iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလး တစ္ေယာက္ ၾကည့္ေကာင္း တယ္လို႔ သတ္မွတ္ခံရတဲ့ အခါမွာလည္း ရင္သား အလွဟာ ပါဝင္ ပတ္သက္ ေနပါတယ္။

ရင္သားလွတဲ့ မိန္းကေလး ေတြဟာလည္း ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈ ရွိေနတတ္ ၾကပါတယ္။ ဒါေၾကာင့္ မိန္းကေလး တစ္ေယာက္ အတြက္ ရင္သားအလွ မထိခိုက္ ေစဖို႔နဲ႔ ရင္သား က်န္းမာေရး ေကာင္းမြန္ ေနေစဖို႔ အတြက္ သိထားသင့္တဲ့ လမ္းၫႊန္ခ်က္ ေတြကို ေဖာ္ျပ ေပးလိုက္ပါတယ္။

၁) ျဖည့္စြက္ေဆး ေသာက္ပါ

ရင္သား က်န္းမာေရး အတြက္ လိုအပ္တဲ့ အစား အေသာက္ေတြကို ျပည့္ဝေအာင္ စားေပးပါ။ တကယ္လို႔ မစားျဖစ္ရင္ ျဖည့္စြက္ေဆးကို မွီဝဲ သင့္ပါတယ္။ မွီဝဲသင့္တဲ့ အစားအေသာက္ ေတြကေတာ့ ဗီတာမင္နဲ႔ သတၱဳဓာတ္ ေပါႂကြယ္ဝတဲ့ အသီးအႏွံနဲ႔ ဟင္းသီးဟင္းရြက္ေတြ၊ အဆီနည္း အသား၊ ငါး၊ ပဲအမ်ဳိးမ်ဳိးနဲ႔ အခြံခၽြတ္ မထားတဲ့ ဆန္လံုးညိဳလို ေကာက္ႏွံ စာေတြပဲ ျဖစ္ၾကပါတယ္။ တကယ္လို႔ ဒီအာဟာရ ေတြကို အလံုအေလာက္ မစားျဖစ္ရင္ေတာ့ ဗီတာမင္နဲ႔ သတၱဳဓာတ္ပါတဲ့ ျဖည့္စြက္ေဆးကို မွီဝဲေပး သင့္ပါတယ္။

၂) က်န္းမာေရးႏွင့္ ညီၫြတ္ေသာ အဆီကို စားပါ

အဆီေတြဟာ ေဟာ္မုန္း ထုတ္လုပ္ဖို႔ အတြက္ လိုအပ္ပါတယ္။ အဆီေတြဟာ ခႏၶာကိုယ္ရဲ႕ အေရးႀကီး လုပ္ငန္းေဆာင္တာ မ်ားစြာကို ေကာင္းမြန္ ေစပါတယ္။ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အဆီကို စားေပးတဲ့အခါ သင့္ခႏၶာကိုယ္က ပိုၾကည့္ ေကာင္းလာၿပီး စိတ္ခံစားမႈလည္း ပိုေကာင္း လာတာကို ေတြ႕ရမွာပါ။ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အဆီေတြ ကေတာ့ ငါးအဆီ၊ အခြံမာသီး၊ အေစ့ အဆန္၊ သံလြင္ဆီ စတာေတြ ျဖစ္ၾကပါတယ္။ တကယ္လို႔ မစားျဖစ္ရင္ အိုမီဂါသရီး ဖက္တီးအက္စစ္ အားျဖည့္ေဆးကို မွီဝဲေပးပါ။

၃) အပင္ထြက္ ေဟာ္မုန္းကို မွီဝဲပါ

ဖိုင္တိုေဟာ္မုန္း ေတြဟာ အပင္ကေန ရတဲ့ ေဟာ္မုန္းေတြ ျဖစ္ၿပီး ခႏၶာကိုယ္ က်န္းမာေရး အတြက္ မရွိမျဖစ္ အေရးပါတဲ့ ေဟာ္မုန္း အမ်ဳိးအစား အားလံုးကို ဖန္တီး ထုတ္လုပ္ရာမွာ ကူညီပါတယ္။ ေဟာ္မုန္း စနစ္ ဟန္ခ်က္ညီတာဟာ ရင္သားေတြကို က်န္းမာ ေစပါတယ္။ ဒါေၾကာင့္ ဖိုင္တိုေဟာ္မုန္း ရေအာင္ အပင္ထြက္ အစားအစာေတြကို စားသံုး ေပးသင့္ပါတယ္။

