iMyanmarHouse.com - Best Property Website for Myanmar
×







Credit : thithtoolwin



Unicode Version

ရယ်မောခြင်းဟာ အကောင်းဆုံးဆေးဝါး တစ်လက်ပါ။ သက်ကြီးရွယ်အိုတွေ အနေနဲ့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဆောင်နေစဉ် ရယ်မောခြင်းက ကျန်းမားရေးအတွက် ကောင်းကျိုးတွေကို တိုးပွားစေပါတယ်။

ရယ်မောခြင်းကြောင့် အားပိုဖြစ်စေပြီး ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဆောင်ရာမှာ ချိန်ဆနိုင်မှုနဲ့ လိုက်လျောညီထွေနေထိုင်မှုတွေ တိုးတက်လာပြီး လုပ်ဆောင်ရာမှာ စိတ်ပါလက်ပါရှိလာစေပါတယ်။

လေ့ကျင့်ခန်း လုပ်ဆောင်နေစဉ်အတွင်း ရယ်မောခြင်းကြောင့် ကြွက်သားများလှုပ်ရှား မှုကြောင့် ရုပ်ပိုင်းဆိုင်ရာမှာလည်း ကောင်းကျိုးတွေ ရရှိစေပါတယ်။

တစ်ပါတ် ၅ ရက် မှာ မိနစ် ၃၀ လောက် လေ့ကျင့်ခန်း လုပ်ဖို့ကို စိတ်မပါကြတဲ့ အဖိုးအဖွားတွေ အများကြီးပါ။ သူတို့ကို ရယ်ရမယ့်တစ်ခုခုကို လုပ်ဆောင်ပေးရင် လေ့ကျင့်ခိုင်းတာက အကျိုးသက်ရောက်မှု တော်တော်လေးရှိတာကို တွေ့ရပါတယ်။

၃ စက္ကန့် ကနေ ၆ စက္ကန့်လောက် ထိ ရယ်မောစေတဲ့ လေ့ကျင့်ခန်း ၈ခု ၁၀ ခုလောက်ထည့်ပြီး လေ့ကျင့်တဲ့ အခါမှာတော့ တစ်ပါတ်ကို ၄၅ မိနစ်ထိအောင် လုပ်ဆောင်နိုင်လာပါတယ်။

ပူးပေါင်းလုပ်ဆောင်ကြတာကြောင့် စိတ်ကျန်းမားရေးအတွက်လည်း ကောင်းမွန်စေပြီး ကိုယ်လက်လှုပ်ရှားမှုကို ပိုမိုလုပ်ဆောင်ဖို့ စိတ်ပါလာပြီး စိတ်ဓါတ်ခွန်အားလည်း တိုးပွားလာစေပါတယ်။


Credit : thithtoolwin



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top