iMyanmarHouse.com - Best Property Website for Myanmar
×

သြားတစ္ေခ်ာင္းႏုတ္ၿပီး ပါက အနာက်က္သည္ႏွင့္ လစ္ လပ္သြားသည့္ သြားေနရာကို ျပန္ စိုက္သင့္ၿပီး တစ္ႏွစ္အတြင္း ျပန္မစိုက္ပါက ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားျဖစ္ပြားႏုိင္ေၾကာင္း  သြားႏွင့္ ခံတြင္းဆရာဝန္ ေဒါက္တာသန္းထြန္း (မိုးထက္ပါရမီ)က ေျပာၾကားသည္။

‘‘သြားႏုတ္ၿပီး အနာက်က္ တာနဲ႔ သြားျပန္စိုက္သင့္တယ္။ တစ္ႏွစ္အတြင္း ျပန္မစိုက္ႏုိင္ရင္ တျဖည္းျဖည္း သြားေတြက ယိုင္ တာ၊ က်ဲတာေတြ ျဖစ္လာတယ္။ သြားမွာအစာေတြကပ္ၿပီး ပိုးစား တာေတြ ျဖစ္လာတယ္။ အစား စားတဲ့အခါ၊ ဝါးတဲ့အခါ အဆင္ မေျပတာေတြ ျဖစ္လာတယ္’’ဟု ၎က ဆုိသည္။

သြားႏုတ္ၿပီး ေယဘုယ်အား ျဖင့္ အခ်ိန္ ႏွစ္လ၊ သံုးလအတြင္း အနာက်က္ေသာ္လည္း ဆီးခ်ိဳ ေရာဂါကဲ့သို႔ ေရာဂါအခံရွိသူမ်ား သည္ အနာက်က္ေႏွးေသာေၾကာင့္ ေျခာက္လခန္႔ေစာင့္ရတတ္ေၾကာင္း၊ အနာက်က္သည့္အေနအထား  အေပၚမူတည္၍ သြားစုိက္ရျခင္းေၾကာင့္ အခ်ိိန္အတိအက်ေျပာရန္ခက္ေၾကာင္း သိရသည္။

‘‘ေရွ႕သြားဆို အျမစ္က တစ္ ေခ်ာင္းတည္းရွိတဲ့အတြက္ အနာ က်က္တာျမန္တယ္။ တခ်ိဳ႕အံ သြားက်ေတာ့အျမစ္က သံုးေခ်ာင္း၊ေလးေခ်ာင္းရွိေတာ့ ႏွစ္လ၊ သံုးလနဲ႔ အနာမက်က္ဘူး။ အနာက်က္မွပဲ သြားျပန္စိုက္ရမယ္။ ေနာက္တစ္ခုက သြားရဲ႕အေနအထား၊ သြားဖံုးအေနအထားနဲ႔ အသက္အရြယ္ကိုလည္း ၾကည့္ရတယ္။ ေရစီးကမ္းၿပိဳလိုပဲ သြားဖံုးေရာဂါေတြရွိေနရင္၊ မစိုက္ဘဲထားရင္ ျမန္ျမန္ပ်က္စီးတယ္။ သြားစိုက္တဲ့အခါ ကြၽမ္းက်င္ဆရာဝန္နဲ႔ စိုက္ဖို႔လိုတယ္’’ဟု ေဒါက္တာသန္းထြန္း (မိုးထက္ပါရမီ)က ဆုိသည္။

သြားစိုက္ၿပီးသည့္အခါတြင္ လည္း သြားႏွင့္ ခံတြင္းက်န္းမာ ေရးကို ဂ႐ုစိုက္သင့္ၿပီး ေျခာက္လ တစ္ႀကိမ္ သြားဆရာဝန္ႏွင့္ ျပသ ရန္လိုအပ္သည္။

 အစာအမာစားျခင္းကို ေရွာင္ၾကဥ္သင့္ၿပီး အစာစားၿပီးတုိင္း ပလုတ္က်င္းျခင္း၊ သြားၾကားထဲ၌ အစာေဟာင္းမက်န္ေစရန္ သန္႔ရွင္းေရးလုပ္ျခင္းမ်ား ျပဳလုပ္ေပးသင့္ေၾကာင္း သိရသည္။


