iMyanmarHouse.com - Best Property Website for Myanmar
×

ခႏၶာကိုယ္တစ္ခုလံုးမွာ အႀကီးဆံုးအစိတ္အပိုင္းျဖစ္တဲ့ အေရျပားဟာ အသည္း၊ ေက်ာက္ကပ္နဲ႔ အူမတို႔လိုပဲ ခႏၶာကိုယ္တြင္း အဆိပ္အေတာက္ေတြဖယ္ရွားေပးပါတယ္။ အေရျပားတင္သာ မက ခႏၶာကိုယ္တစ္ခုလံုး က်န္းမာေရးအတြက္ေကာင္းက်ဳိးျပဳတဲ့ အေရျပားကို ဘရပ္ရွ္နဲ႔ပြတ္ေပးတဲ့ အေလ့အထတစ္ခုအေၾကာင္းမွ်ေဝခ်င္ပါတယ္။

ေရွးေဟာင္းနည္းလမ္းတစ္ခုျဖစ္ၿပီး ႐ိုးရွင္းလြယ္ကူစြာျပဳလုပ္ႏိုင္တာမို႔ ဘယ္လိုလုပ္ေဆာင္ႏုိင္တယ္ဆုိတာ ေဖာ္ျပလိုက္ပါတယ္။ အေရျပားကို ဘရပ္ရွ္နဲ႔တိုက္ေပးျခင္းျဖင့္ ဆဲလ္ေသေတြကိုဖယ္ရွားေပးၿပီး ဆဲလ္အသစ္ျပန္ျဖစ္ေစတာေၾကာင့္ ေခ်ာေမြ႕တင္းရင္းတဲ့ အသားအေရပိုင္ဆိုင္ႏိုင္မွာပါ။ဒီလိုလုပ္ေပးျခင္းျဖင့္ ခႏၶာကိုယ္ထဲကို အာဟာရဓာတ္ေတြ ပိုမုိစုပ္ယူေပးႏိုင္ၿပီး ေသြးလည္ပတ္မႈကိုလည္း ေကာင္းမြန္ေစပါတယ္။

ဘရပ္ရွ္နဲ႔တိုက္တာေၾကာင့္ အေရျပားကစြန္႔ထုတ္လာတဲ့ အဆိပ္ေတြကိုဖယ္ရွားသလိုျဖစ္ၿပီး အေရျပားမွာကပ္ၿငိေနတဲ့ ပိုးမႊားေတြကိုလည္း သန္႔စင္ေပးကာ ကိုယ္ခံစြမ္းအားကိုေကာင္းမြန္ေစ ပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ စိတ္ဖိစီးမႈေလ်ာ့က်ေစျခင္းပါ။ တိတ္ဆိတ္ၿငိမ္သက္တဲ့ေနရာမွာ ခႏၶာကိုယ္အႏွံ႔ ဘရပ္ရွ္ေလးနဲ႔ ပြတ္ေပးတာက စိတ္သက္သာရာရေစၿပီး ခႏၶာကိုယ္ကိုႏွိပ္နယ္ေပး သလိုမ်ဳိးျဖစ္ေစပါတယ္။

အိမ္မွာကိုယ္တိုင္လုပ္ၾကည့္ဖို႔အတြက္ ကိုယ့္အေရျပားနဲ႔ သင့္ေလ်ာ္မယ့္အေနေတာ္အရြယ္ မမာလြန္းတဲ့ဘရပ္ရွ္ေလးတစ္ခု ေရြးခ်ယ္ဖို႔လိုပါမယ္။ ေက်ာေနာက္ဘက္ေတြပါပြတ္တိုက္ႏိုင္ဖို႔ လက္ကိုင္ရွည္တဲ့ဘရပ္ရွ္ဆိုရင္ ပိုၿပီးသင့္ေတာ္ပါတယ္။ ေရခ်ဳိးခန္းထဲ ေရေလာင္းမခ်ခင္မွာ  ေျခေထာက္ကစလို႔ ခႏၶာကိုယ္အေပၚပိုင္းအႏွံ႔ သံုးမိနစ္ကေန ငါးမိနစ္အထိ ပြတ္တိုက္ေပးၿပီးရင္ေတာ့ ေရေလာင္းခ်ဳိးႏိုင္ပါတယ္။ မနက္အေစာပိုင္း(ဒါမွမဟုတ္) ေန႔ခင္းပိုင္းအခ်ိန္ေတြမွာ ျပဳလုပ္တာပိုသင့္ေတာ္ၿပီးတစ္ေန႔ႏွစ္ႀကိမ္ျပဳလုပ္ႏိုင္ရင္ေတာ့ ပိုေကာင္းပါတယ္။ တစ္ခုသတိထားရမွာက မ်က္ႏွာအေရျပားက ႏူးည့ံတာမို႔ မ်က္ႏွာကိုဘရပ္ရွ္နဲ႔ပြတ္        တာေတာ့ေရွာင္ရပါမယ္။

