iMyanmarHouse.com - Best Property Website for Myanmar
×

ေနာင္တဆုိတာ လူတုိင္းအားလံုးနီးပါး တစ္သက္မွာ အနည္းဆံုးတစ္ခါေတာ့ ႀကံဳေတြ႔ၾကရေလ့ရွိပါတယ္။ ဒါေပမယ့္ ေရွ႕မွာလုပ္ခဲ့မိတဲ့ အမွားအခ်ိဳ႕အတြက္ လက္က်န္ဘဝတစ္ေလွ်ာက္လံုးကို ေနာင္တေတြနဲ႔ေတာ့ ေနထိုင္သြားစရာ မလိုပါဘူး။

လက္က်န္ဘဝကို အေကာင္းဆံုး ေက်ာ္ျဖတ္ဖို႔အတြက္ သင္လည္း လုိက္နာသင့္တဲ့ အခ်က္ (၇) ခ်က္ရွိပါတယ္။

၁။ ပစၥဳပၸန္ကို ၾကည့္

အေတာ္မ်ားမ်ားက အတိတ္နဲ႔ အနာဂတ္အေၾကာင္းသာ ခပ္မ်ားမ်ားေတြးတတ္ၾကတာပါ။ ပစၥပၸန္ကို အခ်ိန္ေပးဖို႔ေတာ့ ေမ့ေနတတ္ၾကပါတယ္။ တကယ္ေပ်ာ္႐ႊင္စိတ္ခ်မ္းသာမႈကို ရွာေတြ႔ႏိုင္တာ ပစၥပၸန္ျဖစ္ပါတယ္။ အနာဂတ္နဲ႔ အတိတ္အတြက္လည္း အခ်ိန္ေပးသလို ပစၥဳပၸန္မွာလည္းေနဖို႔မေမ့ပါနဲ႔။

၂။ သိပ္မကန္႔သတ္ထားနဲ႔

ဒီလိုေနမွ ျဖစ္မယ္၊ ဒီလိုလုပ္မွျဖစ္မယ္၊ ဒီလိုေတာ့ အျဖစ္မခံႏုိင္ဘူးဆိုတာေတြ မ်ားလာရင္သင့္ရဲ႕ေပ်ာ္႐ႊင္ရမႈေတြ  ထြက္ေျပးသြားပါလိမ့္မယ္။ ဆႏၵအမွန္အတိုင္းလုပ္မွ ဘဝတစ္ေလွ်က္ စိတ္ခ်မ္းသာမွာပါ။

၃။ ထြက္မေျပးနဲ႔

လူသားအားလံုးမွာ အနည္းဆံုးအေၾကာက္တရားတစ္ခုေတာ့ရွိပါတယ္။ ဆင္းရဲမွာေၾကာက္တာ၊ သူမခ်စ္မွာ ေၾကာက္တာ စသျဖင့္ပါ။ ဒါေပမယ့္ ကုိယ္ေၾကာက္တဲ့ အရာေတြကို ရင္မဆုိင္ပဲ ထြက္ေျပးေနလို႔ အဲဒါက ေပ်ာက္မသြားပါဘူး။ ရင္ဆုိင္လုိက္ပါ။

၄။ ေျဖးေျဖးသြား၊ ေနာက္ျပန္မလွည့္နဲ႔

ပန္းတုိင္ကိုသြားေနတဲ့ သင္ဟာ ေႏွးခ်င္ေႏွးေနပါလိမ့္မယ္။ ဒါေပမယ့္ ေနာက္ျပန္လွည့္ရတဲ့အျဖစ္မ်ိဳး မျဖစ္ပါေစနဲ႔။ ဆႏၵျပင္းျပမႈဟာ အေရးႀကီးပါတယ္။

၅။ ဘယ္ျပႆနာမဆို ေျဖရွင္းႏုိင္တယ္လို႔ေတြး

လူေတြလုပ္တတ္ၾကတဲ့ အမွားတစ္ခုက ရင္ဆုိင္ေနရတဲ့ ျပႆနာရဲ႕ ပကတိအရွိတရားထက္ ပိုၿပီးႀကီးတယ္လို႔ စိတ္က ထင္ေနတတ္ၾကတာပါပဲ။ ဒါႀကီးကိုေတာ့ ငါမေျဖရွင္းႏုိင္ေလာက္ဘူးလို႔ ေတြးမိတဲ့အခ်ိန္ဟာ တစ္ဝက္႐ံႈးသြားပါၿပီ။ ဒီလိုျဖစ္လာရင္ သင္ေျဖရွင္းခဲ့တဲ့ ျပႆနာေတြကို စဥ္းစားၾကည့္လုိက္ပါ။

၆။ ကိုယ့္ကိုကိုယ္ အာ႐ံုစိုက္

အၿပိဳင္အဆုိင္ ေခတ္ႀကီးမွာ သူမ်ားေတြ ဘာလုပ္ေနလဲ လံုးဝလိုက္မၾကည့္နဲ႔လို႔ ဆိုလိုတာ မဟုတ္ပါဘူး။ ဒါေပမယ့္ သူမ်ားထက္ ကိုယ့္အလုပ္ အေကာင္းဆံုးျဖစ္ဖို႔ ပိုၿပီး အာ႐ံုစိုက္ပါ။

၇။ အားလံုးအတြက္ ေက်နပ္

သင့္ဘဝမွာ ရထားတဲ့ အရာအားလံုးအတြက္ တစ္စံုတစ္ေယာက္၊ ဒါမွမဟုတ္ တစ္ခုခုကို ေက်းဇူးတင္လုိက္ပါ။ ဒါဟာ ကိုယ့္ကိုကိုယ္ အားေပးတာပါပဲ။ ရခဲ့တဲ့ သင္ခန္းစာေတြ၊ အက်ိဳးအျမတ္ေတြ၊ အေျခအေနေတြအတြက္ ကိုယ့္ကိုကိုယ္ ဂုဏ္ျပဳပါ။

