iMyanmarHouse.com - Best Property Website for Myanmar
×

ကုိယ္၀န္ေဆာင္ထားခ်ိန္တြင္ ေရွာင္ရွားရမည့္ အႏၲရာယ္မ်ားကို ေဖာ္ျပေပးလုိက္ပါသည္။

က်န္းမာေရးထိခိုက္ေစေသာ အဆိပ္အေတာက္မ်ား ခႏၶာကိုယ္ထဲသို႔ ၀င္ေရာက္သြားပါက သင္၏ခႏၶာကိုယ္သာ ထိခိုက္ေစသည္မဟုတ္ဘဲ ကေလးငယ္၏ က်န္းမာေရးအတြက္လည္း အႏၲရာယ္ရွိသည္။

ခႏၶာကိုယ္ႏွင့္ ဆံေကသာတို႔ကို အဆိပ္အေတာက္ပါေသာ ထုတ္ကုန္မ်ားသုံး၍ ကုသမႈစစ္ယူပါမိေစရန္ အေရးႀကီးသည္။ လက္သည္းဖ်က္ေဆးအမ်ားစုတြင္ ကိုယ္အဂၤါမ်ား၊ အာ႐ုံေၾကာစနစ္မ်ားကို ပ်က္စီးေစႏုိင္ေသာ၊ ဟိုမုန္းထုတ္လႊတ္မႈကို အေႏွာင့္ယွက္ျဖစ္ေစေသာ၊ ကင္ဆာျဖစ္ေစေသာ ဓာတုပစၥည္းမ်ားစြာ ပါ၀င္သည္။

ဆံပင္ေဆးဆိုးျခင္းမွာလည္း ေသြးကင္ဆာ၊ ဆီးအိတ္ကင္ဆာတို႔ ႏွင့္ ဆက္စပ္မႈရွိသည္။ ကိုယ္၀န္ေဆာင္ အမ်ဳိးသမီးမ်ားအေနျဖင့္ ျပင္းထန္ေသာ မည္သည့္ဓာတုပစၥည္းကိုမွ မသုံးသင့္ဟု ကြၽမ္းက်င္သူမ်ားက ေျပာသည္။ ကိုယ္၀န္ေဆာင္မ်ား ဆံပင္ေဆးဆုိးျခင္းေၾကာင့္ ကေလး၏ က်န္းမာေရး ျပႆနာျဖစ္ေစႏုိင္သည္။

အကယ္၍ ဆံပင္ဆိုးမွျဖစ္မည္ဆုိပါက ကေလးဖံြ႕ၿဖိဳးမႈအတြက္ အေရးအႀကီးဆုံးအခ်ိန္ျဖစ္သည့္ ပထမသုံးလပတ္ကာလကို ေရွာင္၍ ေဆးဆိုးျခင္းမွာ အေကာင္းဆုံး ျဖစ္သည္။

မိတ္ကပ္၊ ေပါင္ဒါ၊ ဆပ္ျပာႏွင့္ ရွန္ပူ၊ သြားတုိက္ေဆး၊ ဗုိက္သား လိမ္းေသာခရင္မ္မ်ား အပါအ၀င္ ၀တ္စားဆင္ယင္မႈတုိ႔ကိုဂ႐ုတစုိက္ ေရြးခ်ယ္ပါ။ သဘာ၀ထုတ္ကုန္ပစၥည္းမ်ားကိုသာ သုံးပါ။ အနံ႔မ်ားတြင္လည္း ဓာတုပစၥည္းမ်ား ပါ၀င္ႏုိင္သည္။

အစားအေသာက္မ်ား ၀ယ္ယူရာတြင္ ျပန္လည္ျပဳျပင္ထားျခင္း မရွိေသာ ဆန္၊ ဂ်ဳံ၊ ပဲ၊ ေျပာင္း၊ သစ္သီးမ်ား၊ ဟင္းသီးဟင္းရြက္မ်ား၊ ပ႐ိုတိန္းႏွင့္ ႏုိ႔ထြက္ပစၥည္းမ်ား ေရြး၀ယ္ပါ။ လတ္ဆတ္ေသာ ေဆးဖက္၀င္အရြက္မ်ားႏွင့္ ဟင္းခတ္အေမႊးအႀကိဳင္မ်ားကို ေရြး၀ယ္ပါ။ ဓာတုပစၥည္းမ်ားပါ၀င္ စည္သြတ္အစားအစာမ်ားကို မ၀ယ္ပါႏွင့္။ သဘာ၀အစားအစာမ်ားမ်ားမွာ ပို၍အာဟာရျဖစ္ေစသည္။

အကယ္၍ သေႏၶထားႏွင့္ အႏၲရာယ္ရွိေသာ ဓာတုပစၥည္းမ်ားထဲ ေတြးမိပါက ဖံြ႕ၿဖိဳးမႈ၊ မွတ္ဉာဏ္၊ သင္ယူႏုိင္မႈ ျပႆနာႏွင့္ အသိဉာဏ္ ဆုိင္ရာ လုပ္ေဆာင္ခ်က္ကိုအေပၚ ေရရွည္ထိခိုက္မႈမ်ား ျဖစ္ေပၚလာ ႏုိင္သည္။ ကိုယ္၀န္ေဆာင္စဥ္ ပလတ္စတစ္ပစၥည္းမ်ားကို သုံးစြဲရာတြင္ သတိရွိပါ။ အစားအစာကို ကိုယ္တုိင္ခ်က္ျပဳတ္ျခင္းမွာ အေကာင္းဆုံးျဖစ္သည္။ အျခားေသာ ဓာတုပစၥည္းမ်ားေၾကာင့္ ကိုယ္၀န္ပ်က္က်ျခင္း၊ ကေလးငယ္ေမြးဖြားလာခ်ိန္ ကိုယ္အေလးခ်ိန္ေလ်ာ့ျခင္းႏွင့္ ကိုယ္ခံအားစနစ္ ဖံြ႕ၿဖိဳးမႈ ညံ့ဖ်င္းျခင္းစေသာ အႏၲရာယ္မ်ား ျဖစ္ႏုိင္သည္။