Credit:7Day Daily

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version

ခန္ဓာကိုယ်တစ်ခုလုံးမှာ အကြီးဆုံးအစိတ်အပိုင်းဖြစ်တဲ့ အရေပြားဟာ အသည်း၊ ကျောက်ကပ်နဲ့ အူမတို့လိုပဲ ခန္ဓာကိုယ်တွင်း အဆိပ်အတောက်တွေဖယ်ရှားပေးပါတယ်။ အရေပြားတင်သာ မက ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာရေးအတွက်ကောင်းကျိုးပြုတဲ့ အရေပြားကို ဘရပ်ရှ်နဲ့ပွတ်ပေးတဲ့ အလေ့အထတစ်ခုအကြောင်းမျှဝေချင်ပါတယ်။

ရှေးဟောင်းနည်းလမ်းတစ်ခုဖြစ်ပြီး ရိုးရှင်းလွယ်ကူစွာပြုလုပ်နိုင်တာမို့ ဘယ်လိုလုပ်ဆောင်နိုင်တယ်ဆိုတာ ဖော်ပြလိုက်ပါတယ်။ အရေပြားကို ဘရပ်ရှ်နဲ့တိုက်ပေးခြင်းဖြင့် ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး ဆဲလ်အသစ်ပြန်ဖြစ်စေတာကြောင့် ချောမွေ့တင်းရင်းတဲ့ အသားအရေပိုင်ဆိုင်နိုင်မှာပါ။ဒီလိုလုပ်ပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲကို အာဟာရဓာတ်တွေ ပိုမိုစုပ်ယူပေးနိုင်ပြီး သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ်။

ဘရပ်ရှ်နဲ့တိုက်တာကြောင့် အရေပြားကစွန့်ထုတ်လာတဲ့ အဆိပ်တွေကိုဖယ်ရှားသလိုဖြစ်ပြီး အရေပြားမှာကပ်ငြိနေတဲ့ ပိုးမွှားတွေကိုလည်း သန့်စင်ပေးကာ ကိုယ်ခံစွမ်းအားကိုကောင်းမွန်စေ ပါတယ်။ နောက်တစ်ချက်ကတော့ စိတ်ဖိစီးမှုလျော့ကျစေခြင်းပါ။ တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမှာ ခန္ဓာကိုယ်အနှံ့ ဘရပ်ရှ်လေးနဲ့ ပွတ်ပေးတာက စိတ်သက်သာရာရစေပြီး ခန္ဓာကိုယ်ကိုနှိပ်နယ်ပေး သလိုမျိုးဖြစ်စေပါတယ်။

အိမ်မှာကိုယ်တိုင်လုပ်ကြည့်ဖို့အတွက် ကိုယ့်အရေပြားနဲ့ သင့်လျော်မယ့်အနေတော်အရွယ် မမာလွန်းတဲ့ဘရပ်ရှ်လေးတစ်ခု ရွေးချယ်ဖို့လိုပါမယ်။ ကျောနောက်ဘက်တွေပါပွတ်တိုက်နိုင်ဖို့ လက်ကိုင်ရှည်တဲ့ဘရပ်ရှ်ဆိုရင် ပိုပြီးသင့်တော်ပါတယ်။ ရေချိုးခန်းထဲ ရေလောင်းမချခင်မှာ  ခြေထောက်ကစလို့ ခန္ဓာကိုယ်အပေါ်ပိုင်းအနှံ့ သုံးမိနစ်ကနေ ငါးမိနစ်အထိ ပွတ်တိုက်ပေးပြီးရင်တော့ ရေလောင်းချိုးနိုင်ပါတယ်။ မနက်အစောပိုင်း(ဒါမှမဟုတ်) နေ့ခင်းပိုင်းအချိန်တွေမှာ ပြုလုပ်တာပိုသင့်တော်ပြီးတစ်နေ့နှစ်ကြိမ်ပြုလုပ်နိုင်ရင်တော့ ပိုကောင်းပါတယ်။ တစ်ခုသတိထားရမှာက မျက်နှာအရေပြားက နူးညံ့တာမို့ မျက်နှာကိုဘရပ်ရှ်နဲ့ပွတ်        တာတော့ရှောင်ရပါမယ်။

Credit:7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top