iMyanmarHouse.com - Best Property Website for Myanmar
×

အိန္ဂ်လီနာ ဂ်ိဳလီလို ဒါမွမဟုတ္ ကိုင္လီဂ်န္နာလို ႏႈတ္ခမ္းဖူးဖူးေလး လုိခ်င္တဲ့သူေတြအတြက္  Botox ထိုးစရာလည္း မလိုပဲ  ကိုယ္တုိင္ျပင္ဆင္ျခယ္သလိုက္ရံုနဲ႕ ႏႈတ္ခမ္းဖူးဖူးေလး ရႏိုင္တဲ့အေၾကာင္း ေျပာျပေပးခ်င္ပါတယ္။ အျပင္သြားခါနီး အရင္ထက္ နည္းနည္းအခ်ိန္ပိုေပး၊ ျပင္ဆင္လိုက္ရံုနဲ႔ သင္လိုခ်င္တဲ့ ႏႈတ္ခမ္းပံုစံမ်ိဳး ျဖစ္သြားေစဖုိ႔ ဒီအခ်က္ေလးေတြက ကူညီေပးပါလိမ့္မယ္။

၁။ကြန္ဆီလာ နည္းနည္းလိမ္းလိုက္ပါ။

ႏႈတ္ခမ္းအတြက္ဆုိရင္ ပ်ိဳေမေတာ္ေတာ္မ်ားမ်ားက ကြန္ဆီလာ သံုးတတ္ၾကတာ နည္းပါတယ္။ ႏႈတ္ခမ္းဖူးဖူးေလး ရခ်င္တယ္ဆုိရင္ေတာ့ ဒီအခ်က္က ထူးျခားခ်က္ ျဖစ္ပါလိမ့္မယ္။ ေအာက္ႏႈတ္ခမ္းသား ထူထူေလးျဖစ္ဖုိ႔ဆုိရင္ရင္ ေအာက္ႏႈတ္ခမ္းရဲ႕ အလယ္သားကို ကြန္ဆီလာနည္းနည္းေလး လိမ္းေပးဖုိ႔ လိုပါတယ္။ ဒါဆုိရင္ေတာ့ သင့္ႏႈတ္ခမ္းေလးက သာမာန္ထက္ နည္းနည္းေလး ထူသြားၿပီေလ။

၂။ႏႈတ္ခမ္းသားအေပၚ၊ေအာက္ကို Lip Liner သံုးျပီး နည္းနည္းဆြဲေပးလိုက္ပါ။

ကိုယ္က ႏႈတ္ခမ္းသားကို ျပည့္ျပည့္ဖူးဖူးေလး လိုခ်င္တယ္ဆုိရင္ေတာ့ လိုင္နာဆြဲဖုိ႔ လိုကို လိုၿပီေပါ့။ ကုိယ့္ရွိရင္းစြဲ နႈတ္ခမ္းသားထက္ နည္းနည္းေလး အျပင္ဘက္ပိုယူျပီး lip liner ေလး ဆြဲလိုက္ပါ။ ျဖစ္ႏိုင္ရင္ နႈတ္ခမ္းသားတစ္၀ိုက္ Lip liner ဆြဲၿပီးသြားရင္ လိုင္နာနဲ႔ နႈတ္ခမ္းသားၾကား ညီသြားေအာင္ အေရာင္ ျဖည့္ေပးပါ။ ဒါဆိုရင္ ကာလာထည့္လိုက္တဲ့အခါ အဆင္ေျပၿပီေပါ့။

၃။ကာလာအႏုေလးကို အရင္ျဖည့္ဆိုးေပးပါ။

ဒုတိယအဆင့္ၿပီးသြားရင္ေတာ့ ေမွာင္တဲ့ဘက္ေရာက္တဲ့ ကာလာအရင့္ေတြထက္ သဘာ၀က်တဲ့ ကာလာအႏုေလးေတြဆုိေပးဖုိ႔ လုိပါတယ္။ ကာလာအရင့္ေတြက သင့္ႏႈတ္ခမ္းကို ပိုေသးသြားသလို ျဖစ္ေစႏိုင္တာေၾကာင့္ အႏုေလးေတြ ဆုိးေပးရင္ေတာ့ ပိုေကာင္းပါတယ္။

၄။ႏႈတ္ခမ္းသား ေတာက္ပေအာင္ Gloss ထပ္ေပးပါ။

သင့္ႏႈတ္ခမ္းသားေလး စိုစြတ္ၿပီး ၾကည့္ေကာင္းေနေစဖုိ႔ ႏႈတ္ခမ္းသားပိုထူသြားသလို ျဖစ္ေစတဲ့ Gloss ေလး ထပ္ေပးလိုက္ပါ။ ဆိုးတဲ့အခါ ေအာက္ႏႈတ္ခမ္းရဲ႕ အလယ္သားေလးကို Gloss အၾကည္ေရာင္ေလး ထပ္ေပးဖုိ႔ိုပါတယ္။

၅။ႏႈတ္ခမ္းသားကို ကြပ္ေပးပါ။

ေနာက္ဆံုးအဆင့္အေနနဲ႔ အားလံုးၿပီးသြားၿပီဆိုတာနဲ႔ အျပီးသတ္ ႏႈတ္ခမ္းသားကို ကြပ္ေပးဖုိ႔ လိုပါတယ္။ သင္လိုခ်င္တ့ဲ ႏႈတ္ခမ္းသားတစ္၀ိုက္ကို  ခပ္ထူထူျဖစ္ေစဖုိ႔အတြက္ highlight stick ေလးနဲ႔ ကြပ္ေပးလိုက္ရံုပါပဲ။