Credit : 7 day daily

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ကိုယ်ဝန်ဆောင်ထားချိန်တွင် ရှောင်ရှားရမည့် အန္တရာယ်များကို ဖော်ပြပေးလိုက်ပါသည်။

ကျန်းမာရေးထိခိုက်စေသော အဆိပ်အတောက်များ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပါက သင်၏ခန္ဓာကိုယ်သာ ထိခိုက်စေသည်မဟုတ်ဘဲ ကလေးငယ်၏ ကျန်းမာရေးအတွက်လည်း အန္တရာယ်ရှိသည်။

ခန္ဓာကိုယ်နှင့် ဆံကေသာတို့ကို အဆိပ်အတောက်ပါသော ထုတ်ကုန်များသုံး၍ ကုသမှုစစ်ယူပါမိစေရန် အရေးကြီးသည်။ လက်သည်းဖျက်ဆေးအများစုတွင် ကိုယ်အင်္ဂါများ၊ အာရုံကြောစနစ်များကို ပျက်စီးစေနိုင်သော၊ ဟိုမုန်းထုတ်လွှတ်မှုကို အနှောင့်ယှက်ဖြစ်စေသော၊ ကင်ဆာဖြစ်စေသော ဓာတုပစ္စည်းများစွာ ပါဝင်သည်။

ဆံပင်ဆေးဆိုးခြင်းမှာလည်း သွေးကင်ဆာ၊ ဆီးအိတ်ကင်ဆာတို့ နှင့် ဆက်စပ်မှုရှိသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးများအနေဖြင့် ပြင်းထန်သော မည်သည့်ဓာတုပစ္စည်းကိုမှ မသုံးသင့်ဟု ကျွမ်းကျင်သူများက ပြောသည်။ ကိုယ်ဝန်ဆောင်များ ဆံပင်ဆေးဆိုးခြင်းကြောင့် ကလေး၏ ကျန်းမာရေး ပြဿနာဖြစ်စေနိုင်သည်။

အကယ်၍ ဆံပင်ဆိုးမှဖြစ်မည်ဆိုပါက ကလေးဖွံ့ဖြိုးမှုအတွက် အရေးအကြီးဆုံးအချိန်ဖြစ်သည့် ပထမသုံးလပတ်ကာလကို ရှောင်၍ ဆေးဆိုးခြင်းမှာ အကောင်းဆုံး ဖြစ်သည်။

မိတ်ကပ်၊ ပေါင်ဒါ၊ ဆပ်ပြာနှင့် ရှန်ပူ၊ သွားတိုက်ဆေး၊ ဗိုက်သား လိမ်းသောခရင်မ်များ အပါအဝင် ဝတ်စားဆင်ယင်မှုတို့ကိုဂရုတစိုက် ရွေးချယ်ပါ။ သဘာဝထုတ်ကုန်ပစ္စည်းများကိုသာ သုံးပါ။ အနံ့များတွင်လည်း ဓာတုပစ္စည်းများ ပါဝင်နိုင်သည်။

အစားအသောက်များ ဝယ်ယူရာတွင် ပြန်လည်ပြုပြင်ထားခြင်း မရှိသော ဆန်၊ ဂျုံ၊ ပဲ၊ ပြောင်း၊ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ပရိုတိန်းနှင့် နို့ထွက်ပစ္စည်းများ ရွေးဝယ်ပါ။ လတ်ဆတ်သော ဆေးဖက်ဝင်အရွက်များနှင့် ဟင်းခတ်အမွှေးအကြိုင်များကို ရွေးဝယ်ပါ။ ဓာတုပစ္စည်းများပါဝင် စည်သွတ်အစားအစာများကို မဝယ်ပါနှင့်။ သဘာဝအစားအစာများများမှာ ပို၍အာဟာရဖြစ်စေသည်။

အကယ်၍ သန္ဓေထားနှင့် အန္တရာယ်ရှိသော ဓာတုပစ္စည်းများထဲ တွေးမိပါက ဖွံ့ဖြိုးမှု၊ မှတ်ဉာဏ်၊ သင်ယူနိုင်မှု ပြဿနာနှင့် အသိဉာဏ် ဆိုင်ရာ လုပ်ဆောင်ချက်ကိုအပေါ် ရေရှည်ထိခိုက်မှုများ ဖြစ်ပေါ်လာ နိုင်သည်။ ကိုယ်ဝန်ဆောင်စဉ် ပလတ်စတစ်ပစ္စည်းများကို သုံးစွဲရာတွင် သတိရှိပါ။ အစားအစာကို ကိုယ်တိုင်ချက်ပြုတ်ခြင်းမှာ အကောင်းဆုံးဖြစ်သည်။ အခြားသော ဓာတုပစ္စည်းများကြောင့် ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးငယ်မွေးဖွားလာချိန် ကိုယ်အလေးချိန်လျော့ခြင်းနှင့် ကိုယ်ခံအားစနစ် ဖွံ့ဖြိုးမှု ညံ့ဖျင်းခြင်းစသော အန္တရာယ်များ ဖြစ်နိုင်သည်။


Credit : 7 day daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top