iMyanmarHouse.com - Best Property Website for Myanmar
×

ခရီးသြားဝါသနာပါသူဟုတ္ဟုတ္၊ မဟုတ္ဟုတ္ ေလယာဥ္စီးဖူးသူတုိင္း ေလယာဥ္စီးတဲ့အခါ ခႏၶာကုိယ္မွာ အထူးဆန္းေတြ ျဖစ္တာ သတိထားမိၾကပါတယ္။ ေလယာဥ္ေပၚထိုင္ေနတဲ့အခ်ိန္မွာ အက်ဳိးသက္ေရာက္မႈကို သိခ်င္မွ သိပါလိမ့္မယ္။ ဒါေပမယ့္ အက်ဳိးသက္ေရာက္မႈက တကယ္ရိွတာပါ။ ေလယာဥ္ျဖင့္ ခရီးသြားတာက ခႏၶာကိုယ္လုပ္ေဆာင္ခ်က္ေတြအျပင္ စိတ္ခံစားခ်က္ကိုပါ ထိခုိက္ေစႏုိင္တာ အမ်ားစုမသိၾကပါဘူး။

၁။ ခံတြင္းပ်က္ျခင္း

ေလယာဥ္ေပၚက အစားအေသာက္ေတြ ဘာအရသာမရိွဘူးလုိ႔ ရယ္စရာအျဖစ္ ေျပာတာ အားလုံးၾကားဖူးမွာပါ။ တကယ္ေတာ့ လုိေနတာ အစားအစာမျဖစ္ႏုိင္ဘူးလုိ႔ ေလ့လာမႈတခ်ဳိ႕က ေဖာ္ျပၾကပါတယ္။ ေလယာဥ္စီးတဲ့အခါ ေလယာဥ္ေပၚက ေျခာက္ေသြ႕တဲ့ေလထုက ႏွာရည္ေတြ အေငြ႔ျပန္ျပီး အျမီွးပါးေတြေယာင္ေစကာ ရသာဂုဏ္ ပ်က္ယြင္းေစႏုိင္တယ္လုိ႔ ေလ့လာမႈတစ္ခုက ေဖာ္ျပထားပါတယ္။ အဲဒီေလ့လာမႈကေနပဲ သုေတသီေတြဟာ ေလယာဥ္စီးတဲ့အခ်ိန္ အခ်ဳိဓာတ္နဲ႔ အငံဓာတ္သိျမင္မႈ ၃၀ ရာခုိင္ႏႈန္း ေလွ်ာ့က်ႏုိင္ေၾကာင္း ေလ့လာေတြ႔ရိွခဲ့ပါတယ္။

၂။ ေလဖိအားက သြားေတြေပၚ အက်ဳိးသက္ေရာက္ႏုိင္

ေလယာဥ္အတြင္းျဖစ္ေပၚတဲ့ ေလဖိအားေျပာင္းလဲမႈက ဖာေထးထားတဲ့သြားေတြ သို႔မဟုတ္ ပိုးစားသြားေတြၾကားက ေလအိတ္ေသးေသးေလးေတြ ထိခုိက္ေစကာ နာက်င္ကုိက္ခဲမႈျဖစ္ေပၚေစႏုိင္ပါတယ္။

၃။ အသားေရ အစိုဓာတ္ဆုံးရႈံးျခင္း

ေလယာဥ္ေပၚက ဆင္းျပီး အသားေရ ေျခာက္ေသြ႔တင္းမာေနတာ သတိထားမိရင္ သင္ တစ္ေယာက္မဟုတ္ပါဘူး။ ေျခာက္ေသြ႔ျပီး မျပတ္လည္ပတ္ေနတဲ့ ေလထုနဲ႔ ေလယာဥ္ခန္းေလထုဖိအားေတြၾကား အသားေရစိုေျပမႈ ကင္းမဲ့ေစပါတယ္။ ဒီေတာ့ ေလယာဥ္စီးတဲ့အခ်ိန္ ေရမ်ားမ်ားေသာက္ပါ။