ဒီအဆင့္ (၅)ဆင့္အတုိင္း လုပ္ေဆာင္ျပီးျပီဆုိရင္ေတာ့ ႏႈတ္ခမ္းဖူးဖူးေလးကို ခ်က္ခ်င္းရရွိပိုင္ဆုိင္ႏိုင္ျပီေနာ္။

Credit : trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အိန်ဂျလီနာ ဂျိုလီလို ဒါမှမဟုတ် ကိုင်လီဂျန်နာလို နှုတ်ခမ်းဖူးဖူးလေး လိုချင်တဲ့သူတွေအတွက်  Botox ထိုးစရာလည်း မလိုပဲ  ကိုယ်တိုင်ပြင်ဆင်ခြယ်သလိုက်ရုံနဲ့ နှုတ်ခမ်းဖူးဖူးလေး ရနိုင်တဲ့အကြောင်း ပြောပြပေးချင်ပါတယ်။ အပြင်သွားခါနီး အရင်ထက် နည်းနည်းအချိန်ပိုပေး၊ ပြင်ဆင်လိုက်ရုံနဲ့ သင်လိုချင်တဲ့ နှုတ်ခမ်းပုံစံမျိုး ဖြစ်သွားစေဖို့ ဒီအချက်လေးတွေက ကူညီပေးပါလိမ့်မယ်။

၁။ကွန်ဆီလာ နည်းနည်းလိမ်းလိုက်ပါ။

နှုတ်ခမ်းအတွက်ဆိုရင် ပျိုမေတော်တော်များများက ကွန်ဆီလာ သုံးတတ်ကြတာ နည်းပါတယ်။ နှုတ်ခမ်းဖူးဖူးလေး ရချင်တယ်ဆိုရင်တော့ ဒီအချက်က ထူးခြားချက် ဖြစ်ပါလိမ့်မယ်။ အောက်နှုတ်ခမ်းသား ထူထူလေးဖြစ်ဖို့ဆိုရင်ရင် အောက်နှုတ်ခမ်းရဲ့ အလယ်သားကို ကွန်ဆီလာနည်းနည်းလေး လိမ်းပေးဖို့ လိုပါတယ်။ ဒါဆိုရင်တော့ သင့်နှုတ်ခမ်းလေးက သာမာန်ထက် နည်းနည်းလေး ထူသွားပြီလေ။

၂။နှုတ်ခမ်းသားအပေါ်၊အောက်ကို Lip Liner သုံးပြီး နည်းနည်းဆွဲပေးလိုက်ပါ။

ကိုယ်က နှုတ်ခမ်းသားကို ပြည့်ပြည့်ဖူးဖူးလေး လိုချင်တယ်ဆိုရင်တော့ လိုင်နာဆွဲဖို့ လိုကို လိုပြီပေါ့။ ကိုယ့်ရှိရင်းစွဲ နှုတ်ခမ်းသားထက် နည်းနည်းလေး အပြင်ဘက်ပိုယူပြီး lip liner လေး ဆွဲလိုက်ပါ။ ဖြစ်နိုင်ရင် နှုတ်ခမ်းသားတစ်ဝိုက် Lip liner ဆွဲပြီးသွားရင် လိုင်နာနဲ့ နှုတ်ခမ်းသားကြား ညီသွားအောင် အရောင် ဖြည့်ပေးပါ။ ဒါဆိုရင် ကာလာထည့်လိုက်တဲ့အခါ အဆင်ပြေပြီပေါ့။

၃။ကာလာအနုလေးကို အရင်ဖြည့်ဆိုးပေးပါ။

ဒုတိယအဆင့်ပြီးသွားရင်တော့ မှောင်တဲ့ဘက်ရောက်တဲ့ ကာလာအရင့်တွေထက် သဘာဝကျတဲ့ ကာလာအနုလေးတွေဆိုပေးဖို့ လိုပါတယ်။ ကာလာအရင့်တွေက သင့်နှုတ်ခမ်းကို ပိုသေးသွားသလို ဖြစ်စေနိုင်တာကြောင့် အနုလေးတွေ ဆိုးပေးရင်တော့ ပိုကောင်းပါတယ်။

၄။နှုတ်ခမ်းသား တောက်ပအောင် Gloss ထပ်ပေးပါ။

သင့်နှုတ်ခမ်းသားလေး စိုစွတ်ပြီး ကြည့်ကောင်းနေစေဖို့ နှုတ်ခမ်းသားပိုထူသွားသလို ဖြစ်စေတဲ့ Gloss လေး ထပ်ပေးလိုက်ပါ။ ဆိုးတဲ့အခါ အောက်နှုတ်ခမ်းရဲ့ အလယ်သားလေးကို Gloss အကြည်ရောင်လေး ထပ်ပေးဖို့ိုပါတယ်။

၅။နှုတ်ခမ်းသားကို ကွပ်ပေးပါ။

နောက်ဆုံးအဆင့်အနေနဲ့ အားလုံးပြီးသွားပြီဆိုတာနဲ့ အပြီးသတ် နှုတ်ခမ်းသားကို ကွပ်ပေးဖို့ လိုပါတယ်။ သင်လိုချင်တဲ့ နှုတ်ခမ်းသားတစ်ဝိုက်ကို  ခပ်ထူထူဖြစ်စေဖို့အတွက် highlight stick လေးနဲ့ ကွပ်ပေးလိုက်ရုံပါပဲ။

ဒီအဆင့် (၅)ဆင့်အတိုင်း လုပ်ဆောင်ပြီးပြီဆိုရင်တော့ နှုတ်ခမ်းဖူးဖူးလေးကို ချက်ချင်းရရှိပိုင်ဆိုင်နိုင်ပြီနော်။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top