၄) အသည္း က်န္းမာေအာင္ ဂ႐ုစိုက္ပါ

အသည္းရဲ႕ လုပ္ငန္း ေဆာင္တာဟာ ေဟာ္မုန္းေတြနဲ႔ တျခား ဓာတု ပစၥည္းေတြကို တည္ေဆာက္ ၿဖိဳခြဲတာ ျဖစ္ပါတယ္။ အသည္း က်န္းမာေစဖို႔ အတြက္ အရက္ အလြန္အမင္း မေသာက္ပါနဲ႔။ မေကာင္းတဲ့ ထပ္ျပန္ ေၾကာ္ဆီ၊ တိရစၧာန္ထြက္ အဆီ စတာေတြကို ေရွာင္ပါ။ မႈိတက္ေနတဲ့ အစားအစာေတြကို လံုးဝ မစားပါနဲ႔။ အသည္း ေကာင္းေနမွ ေဟာ္မုန္းေတြ ဟန္ခ်က္ညီကာ ရင္သား က်န္းမာေနမွာ ျဖစ္ပါတယ္။

၅) စိတ္ဖိစီးမႈကို ေျဖေဖ်ာက္ပါ စိတ္ဖိစီးမႈကို ေလွ်ာ့ခ်ႏိုင္ ဖို႔က အေျပာ လြယ္သေလာက္ လုပ္ရတာ ခက္ခဲပါတယ္။ စိတ္ဖိစီးမႈဟာ ခႏၶာကိုယ္ က်န္းမာေရးအေပၚ အႀကီးအက်ယ္ သက္ေရာက္မႈ ရွိေနတာေၾကာင့္ အာဟာရ ျပည့္ဝေအာင္ စားတာ၊ တရား ထိုင္တာ၊ ေယာဂက်င့္တာ၊ ေလ့က်င့္ခန္း လုပ္တာ စတဲ့ နည္းလမ္းေတြနဲ႔ ေလွ်ာ့ခ် ၾကည့္သင့္ပါ တယ္။

၆) အပို ကိုယ္အေလးခ်ိန္ကို ေလွ်ာ့ခ်ပါ

ကိုယ္အေလးခ်ိန္ ပိုေနရင္ ခႏၶာကိုယ္ တစ္ခုလံုးရဲ႕ က်န္းမာေရးကို ထိခိုက္ ေစသလိုပဲ ရင္သားကိုပါ ထိခိုက္ ေစႏိုင္ပါတယ္။ ပံုမွန္ထက္ ကိုယ္အေလးခ်ိန္ ပိုမ်ားတာနဲ႔ က်န္းမာေရး ျပႆနာအၾကား ဆက္စပ္မႈ ရွိေန တာေၾကာင့္ ကိုယ္ အေလးခ်ိန္ကို ပံုမွန္ ရွိေအာင္ ထိန္းသင့္ပါတယ္။

၇) အမွ်င္ဓာတ္မ်ားေသာ အစားအစာ စားပါ

အမွ်င္ဓာတ္ မ်ားတဲ့ အစားအစာေတြကို စားတာက အူလႈပ္ရွားမႈကို ေကာင္းမြန္ ေစပါတယ္။ ခႏၶာကိုယ္က မလိုအပ္တဲ့ အဆိပ္အေတာက္ ေတြနဲ႔ အပို အီစထ႐ိုဂ်င္ေတြကို ဖယ္ရွား ေပးႏိုင္ရင္ ရင္သားကို က်န္းမာေစ တာေၾကာင့္ အမွ်င္ဓာတ္မ်ားတဲ့ သစ္သီး၊ ဟင္းသီးဟင္းရြက္၊ အခြံခၽြတ္ မထားတဲ့ ေကာက္ႏွံစာ စတာေတြ ကို စားေပးသင့္ပါတယ္။ အသားကို ေလွ်ာ့စား သင့္ပါတယ္။

