iMyanmarHouse.com - Best Property Website for Myanmar
×

အိပ္ေရး၀၀ အိပ္စက္ျခင္းက က်န္းမာေရးအထူးေကာင္းမြန္ဖုိ႔အတြက္ အေထာက္အကူျဖစ္တယ္ဆုိတာ အားလံုးအသိပါ။ ဒါေပမယ့္ အိပ္တာေတာင္ အလြန္အကြ်ံျဖစ္သြားရင္ မေကာင္းပါဘူး။ တစ္ေန႔ ၁၀နာရီထက္ ပိုအိပ္တာက ေဘးထြက္ ဆုိးက်ဳိးမ်ားစြာ ရိွႏုိင္ပါတယ္။ ဒါ့ေၾကာင့္ လုိအပ္တာထက္ ပိုအိပ္ရင္ ရင္ဆိုင္ရႏုိင္တဲ့ ျပသနာတခ်ဳိ႕ကို ေျပာျပေပးခ်င္ပါတယ္။

ႏွလုံးေသြးေၾကာေရာဂါ

အလြန္အကြ်ံအိပ္စက္ျခင္းက ႏွလုံးေသြးေၾကာေရာဂါေတြ အပါအဝင္ နာတာရွည္ေရာဂါအႏၱရာယ္နဲ႔ ဆက္စပ္ေၾကာင္း American of Sleep Medicine ရဲ႕ ေလ့လာမႈတစ္ခုက ဆိုပါတယ္။ ယင္းေလ့လာမႈအရ ၉နာရီကေန ၁၁ နာရီၾကာေအာင္ အိပ္တဲ့ အမ်ဳိးသမီးေတြဟာ ႏွလုံးေရာဂါ ျဖစ္ပြားႏုိင္ေျခ ၃၈% ပိုမ်ားတယ္လုိ႔ သိရပါတယ္။

အဝလြန္ျခင္း

အအိပ္မ်ားလြန္းမယ္ဆုိရင္ ကုိယ္ကာယလႈပ္ရွားမႈနည္းသြားေစတာေၾကာင့္ အခ်ိန္ၾကာလာတာနဲ႔အမ်ွ ကုိယ္အေလးခ်ိန္ တိုးေစႏိုင္ပါတယ္။ ပုိအိပ္ေလ ကိုယ္လက္လႈပ္ရွားမႈ နည္းေလျဖစ္တာေၾကာင့္ ကယ္လုိရီေလာင္ကြ်မ္းမႈလည္း နည္းသြားပါလိမ့္မယ္။ ဒါက စိုးရိမ္စရာအခ်က္ပါ။

ေက်ာျပင္နာက်င္ကိုက္ခဲမႈ

အခ်ိန္ၾကာျမင့္စြာ အိပ္စက္တဲ့အခါ ေနာက္ျပင္ဖိႏွိပ္မႈ ပိုမ်ားပါတယ္။ ဒါေၾကာင့္ ၾကာၾကာအိပ္စက္ရာကေန ႏုိးျပီးတဲ့ေနာက္ ေက်ာကုန္းမာေတာင့္မႈ ခံစားရႏုိင္ပါတယ္။ ဒီ့ျပင္ ေက်ာျပင္နာက်င္မႈေဝဒနာ ရိွျပီးသားဆုိရင္ အအိပ္မ်ားျခင္းေၾကာင့္ ေဝဒနာပိုဆုိးသြားႏုိင္တယ္လုိ႔လည္း သက္ဆုိင္ရာတတ္သိပညာရွင္ ေဒါက္တာ Anil Kulkarni က ဆုိပါတယ္။

ဆီးခ်ဳိေရာဂါ

အအိပ္မ်ားလြန္းျခင္းက ေသြးထဲသၾကားဓာတ္ပါဝင္မႈပမာဏ ပုိမုိျမင့္တက္ေစႏုိင္ပါတယ္။ မၾကာခဏ အအိပ္လြန္တတ္တဲ့သူေတြမွာ စံသတ္မွတ္ထားတဲ့ အိပ္ခ်ိန္အတုိင္းအတာ ရိွသူေတြထက္ ဆီးခ်ဳိေရာဂါျဖစ္ပြားႏုိင္ေျခပိုမ်ားေၾကာင္း PLoS One ဂ်ာနယ္ေဖာ္ျပခ်က္အရ သိရပါတယ္။

