပတ်တစ်ခါ ပုံမှန်မလျှော်တဲ့ အိပ်ရာခင်းစွပ်တွေပေါ်မှာ အိပ်ရာ ယားယံတာတွေအပြင် ကူးစက်ရောဂါတွေတောင် ရရှိနိုင်ပါတယ်။

သင့်အိပ်ရာပေါ်မှာ ကျသွားတဲ့ ဆဲလ်သေတွေကြောင့် ကမျဉ်းကောင်လေးတွေလည်း ရောက်လာနိုင်ကာ အသက်ရှူလို့မဝတဲ့ ပြဿနာတွေလည်း ဖြစ်လာနိုင်ပါတယ်။

အိပ်ရာခင်းတွေကို မလျှော်တာကြာလေ ဆဲလ်သေတွေ၊ ကမျဉ်းကောင်တွေနဲ့ အခြား အညစ်အကြေး၊ ပိုးမွှားတွေဟာ သင့်ရဲ့အိပ်ရာပေါ်မှာ ပိုမိုများပြားလေ ဖြစ်မှာပါပဲ။

ဒီလိုတွေ မဖြစ်ချင်ဘူးဆိုရင်တော့ သင့်ရဲ့အိပ်ရာကို တစ်ပတ်တစ်ခါ ပုံမှန်လျှော်ပေးပါ။ ပိုးမွှားတွေ သေဖို့အတွက် ရေနွေးနဲ့ လျှော်ရင်ပိုကောင်းပါတယ်။


Credit : Duwun

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top