၈) က်န္းမာေရးႏွင့္ မညီၫြတ္ေသာ အရာမ်ားႏွင့္ ထိေတြ႕မႈ မရွိပါေစႏွင့္

ပိုးသတ္ေဆး၊ ေပါင္းသတ္ေဆး၊ ကင္ဆာ ျဖစ္ေစတဲ့ အရာေတြနဲ႔ ညစ္ညမ္းတဲ့ အခိုးအေငြ႕ စတာေတြနဲ႔ မထိေတြ႕မိေအာင္၊ မ႐ႈ႐ႈိက္မိေအာင္ တတ္ႏိုင္သမွ် ေရွာင္ပါ။ ဒီအရာေတြဟာ ခႏၶာကိုယ္ တြင္း ေဟာ္မုန္း စနစ္ကိုသာ မက ရင္သား က်န္းမာေရးကိုပါ ထိခိုက္ ေစႏိုင္ပါတယ္။

Credit:ျမ၀တီ

 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မိန်းကလေး တစ်ယောက် ကြည့်ကောင်း တယ်လို့ သတ်မှတ်ခံရတဲ့ အခါမှာလည်း ရင်သား အလှဟာ ပါဝင် ပတ်သက် နေပါတယ်။

ရင်သားလှတဲ့ မိန်းကလေး တွေဟာလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေတတ် ကြပါတယ်။ ဒါကြောင့် မိန်းကလေး တစ်ယောက် အတွက် ရင်သားအလှ မထိခိုက် စေဖို့နဲ့ ရင်သား ကျန်းမာရေး ကောင်းမွန် နေစေဖို့ အတွက် သိထားသင့်တဲ့ လမ်းညွှန်ချက် တွေကို ဖော်ပြ ပေးလိုက်ပါတယ်။

၁) ဖြည့်စွက်ဆေး သောက်ပါ

ရင်သား ကျန်းမာရေး အတွက် လိုအပ်တဲ့ အစား အသောက်တွေကို ပြည့်ဝအောင် စားပေးပါ။ တကယ်လို့ မစားဖြစ်ရင် ဖြည့်စွက်ဆေးကို မှီဝဲ သင့်ပါတယ်။ မှီဝဲသင့်တဲ့ အစားအသောက် တွေကတော့ ဗီတာမင်နဲ့ သတ္တုဓာတ် ပေါကြွယ်ဝတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ၊ အဆီနည်း အသား၊ ငါး၊ ပဲအမျိုးမျိုးနဲ့ အခွံချွတ် မထားတဲ့ ဆန်လုံးညိုလို ကောက်နှံ စာတွေပဲ ဖြစ်ကြပါတယ်။ တကယ်လို့ ဒီအာဟာရ တွေကို အလုံအလောက် မစားဖြစ်ရင်တော့ ဗီတာမင်နဲ့ သတ္တုဓာတ်ပါတဲ့ ဖြည့်စွက်ဆေးကို မှီဝဲပေး သင့်ပါတယ်။

၂) ကျန်းမာရေးနှင့် ညီညွတ်သော အဆီကို စားပါ

အဆီတွေဟာ ဟော်မုန်း ထုတ်လုပ်ဖို့ အတွက် လိုအပ်ပါတယ်။ အဆီတွေဟာ ခန္ဓာကိုယ်ရဲ့ အရေးကြီး လုပ်ငန်းဆောင်တာ များစွာကို ကောင်းမွန် စေပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီကို စားပေးတဲ့အခါ သင့်ခန္ဓာကိုယ်က ပိုကြည့် ကောင်းလာပြီး စိတ်ခံစားမှုလည်း ပိုကောင်း လာတာကို တွေ့ရမှာပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေ ကတော့ ငါးအဆီ၊ အခွံမာသီး၊ အစေ့ အဆန်၊ သံလွင်ဆီ စတာတွေ ဖြစ်ကြပါတယ်။ တကယ်လို့ မစားဖြစ်ရင် အိုမီဂါသရီး ဖက်တီးအက်စစ် အားဖြည့်ဆေးကို မှီဝဲပေးပါ။

၃) အပင်ထွက် ဟော်မုန်းကို မှီဝဲပါ

ဖိုင်တိုဟော်မုန်း တွေဟာ အပင်ကနေ ရတဲ့ ဟော်မုန်းတွေ ဖြစ်ပြီး ခန္ဓာကိုယ် ကျန်းမာရေး အတွက် မရှိမဖြစ် အရေးပါတဲ့ ဟော်မုန်း အမျိုးအစား အားလုံးကို ဖန်တီး ထုတ်လုပ်ရာမှာ ကူညီပါတယ်။ ဟော်မုန်း စနစ် ဟန်ချက်ညီတာဟာ ရင်သားတွေကို ကျန်းမာ စေပါတယ်။ ဒါကြောင့် ဖိုင်တိုဟော်မုန်း ရအောင် အပင်ထွက် အစားအစာတွေကို စားသုံး ပေးသင့်ပါတယ်။