၄။ ခႏၶာကိုယ္အတြင္း ဂတ္စ္ေတြျပန္႔က်ဲေစ

ေလယာဥ္ထြက္ခြာပ်ံသန္းလုိ႔ ေလဖိအားက်ဆင္းတဲ့အခါ အူအတြင္း ဂတ္စ္ေတြ  ျပန္႔က်ဲတာက ျဖစ္ေနက်ပါ။ ခႏၶာကိုယ္အတြင္း ဂတ္စ္အတက္တက်ေတြက နာက်င္လာျပီး ေဖာင္းပြေစတတ္ပါတယ္။ စိတ္ဝင္စားစရာေကာင္းတာက ဒီဂတ္စ္အတက္တက်ေတြက နားေတြမွာလည္း အက်ဳိးသက္ေရာက္ႏုိင္ပါတယ္။ ေလယာဥ္စီးတဲ့အခ်ိန္ နားေတြပိတ္တာ သတိထားမိတယ္ဟုတ္။ ဒါ ေလဖိအားပုံမွန္မျဖစ္ျခင္းေၾကာင့္၊ ဂတ္စ္အတက္အက်ေတြေၾကာင့္ျဖစ္ပါတယ္။

၅။ ခရမ္းလြန္ေရာင္ျခည္ေတြနဲ႔ ထိေတြ႔ေစ

အသားအေရနဲ႔ ပတ္သက္ျပီး ေလယာဥ္စီးရာမွာ အႏၱရာယ္တခ်ဳိ႕ကို သိပၸံနည္းက်ေလ့လာမႈတခ်ဳိ႕က ေဖာ္ျပခဲ့ပါတယ္။ ေလယာဥ္မယ္ေတြနဲ႔ ေလယာဥ္မွဴးေတြမွာ melanoma ျဖစ္ပြားမႈေတြ စစ္ေဆးတဲ့ေလ့လာမႈတစ္ခုမွာ ေလယာဥ္ဝန္ထမ္းေတြမွာ သာမွန္လူထက္ melanoma ျဖစ္ႏုိင္ေျခႏွစ္ဆ ပိုမ်ားေၾကာင္း သုေတသီေတြက ရွာေဖြေတြ႔ရိွခဲ့ပါတယ္။ ဒီအခ်က္က ေလယာဥ္စီးတဲ့အခ်ိန္မွာ ပိုမိုျပင္းထန္တဲ့ ခရမ္းလြန္ေရာင္ျခည္ထိေတြ႔မႈေၾကာင့္ ျဖစ္ႏုိင္တယ္လုိ႔ ေလ့လာမႈက ေဖာ္ျပထားပါတယ္။ ေလယာဥ္ျပတင္းေပါက္က အျပည့္အဝ ကာကြယ္မႈမေပးႏုိင္ပါဘူး။ ဒါေၾကာင့္ ေနပူခံလိမ္းေဆး လိမ္းဖုိ႔ မေမ့ပါနဲ႔။

Credit : trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ခရီးသွားဝါသနာပါသူဟုတ်ဟုတ်၊ မဟုတ်ဟုတ် လေယာဉ်စီးဖူးသူတိုင်း လေယာဉ်စီးတဲ့အခါ ခန္ဓာကိုယ်မှာ အထူးဆန်းတွေ ဖြစ်တာ သတိထားမိကြပါတယ်။ လေယာဉ်ပေါ်ထိုင်နေတဲ့အချိန်မှာ အကျိုးသက်ရောက်မှုကို သိချင်မှ သိပါလိမ့်မယ်။ ဒါပေမယ့် အကျိုးသက်ရောက်မှုက တကယ်ရှိတာပါ။ လေယာဉ်ဖြင့် ခရီးသွားတာက ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေအပြင် စိတ်ခံစားချက်ကိုပါ ထိခိုက်စေနိုင်တာ အများစုမသိကြပါဘူး။

၁။ ခံတွင်းပျက်ခြင်း

လေယာဉ်ပေါ်က အစားအသောက်တွေ ဘာအရသာမရှိဘူးလို့ ရယ်စရာအဖြစ် ပြောတာ အားလုံးကြားဖူးမှာပါ။ တကယ်တော့ လိုနေတာ အစားအစာမဖြစ်နိုင်ဘူးလို့ လေ့လာမှုတချို့က ဖော်ပြကြပါတယ်။ လေယာဉ်စီးတဲ့အခါ လေယာဉ်ပေါ်က ခြောက်သွေ့တဲ့လေထုက နှာရည်တွေ အငွေ့ပြန်ပြီး အမြှီးပါးတွေယောင်စေကာ ရသာဂုဏ် ပျက်ယွင်းစေနိုင်တယ်လို့ လေ့လာမှုတစ်ခုက ဖော်ပြထားပါတယ်။ အဲဒီလေ့လာမှုကနေပဲ သုတေသီတွေဟာ လေယာဉ်စီးတဲ့အချိန် အချိုဓာတ်နဲ့ အငံဓာတ်သိမြင်မှု ၃၀ ရာခိုင်နှုန်း လျှော့ကျနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။