Credit ; 7 day daily

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

သွားတစ်ချောင်းနုတ်ပြီး ပါက အနာကျက်သည်နှင့် လစ် လပ်သွားသည့် သွားနေရာကို ပြန် စိုက်သင့်ပြီး တစ်နှစ်အတွင်း ပြန်မစိုက်ပါက နောက်ဆက်တွဲဆိုးကျိုးများဖြစ်ပွားနိုင်ကြောင်း  သွားနှင့် ခံတွင်းဆရာဝန် ဒေါက်တာသန်းထွန်း (မိုးထက်ပါရမီ)က ပြောကြားသည်။

‘‘သွားနုတ်ပြီး အနာကျက် တာနဲ့ သွားပြန်စိုက်သင့်တယ်။ တစ်နှစ်အတွင်း ပြန်မစိုက်နိုင်ရင် တဖြည်းဖြည်း သွားတွေက ယိုင် တာ၊ ကျဲတာတွေ ဖြစ်လာတယ်။ သွားမှာအစာတွေကပ်ပြီး ပိုးစား တာတွေ ဖြစ်လာတယ်။ အစား စားတဲ့အခါ၊ ဝါးတဲ့အခါ အဆင် မပြေတာတွေ ဖြစ်လာတယ်’’ဟု ၎င်းက ဆိုသည်။

သွားနုတ်ပြီး ယေဘုယျအား ဖြင့် အချိန် နှစ်လ၊ သုံးလအတွင်း အနာကျက်သော်လည်း ဆီးချို ရောဂါကဲ့သို့ ရောဂါအခံရှိသူများ သည် အနာကျက်နှေးသောကြောင့် ခြောက်လခန့်စောင့်ရတတ်ကြောင်း၊ အနာကျက်သည့်အနေအထား  အပေါ်မူတည်၍ သွားစိုက်ရခြင်းကြောင့် အချိန်အတိအကျပြောရန်ခက်ကြောင်း သိရသည်။

‘‘ရှေ့သွားဆို အမြစ်က တစ် ချောင်းတည်းရှိတဲ့အတွက် အနာ ကျက်တာမြန်တယ်။ တချို့အံ သွားကျတော့အမြစ်က သုံးချောင်း၊လေးချောင်းရှိတော့ နှစ်လ၊ သုံးလနဲ့ အနာမကျက်ဘူး။ အနာကျက်မှပဲ သွားပြန်စိုက်ရမယ်။ နောက်တစ်ခုက သွားရဲ့အနေအထား၊ သွားဖုံးအနေအထားနဲ့ အသက်အရွယ်ကိုလည်း ကြည့်ရတယ်။ ရေစီးကမ်းပြိုလိုပဲ သွားဖုံးရောဂါတွေရှိနေရင်၊ မစိုက်ဘဲထားရင် မြန်မြန်ပျက်စီးတယ်။ သွားစိုက်တဲ့အခါ ကျွမ်းကျင်ဆရာဝန်နဲ့ စိုက်ဖို့လိုတယ်’’ဟု ဒေါက်တာသန်းထွန်း (မိုးထက်ပါရမီ)က ဆိုသည်။

သွားစိုက်ပြီးသည့်အခါတွင် လည်း သွားနှင့် ခံတွင်းကျန်းမာ ရေးကို ဂရုစိုက်သင့်ပြီး ခြောက်လ တစ်ကြိမ် သွားဆရာဝန်နှင့် ပြသ ရန်လိုအပ်သည်။

 အစာအမာစားခြင်းကို ရှောင်ကြဉ်သင့်ပြီး အစာစားပြီးတိုင်း ပလုတ်ကျင်းခြင်း၊ သွားကြားထဲ၌ အစာဟောင်းမကျန်စေရန် သန့်ရှင်းရေးလုပ်ခြင်းများ ပြုလုပ်ပေးသင့်ကြောင်း သိရသည်။

Credit ; 7 day daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top