၄) အသည်း ကျန်းမာအောင် ဂရုစိုက်ပါ

အသည်းရဲ့ လုပ်ငန်း ဆောင်တာဟာ ဟော်မုန်းတွေနဲ့ တခြား ဓာတု ပစ္စည်းတွေကို တည်ဆောက် ဖြိုခွဲတာ ဖြစ်ပါတယ်။ အသည်း ကျန်းမာစေဖို့ အတွက် အရက် အလွန်အမင်း မသောက်ပါနဲ့။ မကောင်းတဲ့ ထပ်ပြန် ကြော်ဆီ၊ တိရစ္ဆာန်ထွက် အဆီ စတာတွေကို ရှောင်ပါ။ မှိုတက်နေတဲ့ အစားအစာတွေကို လုံးဝ မစားပါနဲ့။ အသည်း ကောင်းနေမှ ဟော်မုန်းတွေ ဟန်ချက်ညီကာ ရင်သား ကျန်းမာနေမှာ ဖြစ်ပါတယ်။

၅) စိတ်ဖိစီးမှုကို ဖြေဖျောက်ပါ စိတ်ဖိစီးမှုကို လျှော့ချနိုင် ဖို့က အပြော လွယ်သလောက် လုပ်ရတာ ခက်ခဲပါတယ်။ စိတ်ဖိစီးမှုဟာ ခန္ဓာကိုယ် ကျန်းမာရေးအပေါ် အကြီးအကျယ် သက်ရောက်မှု ရှိနေတာကြောင့် အာဟာရ ပြည့်ဝအောင် စားတာ၊ တရား ထိုင်တာ၊ ယောဂကျင့်တာ၊ လေ့ကျင့်ခန်း လုပ်တာ စတဲ့ နည်းလမ်းတွေနဲ့ လျှော့ချ ကြည့်သင့်ပါ တယ်။

၆) အပို ကိုယ်အလေးချိန်ကို လျှော့ချပါ

ကိုယ်အလေးချိန် ပိုနေရင် ခန္ဓာကိုယ် တစ်ခုလုံးရဲ့ ကျန်းမာရေးကို ထိခိုက် စေသလိုပဲ ရင်သားကိုပါ ထိခိုက် စေနိုင်ပါတယ်။ ပုံမှန်ထက် ကိုယ်အလေးချိန် ပိုများတာနဲ့ ကျန်းမာရေး ပြဿနာအကြား ဆက်စပ်မှု ရှိနေ တာကြောင့် ကိုယ် အလေးချိန်ကို ပုံမှန် ရှိအောင် ထိန်းသင့်ပါတယ်။

၇) အမျှင်ဓာတ်များသော အစားအစာ စားပါ

အမျှင်ဓာတ် များတဲ့ အစားအစာတွေကို စားတာက အူလှုပ်ရှားမှုကို ကောင်းမွန် စေပါတယ်။ ခန္ဓာကိုယ်က မလိုအပ်တဲ့ အဆိပ်အတောက် တွေနဲ့ အပို အီစထရိုဂျင်တွေကို ဖယ်ရှား ပေးနိုင်ရင် ရင်သားကို ကျန်းမာစေ တာကြောင့် အမျှင်ဓာတ်များတဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အခွံချွတ် မထားတဲ့ ကောက်နှံစာ စတာတွေ ကို စားပေးသင့်ပါတယ်။ အသားကို လျှော့စား သင့်ပါတယ်။

၈) ကျန်းမာရေးနှင့် မညီညွတ်သော အရာများနှင့် ထိတွေ့မှု မရှိပါစေနှင့်

ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ကင်ဆာ ဖြစ်စေတဲ့ အရာတွေနဲ့ ညစ်ညမ်းတဲ့ အခိုးအငွေ့ စတာတွေနဲ့ မထိတွေ့မိအောင်၊ မရှုရှိုက်မိအောင် တတ်နိုင်သမျှ ရှောင်ပါ။ ဒီအရာတွေဟာ ခန္ဓာကိုယ် တွင်း ဟော်မုန်း စနစ်ကိုသာ မက ရင်သား ကျန်းမာရေးကိုပါ ထိခိုက် စေနိုင်ပါတယ်။

Credit:မြဝတီ



 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top