iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ဳိးသမီးမ်ား အပ်ဳိေဖာ္ဝင္ၿပီး ရာသီေသြးဆင္းရမည့္ခ်ိန္ တြင္ ရာသီမလာပါက တတ္ကြၽမ္း နားလည္သည့္ ဆရာဝန္မ်ားႏွင့္ ျပသရန္လိုအပ္ေၾကာင္း သားဖြား မီးယပ္အထူးကု ဆရာဝန္ႀကီး တြဲ ဖက္ပါေမာကၡ ေဒါက္တာစိုးလြင္ က ေျပာၾကားသည္။

အပ်ဳိေဖာ္ဝင္သည့္ အရြယ္ ကို အသက္(၁၃)ႏွစ္မွ (၁၆) ႏွစ္အတြင္းဟု သတ္မွတ္ထား ေသာ္ လည္း အခ်ဳိ႕သူမ်ားတြင္ မ်ဳိးဗီဇ မမွန္ျခင္းေၾကာင့္ ရာသီေသြးမလာ ျခင္းမ်ား ရွိတတ္သျဖင့္ ေစာစီးစြာ ျပသရန္ လိုအပ္သည္ဟု ၎က ဆုိသည္။‘‘မ်ဳိးဗီဇမမွန္တာ၊ေဟာ္မုန္းမမွန္တာေၾကာင့္ ရာသီေသြးလည္း မဆင္းဘူး။ တျခားမိန္းကေလးေတြလို အရြယ္ေရာက္လာတဲ့ မိန္းမပံုစံမျဖစ္ဘဲ ပုပုေသးေသးနဲ႔ ကေလးပံုစံမ်ဳိး က်န္ခဲ့ရင္ ေစာေစာ လာျပဖို႔လိုတယ္။ (၁၆)ႏွစ္ျပည့္လို႔ မွ ရာသီမလာဘူးဆိုရင္ တစ္ခုခု မွားယြင္းေနလို႔ပဲ။ ဒါေပမဲ့ ခုနေျပာ တဲ့ ပံုစံမ်ဳိးျဖစ္ေနတာဆိုရင္ေတာ့ အသက္ (၁၄)ႏွစ္ေလာက္ကတည္း က လာျပဖို႔လိုတယ္။ ဒါမွ ေဟာ္ မုန္းေဆးေတြေပးၿပီး ျပဳျပင္ေျပာင္း လဲလို႔ရမွာ’’ဟု သားဖြားမီးယပ္ အထူးကုဆရာဝန္ႀကီး ေဒါက္တာ စိုးလြင္က ဆုိသည္။

ထို႔အျပင္ အခ်ဳိ႕ေသာ အမ်ဳိး သမီးမ်ားတြင္ ေမြးလမ္းေၾကာင္း အေပါက္မပါေသာေၾကာင့္ ရာသီ ေသြးမဆင္းသည့္ ျဖစ္ရပ္မ်ား လည္း ရွိသည္ဟု သိရသည္။

‘‘လူနာတစ္ေယာက္က ဆီး သြားလို႔မရေတာ့လို႔ ဆုိၿပီး ေရာက္ လာတယ္။ လူနာအမ်ဳိးသမီးက အသက္ (၁၈)ႏွစ္ပဲ ရွိေသးတယ္။ စစ္ေဆးၾကည့္လိုက္ေတာ့ ေမြး လမ္းေၾကာင္းထိပ္ ပိတ္ေနတဲ့ အတြက္ ေသြးမဆင္းႏိုင္ဘဲ ေသြးေတြက ဆီးလမ္းေၾကာင္းကို ပိတ္သြားတာ။ ေမ့ေဆးေပးၿပီး ခြဲစိတ္ကုသေပးရတယ္’’ဟု ေဒါက္တာ စိုးလြင္က ဆိုသည္။