စိတ္က်ေရာဂါ

အအိပ္လြန္ျခင္းက စိတ္က်ေရာဂါနဲ႔ ဆက္စပ္ေၾကာင္း PLoS One ဂ်ာနယ္မွာ ေဖာ္ျပထားျပန္ပါေသးတယ္။ ဒါေၾကာင့္ တစ္ေမွးအိပ္ခ်ိန္ေလွ်ာ့ခ်ျခင္းက စိတ္ကို ျမွင့္တင္ေပးႏုိင္ပါတယ္။

Credit : trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အိပ်ရေး၀၀ အိပ်စက်ခြင်းက ကျန်းမာရေးအထူးကောင်းမွန်ဖို့အတွက် အထောက်အကူဖြစ်တယ်ဆိုတာ အားလုံးအသိပါ။ ဒါပေမယ့် အိပ်တာတောင် အလွန်အကျွံဖြစ်သွားရင် မကောင်းပါဘူး။ တစ်နေ့ ၁၀နာရီထက် ပိုအိပ်တာက ဘေးထွက် ဆိုးကျိုးများစွာ ရှိနိုင်ပါတယ်။ ဒါ့ကြောင့် လိုအပ်တာထက် ပိုအိပ်ရင် ရင်ဆိုင်ရနိုင်တဲ့ ပြသနာတချို့ကို ပြောပြပေးချင်ပါတယ်။

နှလုံးသွေးကြောရောဂါ

အလွန်အကျွံအိပ်စက်ခြင်းက နှလုံးသွေးကြောရောဂါတွေ အပါအဝင် နာတာရှည်ရောဂါအန္တရာယ်နဲ့ ဆက်စပ်ကြောင်း American of Sleep Medicine ရဲ့ လေ့လာမှုတစ်ခုက ဆိုပါတယ်။ ယင်းလေ့လာမှုအရ ၉နာရီကနေ ၁၁ နာရီကြာအောင် အိပ်တဲ့ အမျိုးသမီးတွေဟာ နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ ၃၈% ပိုများတယ်လို့ သိရပါတယ်။

အဝလွန်ခြင်း

အအိပ်များလွန်းမယ်ဆိုရင် ကိုယ်ကာယလှုပ်ရှားမှုနည်းသွားစေတာကြောင့် အချိန်ကြာလာတာနဲ့အမျှ ကိုယ်အလေးချိန် တိုးစေနိုင်ပါတယ်။ ပိုအိပ်လေ ကိုယ်လက်လှုပ်ရှားမှု နည်းလေဖြစ်တာကြောင့် ကယ်လိုရီလောင်ကျွမ်းမှုလည်း နည်းသွားပါလိမ့်မယ်။ ဒါက စိုးရိမ်စရာအချက်ပါ။

ကျောပြင်နာကျင်ကိုက်ခဲမှု

အချိန်ကြာမြင့်စွာ အိပ်စက်တဲ့အခါ နောက်ပြင်ဖိနှိပ်မှု ပိုများပါတယ်။ ဒါကြောင့် ကြာကြာအိပ်စက်ရာကနေ နိုးပြီးတဲ့နောက် ကျောကုန်းမာတောင့်မှု ခံစားရနိုင်ပါတယ်။ ဒီ့ပြင် ကျောပြင်နာကျင်မှုဝေဒနာ ရှိပြီးသားဆိုရင် အအိပ်များခြင်းကြောင့် ဝေဒနာပိုဆိုးသွားနိုင်တယ်လို့လည်း သက်ဆိုင်ရာတတ်သိပညာရှင် ဒေါက်တာ Anil Kulkarni က ဆိုပါတယ်။

ဆီးချိုရောဂါ

အအိပ်များလွန်းခြင်းက သွေးထဲသကြားဓာတ်ပါဝင်မှုပမာဏ ပိုမိုမြင့်တက်စေနိုင်ပါတယ်။ မကြာခဏ အအိပ်လွန်တတ်တဲ့သူတွေမှာ စံသတ်မှတ်ထားတဲ့ အိပ်ချိန်အတိုင်းအတာ ရှိသူတွေထက် ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေပိုများကြောင်း PLoS One ဂျာနယ်ဖော်ပြချက်အရ သိရပါတယ်။

စိတ်ကျရောဂါ

အအိပ်လွန်ခြင်းက စိတ်ကျရောဂါနဲ့ ဆက်စပ်ကြောင်း PLoS One ဂျာနယ်မှာ ဖော်ပြထားပြန်ပါသေးတယ်။ ဒါကြောင့် တစ်မှေးအိပ်ချိန်လျှော့ချခြင်းက စိတ်ကို မြှင့်တင်ပေးနိုင်ပါတယ်။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top