Credit : duwun

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

နောင်တဆိုတာ လူတိုင်းအားလုံးနီးပါး တစ်သက်မှာ အနည်းဆုံးတစ်ခါတော့ ကြုံတွေ့ကြရလေ့ရှိပါတယ်။ ဒါပေမယ့် ရှေ့မှာလုပ်ခဲ့မိတဲ့ အမှားအချို့အတွက် လက်ကျန်ဘဝတစ်လျှောက်လုံးကို နောင်တတွေနဲ့တော့ နေထိုင်သွားစရာ မလိုပါဘူး။

လက်ကျန်ဘဝကို အကောင်းဆုံး ကျော်ဖြတ်ဖို့အတွက် သင်လည်း လိုက်နာသင့်တဲ့ အချက် (၇) ချက်ရှိပါတယ်။

၁။ ပစ္စုပ္ပန်ကို ကြည့်

အတော်များများက အတိတ်နဲ့ အနာဂတ်အကြောင်းသာ ခပ်များများတွေးတတ်ကြတာပါ။ ပစ္စပ္ပန်ကို အချိန်ပေးဖို့တော့ မေ့နေတတ်ကြပါတယ်။ တကယ်ပျော်ရွှင်စိတ်ချမ်းသာမှုကို ရှာတွေ့နိုင်တာ ပစ္စပ္ပန်ဖြစ်ပါတယ်။ အနာဂတ်နဲ့ အတိတ်အတွက်လည်း အချိန်ပေးသလို ပစ္စုပ္ပန်မှာလည်းနေဖို့မမေ့ပါနဲ့။

၂။ သိပ်မကန့်သတ်ထားနဲ့

ဒီလိုနေမှ ဖြစ်မယ်၊ ဒီလိုလုပ်မှဖြစ်မယ်၊ ဒီလိုတော့ အဖြစ်မခံနိုင်ဘူးဆိုတာတွေ များလာရင်သင့်ရဲ့ပျော်ရွှင်ရမှုတွေ  ထွက်ပြေးသွားပါလိမ့်မယ်။ ဆန္ဒအမှန်အတိုင်းလုပ်မှ ဘဝတစ်လျှေက် စိတ်ချမ်းသာမှာပါ။

၃။ ထွက်မပြေးနဲ့

လူသားအားလုံးမှာ အနည်းဆုံးအကြောက်တရားတစ်ခုတော့ရှိပါတယ်။ ဆင်းရဲမှာကြောက်တာ၊ သူမချစ်မှာ ကြောက်တာ စသဖြင့်ပါ။ ဒါပေမယ့် ကိုယ်ကြောက်တဲ့ အရာတွေကို ရင်မဆိုင်ပဲ ထွက်ပြေးနေလို့ အဲဒါက ပျောက်မသွားပါဘူး။ ရင်ဆိုင်လိုက်ပါ။

၄။ ဖြေးဖြေးသွား၊ နောက်ပြန်မလှည့်နဲ့

ပန်းတိုင်ကိုသွားနေတဲ့ သင်ဟာ နှေးချင်နှေးနေပါလိမ့်မယ်။ ဒါပေမယ့် နောက်ပြန်လှည့်ရတဲ့အဖြစ်မျိုး မဖြစ်ပါစေနဲ့။ ဆန္ဒပြင်းပြမှုဟာ အရေးကြီးပါတယ်။

၅။ ဘယ်ပြဿနာမဆို ဖြေရှင်းနိုင်တယ်လို့တွေး

လူတွေလုပ်တတ်ကြတဲ့ အမှားတစ်ခုက ရင်ဆိုင်နေရတဲ့ ပြဿနာရဲ့ ပကတိအရှိတရားထက် ပိုပြီးကြီးတယ်လို့ စိတ်က ထင်နေတတ်ကြတာပါပဲ။ ဒါကြီးကိုတော့ ငါမဖြေရှင်းနိုင်လောက်ဘူးလို့ တွေးမိတဲ့အချိန်ဟာ တစ်ဝက်ရှုံးသွားပါပြီ။ ဒီလိုဖြစ်လာရင် သင်ဖြေရှင်းခဲ့တဲ့ ပြဿနာတွေကို စဉ်းစားကြည့်လိုက်ပါ။

၆။ ကိုယ့်ကိုကိုယ် အာရုံစိုက်

အပြိုင်အဆိုင် ခေတ်ကြီးမှာ သူများတွေ ဘာလုပ်နေလဲ လုံးဝလိုက်မကြည့်နဲ့လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမယ့် သူများထက် ကိုယ့်အလုပ် အကောင်းဆုံးဖြစ်ဖို့ ပိုပြီး အာရုံစိုက်ပါ။

၇။ အားလုံးအတွက် ကျေနပ်

သင့်ဘဝမှာ ရထားတဲ့ အရာအားလုံးအတွက် တစ်စုံတစ်ယောက်၊ ဒါမှမဟုတ် တစ်ခုခုကို ကျေးဇူးတင်လိုက်ပါ။ ဒါဟာ ကိုယ့်ကိုကိုယ် အားပေးတာပါပဲ။ ရခဲ့တဲ့ သင်ခန်းစာတွေ၊ အကျိုးအမြတ်တွေ၊ အခြေအနေတွေအတွက် ကိုယ့်ကိုကိုယ် ဂုဏ်ပြုပါ။

Credit : duwun

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top