iMyanmarHouse.com - Best Property Website for Myanmar
×


၁။ဗာဒံစေ့scrub

၂။မုန့်ဖုတ်ဆိုဒါအနှစ်

၃။လီမွန်ရည်

၎။နှင်းဆီရည်

၅။ပျားရည်မျက်နှာဖုံး

Credit: Good Health



Unicode Version

မှဲ့ခြောက်ဟာ ပိုင်ဆိုင်ထားရသူရော၊ မြင်ရသူအဖို့ပါ စိတ်မချမ်းမြေ့စေတဲ့ အရေပြားပြဿနာတစ်မျိုး ဖြစ်ပါတယ်။ မှဲ့ခြောက်ဟာ ဆယ်ကျော်သက်တွေရော၊ သွေးဆုံးပြီးစ အမျိုးသမီးတွေမှာပါ အဖြစ်များပါတယ်။ မျက်နှာတစ်ပြင်လုံးနဲ့ နှာခေါင်းပတ်လည်မှာ မှဲ့ခြောက်ပေါက်တတ်ပါတယ်။ အဖြစ်အများဆုံး အရေပြားအမျိုးအစားကတော့ အဆီပြန်တတ်တဲ့ အရေပြားပဲဖြစ်ပါတယ်။ ဂရုမစိုက်ရင် ဝက်ခြံတွေ ထူလပြစ် ထလာစေပါတယ်။ သက်သာစေမယ့် နည်းလမ်းလေးတွေကို တင်ပြပေးလို ပါတယ်။

၁။ဗာဒံစေ့scrub
ဗာဒံစေ့ကို ကျိတ်ချေပြီး besan လို့ခေါ်တဲ့ အဆီနဲ့မွှေပေးပါ။ ရလာတဲ့ အနှစ်ကို နေ့စဉ် လိမ်းပြီးမျက်နှာသစ်ပေးပါ။ နှာခေါင်းကို အထူးသဖြင့် ပွတ်လိမ်းပေးပါ။

၂။မုန့်ဖုတ်ဆိုဒါအနှစ်
မုန့်ဖုတ်ဆိုဒါကို ရေသန့်အနည်းငယ်နဲ့ ရောစပ်ပါ။ ရလာတဲ့ ခရမ်ပုံစံကို မျက်နှာပေါ်မှာလိမ်းပြီး ၂၅ မိနစ်လောက်ထားပေးပါ။ ပြီးသွားရင် ရေကျက်သီး နွေးလေးနဲ့ သစ်ပေးပါ။

၃။လီမွန်ရည်
လီမွန်ရည်ကို သကြား အနည်းငယ်နဲ့ ရောစပ်ပြီး ပျစ်ပျစ်လေးဖျော်ပေးပါ။ အဲဒါကို မှဲ့ခြောက်ပေါက်နေတဲ့ နေရာတစ်ဝိုက်ကို လိမ်းပေးပါ။ နေ့စဉ်လိမ်းပြီး မျက်နှာပုံမှန်သစ်ပေးမယ်ဆိုရင် မှဲ့ခြောက်ပျောက်ကင်းတဲ့ အပြင် အသားအရည်ဟာ တောက်ပလာစေပါတယ်။

၄။နှင်းဆီရည်
နှင်းဆီပွင့်လေးတွေကနေ ထုတ်ထားတဲ့ နှင်းဆီရည် (rose water)ကို အလှကုန်ဆိုင်ကြီးတွေမှာ ရနိုင်ပါတယ်။ အဲဒီနှင်းဆီရည်ဟာ အရေပြားက မှဲ့ခြောက်တွေကို ပျောက်ကင်းစေပြီး အမည်းစက်တွေကို လျော့ကျစေပါတယ်။ လီမွန်ရည်နဲ့ရောစပ်ပြီး နေ့စဉ်လိမ်းပေးလို့ ရပါတယ်။

၅။ပျားရည်မျက်နှာဖုံး
ပျားရည်ကို အခြေခံထုတ်ထားတဲ့ မျက်နှာဖုံး mask တွေဟာ အဆီပြန်ခြင်းကို သက်သာစေပြီး မှဲ့ခြောက်တွေကို ပျောက်ကင်းစေပါတယ်။ သူဟာအရေပြားကိုရေဓာတ် ဖြည့်ပေးပြီး အရေပြားက ချွေးပေါက်ငယ်တွေကို ကျဉ်းစေပါတယ်။


Credit: Good Health



 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top