၂။ လေဖိအားက သွားတွေပေါ် အကျိုးသက်ရောက်နိုင်

လေယာဉ်အတွင်းဖြစ်ပေါ်တဲ့ လေဖိအားပြောင်းလဲမှုက ဖာထေးထားတဲ့သွားတွေ သို့မဟုတ် ပိုးစားသွားတွေကြားက လေအိတ်သေးသေးလေးတွေ ထိခိုက်စေကာ နာကျင်ကိုက်ခဲမှုဖြစ်ပေါ်စေနိုင်ပါတယ်။

၃။ အသားရေ အစိုဓာတ်ဆုံးရှုံးခြင်း

လေယာဉ်ပေါ်က ဆင်းပြီး အသားရေ ခြောက်သွေ့တင်းမာနေတာ သတိထားမိရင် သင် တစ်ယောက်မဟုတ်ပါဘူး။ ခြောက်သွေ့ပြီး မပြတ်လည်ပတ်နေတဲ့ လေထုနဲ့ လေယာဉ်ခန်းလေထုဖိအားတွေကြား အသားရေစိုပြေမှု ကင်းမဲ့စေပါတယ်။ ဒီတော့ လေယာဉ်စီးတဲ့အချိန် ရေများများသောက်ပါ။

၄။ ခန္ဓာကိုယ်အတွင်း ဂတ်စ်တွေပြန့်ကျဲစေ

လေယာဉ်ထွက်ခွာပျံသန်းလို့ လေဖိအားကျဆင်းတဲ့အခါ အူအတွင်း ဂတ်စ်တွေ  ပြန့်ကျဲတာက ဖြစ်နေကျပါ။ ခန္ဓာကိုယ်အတွင်း ဂတ်စ်အတက်တကျတွေက နာကျင်လာပြီး ဖောင်းပွစေတတ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာက ဒီဂတ်စ်အတက်တကျတွေက နားတွေမှာလည်း အကျိုးသက်ရောက်နိုင်ပါတယ်။ လေယာဉ်စီးတဲ့အချိန် နားတွေပိတ်တာ သတိထားမိတယ်ဟုတ်။ ဒါ လေဖိအားပုံမှန်မဖြစ်ခြင်းကြောင့်၊ ဂတ်စ်အတက်အကျတွေကြောင့်ဖြစ်ပါတယ်။

၅။ ခရမ်းလွန်ရောင်ခြည်တွေနဲ့ ထိတွေ့စေ

အသားအရေနဲ့ ပတ်သက်ပြီး လေယာဉ်စီးရာမှာ အန္တရာယ်တချို့ကို သိပ္ပံနည်းကျလေ့လာမှုတချို့က ဖော်ပြခဲ့ပါတယ်။ လေယာဉ်မယ်တွေနဲ့ လေယာဉ်မှူးတွေမှာ melanoma ဖြစ်ပွားမှုတွေ စစ်ဆေးတဲ့လေ့လာမှုတစ်ခုမှာ လေယာဉ်ဝန်ထမ်းတွေမှာ သာမှန်လူထက် melanoma ဖြစ်နိုင်ခြေနှစ်ဆ ပိုများကြောင်း သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီအချက်က လေယာဉ်စီးတဲ့အချိန်မှာ ပိုမိုပြင်းထန်တဲ့ ခရမ်းလွန်ရောင်ခြည်ထိတွေ့မှုကြောင့် ဖြစ်နိုင်တယ်လို့ လေ့လာမှုက ဖော်ပြထားပါတယ်။ လေယာဉ်ပြတင်းပေါက်က အပြည့်အဝ ကာကွယ်မှုမပေးနိုင်ပါဘူး။ ဒါကြောင့် နေပူခံလိမ်းဆေး လိမ်းဖို့ မမေ့ပါနဲ့။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top