ထုိ႔ေၾကာင့္ ရာသီေသြး လာ ရမည့္အခ်ိန္၌ မလာဘဲ ကိုက္ခဲနာ က်င္ေနပါက သတိထားသင့္ၿပီး ဆရာဝန္ႏွင့္ ျပသရန္လိုအပ္သည္ ဟု ၎က အႀကံျပဳသည္။

Credit : 7Day Daily


ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version
အမျိုးသမီးများ အပျိုဖော်ဝင်ပြီး ရာသီသွေးဆင်းရမည့်ချိန် တွင် ရာသီမလာပါက တတ်ကျွမ်း နားလည်သည့် ဆရာဝန်များနှင့် ပြသရန်လိုအပ်ကြောင်း သားဖွား မီးယပ်အထူးကု ဆရာဝန်ကြီး တွဲ ဖက်ပါမောက္ခ ဒေါက်တာစိုးလွင် က ပြောကြားသည်။

အပျိုဖော်ဝင်သည့် အရွယ် ကို အသက်(၁၃)နှစ်မှ (၁၆) နှစ်အတွင်းဟု သတ်မှတ်ထား သော် လည်း အချို့သူများတွင် မျိုးဗီဇ မမှန်ခြင်းကြောင့် ရာသီသွေးမလာ ခြင်းများ ရှိတတ်သဖြင့် စောစီးစွာ ပြသရန် လိုအပ်သည်ဟု ၎င်းက ဆိုသည်။‘‘မျိုးဗီဇမမှန်တာ၊ဟော်မုန်းမမှန်တာကြောင့် ရာသီသွေးလည်း မဆင်းဘူး။ တခြားမိန်းကလေးတွေလို အရွယ်ရောက်လာတဲ့ မိန်းမပုံစံမဖြစ်ဘဲ ပုပုသေးသေးနဲ့ ကလေးပုံစံမျိုး ကျန်ခဲ့ရင် စောစော လာပြဖို့လိုတယ်။ (၁၆)နှစ်ပြည့်လို့ မှ ရာသီမလာဘူးဆိုရင် တစ်ခုခု မှားယွင်းနေလို့ပဲ။ ဒါပေမဲ့ ခုနပြော တဲ့ ပုံစံမျိုးဖြစ်နေတာဆိုရင်တော့ အသက် (၁၄)နှစ်လောက်ကတည်း က လာပြဖို့လိုတယ်။ ဒါမှ ဟော် မုန်းဆေးတွေပေးပြီး ပြုပြင်ပြောင်း လဲလို့ရမှာ’’ဟု သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး ဒေါက်တာ စိုးလွင်က ဆိုသည်။

ထို့အပြင် အချို့သော အမျိုး သမီးများတွင် မွေးလမ်းကြောင်း အပေါက်မပါသောကြောင့် ရာသီ သွေးမဆင်းသည့် ဖြစ်ရပ်များ လည်း ရှိသည်ဟု သိရသည်။

‘‘လူနာတစ်ယောက်က ဆီး သွားလို့မရတော့လို့ ဆိုပြီး ရောက် လာတယ်။ လူနာအမျိုးသမီးက အသက် (၁၈)နှစ်ပဲ ရှိသေးတယ်။ စစ်ဆေးကြည့်လိုက်တော့ မွေး လမ်းကြောင်းထိပ် ပိတ်နေတဲ့ အတွက် သွေးမဆင်းနိုင်ဘဲ သွေးတွေက ဆီးလမ်းကြောင်းကို ပိတ်သွားတာ။ မေ့ဆေးပေးပြီး ခွဲစိတ်ကုသပေးရတယ်’’ဟု ဒေါက်တာ စိုးလွင်က ဆိုသည်။

ထို့ကြောင့် ရာသီသွေး လာ ရမည့်အချိန်၌ မလာဘဲ ကိုက်ခဲနာ ကျင်နေပါက သတိထားသင့်ပြီး ဆရာဝန်နှင့် ပြသရန်လိုအပ်သည် ဟု ၎င်းက အကြံပြုသည်။

Credit : 7Day Daily




ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top